# Block J: reference corpus from ကဏ္ဍ:ဇာတ်နိပါတ်.
#
# 556 passages, greedily chosen so that between them they
# contain all 1605 distinct syllable clusters and all
# 75 distinct Myanmar characters found across 538 pages
# (3,663,355 characters of source text).
#
# Text: မြန်မာဝီကီရင်းမြစ် (Burmese Wikisource), CC BY-SA 4.0.
# The underlying Jātaka stories are ancient; the Burmese rendering
# is the classical one attributed to ညောင်ကန်ဆရာတော်.
#
# GENERATED by pipeline/make_reference.py — regenerate, do not edit.
#
# Format: block<TAB>label<TAB>text
J		သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ခလု၊ စင်စစ်။ ပဉ္စဝီသာယ၊ နှစ်ဆယ့်ငါးပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ ဣတ္ထိပဒုဋ္ဌာ၊ မိန်းမတို့၏ ပျက်စီးခြင်းတို့ကို။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သာမိကဿ၊ လင်၏။ ပဝါသံ၊ အရပ်တစ်ပါးသို့ သွားခြင်းကို။ ဝဏ္ဏေတိ၊ ချီးမွမ်း၏။ ပဝုဋ္ဌံ၊ အရပ်တစ်ပါးမှရောက်လာသောလင်ကို။ န သရတိ၊ မအောက်မေ့။ အာဂတံ၊ အရပ်တစ်ပါးမှ ရောက်လာသောလင်ကို။ နာဘိနန္ဒတိ၊ မနှစ်သက်။ တဿ၊ ထိုလင်၏။ အဝဏ္ဏံ၊ ကျေးဇူးမဲ့ကို။ ဘဏတိ၊ ဆို၏။ တဿ၊ ထိုလင်၏။ ဝဏ္ဏံ၊ ကျေးဇူးကို။ န ဘဏတိ၊ မပြောဆို။ တဿ၊ ထိုလင်၏။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရတိ၊ ကျင့်၏။ တဿ၊ ထိုလင်၏။ အတ္ထံ၊ အကျိုးစီးပွားကို။ န စရတိ၊ မကျင့်၊ တဿ၊ ထိုလင်အား။ အကိစ္စံ၊ မပြုအပ်သည်ကို။ ကရောတိ၊ ပြု၏။ တဿ၊ ထိုလင်အား။ ကိစ္စံ၊ ပြုအပ်သည်ကို။ န ကရောတိ၊ မပြု။ ပရိဒဟိတွာ၊ အဝတ်ကို မြဲစွာဝတ်၍။ သယတိ၊ အိပ်၏။ ပရမ္မုခီ၊ လင်ကိုကျောပေး၍။ နိပ္ပဇ္ဇတိ၊ အိပ်၏။ ပရိဝတ္တကဇာတာ ခေါ ပန၊ တပြောင်းပြန်ပြန် လူးလဲတတ်သည်။ ဟောတိ၊ ဖြစ်၏။ ကုင်္ကုမိယ ဇာတာ၊ အုတ်အုတ်ကျက်ကျက်ဖြစ်၍။ ဒီဃံ၊ ရှည်စွာ။ အဿာသတိ၊ ထွက်သက် ဝင်သက်ကို ဖြစ်စေ၏။ ဒုက္ခံ၊ ဆင်းရဲဝေဒနာကို။ ဝေဒယတိ၊ ပြောကြားတတ်၏။ ဥစ္စာရပဿာဝံ၊ ကျင်ကြီး ကျင်ငယ်ကို။ အဘိဏှံ၊ မပြတ်။ ဂစ္ဆတိ၊ သွား၏။ ဝိလောပံ၊ ဖောက်ပြန်သောအကျင့်ကို။ အာစရတိ၊ ကျင့်တတ်၏။ ပရပုရိသသဒ္ဒံ၊ တစ်ပါးသော ယောက်ျား၏ အသံကို။ သုတွာ၊ ကြား၍။ ကဏ္ဏသောတံ၊ နားတွင်းကို။ ဝိဝရ၊ ဖွင့်၍။ တံ၊ ထိုတစ်ပါးသော ယောက်ျား၏အသံကို။ ဩဒဟတိ၊ နားထောင်တတ်၏။ ခေါ ပန၊ စင်စစ်။ နိဟတဘောဂါ၊ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သည်။ ဟောတိ၊ ဖြစ်၏။ ပဋိဝိဿကေဟိ၊ အိမ်နီးချင်း ယောက်ျားတို့နှင့်။ သန္ထဝံ၊ ကိလေသာ၏အစွမ်းဖြင့် ပေါင်းဖက်ရောယှက်ခြင်းကို။ ကရောတိ၊ ပြု၏။ နိက္ခန္တပါဒါ၊ ထွက်သွားသော ခြေရှိသည်။ ဟောတိ၊ ဖြစ်၏။ ဝိသိခါနုစာရိနီ၊ အခါမဲ့ဖြစ်သော ညဉ့်မှ သွားလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ အတိစာရိနီခေါပန၊ သယောက်လင်စောင် ထားတတ်သည်လျှင်။ ဟောတိ၊ ဖြစ်၏။ နိစ္စံ၊ အမြဲ။ သာမိကေ၊ လင်၌။ အဂါရဝါ၊ ရိုသေခြင်း မရှိသည်ဖြစ်၍။ ပဒုဋ်ဌမာနသင်္ကပ္ပါ၊ ပြစ်မှားလိုသော စိတ်အကြံ ရှိသည်ဖြစ်၍။ အဘိဏှံ၊ မပြတ်။ ဒွါရေ၊ တံခါးဝ၌။ တိဋ္ဌတိ၊ တည်၏။ ကစ္ဆာဒီနိ။ လက်ကတီးကြား အစရှိကုန်သော။ အင်္ဂါနိ၊ အင်္ဂါကြီးငယ်ဖြစ်ကုန်သော။ ထနာနိ၊ သားမြတ်တို့ကို။ ဒဿေတိ၊ ပြတတ်၏။ ဒိသောဒိသံ၊ ထိုမှဤမှ။ ဂန္တွာ၊ သွား၍။ ပေက္ခတိ၊ ကြည့်တတ်၏။ သမ္မပုဏ္ဏမုခ၊ အဆွေပုဏ္ဏမုခ။ ပဉ္စဝီသာယ၊ နှစ်ဆယ့်ငါးပါးကုန်သော။ ဣမေဟိ ဌာနေဟိ၊ ဤအကြောင်းတို့ဖြင့်။ ဣတ္ထိပဒုဋ္ဌာ၊ မိန်းမတို့၏ ပျက်စီးခြင်းတို့ကို။ ဝေဒိတဗ္ဗာ၊ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတ္ထ၊ ဤအရာ၌။ အနုတ္တရံ၊ အတုမရှိသော။ ဝါကျံ၊ ဂါထာစကားသည်။ ဘဝတိ၊ ဖြစ်၏။
J		ထို သောဏုတ္တရ မုဆိုးသည်လည်း မင်းမိဖုယားနှစ်ပါးတို့ကို ရှိခိုး၍ နန်းတော်မှ ဆင်းသက်ခဲ့ပြီးလျှင် ရထားစီး၍ များစွာသော အခြံအရံဖြင့် မြို့မှထွက်၍ ရွာ နိဂုံး အဆက်ဆက်ဖြင့် ပစ္စန္တရစ်သို့ရောက်လျှင် ဇနပုဒ်သားတို့ကို ပြန်လည်စေ၍ ပစ္စန္တရစ်ရွာသားတို့နှင့် တကွ တောသို့ဝင်၍ လူတို့၏ခရီးကို လွန်လျှင် ပစ္စန္တရစ် ရွာသားတို့ကိုလည်း ပြန်လည်စေ၍ မိမိတယောက်တည်း သွားသည်ရှိသော် ယူဇနာသုံးဆယ်သို့ ရောက်လေ၍ ရှေးဦးစွာ နေဇာမြက်တော, သမန်းမြက်တော, မြက်သာမညတော, ရုံးရိုင်းတော, ကုလားမြှားတော, တိရိဝစ္ဆ အမည်ရှိသော မြက်တောတို့၏ အစွမ်းအားဖြင့် ခြောက်ပါးသော တောတို့၎င်း, ကြခပ်ဝါးတောတို့၎င်း, ကြိမ်ပိုက်တော, အရောဖြစ်သောတော, ကျူတော, ကုလားမြှာတောနှင့် တူသော မြွေသည်လည်း ထွင်နိုင်ခဲသော မြက်တော, တခဲနက်သောတောအုပ် မထူလွန်းသော သစ်ပင်တော, ဝါးတော, ဝါးရုံချုံတော, ညွန်တော, ရေတော, တောင်ခုနစ်ထပ်ဟူသောတော, ဤသို့ တဆယ့်ရှစ်ထပ်ကုန်သော တောတို့သို့ အစဉ်အားဖြင့် ရောက်လျှင် ချဉ်းကပ်၍ နေဇာမြက် အစရှိသည်တို့ကို တံစဉ်ဖြင့်ရိတ်၍ ရုံးရိုင်း အစရှိသည်တို့ကို ဝါးရုံဖြတ်သော ဓားဖြင့်ဖြတ်၍ သစ်ပင်တို့ကို ပုဆိန်ဖြင့်ပေါက်၍ အလွန်ကြီးကုန်သော သစ်ပင်တို့ကို ဆောက်ဖြင့်ထွင်း၍ ခရီးလမ်းကိုပြုလျက် ဝါးတော၌ လှေကားကိုထောင်၍ ဝါးရုံချုံသို့ တက်ပြီးလျှင် ဝါးရုံချုံကိုဖြတ်၍ တပါးသော ဝါးရုံချုံ၏အပေါ်၌ ကျစေ၍ ဝါးရုံချုံတို့၏ အပေါ်ဖြင့် သွား၍လျှင် ညွန်တော၌ ခြောက်သော သစ်သားတို့ကို ဆက်သဖြင့် ခင်း၍ ထိုသစ်သားတို့၏ အပေါ်ဖြင့် သွားပြီးလျှင် တခုသောပျဉ်ကို ခင်းပြန်၍ နင်း၍လာခဲ့သော ပျဉ်ကိုယူ၍ တဖန် ရှေ့မှခင်းပြန်လျက် ထိုညွန်တောကိုလွန်၍ ရေတော၌ ထိုပျဉ်ကို စားကျင်းထွင်းပြီးလျှင် ထိုစားကျင်းဖြင့် ရေတောကိုကူး၍ တောင်ခြေရင်း၌ ရပ်လျက် သံကက္ကူဆူးကို လွန်ဖြင့် ချည်ပြီးလျှင် တောင်ထိပ်သို့ ပစ်လိုက်၍ တောင်၌ငြိစေ၍ ထိုလွန်ကိုဆွဲ၍ တောင်သို့တက်၍ ဝရဇိန်အဖျားနှင့်တူသော သံစို့ဖြင့် တောင်ကိုထွင်း၍ သံတံသင်းကို နှက်ပြီးလျှင် ထိုတံသတင်း၌ရပ်၍ သံကက္ကူဆူးကိုငင်ပြီးလျှင် တဖန် အထက်၌ ငြိပြန်စေ၍ ထိုသံတံသင်း၌ ရပ်လျက် သားရေလွန်ကို ဆွဲ၍ ထိုသားရေလွန်ကို ယူပြီးလျှင် သက်၍ အောက်တံသင်း၌ချည်၍ လက်ဝဲလက်ဖြင့် လွန်ကိုကိုင်၍ လကျ်ာလက်ဖြင့် ဆောက်ပုတ်ကိုယူ၍ လွန်ကိုခတ်သဖြင့် သံတံသင်းကို နုတ်၍ တဖန် တက်ပြန်၏။ ဤနည်းဖြင့် တောင်ထိပ်သို့ တက်၍ ထိုမှာဘက်သို့ သက်သည်ရှိသော် ဤမှ တပါးသော သံတံသင်းတို့ကို ရှေးနည်းဖြင့်လျှင် ရှေးဦးစွာ တောင်ထိပ်၌ သံတံသင်းကို နှက်၍ သားရေအိတ်၌ လွန်ကိုချည်၍ တံသင်းကိုရစ်၍ မိမိသည် အိတ်တွင်း၌နေ၍ ပင့်ကူတို့၏ ပင့်ကူချည်လွှတ်သော အခြင်းအရာဖြင့် လွန်ခွေကိုဖြေ၍သက်၏။ (**သားရေထီးဖြင့် လေကိုယူ၍ ငှက်ကဲ့သို့ သက်၏ဟူ၍လည်း ဆိုကုန်၏။ ) ဤသို့ ထိုသုဘဒ္ဒါ မိဖုယား၏ စကားကိုယူပြီး၍ မြို့မှထွက်ခဲ့ပြီးလျှင် တဆယ့် ခုနစ်ထပ်ကုန်သော တောတို့ကို လွန်၍ တောင်တောသို့ ရောက်လျှင် ထိုတောင်တော၌လည်း တောခြောက်ထပ်တို့ကို လွန်၍ သုဝဏ္ဏပဿ တောင်ထိပ်သို့ တက်သောအဖြစ်ကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-
J		ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ နေကုန်လျက် ငါ့သျှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် များစွာသော သတ္တဝါတို့၏ အစီးအပွားအလို့ငှါ ကျင့်တော်မူ၏။ ချမ်းသာစွာနေခြင်းကို စွန့်တော်မူ၍ သတ္တလောက၏ အကျိုးစီးပွားကိုသာလျှင် ကျင့်တော်မူပေ၏။ အလွန်မြတ်သော သဗ္ဗညုတ ဉာဏ်တော်သို့ ရောက်တော်မူပြီးသော် ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ယူတော်မူ၍ တဆယ့်ရှစ်ယူဇနာ ရှိသောခရီးသို့ ကြွတော်မူပြီးလျှင် ပဉ္စဝဂ္ဂီမထေရ်တို့အား ဓမ္မစကြာတရားတော်ကို ဟောတော်မူ၍ ပက္ခ၏ ငါးရက်မြောက်သောနေ့၌ အနတ္တလက္ခဏသုတ်ကို ဟောတော်မူ၍ အလုံးစုံသော ပဉ္စဝဂ္ဂီတို့အား အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ဥရုဝေလသို့ ကြွတော်မူ၍ ညီနောင်ဖြစ်ကုန်သော ရသေ့တို့အား သုံးထောင့်ငါးရာသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ဂယာသီသ၌ အာဒိတ္တပရိယာယသုတ်ကို ဟောတော်မူ၍ ရသေ့တထောင်တို့အား အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ အရှင်မဟာကဿပအား သုံးဂါဝုတ်တိုင်အေင် ခရီးဦးကြိုဆိုခြင်းကို ပြုတော်မူ၍ သုံးပါးကုန်သောဩဝါဒတို့ဖြင့် ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ တညဉ့်တည်း၌ လေးဆယ့်ငါးယူနာရှိသောခရီးသို့ ကြွတော်မူ၍ ပက္ကုသာတိ အမျိုးသားကို အနာဂါမိဖိုလ်၌ တည်စေတော်မူ၏။ မဟာကပ္ပိနမင်းအား ယူဇနာ တရာ့နှစ်ဆယ်တိုင်အောင် ခရီးဦးကြိုဆိုခြင်းကို ပြုတော်မူ၍ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ တညဉ့်တည်း၌ သုံးယူဇနာရှိသောခရီးသို့ ကြွတော်မူ၍ အလွန်ခက်ထန်ကြမ်းကြုတ်သော အင်္ဂုလိမာလကို အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ ယူဇနာသုံးဆယ်ရှိသောခရီးသို့ ကြွတော်မူ၍ အာဠဝကဘီလူးကို သောတာပတ္တိဖိုလ်၌တည်စေတော်မူ၍ ဟတ္ထာဠဝကမင်းသားအား ချမ်းသာခြင်းကို ပြုတော်မူ၏။ တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး နေတော်မူသော ဘုရားသခင်အား ကုဋေရှစ်ဆယ်ကုန်သော နတ်ဗြဟ္မာတို့၏ အကျွတ်တရားကို ရခြင်းသည် ဖြစ်၏။ ဗြဟ္မာ့ပြည်သို့ ကြွတော်မူ၍ ဗကဗြဟ္မာ၏ မိစ္ဆာအယူကို ဖျက်ဆီးတော်မူ၍ ဗြဟ္မာတသောင်းတို့အား အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ နှစ်တိုင်းနှစ်တိုင်း အဝန်းသုံးပါးတို့၌ ဒေသစာရီကြွတော်မူလျက် ဥပနိဿယနှင့် ပြည့်စုံကုန်သောလူတို့အား သရဏဂုံတို့ကို၎င်း, သီလတို့ကို၎င်း, မဂ်ဖိုလ် အစရှိသည်တို့ကို၎င်း ပေးတော်မူ၏။ နဂါး၊ ဂဠုန် အစရှိသည်တို့၏ အထူးထူးသော အကျိုးကို ကျင့်တော်မူ၏။ ဤသို့ သတ္တလောက၏အကျိုးငှါ ကျင့်တော်မူသော သဗ္ဗညူမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ပြောဆိုကုန်၏။
J		အရှင့်သား အကျွန်ုပ်ကိုယျသည် သုံးဆယ့်နှစ်ပါးကုန်သော အပုပ်တို့ဖြင့်ပြည့်၏။ ဤသို့သောကိုယ်ကို တန်ဆာဆင်သဖြင့် အဘယ်မူအံ့နည်း ဤကိုယ်ကို နတ်လည်း မဖန်ဆင်း၊ ဗြဟ္မာလည်း မဖန်ဆင်း၊ ဤကိုယ်သည် ရွှေဖြင့်လည်း မပြီး၊ ပတ္တမြားဖြင့်လည်း မပြီး၊ စန္ဒကူးနံ့သာဖြူဖြင့်လည်း မပြီး၊ ပုဏ္ဍရိက်ကြာ ကုမုဒြာကြာ ကြာညို ကြာနီ ကြာဖြူတို့၏ ပွင့်ချပ်တို့၌လည်း မဖြစ်၊ မသေ နေရသည်လည်း မဟုတ်သေး၊ မသေနေရသောဆေးဖြင့် ပြည့်သည်လည်းမဟုတ်၊ စင်စစ်သော်ကား မစင်ဖြင့် ပြည့်၏။ အပုပ်အစပ်၌ ဖြစ်၏။ မမြဲသော သဘောရှိ၏။ နနွင်း ကသယ် အစရှိသည်တို့ဖြင့် လိမ်းကျံအပ်သော သဘောရှိ၏။ ဆုပ်နယ်အပ်သော သဘောရှိ၏။ ကွဲပြိုတတ်သော သဘောရှိ၏။ ပျက်စီးတတ်သော သဘောရှိ၏။ စက်ဆုပ်ဘွယ်သောအာဟာရကြောင့် ပွား၍ တဏှာကို ဖြစ်စေ၏။ စိုးရိမ်ခြင်းတို့၏ အကြောင်း ဖြစ်၏။ ငိုကြွေးခြင်းတို့၏ တည်ရာဖြစ်၏။ ခပ်သိမ်းသောရောဂါတို့၏ တည်ရာဖြစ်၏။ ညှဉ်းဆဲခြင်းတို့ကို ခံယူတတ်၏။ အတွင်း၌ ပုပ်၏။ အမြဲလျှင် အဝသို့ အပုပ်အစပ်တို့ ယို၏။ ပိုးမျိုးတို့ နေရာဖြစ်၏။ သုသာန်မြေ၌ လျောင်းရလတ္တံ့ သည်ဖြစ်၏။ သေခြင်းလျှင် အဆုံးရှိ၏။ လူအပေါင်း၏ မျက်စိမြင်ကောင်းသော အရပ်၌ ဖြစ်သော်လည်း ဤကိုယ်သည် အရိုးအကြောတို့နှင့်ယှဉ်လျက် အတွင်းရေ အသားတို့သည် လိမ်းကျံလျက် အပရေသည် ဖုံးလွှမ်းအပ်ရကား အဟုတ် အမှန်အားဖြင့် သတ္တဝါအများ ကာမသားတို့အား မထင်၊ အသည်း စည်ပေါင်းအိမ် နှလုံး အဆုပ် အညှို့ အဖျဉ်း နှပ် တံတွေး ချွေး အဆီခဲ သွေး အစေး သည်းခြေ ဆီကြည်တို့ဖြင့် အူသိမ် အူမ ဝမ်းတို့၌ ပြည့်၏။
J		ဤနည်းဖြင့်လျှင် မပြတ် ငဆွံ့နှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၏။ မင်းသည်ကား မသိ။ ထိုမင်းသည် တစ်နေ့သ၌ မြို့ကို လက်ယာရစ် လှည့်သည်ကိုပြု၍ နန်းတော်သို့ ဝင်သည်ရှိသော် သပြေပင်ရိပ်၌ အလွန်သနားဖွယ်ရှိသော အဖြစ်သို့ရောက်သော ထိုငဆွံ့ကိုမြင်၍ ပုရောဟိတ်ကို ဤလူပြိတ္တာကို ဆရာ မြင်၏လောဟု ဆို၏။ အရှင်မင်းမြတ် မြင်ပါ၏ ဟု လျှောက်တင်လတ်သော် ဆရာ ဤသို့သဘောရှိသော စက်ဆုပ်ရွံရှာဖွယ်ရှိသောသူကို တစ်စုံတစ်ယောက်သော မိန်းမတို့သည် ဆန္ဒရာဂ၏အစွမ်းဖြင့် ချဉ်းကပ်အံ့လောဟု ဆို၏။ ထိုစကားကိုကြား၍ ငဆွံ့သည် မာနကိုဖြစ်စေ၍ ဤမင်းသည် အသို့ ဆိုဘိသနည်း၊ မိမိ မယားဖြစ်သော ကိန္နရဒေဝီသည် ငါ့အထံသို့ လာရောက်သည်ကို မသိလေယောင်တကား ဟု သပြေပင်အား လက်အုပ်ချီ၍ အရှင်သပြေပင်စောင့်နတ် နာတော်မူပါလော့၊ အရှင်နတ်မင်းကိုထား၍ အရှင်နတ်မင်းမှ တစ်ပါးသောသူသည် ထိုအကြောင်းကို မသိပါ ဟု ဆို၏။ ပုရောဟိတ်သည် ထိုငဆွံ့အမူအရာကိုမြင်၍ မချွတ်လျှင် မင်း၏ မိဖုရားကြီးသည် သပြေပင်ဖြင့်သွား၍ ဤငဆွံ့နှင့်တကွ ယုတ်မာသောအမှုကို ပြု၏ဟု ကြံ၍ ထိုပုရောဟိတ်သည် မင်းကိုမေး၏။ အရှင်မင်းမြတ်... အရှင်မင်းမြတ်အား ညဉ့်အဖို့၌ မိဖုရားကြီး၏ ကိုယ်အတွေ့သည် အသို့ရှိသနည်းဟု မေး၏။ ဆရာ... တစ်ပါးကို ငါမမြင်၊ သန်းခေါင်ယံ၌ကား ထိုမိဖုရား၏ ကိုယ်အတွေ့သည် အလွန်အေး၏ ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်သော်ကား တစ်ပါးသော မိန်းမကိုထားဘိဦး၊ အရှင်မင်းမြတ်၏ မိဖုရားကြီးဖြစ်သော ကိုန္နရဒေဝီသည် ဤငဆွံ့နှင့်တကွ ယုတ်မာသော အကျင့်ကိုကျင့်၏ဟု တင်လျှောက်၏။ ဆရာ... အသို့ ဆိုဘိသနည်း၊ ဤသို့သဘောရှိသော အလွန် တင့်တယ်စံပယ်ခြင်းနှင့်ပြည့်စုံသော မိဖုရားကြီးသည် အဘယ့်ကြောင့် အလွန် စက်ဆုပ်ရွံရှာဖွယ်ရှိသော ဤငဆွံ့နှင့်တကွ မွေ့လျော်လတ္တံ့နည်း ဟု ဆို၏။ အရှင်မင်းမြတ်... ထိုသို့ဖြစ်လျှကား ထိုမိဖုရားကြီးကို စုံစမ်းတော်မူလော့ဟု တင်လျှောက်လတ်သော် ထိုမင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ညစာစားပြီးသော် ထိုမိဖုရားကြီးနှင့်တကွ အိပ်၍ ထိုမိဖုရားကြီးကို စုံစမ်းအံ့ဟု ပကတိအားဖြင့် အိပ်သောအချိန်၌ အိပ်ပျော်သောအခါကဲ့သို့ ဖြစ်၏။ ထိုမိဖုရားကြီးသည်လည်း ထ၍ ထိုရှေးအတူလျင် ပြု၏။ မင်းသည် ထိုမိဖုရားကြီးခြေရာသို့ လျှောက်၍ သပြေပင်ရိပ်ကိုမှီလျက် ရပ်၏။ ငဆွံ့သည် မိဖုရားအား အမျက်ထွက်၍ နင်သည် ယနေ့ အလွန်ကြာမြင့်မှ လာ၏ ဟု နားတောင်းဖြင့် တန်ဆာဆင်ယင်အပ်သော နားကို လက်ဖြင့် ပုတ်ခတ်၏။ ထိုအခါ ငဆွံ့ကို အရှင်... အကျွန်ုပ်ကို အမျက်မထွက်ပါလင့်၊ မင်း၏ အိပ်ပျော်ခြင်းကို ကြည့်ရပါသည်ဟု ဆို၍ ထိုငဆွံ့၌ မယားကဲ့သို့ ဖြစ်၏။ ထိုသို့ ပုတ်ခတ်သဖြင့် ထိုမိဖုရာကြီး၏ ခြင်္သေ့ခံတွင်းခံသော နားတောင်းသည် နားမှလျှော၍ မင်း၏ခြေရင်း၌ ကျ၏။ မင်းသည် ဤမျှသည် ဖြစ်လတ္တံ့ဟု ထိုနားတောင်းကိုယူ၍ သွားလေသည်။ ထိုမိဖုရားကြီးသည်လည်း ငဆွံ့နှင့်တကွ လွန်ကျူးသောအကျင့်ကို ကျင့်ပြီးလျှင် ရှေးနည်းဖြင့်သာလျှင် သွား၍ မင်းနှင့်တကွ အိပ်အံ့သောငှာ အားထုတ်၏။
J		မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ အလုံးစုံသောမြို့၌ နေကုန်သော သူတို့သည် သီလကို ဆောက်တည်စေကုန် ဟု မြို့၌ စည်လည်စေ၍ မိမိသည်လည်း ပရိသတ်နှင့်တကွ ဥပုသ်ဆောက် တည်၍ ကြီးစွာသော လှူဖွယ်ဝတ္ထုတို့ကို ဖြစ်စေ၍ မုလေးပန်းတို့ဖြင့်ပြည့်သော ရွှေအုပ်ကို ယူစေ၍ ပြာသာဒ်မှသက်၍ မင်းရင်ပြင်၌ရပ်၍ ငါးပါးသော အင်္ဂါတို့ကို မြေ၌တည်စေ၍ အရှေ့ မျက်နှာသို့ ရှေးရှုရှိခိုး၍ အရှေ့မျက်နှာ၌ ရဟန္တာတို့ကို ရှိခိုး၍ အကျွန်ုပ်တို့၌ တစ်စုံတစ်ခုသော ကျေးဇူးသည် အကယ်၍ ရှိငြားအံ့၊ အကျွန်ုပ်တို့၌ သနားတော်မူ၍ အကျွန်ုပ်တို့ ဆွမ်းကို ခံပါကုန်လော့ ဟုဆို၍ အရှေ့အရပ်မျက်နှာသို့ ပန်းခုနစ်ဆုပ်တို့ကို ပစ်၏။ အရှေ့အရပ်မျက်နှာ၌ ပစ္စေကဗုဒ္ဓါတို့၏ မရှိခြင်းကြောင့် နက်ဖြန်နေ့၌ မကြွလာကုန်၊ နှစ်ရက်မြောက်သောနေ့၌ တောင်အရပ် မျက်နှာကို ရှိခိုး၏။ ထိုအရပ်မှလည်း ပစ္စေကဗုဒ္ဓါတို့သည် မကြွလာကုန်။ သုံးရက်မြောက်သောနေ့၌ အနောက်အရပ်မျက်နှာကို ရှိခိုး၏။ ထိုအနောက် အရပ်မျက်နှာမှလည်း ပစ္စေကဗုဒ္ဓတို့သည် မကြွလာကုန်၊ လေးရက်မြောက်သော နေ့၌ မြောက်အရပ်မျက်နှာကို ရှိခိုး၏။ ရှိခိုးပြီး၍လည်း မြောက်ဟိမဝန္တာအရပ်၌ သီတင်းသုံး နေတော်မူကုန်သော ပစ္စေကဗုဒ္ဓါတို့သည် အကျွန်ုပ်တို့၏ ဆွမ်းကို ခံတော်မူစေကုန်သတည်းဟု ပန်းခုနှစ်ဆုပ်တို့ကို ပစ်လွှတ်၏။ ပန်းတို့သည် သွား၍ နန္ဒမူလိုဏ်၌ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အပါး၌ ကျကုန်၏။ ထိုပစ္စေကဗုဒ္ဓါတို့သည် ဆင်ခြင်ကုန်လတ်သော် မင်းသည် မိမိတို့အား ပင့်ဖိတ်သည်၏ အဖြစ်ကိုသိ၍ နက်ဖြန် သံဃာ့ထေရ်သည် ထိုပဈစကဗေုဒျဓါတို့ကိုခေါြ၍ ဆင်းရဲကင်းသော အရှင်တို့ အရှင်တို့အား ရောရုဝ မင်းသည် ပင့်ဖိတ်၏။ အရှင်တို့သည် ရောရုဝမင်းအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုကြကုန်လော့ဟု ဆို၏။ ခုနစ်ဆူကုန်သော ပစ္စေကဗုဒ္ဓတို့သည် ကောင်းကင်ဖြင့်ကြွလာ၍ မင်းအိမ်တံခါး၌ ဆင်းသက်ကုန်၏။ ထိုပစ္စေကဗုဒ္ဓါတို့ကို မင်းသည်မြင်၍ ဝမ်းမြောက်ခြင်းဖြစ်လျက် ရှိခိုး၍ ပြာသာဒ်သို့တင်၍ ကြီးစွာသော ပူဇော် သက္ကာရကို ပြု၍ အလှူပေး၍ ဆွမ်းဘုဉ်းပေးပြီး အဆုံး၌ နက်ဖြန်အကျိုးငှာ, နက်ဖြန်အကျိုးငှာဟူ၍ ဤသို့ ခြောက်ရက်ပတ်လုံး ပင့်ဖိတ်၍ ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော ပရိက္ခရာအလှူကို စီရင်၍ ရတနာခုနစ်ပါးဖြင့်စီရင်အပ်သော ညောင်စောင်း အင်းပျဉ် အစရှိသည်တို့ကို ခင်းစေ၍ သင်္ကန်း ထီး အစရှိကုန်သော ခပ်သိမ်းသော ရဟန်း အသုံးအဆောင်တို့ကို ခုနစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ထား၍ အကျွန်ုပ်တို့သည် ဤအလုံးစုံသော ပရိက္ခရာတို့ကို အရှင်ဘုရားတို့အား လှူပါကုန်၏ ဟု ဆို၍ ထိုပစ္စေကဗုဒ္ဓါတို့၏ ဆွမ်းဘုဉ်း ပေးပြီးသည်၏ အဆုံး၌ မင်းမိဖုရား နှစ်ပါးတို့သည် ရှိခိုးကုန်လျက် တည်ကုန်၏။
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် သားသည် ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည် သေလတ်သည်ရှိသော် သားကိုရင်ခွင်ဖြင့်ချီ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ ထိုသားငယ်ကိုလည်း ရသေ့ငယ်ပြု၍ သစ်ရွက်မိုးသော သင်္ခမ်း၌နေခြင်းကို ပြု၏။ မိုဃ်းလအခါ အယဉ်မပြတ်စီးသော မိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍၊ သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျှက် သွား၏။ ဘုရားလောင်းသည်းကြီးစွာသော ထင်းတုံးတို့ကိုဆောင်၍ မီးညှိ၍ ညောင်စောင်း၌ လျောင်း၏။ ထိုဘုရားလောင်း၏ သားငယ်သည်လည်း ထိုဘုရားလောင်း၏ ခြေတို့ကိုဆုပ်နယ်လျက်နေ၏။ ထိုမျောက်သည် တပါးသော သေလေသောရသေ့၏ ဥစ္စာဖြစ်ကုန်သော မျှော်တေသင်္ကန်းတို့ကို ဝတ်ရုံ၍ သစ်နက်ရေကို ပခုံး၌ တင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့်အံ့ဘွယ်သရဲသော အမှုကိုပြု၍ ရပ်၏။ ရသေ့ငယ်သည်လည်း မြင်၍ ဘခင် ရသေ့တယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက် ရပ်၏။ ဤမီးဖိုသို့ ထိုရသေ့ကို ခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟု အဘကို တောင်းပန်လိုသည်ဖြစ်၍-
J		ထိုညီနောင် နှစ်ယောက်တို့လည်း တောသို့ဝင်၍ ရသေ့ရဟန်းပြု၍ မမြင့်မီလျှင် ထိုဘဝမှ စုတေကုန်၍ နေရဉ္ဇရာမြစ်နား၌ သမင်မဝမ်းဝယ် ဖြစ်ကုန်၏။ ထိုညီနောင် နှစ်ယောက်တို့သည် အမိဝမ်းမှ ဖွားမြင်သောအခါမှစ၍ အတူတကွသာလျှင် သွားကုန်၏။ ကင်းကွာခြင်းငှါ မတတ်နိုင်ကုန်၊ ထိုသမင်နှစ်ခုတို့သည် တနေ့သ၌ အစာကိုယူ၍ တခုသော သစ်ပင်ရင်း၌ ဦးခေါင်းချင်းထိကာ။ ချိုချင်းယှက်ကာ နှုတ်သီးချင်းတင်ကာ ကပ်ငြိကုန်လျက် စားမြုံ့ပြန်ကုန်၍ တည်သည်တို့ကို မြင်၍ မုဆိုးတယောက်သည် လှံမကိုပစ်ချ၍ တပြိုင်နက်သာလျှင် သေစေ၏။ ထိုသမင်ဘဝမှ စုတေကုန်၍ နမ္မဒါမြစ်နား၌ ဝန်လိုငှက်အမျိုးဝယ် ဖြစ်ကုန်၏။ ထို ဝန်လိုငှက်ဘဝ၌လည်း ထိုညီနောင် နှစ်ခုတို့သည် ကြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် အစာကိုယူ၍ ဦးခေါင်းချင်းယှက်ကာ နှုတ်သီးချင်းယှက်ကာ လည်ချင်းကပ်ငြိ၍ တည်သည်တို့ကိုမြင်၍ တယောက်သော ကုတ်ညွတ်ကွင်းထောင်သော မုဆိုးသည် တပြိုင်နက်သာလျှင် ဖွဲ့၍သတ်၏။ ထိုဝန်လိုငှက်အဖြစ်မှ စုတေကုန်၍ စိတ္တသုခမိန်သည် ကောသမ္ဗီပြည်၌ ပုရောဟိတ်၏သား ဖြစ်၏။ သမ္ဘူတသုခမိန်သည် ဥတ္တရာပဉ္စာလရာဇ်မင်း၏ သားဖြစ်၏။ ထိုသူနှစ်ယောက်တို့သည် အမည်မှည့်သော နေ့မှစ၍ မိမိတို့၏ဘဝကို အောက်မေ့နိုင်ကုန်၏။ သမ္ဘူတသုခမိန်သည် အခြားမဲ့ အောက်မေ့ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ လေးခုမြောက်သော ဒွန်းစဏ္ဍားဘဝကိုသာလျှင် အောက်မေ့နိုင်၏။ ထိုစိတ္တသုခမိန်သည် တဆယ့်ခြောက်နှစ်မြောက်သောအခါ၌ တောထွက်၍ ဟိမဝန္တာဝင်၍ ရသေ့ရဟန်းပြုလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့် ကာလကို လွန်စေလျက် နေ၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ ကေသာ စ မဿူ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဒုမဇာတ်ကို အာနန္ဒာဗောဓိ၌ ပန်းပူဇော်ခြင်းကို ပြုကုန်သောရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် တေရသကနိပါတ် ခြောက်ခုမြောက် ကာလိင်္ဂဗောဓိဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ထိုဗောဓိသည်ကား အရှင်အာနန္ဒာမထေရ်သည် စိုက်ပျိုးအပ်သည်၏ အဖြစ်ကြောင့် အာနန္ဒာဗောဓိ မည်၏။ အရှင်အာနန္ဒာ မထေရ်သည် ဇေတဝန် ကျောင်းတော် တံခါးမုခ်နား၌ ဗောဓိပင်ကို စိုက်ပျိုးသည် ၏အဖြစ်သည် အလုံးစုံ ဇမ္ဗူဒိပ်၌ပြန့် နှံ့၏။ ထိုအခါ အချို့ကုန်သော ဇနပုဒ်နေရဟန်းတို့သည် အာနန္ဒာဗောဓိ၌ ပန်းပူဇော်ကုန်အံ့ဟု ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကို ရှိခိုး၍ နက်ဖြန်နေ့၌ သာဝတ္ထိပြည်သို့ဝင်၍ ကြာရောင်းသောဈေးသို့ သွား၍ ကြာပန်းတို့ကို မရဘဲလာကုန်၍ အရှင်အာနန္ဒာမထေရ်အား အရှင်ဘုရား အကျွန်ုပ်တို့သည် ပန်းပူဇော်ကုန်အံ့ဟု ကြာရောင်းသော ဈေးသို့သွား၍ ပန်းတပွင့်ကိုမျှလည်း မရခဲ့ကုန်ဟု ကြားလျှောတ်ကုန်၏။ အရှင်အာနန္ဒာမထေရ်သည် ငါ့သျှင်တို့ သင်တို့အကျိုးငှါ ဆောင်ယူ ချေအံ့ဟု ကြာရောင်းသောဈေးသို့ သွား၍ ကြာညိုစည်းကို ချီ၍ လာလတ်၍ ထိုရဟန်းတို့အား ပေး၍ ထိုရဟန်းတို့သည် ထိုကြာကိုယူ၍ ဗောဓိအား ပူဇော်ကုန်၏။ ထိုသတင်းစကားကိုကြား၍ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဇနပုဒ်နေ ရဟန်တို့သည် ဘုန်းနည်းကုန်၏။ ကြာရောင်းသော ဈေးသို့သွား၍ ပန်းကို မရကုန်၊ အရှင်အာနန္ဒာ မထေရ်သည်ကား သွား၍လျှင် ဆောင် ယူခဲ့၏ဟု အရှင်အာနန္ဒာ၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြ ကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရကုန်သည်မဟုတ်သေး၊ ရှေး၌လည်း စကားတတ် လိမ္မာကုန်သော သူတို့သည် ပန်းကို ရဘူးကုန်သလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		... ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ အရှင်ပိလိန္ဒဝစ္ဆမထေရ်သည် အာရာမ်စောင့်အမျိုးကို လွတ်စိမ့်သောငှာ မင်း၏ နန်းတော်သို့သွား၍ ဗိမ္ဗိသာရမင်းကြီး၏ ပြာသာဒ်ကို တန်ခိုးအစွမ်းဖြင့် ရွှေဖြင့်ပြီးသည်ကို ပြုသည်ရှိသော် လူတို့သည် ကြည်ညို၍ ပိလိန္ဒဝစ္ဆမထေရ်အား ငါးပါးသောဆေးတို့ကို လှူကုန်၏။ ပိလိန္ဒဝစ္ဆ မထေရ်သည် ထိုဆေးတို့ကို ပရိသတ်အား စွန့်၏။ ထိုအရှင်ပိလိန္ဒဝစ္ဆမထေရ်၏ ပရိသတ်သည်ကား များသောပစ္စည်းပရိက္ခရာရှိ၏။ ရတိုင်းရတိုင်းသော ဆေးကို ဖျဉ်းအိုး၌လည်းကောင်း၊ အိုးစရည်း၌ လည်းကောင်း၊ သပိတ်အိတ်၌ လည်းကောင်း ပြည့်စေ၍ သိုမှီး၏။ လူတို့သည် မြင်ကုန်၍ သာကီဝင်မင်းသား ဖြစ်ကုန်သော ဤရဟန်းတို့သည် အလိုကြီးကုန်၏။ အတွင်း၌ ကျီကျရှိကုန်၏ ဟု ကဲ့ရဲ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအကြောင်းကိုကြား၍ ယာနိ ခေါပန တာနိ ဘေသဇ္ဇာနိ ဂိလာနာနံ ဘိက္ခူနံ အစရှိသော သိက္ခာပုဒ်ကို ပညတ်၍ ရဟန်းတို့ ရှေးပညာရှိတို့သည် ဘုရားမဖြစ်မီ သာသနာတော်ပ၌ ရသေ့ရဟန်း ပြုကုန်၍ ပဉ္စသီမျှကို စောင့်ကုန်လျက်လည်း ဆားမျှကို နက်ဖြန်အကျိုးငှာ သိုမှီးသည်ကို ကဲ့ရဲ့ကုန်၏။ သင်တို့သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက် မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍ နက်ဖြန် သန်ဘက် အစရှိသော နေ့ အကျိုးငှာ သိုမှီးခြင်းကို ပြုကုန်လျက် မသင့်သည်တို့ကို ပြုကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		... တစ်ဦးသော အမျိုးသားဖြစ်သော ရဟန်းသည် ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အကျိုးစီးပွားကို အလိုရှိသော ဆရာဥပဇ္ဈာယ်တို့သည်လည်းကောင်း၊ သီတင်းသုံးဖော်တို့သည်လည်းကောင်း သင်သည် ဤသို့ တက်အပ်၏။ ဤသို့ ဆုတ်အပ်၏။ ဤသို့ တူရူကြည့်အပ်၏။ ဤသို့ တစောင်းကြည့်အပ်၏။ ဤသို့ ကွေးအပ်၏။ ဤသို့ ဆန့်အပ်၏။ ဤသို့ ဝတ်အပ်၏။ ဤသို့ ရုံအပ်၏။ ဤသို့ သပိတ်ကို ကိုင်အပ်၏။ မျှလောက် ရုံသော ဆွမ်းကိုခံ၍ ပစ္စဝေက္ခဏာ ဆင်ခြင်၍။ လျှင် သုံးဆောင်အပ်၏။ ဣန္ဒြေတို့၌ စောင့်ရှောက်သော ဒွါရရှိသည် ဖြစ်ရာ၏။ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်ဖြစ်ရာ၏။ နိုးခြင်း၌ လုံ့လပြုသည် ဖြစ်ရာ၏။ ဧည့်သည် အာဂန္တုကဝတ် မည်သည်ကို သိရာ၏။ ဓမ္မိကဝတ် မည်သည်ကို သိရာ၏။ ဤဝတ်တို့သည်ကား တစ်ဆယ့်လေးပါးကုန်သော ခန္ဓာကဝတ် ရှစ်ဆယ်ကုန်သော ဝတ်ကြီးတို့တည်း၊ ထိုဝတ်တို့၌ သင်သည် ကောင်းစွာကျင့်အပ်၏။ ဤဓုတင်တို့မည်သည် တစ်ဆယ့်သုံးပါးတို့တည်း၊ ထိုတစ်ဆယ့်သုံးပါးသော ဓုတင်တို့ကို ကောင်းစွာ ဆောက် တည်၍ ကျင့်အပ်၏ ဟု ဆုံးမအပ်သည်ရှိသော် ဆိုနိုင်ခက်၏။ သည်းမခံ၊ အဆုံးအမကို ရိုသေသဖြင့် မယူ။ ငါသည် သင်တို့ကို မဆို၊ ငါ့ကို သင်တို့သည် မဆိုကုန်လင့်။ ငါသည်သာလျှင် ငါ၏ အကျိုးစီးပွားကိုလည်းကောင်း၊ အကျိုးမဲ့ကိုလည်းကောင်း ပြုအံ့ဟု မိမိကိုယ်ကို ဆုံးမအပ်သည်ကိုပြု၏။ ထိုအခါ ထိုရဟန်း၏ ဆုံးမခက်သည်၏အဖြစ်ကို သိ၍ ရဟန်းတို့သည် တရား သဘင်၌ ထိုရဟန်း ကျေးဇူးမဲ့စကားကို ဆိုလျက် နေကုန်၏။ သဗ္ဗညူ မြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူစေ၍ ရဟန်း... သင်သည် ဆိုနိုင်ခက်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... အဘယ့်ကြောင့် သင်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ အကျိုးစီးပွားကို အလိုရှိကုန်သော သူတို့၏စကားကို နားမထောင်လေသနည်း၊ သင်သည် ရှေး၌လည်း ပညာရှိတို့၏ စကားကို နားမထောင်မူ၍ ဝေရမ္ဘလေဦး၌ မှုန့်မှုန့်ညက်ညက် ကြေဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မမြင်သည်ဖြစ်၍ အကြောင်း အသို့ရှိသနည်းဟု ဆင်ခြင်သည်ရှိသော် ထိုအကြောင်းကိုသိ၍ ထိုဗြဟ္မဒတ်မင်းကို ဆုံးမအံ့ဟု လူအို၏သဏ္ဌာန်ကို ဖန်ဆင်း၍ လှည်းအို၌ ရက်တက်အိုးနှစ်လုံးတို့ကိုတင်၍ နှစ်ကောင်သောနွားအိုတို့ကို က၍ တပါးသော ပွဲလမ်းသဘင်နေ့၌ ဗြဟ္မဒတ်မင်းသည် တန်ဆာဆင်အပ်သောဆင်ကို တက်စီးပြီးလျှင် တန်ဆာဆင်အပ်သော မြို့ကို လက်ျာရစ် လှည့်လည်ခြင်းကို ပြုလတ်သော် ဟောင်းနွမ်းသောအဝတ်ကို ဝတ်ဆင်ယင်လျက် ထိုလှည်းအိုကို မောင်းနှင်လျက် ဗြဟ္မဒတ်မင်းကြီး၏ ရှေ့ရှုသွား၏။ ဗြဟ္မဒတ်မင်းကြီးသည် ထိုလှည်းအိုကိုမြင်၍ ထိုလှည်းအိုကို ပယ်ကြကုန်လော့ဟု ဆို၏။ လူတို့သည် မင်းမြတ် အဘယ်မှာနည်း၊ အကျွန်ုပ်တို့သည် မမြင်ကုန်ဟု ဆိုကုန်၏။ သိကြားသည် မိမိ၏ အာနုဘော်အားဖြင့် မင်းအားသာလျှင် ပြ၏။ ထိုအခါ၌ ထိုအရပ်သို့ အများရောက်လတ်သည်ရှိသော် ထိုလှည်းအိုကို ထိုမင်း၏ အထက်အဘို့ဖြင့်နှင်လျက် မင်း၏ဦးခေါင်းထက်၌ တလုံးသော ရက်တက်အိုးကိုခွဲ၍ ပြန်လည်လတ်သည်ရှိသော် နှစ်ခုမြောက်သော ရက်တက်အိုးကို ခွဲ၏။ ထိုအခါ၌ ထိုမင်း၏ ဦးခေါင်းမှစ၍ ထိုမှဤမှ ရက်တက်ရည်သည် စီး၏။ ထိုမင်းသည် ထိုသို့ရက်တက်ရည် စီးခြင်းကြောင့် ငြီးငွေ့၏။ ရှက်၏။ စက်ဆုပ် ရွံရှာ၏။ ထိုအခါ၌ ထိုမင်း၏ ထိုပင်ပန်းဆင်းရဲ သည်၏အဖြစ်ကိုသိ၍ သိကြားသည် လှည်းကိုကွယ်စေ၍ သိကြား၏ကိုယ်ကို ဘန်ဆင်း၍ ဝရဇိန်လက်နက်စွဲလျက် ကောင်းကင်၌ တည်၍ ယုတ်မာသော တရားမစောင့်သောမင်း သင်သည် မအိုလတ္တံ့လော၊ သင်၏ကိုယ်ကို အိုခြင်းသည် မညှဉ်းဆဲလတ္တံ့လော၊ သင်သည်ကစားလေ့ရှိသည်ဖြစ်၍ သူအိုတို့အား နှိပ်စက်ညှဉ်းဆဲသောအမှုကို ပြု၏။ တယောက်တည်းသော သင့်ကိုမှီကုန်၍ ထိုအမှုကို ပြုကုန်ကြသဖြင့် သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်တို့ကို ပြည်စေကုန်၏။ လူတို့သည် မိဘတို့ကို လုပ်ကျွေးအံ့သောငှါ မရကုန်၊ သင်သည် ဤအမှုမှ အကယ်၍ မကြဉ်အံ့၊ ဤဝရဇိန်လက်နက်ဖြင့် ဦးခေါင်းကို ခွဲအံ့၊ ဤနေ့မှစ၍ ထိုအမှုကို မပြုလင့်၊ ဤသို့ ခြိမ်းချောက်၍ မိဘတို့၏ ကျေးဇူးကို ဟော၍ ကြီးကုန်သောသူတို့အား အရိုအသေပြုသော ကောင်းမှု၏ အကျိုးဆက်ကိုပြ၍ ဆုံးမပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ပြန်သွား၏။ မင်းသည် ထိုအခါမှစ၍ ထိုသို့သဘောရှိသောအမှုကို ပြုအံ့သောစိတ်ကိုလည်း မဖြစ်စေ။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-
J		ဓနုဂ္ဂဟတိဿမထေရ်သည် စစ်ထိုးခြင်းအစီအရင်ကို ဆို၏။ အရှင်ဘုရား စစ်ထိုးခြင်းမည်သည်ကား ပဒုမဗျူဟာ စစ်ထိုးခြင်း, စက္ကဗျူဟာစစ်ထိုးခြင်း သကဋဗျူဟာစစ်ထိုးခြင်းဟူ၍ သုံးပါးအပြားရှိ၏။ အဇာတသတ်ကို ဖမ်းလိုသော် ဤ မည်သော တောင်ဝှမ်းဝယ် နံရံနှစ်ဘက်တို့၌ လူတို့ကိုထား၍ ရှေ့မှအားနည်းသော စစ်သည်ကိုပြ၍ တောင်ကြားသို့ ဝင်သောအဖြစ်ကို မသိစေမူ၍ ဝင်သောခရီးကို ပိတ်ဆို့၍ ရှေ့ နောက်နှစ်ဘက်ကုန်သော တောင်နံရံတို့၌ ကြော်ငြာကုန်၍ ကွန်၌ထည့်အပ်သော ငါးတို့ကဲ့သို့၎င်း လက်ဆုပ်၌ရှိသော ငုံးငယ်ကဲ့သို့၎င်း ပြု၍ဖမ်းခြင်းငှာ တတ်ကောင်း၏ဟု ဆိုလတ်သော် သူလျှိုယောကျ်ာတို့သည် ထိုသတင်း စကားကို မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ထိုစကားကို ကြား၍ စစ်ထိုးခြင်းစည်ကို လည်စေ၍ သွား၍ သကဋဗျူဟာ စစ်ထိုးခြင်းကို စီရင်၍ အဇာတသတ်မင်းကို အရှင်ဖမ်းစေ၍ မိမိ၏ဝဇိရမည်သော မင်းသ္မီးကို တူအားပေး၍ ကာသိမည်သောရွာကို ဝဇိရမည်သော မင်းသ္မီး၏ ကသယ်မှုန့်ဘိုးပြု၍ ပေး၍ လွှတ်လိုက်၏။ ထိုအကြောင်းသည် ရဟန်းသင်္ဃာ၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ ကောသလမင်းသည် ဓနုဂ္ဂဟတိဿမထေရ်၏ အစီအရင်ဖြင့် အဇာတသတ်မင်းကို အောင်ပေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ငါလာတော်မူသောအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤဓနုဂ္ဂဟတိဿသည် စစ်ထိုးခြင်း အစီအရင်၌ လိမ္မာသည်မဟုတ်သေး၊ ရှေး၌လည်း စစ်ထိုးခြင်း အစီအရင်၌ လိမ္မာသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။
J		များစွာကုန်သော ကုန်သွယ်၍အသက်မွေးကုန်သော သူတို့သည်လည်း အနာထပိဏ်သူဌေး၏လက်မှ စာရင်းတင်၍ တဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသောဥစ္စာကို အမှီပြု၍ယူကုန်၏။ သူဌေးကြီးသည် ထိုကုန်သည်တို့ကို ဥစ္စာကိုမဆောင်စေ၊ သူဌေးကြီးသည် မြစ်နား၌ မြှုပ်၍ထားအပ်ကုန်သော မြို့ပေးသောဥစ္စာမှ တပါးကုန်သော အမျိုးဥစ္စာဖြစ်ကုန်သော တဆယ့်ရှစ်ကုဋေကုန်သောဥစ္စာတို့သည် အစိရဝတီမြစ်ရေသည် မြစ်ကမ်းကိုဖြိုသည်ရှိသော် မဟာသမုဒြာသို့ဝင်၍ တည်ကုန်၏။ ပိတ်တိုင်းသာလျှင်ဖြစ်ကုန်သော ကြေးအိုးတို့သည် သမုဒြာဝမ်း၌ လိမ့်လျက်သွားကုန်၏။ သူဌေး၏အိမ်၌ကား ငါးရာကုန်သောရဟန်းကိုအား နိစ္စဘတ်သည် မပြတ်ဖြစ်၏။ ထိုစကားသည် မှန်၏။ သူဌေးကြီး၏ အိမ်သည် ရဟန်းသံဃာတို့၏ ခရီးလေးဆုံ၌တူးအပ်သော ရေကန်နှင့်တူ၏။ ခပ်သိမ်းသောရဟန်းတို့၏ မိဘအရာ၌တည်၏။ ထို့ကြောင့် အနာထပိဏ်သူဌေးအိမ်သို့ မြတ်စွာဘုရားသည်လည်း ကြွတော်မူ၏။ ရှစ်ကျိပ်ကုန်သော မထေရ်တို့သည်လည်း ကြွတော်မူသလျှင်ကတည်း၊ အိမ်သို့ကြွသည်လည်းဖြစ်ကုန်သော အိမ်မှလာသည်လည်းဖြစ်ကုန်သော ရဟန်းတို့၏ပမာဏသည်မရှိ၊ ထိုအိမ်သည်ကား ဘုံခုနစ်ဆင့်ရှိ၏။ တံခါးမုတ် ခုနစ်ဆင့်တို့ဖြင့် တန်ဆာဆင်အပ်၏။ ထိုအိမ်၏ လေးခုမြောက်သောတံခါးမုတ်၌ တယောက်သော မိစ္ဆာဒိဋ္ဌိနတ်သည် နေ၏။
J		အဟံ၊ ငါသည်။ အဂ္ဂပုဂ္ဂလံ၊ မြတ်သောပုဂ္ဂိုလ်လည်း ဖြစ်တော်မူထသော။ ဒေဝါတိဒေဝံ၊ သမ္မုတိနတ်၊ ဥပပတ္တိနတ်တို့ထက် လွန်မြတ်သော ဝိသုဒ္ဓိနတ်လည်း ဖြစ်တော်မူထသော။ နရဒမ္မသာရထိံ၊ လူနတ်တို့၏ မြတ်သော ရထားထိန်းသဘွယ်လည်း ဖြစ်တော်မူထသော။ သမန္တစက္ခုံ၊ ထက်ဝန်းကျင် မြင်နိုင်သော သဗ္ဗညုတ ဉာဏ်တော်လည်း ရှိတော်မူထသော။ သတပုညလက္ခဏံ၊ အရာမကသော ဘုန်းတော်ကြောင့်ဖြစ်သော လက္ခဏာတော် ရှိတော်မူထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ဣမေဟိ အဋ္ဌီဟိ၊ ဤ ငါ၏ အရိုးတို့ဖြင့်၎င်း။ ဣမေဟိ ပါဏေဟိ၊ ဤငါ၏ အသက်တို့ဖြင့်၎င်း။ သရဏံ၊ ဆင်းရဲကိုဖျောက်၍ ချမ်းသာကို ပေးပေတတ်၏ဟူ၍။ ဂတော၊ သိသည်။ အမှိ၊ ဖြစ်ပါ၏။
J		ဣတ္ထိယော၊ မိန်းမတို့သည်။ စောရော ယထာ၊ ခိုးသူနှင့်တူ၏။ ဒိဒ္ဓေါ ယထာ၊ အဆိပ်နှင့်ရောသော သုရာနှင့်တူ၏။ ဝါဏိဇောဝ၊ ကုန်သည်ကဲ့သို့။ ဝိကတ္ထနီ၊ အထူးထူးသော စကားတို့ကို ဆိုတတ်ကုန်၏။ ဣဿသိင်္ဂမိဝ၊ ဝက်ဝံ၏ လျင်ခြင်းကဲ့သို့။ ပရိဝတ္တာ၊ လျင်သာအပြန် ရှိကုန်၏။ ဥရဂေါ ယထာ၊ မြွေကဲ့သို့။ ဒုဇိဝှါ၊ လျှာနှစ်ခွရှိကုန်၏။ သောဗ္ဘမိဝ၊ မစင်တွင်းကဲ့သို့။ ပဋိစ္ဆန္နာ၊ ဖုံးလွှမ်းအပ်ကုန်၏။ ပါတာလမိဝ၊ ပါတာလမုခကဲ့သို့။ ဒုပ္ပုရာ၊ လိုအင်ဆန္ဒ ပြည့်နိုင်ခဲကုန်၏။ ရက္ခသီ ဝိယ၊ ရက္ခိုသ်ဘီလူးမကဲ့သို့။ ဒုတ္တောသာ၊ ရောင့်ရဲနိုင်ကုန်၏။ ယမောဝ၊ ယမမင်းကဲ့သို့။ ဧကန္တဟာရိယော၊ စင်စစ်လျှင် ယူဆောင်တတ်ကုန်၏။
J		မြတ်စွာဘုရားသည် နေရာမှထ၍ ရဟန်းသံဃာခြံရံလျက် ကျောင်းသို့ ကြွတော်မူ၍ ရဟန်းတို့သည် ဝတ်ကိုပြုသည်ရှိသော် နေရာမှထ၍ ဂန္ဓကုဋိတိုက်၌ရပ်လျက် ရဟန်းသံဃာအား ဘုရားတို့၏ အဆုံးအမကို ပေး၍ ကမ္မဋ္ဌာန်းကိုဟော၍ ရဟန်း သံဃာကို လွှတ်လိုက်၍ အမွှေးအကြိုင်ဖြင့် ထုံအပ်သော။ ဂန္ဓကုဋီသို့ဝင်၍ လကျ်ာနံပါးဖြင့် ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော လျောင်းခြင်းကို ပြုတော်မူ၏။ ထို့နောင်မှ ညချမ်းအခါ တရားသဘင်၌ ရဟန်းတို့သည် ထိုမှဤမှ စည်းဝေး၍ နီသော ကမ္ဗလာတင်းတိမ်ဖြင့် ရုံဘိသကဲ့သို့ နေကုန်၍ မြတ်စွာဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်၏။ ငါ့သျှင်တို့ မဟာပန်သည် စူဠပန်၏ အလိုကို မသိသည်ဖြစ်၍ လေးလတို့ဖြင့် တဂါထာကို သင်ခြင်းငှါမတတ်နိုင်၊ ဤစူဠပန်သည် နုန့်နှေး၏ဟု ကျောင်းမှ နှင်ထုတ်၏။ မြတ်စွာဘုရားသည်တမူကား ကိုယ်တော်၏ အတုမရှိသော တရားမင်းဖြစ်တော်မူသောကြောင့် စူဠပန်အား တကြိမ်သာလျှင်ဖြစ်သော ဆွမ်းပြင်သည်၏ အကြား၌ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်ကို ပေး၏။ ပိဋကတ်သုံးပုံတို့သည် ပဋိသမ္ဘိဒါတို့နှင့် တကွသာ လာကုန်၏။ ဘုရားကိုယ်တော်တို့၏ အားတော်မည်သည် ဪ... ကြီးမြတ်စွာ့တကားဟု မြတ်စွာဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကုန်၏။
J		ထိုအခါ သိကြားနတ်မင်းသည် အသစ် အသစ်ကုန်သော နတ်သားတို့ကိုမမြင်၍ လူ့ပြည်ကိုကြည့်၍ လူတို့သည် အပါယ်ဘုံတို့၌ ဖြစ်သော အဖြစ်၌ သိ၍ ဘုရားသခင်၏ သာသနာတော် ဆုတ်ယုတ်သည်ကို မြင်သဖြင့် အသို့ပြုရပါအံ့နည်းဟု ကြံ၍ တခုသော အကြောင်းသည် ရှိ၏။ လူအများကို ခြိမ်းချောက်၍ ကြောက်သောအဖြစ်ကို သိလျှင် နောက်မှ နှစ်သိမ့်စေ၍ ဆုတ်ယုတ်သော သာသနာတော်ကို ချီးမြှောက်၍ တပါးသော အနှစ်တထောင်ပတ်လုံး တည်အံ့သော အကြောင်းကို ပြုအံ့ဟု ဆုံးဖြတ်ခြင်းကို ပြုပြီးလျှင် မာတလိနတ်သားက ငှက်ပျောဖူး ပမာဏရှိသော လေးချောင်းသော အစွယ်တို့မှ ပြိုးပြိုးပြက်ထွက်သော အရောင်ဖြင့် ကြောက်မက်ဘွယ်ကိုပြု၍ ကိုယ်ဝန်ဆောင် မိန်းမတို့မြင်လျှင် ကိုယ်ဝန်ကျခြင်းငှါ စွမ်းနိုင်သော ကြောက်မက်ဘွယ်သော အဆင်းရှိသော အာဇာနည်ဆင် ပမာဏရှိသော မည်းနက်သော အဆင်းရှိသော ခွေးနက်ကြီး ဖန်ဆင်းစေပြီးလျှင် ဖွဲ့ခြင်းငါးပါးဖြင့် ဖွဲ့၍ နီသောပန်းကို လည်၌ဆင်သဖြင့် ကြိုးစွန်းကိုကိုင်၍ မိမိလည်း ဖန်ရည်စွန်းသော အဝတ်နှစ်ထည်တို့ကို ဝတ်ပြီးလျှင် ဆံကိုငါးထုံးထုံး၍ နီသောပန်းကို ဆင်ယင်လျက် သန္တာအဆင်းနှင့်တူသော လေးညှို့ရှိသော တင်အပ်ပြီးသော လေးကြီးကိုကိုင်၍ ဝဇီရစိန်ကျောက်ကဲ့သို့ အဖျားထက်သော မြားကို လက်သည်းဖြင့် ပြင်လျက် မုဆိုး၏အသွင်ကို ယူ၍ မြို့မှ တယူဇနာမျှသော အရပ်၌ သက်၍ လောကသည် ပျက်လတ္တံ့, လောကသည် ပျက်လတ္တံ့ ဟု သုံးကြိမ် အသံကို ကြားစေသဖြင့် လူတို့၏စိတ်ကို ထိတ်လန့်စေ၍ မြို့၏အနီးသို့ ရောက်လျှင် တဖန် အသံကို ပြုပြန်၏။
J		မင်းသည် မြို့သို့ဝင်၍ ထိုအကြောင်းကို အမတ်တစ်ယောက်အား ကြား၍ ယခု အသို့ပြုအံ့နည်း ဟု မေးသည်ရှိသော် ရှင်မင်းကြီး နေ့အပိုင်းအခြားကို ပြုခဲ့၏လော ဟု မေး၏။ မပြုခဲ့ဟု ဆို၏။ သင်မင်းကြီးသည် မသင့်သည်ကို ပြုသော်လည်း မကြံလင့်၊ နှောင်အိမ်တို့၌ လူတို့သည် များစွာ ရှိကုန်၏ ဟု ဆို၏။ ထိုသို့တပြီးကား သင်သည် ဤအမှုကိုပြုလော့၊ ငါ့အား အသက်ကို ပေးလော့ဟု ဆို၏။ အမတ်သည် ကောင်းပြီ ဟု ဝန်ခံ၍ နေ့တိုင်း နှောင်အိမ်မှ လူကိုထုတ်၍ ထမင်းခွက်ကို ယူစေ၍ ဘီလူးထံသို့ ပို့စေ၏။ ဘီလူးသည် ထမင်းကို စားပြီးသော် လူကိုစား၏။ နောက်အဖို့၌ နှောင်အိမ်၌ လူတို့သည် ကုန်ကုန်၏။ မင်းသည် ထမင်းပိုအံ့သောသူကို မရ၍ သေဘေးဖြင့် တုန်လှုပ်၏။ ထိုအခါ မင်းကို အမတ်သည် နှစ်သိမ့်စေ၍ အရှင်မင်းကြီး... အသက်၌ တပ်စွန်းခြင်းထက် ဥစ္စာ၌ တပ် စွန်းခြင်းသည် အလွန်အားရှိ၏။ ဆင်ကျောက် ကုန်း၌ ဥစ္စာထောင်ထုပ်ကိုတင်၍ “အဘယ်သူသည် ဤဥစ္စာကိုယူ၍ ဘီလူးသို့ ထမင်းပို့လတ္တံ့နည်း” ဟု စည်လည်စေလော့ ဟု ဆို၍ အမတ်ကြီးဆိုတိုင်း ပြုစေ၏။ ထိုအခါ ထိုစကားကိုကြား၍ ဘုရားလောင်းသည် အခစားလုပ်သဖြင့် ပဲဝက် ပဲဝက်သော ဥစ္စာကို စုရုံး၍ ငြိုငြင်သဖြင့် အမိကိုမွေးရ၏။ ဤဥစ္စာကိုယူ၍ အမိအားပေး၍ ဘီလူးအထံသို့ သွားအံ့၊ ဘီလူးကို ဆုံးမခြင်းငှာ အကယ်၍ စွမ်းနိုင်အံ့၊ ဤသို့ စွမ်းနိုင်သည်ရှိသော် အပြစ်မရှိ။ အကယ်၍ မတတ်နိုင်အံ့၊ ငါ့အမိသည် ချမ်းသာစွာ အသက်မွေးရလတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအကြောင်းကို အမိအား ကြား၍ အမောင် မသင့်၊ ငါ့အား ဥစ္စာဖြင့် အလိုမရှိ ဟု နှစ်ကြိမ်မြောက်ပယ်၍ သုံးကြိမ်မြောက်၌ အမိကို မပန်မူ၍လျှင် အရှင်တို့ ဥစ္စာတစ်ထောင်ကို ဆောင်ခဲ့ကြကုန်လော့၊ ငါ ထမင်းကို ပို့အံ့ ဟု ဥစ္စာတစ်ထောင်ကို ယူ၍ အမိအားပေး၍ မိခင် မကြံလင့်၊ ငါသည် ဘီလူးကိုဆုံးမ၍ လူအများအား ချမ်းသာခြင်းကို ပြုအံ့၊ ယနေ့လျှင် မျက်ရည်စွတ်သော မျက်နှာကို ရွှင်စေလျက် လာအံ့ ဟု ဆို၍ အမိကိုရှိခိုး၍ မင်းချင်းယောကျ်ားနှင့်တကွ မင်း၏အထံသို့ သွား၍ ရှိခိုး၍ ရပ်၏။
J		ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ ကုဏာလော၊ ကုဏာလငှက်မင်းသည်။ အာသိံ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ ဥဒါယီ၊ ဥဒါယီသည်။ တဒါ။ ထိုအခါ၌။ ဖုဿကောကိလော၊ ပုဏ္ဏမုခအမည်ရှိသော ဖုဿဥဩသည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ အာနန္ဒော၊ အာနန္ဒာသည်။ တဒါ၊ ထိုအခါ၌။ ဂိဇ္ဈရာဇာ၊ အာနန္ဒာအမည်ရှိသော လင်းတမင်းသည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရတိ၊ ယခုအခါ၌။ သာရိပုတ္တော စ၊ သာရိပုတ္တရာသည်ကား။ တဒါ၊ ထိုအခါ၌။ နာရဒေါ၊ နာရဒရသေ့သည်။ အသိ၊ ဖြစ်ဖူးပြီ။ ဧတရဟိ၊ ယခုအခါ၌။ ဗုဒ္ဓပရိသာ၊ ဘုရားပရိသတ်တို့သည်။ တဒါ၊ ထိုအခါ၌။ ပရိသာ၊ ကုဏာလငှက်မင်း ပရိသတ်တို့သည်။ အဟေသုံ၊ ဖြစ်ဖူးကုန်ပြီ။ ဧဝံ၊ ဤသို့။ ဇာတကံ၊ ဇာတ်ပေါင်းခြင်းကို။ ဓာရေထ၊ မှတ်လေကုန်။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် မမန္နပါနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဏိကဏ္ဌဇာတ်ကို အာဠဝီပြည်ကို အမှီပြု၍ အဂ္ဂဠဝစေတီ၌ သီတင်း သုံး နေတော်မူစဉ် ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အာဠဝီတိုင်းသား ရဟန်းတို့သည် ကိုယ်တိုင် အဆောက်အဦတို့ကိုဆောက်၍ ကုဋိတို့ကိုပြုအပ်ကန်သည်ရှိသော် ယောက်ျားကိုပေးကြ ကုန်လော့၊ ယောက်ျားတို့၏ လက်အမှုကို ပေးကြကုန်လော့၊ ဤသို့အစရှိသော စကားတို့ကိုဆိုကုန်လျက် တောင်းခြင်းဝိညတ်များကုန်သည် ဖြစ်လတ်၍ နေကုန်၏။ လူတို့သည် တောင်းခြင်းဝိညတ်နှင့် နှိပ်စက်အပ်ကုန်ရကား ရဟန်းတို့ကိုမြင်၍ ပြေးကုန်၏။ ထိုအခါ ရှင်မဟာကဿပသည် အာဠဝီပြည်သို့ ကြွတော်မူ၍ ဆွမ်းခံဝင်တော်မူ၏။ လူတို့သည် အရှင်မဟာကဿပကို မြင်၍လည်း ရှေးအတူသာလျှင် ကျင့်ကုန်၏။ အရှင်မဟာကဿပမထေရ်သည် ဆွမ်းဘုဉ်း ပေးပြီးသည်ရှိသော် ဆွမ်းခံရွာမှ ဖဲခဲ့၍ ငါ့သျှင်တို့ ဤအာဠဝီပြည်သည် ရှေး၌ ရလွယ်သော ဆွမ်းရှိ၏။ ယခု အဘယ်ကြောင့်ရခဲသော ဆွမ်းရှိသနည်းဟု ရဟန်းတို့ကို မေးလေ၍ ထိုအကြောင်းကို ကြား၍ သဗ္ဗညူမြတ်စွာဘုရားသည် အာဠဝီပြည်သို့ကြွတော်မူ၍ အဂ္ဂါဠဝစတေီ၌ သီတင်း သုံး နေတော်မူသည်ရှိသော် မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်၍ ထိုအကြောင်းကို နားတော်လျှောက်ကြ၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအခါ၌ ရဟန်းသင်္ဃာတို့ကို စည်းဝေးစေ၍ အာဠဝီတိုင်းသား ရဟန်းတို့ကို သင်တို့သည် ကိုယ်တိုင်တောင်းအပ်သော အဆောက်အဦဖြင့် ကုဋိတို့ကို ပြုကြကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ကို ကဲ့ရဲ့တော်မူ၍ ရဟန်းတို့ ဤတောင်းခြင်းမည်သည်ကို ရတနာခုနစ်ပါးနှင့် ပြည့်စုံသော နဂါးပြည်၌ နေကုန်သော နဂါးမင်းတို့စင်လျက် မနှစ်သက်ကုန်သေး၊ လူတို့အား အဘယ်ဆိုဘွယ်ရာ ရှိအံ့နည်း၊ တသပြာကို ဝါ- တကျပ်ကို ဖြစ်စေကုန်သောသူတို့အား ကျောက်ဖျာမှ ကျောက်ချပ်ကျောက်သားကို ခွါစေသော ကာလကဲ့သို့ **(ကျောက်ဖျာမှ ကျောက်ချပ်ကျောက်သားတို့ ဖဲ့ရသကဲ့သို့ လူတို့သည် တကျပ် တသပြာသော်လည်း အလွန်ရခဲ၏ ဟူလိုသည်။ ) ဖြစ်၏ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ရဟန်းတို့သည် တောင်းပန်လတ်သော် အတိတ်ကို ဆောင်တော်မူ၏။
J		လွန်လေပြီးသောအခါ စိတ္တကုဋ်တောင်ဝယ် ရတနာရွှေဂူ၌ ကိုးသောင်းကုန်သော ရွှေဟင်္သာတို့သည် နေကုန်၏။ ထိုရွှေဟင်္သာတို့သည် မိုးလေးလပတ်လုံး အပသို့ မထွက်ကုန်။ အကယ်၍ ထွက်ကုန်ငြားအံ့၊ ရေပြည့်သော အတောင်တို့ဖြင့် ပျံသွားခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မဟာသမုဒ္ဒရာ၌သာလျှင် ကျကုန်၏။ ထို့ကြောင့် အပသို့ မထွက်ကုန်။ မိုးကာလ နီးလတ်သော် ဇာတဿရအိုင်မှ အလိုလိုသာလျှင်ဖြစ်သော သလေးတို့ကို ဆောင်ယူ၍ ရွှေဂူကို ပြည့်စေပြီးလျှင် သလေးကို စားကုန်လျက် နေကုန်၏။ ထိုရွှေဟင်္သာတို့၏ ရွှေဂူတံခါး၌ တစ်ခုသော ရထားလှည်းဘီး ပမာဏရှိသော ဥဏ္ဏနာဘိ အမည်ရှိသောပင့်ကူသည် တစ်လတစ်လ၌ တစ်ခုတစ်ခုသော အမြှေးကိုဖွဲ့၏။ ထိုပင့်ကူ၏ တစ်ခုတစ်ခုသော အမြှေးချည်သည် နွားချည်ကြိုးပမာဏ ရှိ၏။ ဟင်္သာတို့သည် ထိုပင့်ကူမြှေး ကွန်ရက်ကို ဖောက်လတ္တံ့ ဟု တစ်ခုသော ဟင်္သာပျိုအား နှစ်စုသောအစာတို့ကို ပေးကုန်၏။ ထိုဟင်္သာပျိုသည် မိုးစဲလတ်သော် အလုံးစုံသော ဟင်္သာတို့ရှေ့က သွား၍ ထိုပင့်ကူမြှေး ကွန်ရက်ကို ဖောက်၏။ ကြွင်းကုန်သော ဟင်္သာတို့သည် ထိုခရီးဖြင့် သွားကြကုန်၏။
J		... ထိုစကားကို ချဲ့ဦးအံ့။ သာဝတ္ထိပြည်၌နေသော အမျိုးကောင်းသား တစ်ယောက်သည် ဘုရားသခင်၏ တရားဒေသနာကို ကြားနာရ၍ ရဟန်းပဉ္စင်းအဖြစ်ကို ရပြီးသော် ဥပဇ္ဈာယ်ဆရာဝတ်ကိုဖြည့်လျက် နှစ်ပါးသော ပါတိမောက်တို့ကို နှုတ်တက်လေ့လာသည်ကိုပြု၍ ငါးဝါပြည့်လျှင် ကမ္မဋ္ဌာန်းကိုသင်၍ တော၌နေအံ့ ဟု ကြံ၍ ဆရာဥပဇ္ဈာယ်ကို ပန်ကြား၍ ကောသလတိုင်း၌ တစ်ခုသော ပစ္စန္တရစ်ရွာသို့ သွား၍ ထိုရွာဝယ် ဣရိယာပုထ်၌ ကြည်ညိုသောလူတို့သည် သစ်ရွက်မိုးသော ကျောင်းဆောက်လုပ်၍ လုပ်ကျွေးလျှင် ဝါဆိုလျက် လုံလပြုလတ်သော် အာရုံစိတ်ကို ထိစေလျက် အလွန်အားထုတ်သော လုံ့လဖြင့် ဝါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်းကို ပွားစေ၍ တရားအထူးကို ရခြင်း၏ အရိပ် နိမိတ်မျှလည်း ဖြစ်စိမ့်သောငှာ မတတ်နိုင်၍ ကြံ၏။ ငါကား ဘုရားသခင်သည် ဟောတော်မူအပ်ကုန်သော လေးယောက်သော ပုဂ္ဂိုလ်တို့တွင် ပဒပရမတည်း။ (ပုဂ္ဂိုလ်လေးယောက်ဟူသည် (၁) ဥဂ်ဃါဋိတညူပုဂ်ဂိုလျတဈယောကျ (၂) ဝိပဉ္စိတညူ ပုဂ္ဂိုလ်တစ်ယောက် (၃) နေယျပုဂ္ဂိုလ်တစ်ယောက် (၄) ပဒပရမပုဂ္ဂိုလ်တစ်ယောက်။ ဤလေးယောက်တို့တည်း)။
J		မှူးတော် မတ်တော်တို့သည် ဤသူကား အပြစ်ကြီး၏။ အထူးထူးအပြားပြားသော မင်းဒဏ်ပေးခြင်းကို ပြုစေပြီး၍ နောက်မှ သတ်ခြင်းငှာ သင့်၏ဟု ဆိုကုန်၏။ ထိုခဏ၌ မင်းသား၏ အဖဖြစ်သော ကိုယ်စောင့်နတ်သည် ထိုမင်းသား၏ မယ်တော်မိဖုရားကြီးကိုယ်၌ ပူးဝင်၏။ ထိုမိဖုရားကြီးသည် နတ်၏အာနုဘော်ကြောင့် မင်းသို့ကပ်၍ မြတ်သောမင်းကြီး... ဤသတို့သားသည် ဒွန်းစဏ္ဍားသား မဟုတ်ပါ၊ ဤသတို့သားသည် အကျွန်ုပ်၏ ဝမ်း၌ဖြစ်သော ကောသလမင်းသားတည်း၊ အကျွန်ုပ်သည် ငါ့သားသေပြီဟု အရှင်မင်းကြီးအား မုသာဝါဒဖြင့် ပြောဆို၏။ အကျွန်ုပ်သည် ဤမင်းသားကို အရှင်မင်းကြီး၏ ရန်သူသယးတည်းဟု အထိန်းတော်တို့ကို ပေး၍ သူသေကောင်ပစ်ရာ သုသာန်၌ စွန့်စေ၏။ ထိုအခါ ထိုသူငယ်ကို တစ်ယောက်သော ဆိတ်ကျောင်းသားသည် မွေးကျွေး၏။ ထိုဆိတ်ကျောင်းသားသည် မိမိဆိတ်မတို့သည် သေကုန်သည်ရှိသော် မြစ်၌မျှောလိုက်၏။ ထိုအခါ မြစ်၌မျှောသော ထိုသူငယ်ကို အရှင်မင်းကြီးတို့နန်းတော်၌ ဆွေးမြည့်ဟောင်းနွမ်းသည်တို့ကို တစ်ဖန် ပြုပြင်တတ်သော ဒွန်းစဏ္ဍားသည်မြင်၍ မွေးမြူပါ၏။ အကယ်၍ ယုံတော်မမူကုန်အံ့၊ ထိုအလုံးစုံသောသူတို့ကို ခေါ်စေတော်မူ၍ မေးတော်မူကုန်လော့ဟု တင်လျှောက်၏။ မင်းသည် အထိန်းကိုအစပြု၍ အလုံးစုံသောသူတို့ကို ခေါ်စေတော်မူ၍မေးလျှင် ထိုမိဖုရားကြီးဆိုတိုင်း အကြောင်းကို အဟုတ်အမှန်အားဖြင့် သိတော်မူ၍ ဤမင်းသားသည် အမျိုးနှင့်ပြည့်စုံသော မင်းသားပေတည်းဟု နှစ်သက်သည်ဖြစ်၍ ထိုမင်းသားကို ရေချိုးစေပြီးလျှင် တန်ဆာဆင်၍ ထိုမင်းသားအားသာလျှင် သမီးတော် ကုရုင်္ဂဒေဝီကို ပေးတော်မူ၏။
J		ထို့နောင်မှ အတိပဏ္ဍိတသည် တခုသောဥပါယ်သည် ရှိ၏ဟု ကြံ၍ မိမိအဘကို တခုသောသစ်ခေါင်းသို့ဝင်စေ၍ သင်သည် ငါတို့လာ၍ မေးကုန်သည်ရှိသော် အတိပဏ္ဍိတသည် နှစ်စုရထိုက်၏ဟု ဆိုလောဟုသင်၍ ဘုရားလောင်းအထံသို့သွား၍ အဆွေ ငါ၏ နှစ်စုရထိုက်သည်၏ အဖြစ်ကို၎င်း၊ မရထိုက်သည်၏အဖြစ်ကို၎င်း ဤမည်သော ရုက္ခဇိုဝ်းနတ်သည် သိ၏။ လာလော ထိုရုက္ခဇိုဝ်းနတ်ကို မေးကြကုန်အံ့ဟု ဘုရားလောင်းကို ထိုသစ်ပင်သို့ဆောင်၍ အရှင်ရုက္ခဇိုဝ်းနတ်မင်း အကျွန်ုပ်တို့၏အငွင်းအခုံကို အရှင်နတ်မင်း ဆုံးဖြတ်ပါဟုဆို၏။ ထိုအခါ အတိပဏ္ဍိတ၏အဘသည် အသံကိုပြင်၍ ထိုသို့တပြီးကား ဆိုကြကုန်လောဟု ဆို၏။ အရှင်ရုက္ခဇိုဝ်းနတ်မင်း ဤသူကားပဏ္ဍိတတည်း၊ အကျွန်ုပ်ကား အတိပဏ္ဍိတတည်း၊ အကျွန်ုပ်တို့သည် တပေါင်းတည်း ကုန်သွယ်အပ်ကုန်၏။ အဘယ် သူသည် များစွာရအပ်သနည်းဟုဆို၏။ ပဏ္ဍိတသည် တစုကိုရအပ်၏။ အတိပဏ္ဍိတသည်ကား နှစ်စုကို ရအပ်၏ဟု ဆို၏။ ဘုရားလောင်းသည် ဤသို့ တရားစီရင်ဆုံးဖြတ်သံကိုကြား၍ ယခုပင် နတ်၏အဖြစ်ကို၎င်း၊ နတ်မဟုတ်သည်၏ အဖြစ်ကို၎င်း သိအံ့ဟု ကောက်ရိုးကိုယူ၍ သစ်ခေါင်းကိုပြည့်စေပြီးသော် မီးတိုက်၏။ အတိပဏ္ဍိတ၏အဘသည် မီးလျှံထိသော ကာလ၌ ကိုယ်ထက်ဝက်ကိုမီးလောင်သည်ဖြစ်၍ အထက်သို့ တက်သဖြင့် သစ်ခက်ကိုကိုင်လျက်တွဲလျားဆွဲပြီးလျှင် မြေသို့ဆင်း၍-
J		... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်ဝယ် ကိန္နရာအမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်း၏ မယားသည် စန္ဒာအမည်ရှိ၏။ ထိုနှစ်ခုကုန်သော ကိန္နရာတို့သည်လည်း စန္ဒမည်သော ငွေတောင်၌ နေကုန်၏။ ထိုအခါ ဗာရာဏသီမင်းသည် အမတ်တို့အား တိုင်းပြည်ကို အပ်နှင်းခဲ့ပြီးလျှင် နှစ်ခုကုန်သော ဖန်ရည်စွန်းသော အဝတ်တို့ကိုဝတ်၍ ငါးပါးကုန်သော လက်နက်တို့ကို ဖွဲ့လျက် တယောက်တည်းသာလျှင် ဟိမဝန္တာသို့ ဝင်၏။ ထိုဗာရာဏသီမင်းသည် အမဲကို စားလျှက် တခုသော မြစ်ငယ်ကိုလျှောက်၍ မြစ်ညာသို့တက်၏။ စန္ဒတောင်၌ နေကုန်သော ကိန္နရာတို့သည် မိုးတွင်းအခါ၌ မသက်မူ၍ တောင်၌သာလျှင် နေကုန်၏။ နေ့အခါ တောင်မှ သက်ကုန်၏။ ထိုအခါ၌လည်း စန္ဒကိန္နရာသည် မိမိမယားဖြစ်သော စန္ဒကိန္နရီနှင့်တကွ တောင်မှသက်၍ ထိုထိုအရပ်၌ နံ့သာတို့ကို လိမ်းလျက် ထိုထိုအရပ်တို့၌ ပန်းဝတ်မှုံကိုစားလျက် ပန်းပုဆိုးတို့ကို ဝတ်ရုံလျက် နွယ်ပုခက် အစရှိသည်တို့ဖြင့် ကစားလျှက် သာယာစွာသော အသံဖြင့် သီလျက် ထိုမြစ်ငယ်သို့ ရောက်လျှင် တခုသော မြစ်ကွေ့အရပ်၌ သက်၍ ရေ၌ ပန်းတို့ကို ကြဲပြီးလျှင် ရေကစား၍ ပန်းပုဆိုးတို့ကို ဝတ်ရုံလျက် ငွေပြားအဆင်းနှင့်တူသော သဲပြင်ဝယ် ပန်းအခင်းကိုခင်း၍ တခုသော ဝါးလုံးကို ကိုင်လျက် ပန်းအိပ်ရာ၌နေ၍ ထို နောင်မှ စန္ဒကိန္နရာသည် ဝါးလုံးကိုတီးလျက် သာယာသော အသံဖြင့် သီ၏။ စန္ဒကိန္နရီသည် နူးညံ့စွာသော လက်ကိုညွတ်၍ စန္ဒကိန္နရာ၏အနီး၌ ရပ်လျက် က-လည်း က၏။ သီလည်း သီ၏။ ထိုဗာရာဏသီမင်းသည် ထိုကိန္နရာတို့၏ အသံကိုကြားလျှင် ခြေသံကို မကြားစေမူ၍ သာယာသဖြင့် သွား၍ ပုန်းကွယ်ရာအရပ်၌ ရပ်လျက် ထိုကိန္နရာတို့ကို မြင်လျှင် ကိန္နရီမ၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ထိုကိန္နရာဖိုကို ပစ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဤ ကိန္နရီမနှင့်တကွ နေခြင်းကို ပြုအံ့ဟုကြံ၍ ရပ်လျက် စန္ဒကိန္နရာကို ပစ်၏။ ထိုစန္ဒကိန္နရာသည် ဝေဒနာသို့ ရောက်သည်ဖြစ်၍ ငိုကြွေးလိုရကား-
J		ထိုအခါ စစ်ထိုးခြင်း ဖြစ်လတ်သော် ကာလိင်္ဂမင်းသည် ငါ အောင်အံ့ဟု လုံ့လလျော့သောအဖြစ်သို့ ရောက်၏။ ကာလိင်္ဂမင်း၏ ဗိုလ်ပါတို့သည်လည်းတို့၏မင်းကြီးသည် အောင်အံ့ဟု လုံ့လလျော့သည်၏အဖြစ်သို့ ရောက်ကုန်၍ ဖွဲ့ခြင်းကိုမပြုမူ၍ အစုအစုဖြစ်ကုန်၍ အလိုအလျောက် သွားကြကုန်၏။ ဝီရိယကိုပြုအပ်သော ကာလ၌ ဝီရိယကို မပြုကြကုန်၊ မင်းနှစ်ပါးတို့သည် မြင်းစီး၍ စစ်ထိုးကြကုန်အံ့ဟု တဦးသည် တဦးသို့ ချဉ်းကပ်ကြကုန်၏။ မင်းနှစ်ပါးတို့၏ အစောင့်အရှောက် နတ်တို့သည် ရှေ့မှလာကုန်၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နက်သည် အလုံးစုံဖြူသော ဥသဘ ဖြစ်၏။ အဿကမင်း၏ အစောင့် အရှောက်နတ်သည် အလုံးစုံမည်းသော ဥသဘ ဖြစ်၏။ ထိုနတ်တို့သည်လည်း တဦးသည် တဦးအား စစ်ထိုးအံ့သောငှါ အခြင်းအရာကို ပြုကုန်လျက် ချဉ်းကပ်ကြကုန်၏။ ထိုဥသဘတို့သည်ကား မင်းနှစ်ပါးတို့အားသာလျှင် ထင်၏။ တပါးသူတို့ကား မထင်ကုန်၊ နန္ဒိသေနသည် အဿကမင်းကို မြတ်သောမင်းကြီး သင်မင်းကြီးအား အစောင့် အရှောက်နတ်သည် ထင်၏လောဟုမေး၏။ ထင်၏ ဟု ဆို၏။ အဘယ်အခြင်းအရာဖြင့် ထင်သနည်းဟု မေး၏။ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်သည် အလုံးစုံဖြူသော ဥသဘဖြစ်၍ ထင်၏။ ငါ၏ အစောင့်အရှောက် နတ်သည် အလုံးစုံမည်းသော ဥသဘဖြစ်၍ ထင်၏။ ဤသို့ထင်၍ ညှိုးနွမ်းသည်ဖြစ်၍ တည်၏ဟု ဆို၏။ မြတ်သောမင်းကြီး သင်မင်းကြီးတို့သည် မကြောက်ကုန်လင့် အကျွန်ုပ်တို့ အောင်စေကုန်အံ့၊ ကာလိင်္ဂမင်းသည် ရှုံးလတ္တံ့၊ သင်မင်းကြီးသည် မြင်း၏ကျောက်ကုန်းမှ သက်၍ ဤလှံကိုကိုင်၍ ကောင်းစွာသင်အပ်ပြီးသော သိန္ဓောမြင်းကို ဝမ်း၏နံပါး၌ လက်ဝဲလက်ဖြင့် မြဲစွာဘက်ကိုင်၍ ဤသူရဲတထောင်နှင့်တကွ လျင်မြန်စွာ သွား၍ ကာလိင်္ဂမင်း၏ အစောင့်အရှောက်နတ်ကို လှံဖြင့်ထိုး၍ ကျစေကုန်လော့၊ ထို့နောင်မှ တထောင်ကုန်သော အကျွန်ုပ်တို့သည် လှံတထောင်ဖြင့် ထိုးကုန်အံ့၊ ဤသို့ ထိုးအပ်သည်ရှိသော် ကာလိင်္ဂမင်း၏ အစောင့် အရှောက်နတ်သည် ပျက်စီးလတ္တံ့၊ ထို့နောင်မှ ကာလိင်္ဂမင်းသည် ရှုံးလတ္တံ့၊ အကျွန်ုပ်တို့သည် အောင်ကုန်အံ့ဟု ဆို၏။ အဿကမင်းသည် ကောင်းပြီဟု နန္ဒိသေနပေးသော အမှတ်ဖြင့်သွား၍ လှံဖြင့်ထိုး၏။ သူရဲတထောင် ဖြစ်ကုန်သော အမတ်တို့သည်လည်း လှံတထောင်တို့ဖြင့် ထိုးကုန်၏။ အစောင့်အရှောက်နတ်သည် ထိုအရပ်၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်၏။ ထိုခဏ၌ သာလျှင် ကာလိင်္ဂမင်းသည် ရှုံး၍ပြေး၏။ ကာလိင်္ဂမင်း ပြေးသည်ကိုမြင်၍ တထောင်ကုန်သော အမတ်တို့သည် ကာလိင်္ဂမင်း ပြေး၏ဟု ပဲ့တင်ထပ်အောင် ကြေငြာကုန်၏။ ကာလိင်္ဂမင်းသည် သေဘေးဖြင့်ကြောက်၍ ပြေးလတ်သော် ထိုရသေ့ကို ဆဲရေးလိုရကား-
J		ခိုးသူကြီးသည် စူဠဓနုဂ္ဂဟ ပညာရှိကို သတ်၍ မိန်းမကိုယူသည်ရှိသော် အမျိုးကို မေး၏။ ထိုမိန်းမသည် ကျွန်ုပ်က တက္ကသိုလ်ပြည်၌ ဒိသာ ပါမောက္ခဆရာ၏ သမီးတည်းဟုဆို၏။ သင့်ကို ဤယောက်ျားသည် ဘယ်အကြောင်းအားဖြင့် ရသနည်းဟု မေး၏။ ကျွန်ုပ်၏အဖသည် ဤယောက်ျားကား ငါနှင့်တူစွာ အတတ်ကို သင်၏ ဟု နှစ်သက်၍ ဤယောက်ျားအား အကျွန်ုပ်ကို ပေး၏။ ကနွြုပဩညြ သင်၌ချစ်၍ တစ်ဖန် ပေးစားသော လင်ကို သတ်စေ၏ဟု ဆို၏။ ခိုးသူကြီးသည်ဤမိန်းမကား အဖပေးစားသော လင်ကိုစင်လျက် သတ်သေး၏။ တစ်ပါးသောလင်ကိုမြင်၍ ငါ့ကိုလည်း ဤအတူလျှင် ပြုလတ္တံ့၊ ဤမိန်းမကို စွန့်ခြင်းငှာ သင့်၏ဟု ကြံ၍ သွားလတ်သော် လမ်းအကြားတွင် ထိုခဏ၌ လာ၍ ရေပြည့်သော တိမ်သော တစ်ခုသော မြစ်ကိုမြင်၍ ရှင်မ ဤမြစ်၌ မိကျောင်းရဲ၏။ ကြမ်းကြုတ်၏။ အသို့ပြုရကုန်အံ့နည်းဟု ဆို၏။ ထိုမိန်းမသည်လည်း အရှင်... အလုံးစုံသော တန်ဆာဥစ္စာကို ကွှနြုပအြပေါရြုံဖှင့ြ ထုပ်၍ ကမ်းတစ်ဖက်သို့ ပို့ဆောင်၍ တစ်ဖန်လာ၍ ကျွန်ုပ်ကိုယူ၍ သွားလော့ ဟု ဆို၏။ ထိုခိုးသူကြီးသည် ကောင်းပြီဟု အလုံးစုံသော တန်ဆာဥစ္စာကိုယူ၍ မြစ်သို့ဆင်း၍ ကူးသကဲ့သို့ တစ်ဖက်ကမ်းသို့ ရောက်၍ ထိုမိန်းမကို စွန့်ပစ်၍ သွား၏။ ထိုမိန်းမသည် ထိုခိုးသူကြီးကိုမြင်၍ အရှင်... အဘယ့်ကြောင့် ငါ့ကို စွန့်ပစ်၍ သွားသနည်း၊ အဘယ့်ကြောင့် ဤသို့ပြုသနည်း၊ လာလော့၊ ငါ့ကိုလည်း ယူ၍သွားလော့ဟု ထိုခိုးသူကြီးနှင့်တကွ စကား ပြောလိုရကား-
J		ထိုသူဌေးသည် တစ်နေ့သ၌ မင်းခစားအံ့သောငှာ သွားသည်ရှိသော် သူဌေးငယ်ကိုခေါ်၍ သွားအံ့ ဟု ထိုသူဌေးငယ်အိမ်သို့သွား၏။ ထိုခဏ၌ သူဌေးငယ်သည် သားသမီးတို့ဖြင့်ခြံရံလျက် ထောပတ်သစ်, ပျားလဖို့, သကာမှုန့်တို့ဖြင့် စီရင်အပ်သော နို့ဃနာကို စားလျက်နေ၏။ ထိုသူဌေးငယ်သည် မစ္ဆရိကောသိယ သူဌေးကြီးကိုမြင်လျှင် နေရာမှထ၍ အရှင်သူဌေးကြီး... ကြွတော်မူလှည့်၊ ဤပလ္လင်၌နေ၍ နို့ဃနာကို စားကြကုန်အံ့ ဟု ဆို၏။ ထိုဃနာကိုမြင်လျှင် ထိုမစ္ဆရိယကောသိယသူဌေး အာခံတွင်း၌ တံတွေးသည်ဖြစ်၏။ စားလို၏။ ဤသို့ စားလိုသော်လည်း တစ်ဖန်ကြံပြန်၏။ အကယ်၍ ငါသည် ဤဃနာကို စားအံ့၊ ဤသို့ စားသည်ရှိသော် သူဌေးငယ်သည် အိမ်သို့လာသောအခါ ပူဇော်သက္ကာရ အတုံ့ပြုရလတ္တံ့၊ ဤသို့ ပြုတုံ့ပြုရသည်ရှိသော် ငါ၏ဥစ္စာသည် ပျက်စီးလတ္တံ့ ဟု ကြံ၍ မစားအံ့ ဟု ဆို၏။ အဖန်တလဲလဲ တောင်းပန်သော်လည်း ယခုအခါ ငါ ထမင်းဝသည်ဖြစ်၏ ဟု ဆို၍ အလိုမရှိ။ သူဌေးငယ် စားသည်ရှိသော်ကား ကြည့်လျက် ခံတွင်း၌ များစွာသော တံတွေးရှိလျက်နေ၍ ထိုသူဌေးငယ် စားခြင်းကိစ္စအဆုံး၌ ထိုသူဌေးငယ်နှင့်တကွ မင်း၏နန်းတော်သို့သွား၍ မင်းကိုဖူးမြင်ပြီးလျှင် မင်းအိမ်မှသက်ခဲ့၍ မိမိအိမ်သို့ ရောက်လတ်သော် နို့ဃနာကို စားချင်ခြင်းတဏှာဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ကြံ၏။ အကယ်၍ ငါသည် နို့ဃနာကို စားလို၏ဟု ဆိုအံ့၊ လူများသည်လည်း စားလိုသည် ဖြစ်လတ္တံ့၊ များစွာကုန်သော ဆန်အစရှိသည်တို့သည် ပျက်စီးကုန်လတ္တံ့၊ တစ်စုံ တစ်ယောက်သော သူကိုမျှ မပြောမဆို ဟု ကြံ၏။ ကြံပြီး၍ ထိုသူဌေးသည် နေ့ညဉ့်မပြတ် နို့ခနာကိုသာလျှင် ကြံလျက် လွန်စေသော်လည်း ဥစ္စာပျက်စီးခြင်းမှ ကြောက်သောကြောင့် တစ်စုံ တစ်ယောက်သောသူအား မပြောမဆိုမူ၍လျှင် ငတ်မွတ်ခြင်းကိုသည်းခံ၏။ အစဉ်သဖြင့် သည်းခံခြင်းငှာ မတတ်နိုင်ရကား ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၏။ ဤသို့ ဖျော့တော့သော အဆင်းရှိသည် ဖြစ်သော်လည်း ဥစ္စာပျက်စီးခြင်းမှ ကြောက်သောကြောင့် မပြောဆို။ နောက်အဖို့၌ အားနည်းသည်ဖြစ်၍ အိပ်ရာညောင်စောင်းကိုဖက်၍ အိပ်၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သဌဿ သာဌေယျမိဒံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကူဋဝါဏိဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ် တယောက်သော ကုန်သည်စဉ်းလဲကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌နေကုန်သော ကုန်သည်စဉ်းလဲလည်း တယောက်၊ ကုန်သည်ပညာရှိလည်း တယောက်၊ ဤနှစ်ယောက်ကုန်သော ကုန်သည်တို့သည် မိတ်ဘွဲ့ကြကုန်၍ လှည်းငါးရာတို့ကို ဘဏ္ဍာဖြင့်ပြည့်စေကုန်၍ အရှေ့အစွန်းမှ အနောက်အစွန်းသို့ သွားကုန်လျှက် ကုန်သွယ်ခြင်းကို ပြုကုန်၍ များစွာသော လာဘ်ကိုရကုန်၍ သာဝတ္ထိပြည်သို့ ပြန်လာကြကုန်၏။ ပညာရှိသော ကုန်သည်သည် စဉ်းလဲသောကုန်သည်ကို အဆွေ ဥစ္စာကို ဝေကြကုန်အံ့ဟု ဆို၏။ ကုန်သည်စဉ်းလဲသည် ဤသူသည် ရှည်မြင့်စွာသော ကာလပတ်လုံး ဆင်းရဲငြိုငြင်သော အိပ်ရခြင်းဖြင့်၎င်း မကောင်းသောဘောဇဉ်ကို စားရခြင်းဖြင့်၎င်း ပင်ပန်း၏။ မိမိအိမ်၌ အထူးထူးမြတ်သော အရသာရှိသော ထမင်းကိုစား၍ အစာမကျေခြင်းကြောင့် သေလတ္တံ့၊ ထိုသို့ သေလတ်သည်ရှိသော် အလုံးစုံလည်းဖြစ်သော ထိုဥစ္စာသည် ငါ့ဘိုသာလျှင် ဖြစ်လတ္တံ့ဟုကြံ၍ ယနေ့ နက္ခတ်သည် မကောင်းသေး၊ ရက်သည်လည်း မကောင်းသေး၊ နက်ဖြန်မှ သိရကုန်အံ့၊ သံဘက်နေ့မှ သိရကုန်အံ့ဟု ဆို၍ ကာလကို လွန်စေ၏။ ထိုအခါ၌ ထိုကုန်သည်စဉ်းလဲကို ပညာရှိသောကုန်သည်သည်နှိပ်၍ ဝေစေ၍ နံ့သာပန်းကိုယူ၍ မြတ်စွာဘုရား၏အထံတော်သို့သွား၍ မြတ်စွာဘုရားကိုရှိခိုးပူဇော်၍ တင့်အပ်လျောက်ပတ်အပ်သော အရပ်၌နေ၏။ မြတ်စွာဘုရားသည် ဒါယကာ သင်သည် အဘယ်အခါ၌ လာခဲ့သနည်းဟု မေးတော်မူ၍ အရှင်ဘုရား လာသောအကျွန်ုပ်အား လခွဲမျှရှိပြီဟု လျှောက်၏။ ထိုသို့ လခွဲမျှရှိလျှက် အဘယ့်ကြောင့်ကြာမြင့်ခြင်းကိုပြု၍ ဘုရား၏အနီးဖြစ်သော အရပ်သို့ လာခဲ့သနည်းဟု မေးအပ်သည်ရှိသော် ထိုအကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာ ထိုကုန်သည်သည်ကား ယခုအခါ၌သာလျှင် စဉ်းလဲသည် မဟုတ်သေး၊ ရှေး၌လည်း ထိုကုန်သည်သည် စဉ်းလဲခြင်းဖြစ်ဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		ခြောက်ရက်မြောက်သောနေ့၌ကား ခေမာမုဆိုးသည် မည်းနက်သော မြင်းမြီးဖြင့်ပြီးသော မြဲမြံခိုင်ခံသောကြိုးကို ကျစ်ပြီးလျှင် လှံတံ၌ ကျော့ကွင်းကိုဖွဲ့၍ နက်ဖြန် ဟင်္သာမင်းသည် ဤအရပ်၌ သက်လတ္တံ့ဟု ဟုတ်မှန်သောအားဖြင့်သိ၍ ရေထဲ၌ လှံတံကျော့ကွင်းကိုထောင်၏။ နက်ဖြန်နေ့၌ ရွှေဟင်္သာမင်း သက်သည်ရှိသော် ခြေကိုကျော့ကွင်း၌ သွတ်သွင်းလျက် သက်မိ၏။ ထိုအခါ ဘုရားလောင်း၏ခြေကို ကျော့ကွင်းသည် သံပြားဖြင့်ငင်သကဲ့သို့ ဖွဲ့၍ယူ၏။ ရွှေဟင်္သာမင်းသည် ကျော့ကွင်းကို ဖြတ်အံ့ဟု ကြံ၍ အဟုန်ကိုဖြစ်စေလျက် ငင်၍ချီ၏။ ရှေးဦးစွာငင်သောအကြိမ်၌ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော အရေသည် ပြတ်၏။ နှစ်ကြိမ်မြောက်ငင်ရာ၌ ကမ္ဗလာနီအဆင်းနှင့်တူသော အသားသည် ပြတ်၏။ သုံးကြိမ်မြောက်ငင်ရာ၌ အကြောသည် ပြတ်၏။ လေးကြိမ်မြောက်ငင်သော်ကား ဘုရားလောင်း ရွှေဟင်္သာမင်း၏ခြေသည် ပြတ်ရာ၏။ မင်းအား အင်္ဂါချို့တဲ့ခြင်း မည်သည်ကား မလျှောက်ပတ်၊ ထို့ကြောင့် အားထုတ်ခြင်းလုံ့လကို ပြုတော်မမူပြီ။ အားကြီးသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ငါသည် ကျော့ကွင်းမိသော မြည်သံကို အကယ်၍မြည်အံ့၊ ငါ၏ ဆွေမျိုးတို့သည် စိတ်နှလုံး ထိတ်လန့်ကုန်သည်ဖြစ်၍ အစာကိုမယူဘဲလျှင် ဆာမွတ်သော ကိုယ်ရှိကုန်သည်ဖြစ်၍ ပြေးသွားကုန်သော် မဟာသမုဒ္ဒရာ၌ ကျကုန်လတ္တံ့ဟု ကြံတော်မူ၏။
J		ဘော ရုဟက၊ အို ရုဟက။ အပိ၊ စင်စစ်။ ဆိန္နာပိ၊ ပြတ်လေသော်လည်း။ ဇိယာ၊ လေးညို့ကို။ ပုန၊ တဖန်။ သန္ဓိယတေ၊ ဆက်ပြန်အပ်၏။ ပုရာဏိယာ၊ ပုရာဏီနှင့်။ သဒ္ဓိံ၊ တကွ။ သန္ဓိယဿု၊ စေ့စပ်ပြန်ဦးလော့။ ကောဓဿ ဝသံ၊ အမျက်၏ နိုင်ငံသို့။ မာ ဂမိ၊ မလိုက်သင့်။
J		ဆဒ္ဒန်အိုင်သည်ကား အလျားအားဖြင့်၎င်း, အနံအားဖြင့်၎င်း ယူဇနာငါးဆယ်စီ ရှိ၏။ ထိုဆဒ္ဒန်အိုင်၏ အလယ်၌ တဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသော အရပ်၌ မှော်သည်၎င်း, ရေညှိသည်၎င်း မရှိ၊ မြအဆင်းနှင့် တူသော ရေသည်သာလျှင် တည်၏။ ထိုမြအဆင်းနှင့်တူသော ရေ၏အခြားမဲ့၌ တယူဇနာ အနံရှိသော သက်သက်သော ကြာသိမ်တောသည် ထိုမြအဆင်းနှင့် တူသောရေကို ခြံရံ၍ တည်၏။ ထိုကြာသိမ်တော၏ အခြားမဲ့၌ အနံတယူဇနာ ရှိသည်သာလျှင်ဖြစ်သော သက်သက်သော ကြာညိုတောသည် ထိုကြာသိမ်တောကို ရံ၍တည်၏။ အနံတယူဇနာစီ ရှိသည်သာလျှင်ဖြစ်သော ကြာနီတော, ကြာပုဏ္ဍရိက်တော ကြာပဒုမာနီတော, ကြာပဒုမာဖြူ ကုမုဒြာ ကြာတောတို့သည် ရှေးရှေးဖြစ်သော တောတို့ကို ခြံရံ၍ တည်ကုန်၏။ ခုနစ်ပါးကုန်သော ဤကြာတာတို့၏ အခြားမဲ့၌ကား အလုံးစုံသော ထိုကြာသိမ်တော အစရှိသော တောတို့၏ အစွမ်းအားဖြင့် အရောဖြစ်သော တောသည် အနံတယူဇနာ ရှိသည်သာဖြစ်သော ထိုခုနစ်ထပ်ကုန်သော ကြာတောတို့ကို ခြံရံ၍တည်၏။ ထိုအရောဖြစ်သော ကြာတော၏ အခြားမဲ့၌ ဆင်တို့၏ ခါးအတိုင်းအရှည်ရှိသော ရေ၌ အနံတယူဇနာ ရှိသည်သာလျှင်ဖြစ်သော သလေးနီသည် တည်၏။ ထိုသလေးနီတော၏ အခြားမဲ့ဖြစ်သော ရေအဆုံး၌ အညို အရှေ့ အနီ အဖြူ ဖြစ်ကုန်သော ကောင်းစွာပျံ့လှိုင်သော သိမ်မွေ့သော ပန်းတို့ဖြင့် ထက်ဝန်းကျင် ပြွမ်းသော ပန်းချူံငယ်တောသည် တည်၏။ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဆယ်ထပ်ကုန်သော တောတို့သည် အနံ တယူဇနာစီ ရှိကုန်သည်သာလျှင်တည်း။
J		၂၆၈။ အာရာမဒူသကဇာတ်, တမိုက်တထွာ ဉာဏ်နုံချာ
J		အထူးကား ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့ကို ခေါ်တော်မူ၍ မြတ်သောမင်းမျိုးတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်၌ လက်သမားတို့၏ရွာသည် ရှိ၏။ ထိုရွာ၌ တယောက်သောပုဏ္ဏား လက်သမားသည် တောမှသစ်တို့ကို ဆောင်ပြီးလျှင် ရထားလုပ်၍ အသက်မွေးခြင်းကို ပြု၏။ ထိုအခါ ဟိမဝန္တာတောအရပ်၌ ကြို့ပင်ကြီးသည် ရှိ၏။ ထိုကြို့ပင်ကြီး၌ တခုသော ဝံသည် အစာရှာသဖြင့် လာလတ်၍ ထိုကြို့ပင်ရင်း၌ အိပ်၏။ ထိုအခါ တနေ့သ၌ လေသည် ကြို့ပင်ကိုခတ်သည်ရှိသော် သစ်ကိုင်းခြောက်သည်ကျ၍ ဝံ၏ ကျောက်ကုန်း၌ ဖိမိ၏။ ထိုဝံသည် အတန်ငယ် ကျောက်ကုန်းနာသည်ဖြစ်၍ ကြောက်လန့်တကြားထ၍ ပြေးပြီးလျှင် တဖန်ပြန်လာ၏။ လာသော ခရီးကို ကြည့်လတ်သော် တစုံတခုကိုမျှ မမြင်၍ ငါ့ကို တပါးသော ခြင်္သေ့သည်၎င်း, ကျားသည်၎င်း လိုက်သည်မရှိ၊ ထိုသို့မရှိသည်ဖြစ်လျက် ဤကြို့ပင်၌ဖြစ်သော နတ်သည် ငါ့ကို ဤသစ်ပင်၌ အိပ်သည်ကို သည်းမခံနိုင်ယောင်တကား၊ ထိုသို့ သည်းမခံနိုင်သည်မူလည်း ဖြစ်စေ, သိရလတ္တံ့ဟု အရာမဟုတ်သည်၌ ရန်ငြိုးဖွဲ့သဖြင့် ကြို့ပင်ကို ပုတ်ခတ်၍ နင့်သစ်ပင်၏အရွက်ကို ငါမစား၊ နင့်သစ်ခက်ကို ငါမချိုး၊ ဤသစ်ပင်၌ တပါးသောသားတို့၏ နေသည်ကို နင်သည်းခံနိုင်၏။ ငါတယောက်ကိုမူကား နင် သည်းမခံနိုင်၊ ငါ့အား အဘယ်အပြစ် ရှိသနည်း၊ နှစ်ရက် သုံးရက်မျှ နင် ငံ့လင့်ဦး၊ နင့်သစ်ပင်ကို အမြစ်နှင့်တကွ နုတ်စေ၍ အပိုင်းအပိုင်း ပြတ်စေအံ့ဟု ကြို့ပင်စောင့်နတ်ကို ခြိမ်းချောက်၍ လူတယောက်ကို စုံစမ်းရှာဖွေလျက် သွား၏။
J		အဟံ ယောဂံ ပယုဉ္ဇိဿံ၊ ယုတ္တံ ဓမ္မူပသဉှိတံ။
J		ထိုအခါ ဒဏ္ဍကီမင်းသည် တစ်ယောက်သော ရပြီးသော ပူဇော်သက္ကာရရှိသော ပြည်တန်ဆာမကို အရာမှချ၏။ ထိုပြည့်တန်ဆာမသည် မိမိသဘောအားဖြင့် သွားသည်ရှိသော် ဥယျာဉ်သို့ရောက်၍ ကိသဝစ္ဆေ ရှင်ရသေ့ကိုမြင်လျှင် ဤသူသည် သူယုတ်ဖြစ်လတ္တံ့၊ ဤသူယုတ်၏ ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းပြီးလျှင် ရေချိုး၍ သွားအံ့ဟု တံပူကိုစား၍ အလုံးစုံတို့၏ ရှေးဦးစွာ ထိုကိသဝစ္ဆ ရှင်ရသေ့၏ကိုယ်ပေါ်၌ ချွဲခန်းကိုဟတ်လျက် ကိသဝစ္ဆရှင်ရသေ့၏ ဆံကျစ်ကြား၌ထွေး၍ တံပူဖတ်ကိုလည်း ထိုရသေ့၏ ဦးခေါင်း၌သာလျှင် တင်ထားပြီးလျှင် မိမိသည် ဦးခေါင်းလျှော်၍ သွား၏။ ဒဏ္ဍကီမင်းသည်လည်း ထိုပြည့်တန်ဆာမကို အောက်မေ့၍ တစ်ဖန် ပကတိသောအရာ၌ ထားခြင်းကို ပြု၏။ ထိုပြည့်တန်ဆာမသည် အလွန် မိုက်မဲတွေဝသည်ဖြစ်၍ သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းခဲ့သောကြောင့် ငါသည် စည်းစိမ်ကိုရပြန်ပေ၏ဟု အမှတ်ပြု၏။ ထို့နောင်မှ မကြာမြင့်မီလျှင် ဒဏ္ဍကီမင်းသည် ပုရောဟိတ်ကို အရာမှချ၏။ ထိုပုရောဟိတ်သည် ထိုပြည့်တန်ဆာမအထံသို့သွား၍ သင်သည် အဘယ်အကြောင်းကြောင့် တစ်ဖန်အရာကို ရပြန်သနည်းဟု မေး၏။ ထိုအခါ ပုရောဟိတ်အား ပြည့်တန်ဆာမသည် ဆရာ... အကျွန်ုပ်သည် မင်း၏ ဥယျာဉ်တော်ဝယ် သူယုတ်၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်းသောကြောင့် ရပြန်ပေ၏ ဟု ပြောဆို၏။ ပုရောဟိတ်သည် သွား၍ ထိုပြည့်တန်ဆာမ ဆိုတိုင်းသာလျှင် ကိသဝစ္ဆ ရှင်ရသေ့၏ကိုယ်၌ အညစ်အကြေးကို သွန်းလောင်း၏။ ထိုပုရောဟိတ်ကိုလည်း ဒဏ္ဍကီမင်းသည် တစ်ဖန် ပုရောဟိတ်အရာ၌ ထားပြန်၏။ ထိုအခါ ဒဏ္ဍကီမင်းအား နောင်အဖို့၌ ပစ္စန္တရစ်သည် ပုန်ကန်၏။ ထို ဒဏ္ဍကီမင်းသည် စစ်အင်္ဂါလေးပါးဖြင့် ခြံရံလျှက် စစ်ထိုးအံ့သောငှာ ထွက်၏။
J		ညချမ်းအခါ၌ သိကြားနတ်မင်းသည် ဆင်ခြင်လတ်သော် မြတ်စွာဘုရားအား ရတနာမဏ္ဍပ် ဆောက်ခြင်းသည် ငါတို့ဝန်တည်းဟု သိ၍ ဝိသုကြုံနတ်သားကို စေပြီးလျှင် တဆယ့်နှစ်ယူဇနာရှိသော ကြာညိုဖြင့် ဖုံးလွှမ်းအပ်သော ရတနာမဏ္ဍပ်ကို ပြုစေ၏။ ဤသို့လျှင် စကြဝဠာတသောင်း၌ နေကုန်သော နတ်အပေါင်းတို့သည် စည်းဝေးကုန်၏။ မြတ်စွာဘုရားသည် တိတ္ထိတို့ကို နှိပ်နင်းတတ်သော သာဝကတို့နှင့် မဆက်ဆံသော ရေမီး အစုံအစုံ ဖြစ်သော ယမိုက်ပြဋိဟာကို ပြတော်မူ၍ လူများ ကြည်ညိုသောအဖြစ်ကို သိတော်မူလျှင် ကောင်းကင်မှ သက်တော်မူ၍ ဘုရားနေရာတော်၌ နေတော်မူလျက် တရားဟောတော်မူ၏။ ကုဋေနှစ်ဆယ်သော သတ္တဝါတို့သည် အမြိုက်နိဗ္ဗာန်တည်းဟူသော အဖျော်ကို သောက်ရကုန်၏။ ထို့နောင်မှ ရှေးဘုရားတို့သည် ယမိုက်ပြာဋိဟာကို ပြတော်မူပြီးလျှင် အဘယ်အရပ်သို့ ကြွတော်မူကုန်သနည်းဟု ဆင်ခြင်တော်မူလတ်သော် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူကုန်၏ဟု သိတော်မူလျှင် ဘုရားနေရာတော်မှ ထတော်မူ၍ လကျ်ာခြေတော်ကို ယုဂန္ဓိုရ်တောင်ထိပ်၌ ချတော်မူ၍ လက်ဝဲခြေတော်ကို မြင့်မိုရ်တောင်ထိပ်၌ နင်းတော်မူ၍ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး နတ်ဗြဟ္မာတို့အား အဘိဓမ္မာပိဋကတ်တော်ကို ဟောတော်မူ၏။
J		ဗြာဟ္မဏ၊ ပုဏ္ဏား။ သရီရသ္မိံ၊ တင့်တယ်သော အဆင်းနှင့်ပြည့်စုံသော ကိုယ်၌လည်း။ အတ္ထော၊ အကျိုးစီးပွားသည်။ အတ္ထိ၊ ရှိပေသလျှင် ကတည်း။ ဝုဍ္ဎဗျဿ၊ အရွယ်ကြီးသော သူအားကား။ နမော၊ ရှိခိုးခြင်းကိုလျှင်။ ကရေ၊ ပြုအပ်ပေသလျှင်ကတည်း။ သုဇာတသ္မိံ၊ မြတ်သော အမျိုးနှင့် ပြည့်စုံသော ယောက်ျား၌လည်း။ အတ္တော၊ အကျိုးစီးပွားသည်။ အတ္ထိ၊ ရှိပေသလျှင်ကတည်း။ အသ္မာကံ ပန၊ ငါတို့သည်တမူကား။ သီလံ၊ သီလရှိသောသူကို။ ရုစ္စတိ၊ နှစ်သက်အပ်၏။
J		။ ဘိက္ခဝေ၊ ရဟန်းတို့။ တာ၊ ထိုနတ်သမီးတို့ကို။ ဒိသွာ၊ မြင်၍။ အာယတ္တမနာ၊ ကြောင့်ကြသော စိတ်ရှိကုန်သည်ဖြစ်၍။ ဒေဝဝရော၊ နတ်မြတ်ဖြစ်သော။ ကတဉ္ဇလီ၊ နတ်တို့သည် လက်အုပ်ချီအပ်သော။ ပုရိန္ဒဒေါ၊ အဖသိကြားမင်းသည်။ ဣတိ ဣဒံ၊ ဤစကားကို။ အဗြဝိ၊ ဆိုလေ၏။ သုဂတ္တေ၊ ကောင်းသောကိုယ်ရှိသော ချစ်သမီးတို့။ သဗ္ဗာ စ၊ အလုံးစုံလည်းဖြစ်ကုန်သာ။ ဝေါ၊ သင်တို့သည်။ သာဒိသီ၊ တူမျှကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော့။ ဘဒ္ဒေ၊ ချစ်သမီးတို့။ ဣဓ၊ ဤအရပ်၌။ ကောနေဝ၊ အဘယ်သူသည်လျှင်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ဥဒီရယိ၊ ပွားစေသနည်း။
J		(ဤသိန်းသိုန်းဃိုဠ်ကျွန်း၌ ပထဝိစာလကဓမ္မဂုတ္တ မထေရ်၎င်း, ကဋကန္ဓကာရဝါသီ ဖုဿဒေဝ မထေရ်၎င်း, ဥပရိမဏ္ဍလဝါသီ မဟာသင်္ဃရက္ခိတမထေရ်၎င်း, မလယမဟာဒေဝမထေရ်၎င်း, အဘယဂိရိဝါသီ မဟာဒေဝမထေရ်၎င်း, ဂါမန္တပဗ္ဘာရဝါသီ မဟာသီဝ မထေရ်၎င်း, ကာဠဝလ္လိမဏ္ဍပဝါသီ မဟာနာဂ မထေရ်၎င်း, ဤမထေရ် ခုနစ်ပါးတို့သည် ကုဒါလပဏ္ဍိတ အစည်းအဝေး၌၎င်း, မူဂပက္ခဇာတ် အစည်းအဝေး၌၎င်း, စူဠသုတသောမ အစည်းအဝေး၌၎င်း, အယောသရပဏ္ဍိတဇာတ် အစည်းအဝေး၌၎င်း, ဟတ္ထိပါလ အစည်းအဝေး၌၎င်း, အလုံးစုံသော သူတို့၏ နောက်မှ တောထွက်သော ပရိသတ်တို့တည်း။ )
J		သုနိက္ကောဓံ သုနိဒ္ဒေါသံ၊ နိလ္လောဘံ ဝုတ္တိမတ္တနော။
J		ရှိသော် ရေဖြင့် ပြည့်၏။ ထိုသစ်ပင်ကို ရံ၍ သဖန်းခါး ပင်သည်၎င်း၊ ရှစ်ရှားပင်သည်၎င်း၊ ငြုတ်ချိုပင်သည်၎င်း ရှိ၏။ ထိုသဖန်းခါး, ရှစ်ရှား, ငြုတ်တို့ အသီးအမှည့်တို့သည် ကြွေ၍ ထိုသစ်ပင်အခေါင်း၌ ကျကုန်၏။ ထိုသစ်ပင်၏ အနီး၌ အလိုလိုသာလျှင်ဖြစ်သော သလေးခင်းသည် ရှိ၏။ ထိုသလေးခင်းမှ ကျေးငှက်တို့သည် သလေးနှံတို့ကိုယူ၍ ထိုသစ်ပင်၌နေ၍ စားကုန်၏။ စားကုန်သော ထိုကျေးငှက်တို့၏ကျသော သလေးစပါးတို့သည်၎င်း, သလေးဆန်တို့သည်၎င်း ထိုသစ်ပင်အခေါင်း၌ ကျကုန်၏။ ဤသို့ ထိုရေသည် နေပူဖြင့်ကျက်၍ အရည်သည် နီသောအဆင်းရှိသည်ဖြစ်၍ နွေလအခါ၌လည်း ရေငတ်ကုန်သော ငှက်တို့သည် ထိုရေကို သောက်ကုန်သဖြင့် ယစ်ကုန်၍လျှင် အထက်သို့ပျံ၍ သစ်ပင်ရင်း၌ ကျကုန်၏။ အတန်ငယ် အိပ်ပျော်၍ တွန်မြူးကုန်လျက် သွားကုန်၏။ သစ်ပင်ထက်၌ ခွေး, မျောက် အစရှိသည်တို့လည်း ဤနည်းဖြင့်လျှင် ဖြစ်ကုန်၏။
J		ထိုကုသမင်းသည် တစ်နေ့သ၌ စဖိုအိမ်တံခါးဖြင့် သွားသော အထိန်းတော် ခုဇ္ဇာကိုမြင်လျှင် ခေါ်၏။ ထိုအထိန်းတော်ခုဇ္ဇာသည် ပဘာဝတီကို ကြောက်သောကြောင့် ထိုကုသမင်းအထံသို့ သွားအံ့သောငှာ မဝံ့ရကား အလျင်လိုသကဲ့သို့ သွား၏။ ထိုအခါ ခုဇ္ဇာသို့ လျင်မြန်စွာချဉ်းကပ်၍ ခုဇ္ဇာဟုခေါ်၏။ ထိုခုဇ္ဇာသည် ပြန်လည်၍ရပ်လျက် အဘယ်သူနည်းဟု ဆို၍ အရှင်မင်းကြီးတို့၏ စကားကို မကြားဝံ့ကုန်ဟု ဆို၏။ ထိုအခါ ခုဇ္ဇာကို ခုဇ္ဇာ... သင်သည်လည်းကောင်း သင့် သခင်မ ပဘာဝတီသည်လည်းကောင်း သင်တို့နှစ်ယောက်စလုံးပင် အလွန်လျှင် မာကျော၏။ ဤမျှလောက်သော ကာလပတ်လုံး သင်တို့အထံ၌ နေပါလျက် အနာကင်းပါ၏လော ဟူသော စကားကိုမျှလည်း မရပါ၊ ပေးကမ်းအပ်သော လက်ဆောင်ကိုကား အဘယ်မှာ ရပါကုန်အံ့နည်း၊ သင်တို့၏ ဤအမှုကို ထားဘိဦး၊ စင်စစ်သော်ကား ငါ့အား ပဘာဝတီကို နူးညံ့အောင်ပြု၍ပြခြင်းငှာ တတ်နိုင်ပါမည်လောဟုဆို၏။ ထိုအခါ အထိန်းတော်ခုဇ္ဇာသည် ကောင်းပြီဟု ဝန်ခံ၏။ ထို့နောက် ခုဇ္ဇာအား သင်သည် ငါ့အား ပြအံ့သောငှာ အကယ်၍ တတ်နိုင်အံ့၊ ဤသို့တတ်နိုင်သည်ရှိသော် သင့်အား ကျွန်အဖြစ်ကို ဖြောင့်ဖြောင့်တော်လှန်သည်ကိုပြု၍ လည်ရွဲတန်ဆာကို ငါပေးအံ့ဟုဆို၍ အထိန်းတော်ခုဇ္ဇာကို ဖြားယောင်းလိုရကား-
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟံသာ ကောဉ္စာ မယူရာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေဠိသီလဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်းသုံး နေတော်မူစဉ် အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ရှည်သောသက်တော်ရှိသော ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား သာသနာတော်၌ ထင်ရှားကျော်စောသည် ဖြစ်၏။ သာယာသော အသံရှိသည် ဖြစ်၏။ သာယာစွာသောတရားကို ဟောတတ်သည်ဖြစ်၏။ ပဋိသမ္ဘိဒါကို ရသည်ဖြစ်၏။ ရဟန္တာကြီးဖြစ်၏။ အသီတိမဟာထေရ်တို့၏အတွင်း၌ တည်သည်ဖြစ်၏။ ပမာဏအားဖြင့်သော်ကား ငယ်၏။ ကွ၏။ ငယ်သောသာမဏေသည် ကစားအံ့သောငှါ သွားသကဲ့သို့ ဖြစ်၏။ ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် တနေ့သ၌ မြတ်စွာဘုရားကိုရှိခိုး၍ ဇေတဝန်ကျောင်း တံခါးမုတ်သို့သွားစဉ် ဇနပုဒ်မှလာကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟူ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ကုန်သည်ရှိသော် ကျောင်းတံခါးမုတ်၌ မထေရ်ကိုမြင်ကုန်၍ ဤသူကားသာမဏေတည်းဟူသောအမှတ်ဖြင့် မထေရ်ကို သင်္ကန်းစွန်း၌ဆွဲကုန်လျက် လက်တို့ကိုဆွဲကုန်လျက် ဦးခေါင်းကိုကိုင်ကုန်၍ နှာခေါင်း၌ သုံးသပ်ပြီးလျှင် နားတို့ကိုင်လှုပ်ကုန်၍ လက်ဆော့ခြင်းကို ပြုကုန်လျက် သပိတ် သင်္ကန်းကိုသိုမှီးကုန်၍ မြတ်စွာဘုရားသို့ ကပ်ကုန်ပြီးလျှင် ရှိခိုးလျက် နေကုန်၍ မြတ်စွာဘုရားသည် သာယာစွာ ပဋိသန္ထာရကို ပြုတော်မူသည်ရှိသော် အရှင်ဘုရား အရှင်ဘုရားတို့၏ တပည့်တော်ဖြစ်သော သာယာစွာသော တရားကိုဟောတတ်သော တပါးသော လကုဏ္ဍကဘဒ္ဒိယအမည်ရှိသော မထေရ်သည် ရှိသတတ်၊ ထိုမထေရ်သည် ယခုအခါ အဘယ်အရပ်၌ နေသနည်းဟု လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ဖူးမြင်လိုကုန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ဖူးမြင်လိုပါကုန်၏ဟု နားတော်လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ကျောင်းတံခါးမုတ်၌ အကြင်မထေရ်ကို မြင်ကုန်၍ သင်္ကန်းစွန်းအစရှိသည်တို့၌ ဆွဲကုန်လျက် လက်ဆော့ခြင်းကို ပြုကြကုန်၍ လာကြကုန်၏။ ထိုမထေရ်သည် လကုဏ္ဍကဘဒ္ဒိယ မထေရ်တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့သဘောရှိသော တောင်းအပ်ပြီးသော ပတ္ထနာရှိသော ကုသိုလ်ကံနှင့်ပြည့်စုံသော သာဝကသည် အဘယ်အကြောင်းကြောင့် ဘုန်းတန်ခိုးနည်းသနည်းဟု ရဟန်းတို့သည်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ မိမိသည် ပြုအပ်သော မကောင်းမှုကံကိုအမှီပြု၍ ဘုန်းတန်ခိုးနည်းသည် ဖြစ်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		အလမ္ပာယ် ပုဏ္ဏားသည် ဘုရားလောင်းကို ဖမ်းယူစကမူ အသပြာတထောင်ကို ရသည်ရှိလတ်သော် ငါလွှတ်အံ့ဟု ကြံ၏။ ထိုသို့ကြံသော်လည်း ထိုတထောင်သော ဥစ္စာကိုရလျှင် ပစ္စန္တရစ်ရွာ၌ပင် ငါသည် ဤမျှလောက် ဥစ္စာကို ရတုံသေး၏။ မင်း, မင်း၏အမတ်ကြီးတို့ အထံ၌လည်း များစွာသော ဥစ္စာကို ငါရလတ္တံ့ဟု ကြံ၍ ဝန်တင်လှည်းကို၎င်း, စီးစရာ ငြင်သာသော ယာဉ်ကို၎င်း ယူပြီးလျှင် လှည်း၌ ဥစ္စာတို့ကိုထား၍ ငြင်သာသောယာဉ်ငယ်၌ စီးလျက် များစွာသော အခြံအရံဖြင့် ဘုရားလောင်းကို ရွာ နိဂုံး အစရှိသည်တို့၌ ကစေလျက် ဗာရာဏသီပြည် ဥဂ္ဂသေနမင်း၏ အထံ၌ ကစေပြီးလျှင် ငါလွှတ်အံ့ဟုကြံ၍ သွား၏။ ထိုအလမ္ပာယ်ပုဏ္ဏားသည် ဖားတို့ကိုသတ်၍ နဂါးမင်းအား ပေး၏။ နဂါးမင်းသည် အဖန်တလဲလဲ ဤအလမ္ပာယ်သည် ငါ့ကိုမှီ၍ ဖားတို့ကို သတ်လတ္တံ့ဟု ကြံ၍ ဖားတို့ကို မစား၊ ထိုသို့ မစားသောအခါ ဘုရားလောင်းအား ပျားပေါက်ပေါက်တို့ကို ပေး၏။ ဘုရားလောင်းသည် ငါသည် ဤအစာကို အကယ်၍ ယူ၍စားငြားအံ့၊ ပခြုပ်တွင်း၌လျှင် သေလတ္တံ့ဟု ထိုပျားပေါက်ပေါက်တို့ကိုလည်း မစား၊ အလမ္ပာယ် ပုဏ္ဏားသည် တလမျှဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ တံခါးရွာတို့၌ ကစေလျှင် များစွာသော ဥစ္စာကို ရ၏။
J		အာစာရံ ဗြဟ္မံ သိက္ခေယျံ၊ တံ ဓမ္မံ အနုသာသ မံ။
J		ထိုကောကာလိကသည် ထ၍ သွားစဉ်ပင်လျှင် ထိုကောာလိကကိုယြ၌ မုန်ညင်းစေ့မျှလောက်ကုန်သော အိုင်းအမာတို့သည် ပေါက်ကုန်၍ အစဉ်သဖြင့် ဥသျှစ်သီးမှည့် အတိုင်း အရှည် ရှိသည်ဖြစ်၍ ပေါက်ကွဲ၍ သွေးပြည်တို့သည် ယိုစီးကုန်၏။ ထိုကာကာလိကသည် ကျီးညည်းလျက် ဆင်းရဲခြင်းဝေဒနာသို့ ရောက်သည်ဖြစ်၍ ဇေတဝန် ကျောင်းတော် တံခါးမုတ်၌ အိပ်၏။ ကောကာလိကသည် အဂ္ဂသာဝက နှစ်ပါးတို့ကို အမျက်ထွက်၏ဟု ဗြဟ္မာ့ပြည်တိုင်အောင် တပြိုင်နက် အုတ်အုတ် ကျက်ကျက် ဖြစ်၏။ ထိုအခါ ကောကာလိက၏ ဥပဇ္ဈာယ်ဖြစ်သော တုရိသမည်သော ဗြဟ္မာသည် ထိုအကြောင်းကိုသိ၍ မထေရ်မြတ်တို့ကို ကန်တော့စေအံ့ဟု ကြံ၍ ဗြဟ္မာ့ပြည်မှ လာလတ်ပြီးလျှင် ကောင်းကင်၌ရပ်၍ ကောကာလိက သင်သည် ကြမ်းကြုတ်သောအမှုကို ပြု၏။ အဂ္ဂသာဝကတို့ကို ကြည်ညိုစေလော့ဟု ဆို၏။ ငါ့သျှင် သင်သည် အဘယ်သူနည်းဟု မေး၏။ ငါ တုရိသဗြဟ္မာတည်းဟု ဆိုသည်ရှိသော် ငါ့သျှင် မြတ်စွာဘုရားသည် သင့်ကို အနာဂါမ်ဟူ၍ ဆိုတော်မူသည် မဟုတ်လော၊ အနာဂါမ်သည်လည်း ဗြဟ္မာ့ပြည်မှ ဤလူ့ပြည်သို့ မပြန်သည် မဟုတ်လော့ဟု ဆို၍ သင်သည် တံမြက်ချေးစွန့်ရာ၌ ပြိတ္တာဖြစ်လတ္တံ့ဟု မဟာဗြဟ္မာကို ခြိမ်းမောင်း၏။ ထိုတုရိသဗြဟ္မာသည် ထိုကောကာလိကကို မိမိစကားကို ယူစိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ သင့်စကားဖြင့် သင့်အားသာလျှင် ထင်လတ္တံ့ဟု ဆို၍ သုဒ္ဓါဝါသဘုံသို့လျှင် သွား၏။ ကောကာလိကသည်လည်း သေ၍ ပဒုမငရဲ၌ ဖြစ်၏။
J		... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာစ္စန္တံ နိကတိပ္ပညော အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗကဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် သင်္ကန်းစီးပွားပြုသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဇေတဝန် ကျောင်းတော်၌နေသော တယောက်သောရဟန်းသည် အလုံးစုံသော သင်္ကန်းကိုပြုအပ်သော ဖြတ်ခြင်း စပ်ခြင်း စီရင်ခြင်း ချုပ်ခြင်းအစရှိသော အမှုသည်ရှိ၏။ ထိုအမှု၌ အလွန်လိမ်မာ၏။ ထိုရဟန်းသည် ထိုအမှု၌လလိမ်မာသည်၏အဖြစ်ကြောင့် သင်္ကန်းကိုပွားစေ၏။ ထို့ကြောင့် သင်္ကန်းစီးပွားပြုတတ်သောရဟန်းဟူ၍သာလျှင် ထင်ရှား၏။ ဤရဟန်းသည် အဘယ်သို့ပြုသနည်းဟူမူကား ဆွေးမြေ့သောပုဆိုးနွမ်းတို့၌ လက်အမှုကိုပြု၍ ကောင်းသောအတွေ့ရှိသော နှစ်သက်ဘွယ်သောသင်္ကန်းကိုပြု၍ ဆိုးသည်၏ အဆုံး၌ မုံ့ညက်ရေဖြင့်ဆိုး၍ ခရုသင်းဖြင့်ပွတ်၍ အရောင်ရှိသည်ကို နှစ်သက်ဘွယ်ရှိသည်ကိုပြု၍ထား၏။ သင်္ကန်းအမှုကို ပြုခြင်းငှါ မသိကုန်သောရဟန်းတို့သည် အစာမချေသေးသော သင်္ကန်းလျာပုဆိုးတို့ကို ယူကုန်၍ ထိုရဟန်း၏အထံသို့ လာကုန်၍ ငါတို့သည် သင်္ကန်းအမှုကို ပြုခြင်းငှာမသိကုန်၊ ငါတို့အား သင်္ကန်းကို ပြုကုန်လောဟု ဆိုကုန်၏။
J		။ ကာ တွံ သုဒ္ဓေဟိ ဝတ္ထေဟိ၊ အဃေ ဝေဟာယသံ ဌိတာ။
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥဒေါင်းအမျိုး၌ ပဋိသန္ဓေကိုယူ၍ အဥဖြစ်သောကာလ၌လည်း မဟာလှေကားအငုံနှင့်တူသောအဆင်းရှိသော ဥရှိသည်ဖြစ်၍ ဥခွံကိုခွဲ၍ပေါက်သည် ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိသည်ဖြစ်၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ အတောင်ကြားတို့၌ နီနီတွေးတွေး ယုန်သွေး ဟင်္သပဒါးဆွတ်၍ ထားသကဲ့သို့ အခြားအရေးတို့ဖြင့် ထူး၍တင့်တယ်၏။ ထိုရွှေဥဒေါင်းသည် အသက်ကိုစောင့်ရှောက်လိုရကား တောင်ရေးသုံးခုတို့ကိုလွန်၍ လေးခုမြောက်ဖြစ်သောတောင်ရေး၏ တခုသော ဒဏ္ဍကရွှေတောင် အပြင်၌ နေခြင်းကိုပြု၏။
J		ထိုအခါ တစ်ယောက်သောမုဆိုးသည် တောသို့ဝင်၍ သီးတောကျောင်း၌နေသော ဘုရားအလောင်း ဇောတိပါလကို မြင်လျှင် သိသဖြင့် သွား၍ ထိုဘုရားအလောင်း ဇောတိပါလနှင့်တကွ ပျူငှာသော လောကဝတ်ကို ပြုပြီးလျှင် မြို့သို့သွား၍ ထိုဇောတိပါလလုလင်၏ မိဘတို့အား ပြောကြား၏။ ထိုမိဘတို့သည်လည်း ဗြဟ္မဒတ်မင်းကြီးအား ကြားလျှောက်ကုန်၏။ ဗြဟ္မဒတ်မင်းကြီးသည် လာလှည့်ကုန်၊ ထိုဇောတိပါလလုလင်ကို ဖူးမြင်ကြကုန်အံ့ဟု ဆို၍ ထိုဇောတိပါလလုလင်၏ မိဘတို့ကိုခေါ်၍ များစွာသော လူအပေါင်းတို့ဖြင့် ခြံရံလျက် မုဆိုးသည် ညွှန်အပ်သောလမ်းခရီးဖြင့် ဂေါဓာဝရီမြစ်သို့ ရောက်လေ၏။ ဘုရားလောင်းသည် မြစ်နားသို့သွား၍ ကောင်းကင်၌နေလျက် တရားဟော၍ ထိုအလုံးစုံသောသူတို့ကို ကျောင်းသို့ဝင်စေ၏။ ထိုကျောင်း၌လည်း ထိုသူတို့အား ကောင်းကင်၌ နေလျက်သာလျှင် ကာမတို့၌ အပြစ်ကိုပြ၍ တရားဟောတော်မူ၏။ ဗြဟ္မဒတ်မင်းကို အစပြု၍ အလုံးစုံသောသူတို့သည် ထိုဘုရားအလောင်း ဇောတိပါလ ရှင်ရသေထံ၌သာလျှင် ရသေ့ရဟန်း ပြုကြကုန်၏။ ဘုရားအလောင်းသည် ရဟန်းအပေါင်း ခြံရံလျက် ထို ဂေါဓာဝရီမြစ်နား သီးတောကျောင်း၌သာလျှင် နေ၏။ ထိုအခါ ဘုရားအလောင်း ဇောတိပါလရှင်ရသေ့၏ ထိုဂေါဓာဝရီမြစ်နား သီးတောကျောင်း၌ နေသောအဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ ထင်ရှား၏။ တစ်ပါးလည်းဖြစ်ကုန်သော မင်းတို့သည် တိုင်းနိုင်ငံသူတို့နှင့်တကွ လာလတ်ကုန်၍ ထိုဘုရားအလောင်း ဇောတိပါလ ရှင်ရသေ့အထံ၌ ရဟန်းပြုကုန်၏။ ရသေ့တို့၏ အစည်းအဝေးသည် များ၏။ အစဉ်သဖြင့် အသိန်းမကကုန်သော ပရိသတ်တို့သည် ဖြစ်ကုန်၏။ ထိုပရိသတ်တို့တွင် အကြင်သူသည် ကာမဝိတက်ကို လည်းကောင်း၊ ဗျာပါဒဝိတက်ကို လည်းကောင်း၊ ဝိဟိံသဝိတက်ကိုလည်းကောင်း ကြံ၏။ ဘုရားအလောင်းသည် သွား၍ ထိုသူ၏ရှေ့မှ ကောင်းကင်၌နေလျက် တရားဟော၏။ ကသိုဏ်းပရိကံကို ကြား၏။
J		... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီမြို့မှ မနီးမဝေးသောအရပ်၌ လက်သ္မားတို့၏ရွာသည် ရှိသည်ဖြစ်၏။ ထိုလက်သ္မားတို့၏ရွာ၌ ငါးရာကုန်သော လက်သ္မားတို့သည် နေကုန်၏။ ထိုလက်သ္မားတို့သည် လှေဖြင့်မြစ်ညာသို့သွားကုန်၍ တောသို့ဝင်ကုန်၏။ အိမ်၏ အဆောက်အဦ သစ်တို့ကို ရွေကုန်၍ ထိုတောအရပ်၌သာလျှင် ဘုံတဆင့် နှစ်ဆင့် အစရှိသည်အပြားရှိကုန်သော အိမ်အဆောက်အဦးတို့ကို စီရင်ကုန်၍ တိုင်မှစ၍ ခပ်သိမ်းကုန်သောသစ်တို့၌ အမှတ်ပြုကုန်၍ မြစ်နားသို့ ဆောင်ကုန်ပြီးလျှင် လှေသို့ တင်ကုန်၍ မြစ်၏အကြေဖြင့် မြို့သို့လာကုန်၍ အကြင်သူတို့သည် အကြင်သို့ သဘောရှိကုန်သောအိမ်တို့ကို အလိုရှိကုန်၏။ ထိုသူတို့ကို ထိုသို့သဘောရှိကုန်သော အိမ်တို့ကိုပြုကုန်၍ အသပြာတို့ကိုယူကုန်ပြီးလျှင် တဖန်ထိုအရပ်သို့သာလျှင်သွားကုန်၍ အိပ်၏ အဆောက်အဦတို့ကို ဆောင်ကုန်၏။ ဤသို့သောနည်းဖြင့် အသက်မွေးခြင်း ကိုပြုကုန်သော ထိုလက်သ္မားတို့သည် တရံရောအခါ တော၌ သစ်ခက်တပ်ကိုဆွဲကုန်၍ သစ်တို့ကိုရွေကုန်သော် ထိုလက်သ္မားတို့၏ မနီးမဝေးသောအရပ်၌ ဆသ်တစီးသည် ရှားငုတ်ကိုနင်းမိ၍ ထိုရှားငုတ်သည် ထိုဆင်၏ခြေကို စူး၏။ သည်းစွာကုန်သော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ခြေသည် ဖူးဖူးယောင်၍ ပြည်ကိုယူ၏။ ထိုဆင်သည် ဝေဒနာသို့ဆိုက်၍ ထိုလက်သ္မားတို့၏ သစ်ရွေသံကိုကြား၍ ဤလက်သ္မားတို့ကိုမှီ၍ ငါ့အား ချမ်းသာခြင်းသည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ခြေသုံးချောင်းတို့ဖြင့် လက်သ္မားတို့၏အထံသို့ သွားလေ၍ အနီး၌ ဝပ်၏။ လက်သ္မားတို့သည် ထိုဆင်ကို ဖူးဖူးယောင်သော ခြေရှိသည်ကိုမြင်ကုန်လျှင် ချဉ်းကပ်ကုန်၍ ခြေ၌ ရှားငုတ်ကိုမြင်ကုန်၍ ထက်လှစွာသောပဲကွပ်ဖြင့် ရှားငုတ်၏ ထက်ဝန်းကျင်မှ အရစ်ကိုပြုကုန်ပြီးလျှင် ကြိုးဖြင့်ဖွဲ့၍ငင်ကုန်၍ ငုတ်ကိုနုတ်ပြီးလျှင် ပြည်ကိုယိုစေ၍ ရေနွေးဖြင့်ဆေးကုန်၍ ထိုအနာနှင့်သင့်လျော်ကုန်သော ဆေးတို့ဖြင့်လိမ်းကျံ၍ မကြာမြင့်မီသာလျှင် အနာကိုချမ်းသာသည်ကို ပြုကုန်၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ယော ပဟဋ္ဌေန စိတ္တေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဉ္စနက္ခန္ဓ ဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော ရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိပြည်၌နေသော အမျိုးသားသည် မြတ်စွာဘုရား၏ ဓမ္မဒေသနာတော်ကိုနာရ၍ ရတနာတည်းဟူသော သာသနာတော်၌ ဝမ်းရေးကိုမငဲ့ဘဲ ရဟန်းပြုသတတ်၊ ထိုအခါ ရဟန်းအား ဆရာဥပဇ္ဈာယ်တို့သည် ငါ့သျှင် သီလမည်သည်ကား တပါးအပြားရှိ၏။ သီလမည်သည်ကား နှစ်ပါးအပြားရှိ၏။ သုံးပါး အပြားရှိ၏။ လေးပါးအပြားရှိ၏။ ငါးပါး အပြားရှိ၏။ ခြောက်ပါး အပြားရှိ၏။ ခုနစ်ပါး အပြားရှိ၏။ ရှစ်ပါး အပြားရှိ၏။ ကိုးပါး အပြားရှိ၏။ ဆယ်ပါး အပြားရှိ၏။ သီလမည်သည်ကား များသောအပြားရှိ၏။ ဤသီလသည်ကား စူဠသီလမည်၏။ ဤသီလသည်ကား မဇ္ဈိမသီလမည်၏။ ဤသီလသည်ကား မဟာသီလမည်၏။ ဤသီလသည်ကား ပါတိမောက္ခသံဝရသီလမည်၏။ ဤသီလသည်ကား ဣန္ဒြိယသံဝရသီလမည်၏။ ဤသီလသည်ကား အာဇီဝပါရိသုဒ္ဓိသီလမည်၏။ ဤသီလသည်ကား ပစ္စယပ္ပဋိသေဝနသီလမည်၏ဟု သီလကို ကြားကုန်၏။
J		ထိုအခါ ထိုကဋာဟကကို သူဌေးသည် အမောင် အဘယ် အရပ်မှလာသနည်းဟု မေး၏ ဗာရာဏသီပြည်မှ လာ၏ဟုဆို၏။ အဘယ်သူ့သားနည်းဟု မေး၏။ ဗာရာဏသီသူဌေး၏ သားဟု ဆို၏။ အဘယ်ကိစ္စကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ ထိုအခါ ကဋာဟကသည် ဤအမှာစာကိုမြင်သဖြင့် သိကုန်လတ္တံ့ဟု အမှာစာကို ပေး၏။ သူဌေးသည် အမှာစာကိုဘဘ်၍ ယခုအခါ၌ ငါသည်သိ၏ဟု နှစ်သက်သောစိတ်ရှိ သည်ဖြစ်၍ သ္မီးကိုပေး၍ နေစေ၏။ ထိုကဋာဟကား အခြံအရံသည်များ၏။ ထိုကဋာဟကသည် ယာဂုခဲဘွယ် အစရှိသည်တို့ကို၎င်း အဝတ်နံ့သာအစရှိသည်တို့ကို၎င်း ဆက်စပ်ကုန်သည်ရှိသော် ယာဂုမည်သည်ကို ဤသို့ကျိုကုန်၏။ ခဲဘွယ်မည်သည်ကို ဤသို့ချက်ကုန်၏။ ထမင်း မည်သည်ကို ဤသို့ချက်ကုန်၏။ ပစ္စန္တရစ်၌နေသောသူတို့မည်သည်ကား ဪ-မိုက်စွဟု ယာဂုအစရှိသည်တို့ကို ကဲ့ရဲ့၍ ဤသူတို့သည် ပစ္စန္တရစ်၌ နေ သည်၏အဖြစ်ကြောင့် ပုဆိုးတို့ကို သုံးဆောင်အံ့သောငှါဘမသိကုန်၊ နံ့သာတို့ကို သွေးအံ့သောငှါ မသိကုန်၊ ပန်းတို့ကို ကုံးအံ့သောငှာ မသိကုန်၊ ဤသို့ အဝတ်အမှုကိုပြုသောသူ နံ့သာသွေးသောသူ အစရှိသည်တို့ကို ကဲ့ရဲ၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကဏှော ဝတာယံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဇာတ်ကို ကပ္ပိလဝတ်ပြည်ကို အမှီပြု၍ နိဂြောဓာရုံ ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပြုံးတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
J		နောက်အခါ၌ ထိုသုံးကျိပ်သုံးယောက်ကုန်ကသူတို့သည်ဘုရားလောင်းနှင့် တူသောဆန္ဒရှိကုန်၏။ ထိုသုံးကျိပ်သုံးယောက်ကုန်သောသူတို့ကို ဘုရားလောင်းသည် ပဉ္စသီတို့၌ တည်စေ၏။ ထိုအခါမှစ၍ သုံးကျိပ်သုံးယောက်သောသူတို့နှင့်တကွ ကောင်းမှုတို့ကိုပွားစေကုန်၏။ ထိုသုံးကျိပ်သုံးယောက်ကုန်သောသူတို့သည် ဘုရားလောင်းနှင့်သာလျှင် အတူတကွ ကောင်းမှုတို့ကို ပြုကုန်လျက် စောစောကလျှင်ထ၍ ပဲကွပ် ပုဆိန် ကျည်ပွေ့ လက်စွဲကုန်လျက် ခရီးလမ်းဆုံအစရှိသည်တို့၌ ကျည်ပွေ့ဖြင့် ကျောက်တို့ကို ကော်၍ လှိမ့်ကုန်၏။ လှည်းတို့၏ ဝင်ရိုးကိုထိကုန်သော သစ်ပင်တို့ကို ပယ်ကုန်၍ မညီမညွတ်သည်တို့ကို ညီညွတ်စွာပြုကုန်၏။ တံတား ခင်းကုန်၏။ လေးထောင့် ကန်တို့ကို တူးကုန်၏။ စရပ်ဆောက်ကုန်၏။ အလှူအစရှိသည်တို့ကို ပေးကုန်၏။ သီလ စောင့်ကုန်၏။ ဤသို့ များသောအားဖြင့် အလုံးစုံသော ရွာသားတို့သည် ဘုရားလောင်း၏ အဆုံးအမ၌ တည်ကုန်၍ သီလတို့ကို စောင့်ကုန်၏။ ထိုအခါ ထိုသူတို့၏ ရွာစားသည် ငါသည် ရှေး၌ထိုသူတို့သည် သေသောက်ကုန်သော် ပါဏာတိပါတ အစရှိသည်တို့ကို ပြုကုန်သည်ရှိသော် အသပြာအစရှိသည်တို့၏ အစွမ်းအားဖြင့် ဥစ္စာစည်းစိမ်ကို ရ၏။ ယခုအခါ၌ကား မာဃလုလင်သည် သီလကို စောင့်စေ၏။ ထိုသူတို့အား ပါဏာတိပါတ အစရှိသည်တို့ကို ပြုခြင်းငှါ မပေး။
J		။ သစေပိ သန္တော ဝိဝဒန္တိ၊ ခိပ္ပံ သန္ဓီယရေ ပုန။
J		နတ်သည် တဖန် တနေ့သ၌ သူဌေးကြီး၏ သားကြီးသို့ကပ်၍ ထို့အတူသာလျှင် ဆုံးမ၏။ သားကြီးသည်လည်း နတ်ကို ရှေးနည်းဖြင့်သာလျှင် ခြိမ်းချောက်၏။ သူဌေးနှင့်ကားတကွ စကားဆိုခြင်းငှာ မတတ်နိုင်၊ မပြတ်အလှူကိုသာပေး၍ ကုန်သွယ်ခြင်းကို းမပြုသော သူဌေးကြီး၏ဥစ္စာသည် အတိုးအား နည်းပါးလေသော် ကုန်ခြင်းသို့ရောက်၏။ ထိုအခါ အစဉ်သဖြင့်ာဆင်းရဲသောအဖြစ်သို့ ရောက်သော သူဌေးကြီး၏ အဝတ် ပုဆိုး အိပ်ရာ နေရာ ဘောဇဉ်တို့သည်လည်း ရှေးနည်းနှင့်မတူကုန်၊ ဤသို့ ဖြစ်လျက်လည်း ရဟန်းသံဃာအား အလှူပေး၏။ မွန်မြတ်သည်ကိုကား ပြု၍ပေးခြင်းငှါမတတ်နိုင်၊ ထိုအခါ တနေ့သ၌ ဘုရားကိုရှိခိုး၍နေသော အနာထပိဏ်သူဌေးကို မြတ်စွာဘုရားသည် သူကြွယ် သင်၏ အိမ်၌ အလှူကိုပေးရ၏လောဟု မေးတော်မူ၏။ ထိုသူဌေးကြီးသည် အရှင်ဘုရား အလှူကိုပေးရ၏။ ထိုအလှူသည်ကား ရုန့်ရင်း၏။ ပအုံးရည်လျှင်အဖော်ရှိသော ဆန်ကွဲဆွမ်းတည်းဟု လျှောက်၏။ ထိုအခါ သူဌေးကြီးကို မြတ်စွာဘုရားသည် သူကြွယ် ရုန့်ရင်းသောအလှူကို ပေးရ၏ဟု စိတ်ကို မတွန့်တိုစေလင့်၊ ထိုစကားသည် မှန်၏။ စိတ်သည် မွန်မြတ်သည်ရှိသော် ဘုရား ပစ္စေကဗုဒ္ဓါ ဘုရားတပည့်တော်တို့အား လှူအပ်သောအလှူသည်ကား ရုန့်ရင်းသောမည်သည်မရှိ၊ အဘယ့်ကြောင့်နည်းဟူမူကား အကျိုးကြီးသည်အဖြစ်ကြောင့်တည်းဟု မိန့်တော်မူ၏။ ထိုစကားသည် မှန်၏။ စိတ်ကို မွန်မြတ်သည်ကိုပြုခြင်းငှါ တတ်နိုင်သောသူ၏အလှူသည် ရုန့်ရင်းသောမည်သည်မရှိ၊ ထိုအကြောင်းကိုလည်း ဤသို့ဆိုလတ္တံ့သော... -
J		သိကြားမင်းသည်လည်း ထိုနတ်ကို သင်သည် မသင့်သောစကားကို ဆို၏။ ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ဒဏ်ကို ပေးအပ်၏။ ငါသည်လည်း သင့်ကိုမှီ၍ သူဌေးနှင့်ဆိုခြင်းငှာ မတတ်နိုင်၊ သင့်အား သူဌေးကြီး၏ တခုသောသည်းခံခြင်း၏ အကြောင်းကို ငါဆိုအံ့ဟုဆို၏။ ရှင်မင်းကြီး ကောင်းပြီ ဆိုလောဟု ဆို၏။ သူဌေးကြီးလက်မှ လူတို့သည် ကမ္ပည်းတင်၍ တဆယ့်ရှစ်ကုဋေအရေအတွက်ရှိသော ယူအပ်သောဥစ္စာသည်ရှိ၏။ သင်သည် ထိုသူဌေးကြီး၏ အမှတ်အသွင်ကိုယူ၍ တစုံတယောက်သောသူကိုမသိစေမူ၍ ထိုကမ္ပည်းတို့ကိုယူ၍ နှစ်ယောက် သုံးယောက်ကုန်သော နတ်လုလင်တို့ဖြင့် ခြံရံလျက် လက်တဘက်ဖြင့် ထန်းရွက်ကို လက်တဘက်ဖြင့် ကညစ်ကိုယူ၍ ထိုသူတို့၏အိမ်သို့သွား၍ အိမ်၏ အလယ်၌ရပ်၍ မိမိနတ်၏အာနုဘော်ဖြင့် ထိုသူတို့ကိုခြိမ်းချောက်၍ ဤကမ္ပည်းသည် သင်တို့၏ မြီယူသောကမ္ပည်းတည်း၊ ငါ၏သူဌေးသည် မိမိ၏ စည်းစိမ်နှင့်ပြည့်စုံသောကာလ၌ သင်တို့ကို တစုံတခုသောစကားကို မဆို၊ ယခု ဆင်းရဲသည်ဖြစ်၍ သင်တို့သည် ယူအပ်သောအသပြာတို့ကို ပေးကုန်လောဟု မိမိနတ်၏ အာနုဘော်ကိုပြ၍ ခပ်သိမ်းသော ထိုတဆယ့်ရှစ်ကုဋေသောဥစ္စာတို့ကိုဆောင်၍ သူဌေး၏ အချည်းနှီးသောကျီတို့ကို ပြည့်စေ၍ အစိရဝတီမြစ်နား၌ မြှုပ်ထားအပ်သော မြစ်ကမ်းပြိုသည်ရှိသော် သမုဒြာသို့ဝင်၍ တည်သောဥစ္စာသည် ရှိ၏။ ထိုဥစ္စာကိုလည်းမိမိ၏အာနုဘော် ဖြင့်ဆောင်၍ ကျီတို့ကိုပြည့်စေ၍ ဤမည်သောအရပ်၌ တပါးလည်းဖြစ်သော အရှင်မရှိသော တဆယ့်ရှစ်ကုဋေ အတိုင်းအရှည်ရှိကုန်သည်သာလျှင်ဖြစ်သော ဥစ္စာသည်ရှိ၏။ ထိုဥစ္စာကိုလည်းဆောင်၍ အချည်းနှီးသောကျီတို့ကို ပြည့်စေလော့၊ ဤငါးဆယ့်လေးကုဋေကုန်သော ဥစ္စာတို့ဖြင့် အချည်းနှီးသောကျီတို့ကိုပြည့်စေခြင်းတည်းဟူသော ဤဒဏ်အမှုကိုပြု၍ သူဌေးကြီးကိုကန်တော့လောဟုဆို၏။
J		။ အဋ္ဌက္ခုရံ ခရာဒိယေ၊ မိဂံ ဝင်္ကာတိဝင်္ကိနံ။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဖွတ်မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် ကိုယ်အားနှင့် ပြည့်စုံ၏။ တော၌နေ၏။ တယောက်သော သီလမရှိသော ရသေ့သည် ထိုဖွတ်၏အနီး၌ ကျောင်းဆောက်၍ နေ၏။ ဘုရားလောင်းသည် အစာရှာထွက်လတ်သော် ထိုရသေ့ကျောင်းကို မြင်၍ သီလရှိသော ရသေ့ကျောင်းဖြစ်လတ္တံ့ဟု ကျောင်းသို့သွား၍ ရသေ့ကို ရှိခိုး၍ မိမိနေရာသို့လျှင် သွား၏။ ထိုအခါ တနေ့သ၌ ထိုရသေ့စဉ်းလဲသည် အလုပ်အကျွေး ဒါယကာအိမ်၌ ကောင်းစွာစီရင်အပ်သော ကောင်းသော တောဖွတ်သားကိုရ၍ ဤအသားကား အဘယ်အသားနည်းဟု မေး၍ ဖွတ်သားတည်းဟု ကြားရ၍ ရသတဏှာသည် နှိပ်စက်အပ်သည်ဖြစ်၍ ငါ၏ ကျောင်းသို့ မပြတ်လာသောဖွတ်ကို သတ်၍ အလိုရှိတိုင်းချက်၍ စားအံ့ဟု ထောပတ် နို့ဓမ်းစသော ဘဏ္ဍာတို့ကိုယူ၍ ကျောင်းသို့သွား၍ ဆောက်ပုတ်တ်ကို ကိုင်၍ သင်္ကန်းဖြင့် ဖုံးလွှမ်း၍ ဘုရားလောင်း၏ လာခြင်းကိုမျှော်လျှက် ကျောင်းတံခါး၌ အလွန်ငြိမ်သက်သကဲ့သို့ နေ၏။ ဘုရားလောင်းသည် လာလတ်၍ ပျက်သော ဣန္ဒြေရှိသော ထိုရသေ့ကိုမြင်၍ ဤရသေ့သည် ငါတို့၏ ဆွေမျိုးအသားကို စားသည်ဖြစ်လတ္တံ့။ ရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ကိုယ်နံ့ကိုရ၍ ဖွတ်သားကို စားလတ်သည်၏ အဖြစ်ကိုသိ၍ ရသေ့အထံသို့ မချဉ်းကပ်မူ၍ ဆုတ်၍ သွား၏။ ရသေ့သည်လည်း ဘုရားလောင်းမလာသော အဖြစ်ကိုသိ၍ ဆောက်ပုတ်နှင့်ပစ်၏။ ဆောက်ပုတ်တ်သည် ကိုယ်၌မကျမူ၍ အမြီးဖျားသို့ ရောက်၏။ ရသေ့စဉ်းလဲသည် ဟယ်... ဖွတ်၊ သွားလေလော့ လွဲချော်လေ၏ဟု ဆို၏။ ဘုရားလောင်းသည် ငါ့ကိုကား လွဲချော်လေ၏။ လေးပါးကုန်သော အပါယ်တို့ကိုကား မလွဲဟုဆိုလျက် ပြေး၍ စင်္ကြံဦး၌ရှိသော တောင်ပို့သို့ဝင်၍ တပါးသောအပေါက်မှ ဦးခေါင်းကိုဖေါ်၍ ထိုရသေ့စဉ်းလဲနှင့်တကွ စကားပြောလိုရကား-
J		။ ကိံပုရိသ သေဝိတေ ဂန္ဓမာဒနေ၊ ဩသဓေဟိ စ သဉ္ဆန္နေ။
J		သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊ ကောဓော ဒုမ္မေဓဂေါစရော။
J		အတ္ထိ ရုက္ခဿ အစ္ဆိန္နံ၊ ခဇ္ဇထညေဝ တိန္ဒုကံ။
J		၄၉၀။ ပဉ္စုပေါသထဇာတ်, ဥပုသ်စောင့်တဲ့ တိရစ္ဆာန်များနဲ့ ရသေ့
J		ငါးယောက်ကုန်သော ပုဏ္ဏားယောင်ဆောင်သော နတ်တို့သည် အလုပ်အလွေးပြု၍ ခံတွင်း၌ ထည့်၍ လည်၌နင်စေ၍ မျက်လုံးတို့ကို ပြူးပြူးထွက်စေလျက် မိန်းမောကုန်သည်ဖြစ်၍ သေကုန်သကဲ့သို့ လျောင်းကုန်၏။ ကျွန်မသည် ထိုပုဏ္ဏားတို့ကိုမြင်၍ သေသည် ဖြစ်ကုန်လတ္တံ့ ဟု ကြောက်သည်ဖြစ်၍ သွား၍ သူဌေးကြီးအား အရှင်သူဌေး ပုဏ္ဏားတို့သည် နွားစာထမင်းကို မျိုခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ သေကုန်၏ ဟု ကြားလျှောက်ကုန်၏။ ထိုသူဌေးကြီးသည် ယခုအခါ၌ ယုတ်မာသောအကျင့်ရှိသော သူဌေးသည် သိမ်မွေ့နူးညံ့ကုန်သော ပုဏ္ဏားတို့အား နွားစာထမင်းကို ပေးစေ၏။ ထိုပုဏ္ဏားတို့သည် နွားစာထမင်းကို မမျိုနိုင်ကုန်သည်ဖြစ်၍ သေကုန်ပြီ ဟု ငါ့ကို ကဲ့ရဲ့ကုန်လတ္တံ့ ဟု ကြံ၏။ ထိုသို့ ကြံပြီးသည်မှ ကျွန်မကို အိမ်ကျွန်မ လျင်မြန်စွာသွား၍ ထိုထမင်းပွဲတို့၌ နွားစာထမင်းကိုပယ်၍ အထူးထူးသော မြတ်သော အရသာရှိသော သလေးထမင်းကိုခူး၍ ထည့်ချေလော့ ဟု ဆို၏။ ထိုကျွန်မသည် သူဌေးကြီး ဆိုတိုင်းပြု၏။
J		ခါဏုံ ပါဒေန ဃဋ္ဋေတိ၊ ဂိရိံ စဏ္ဍောရဏံ ပတိ။
J		စေတာ ဟနိံသု ဝေဒဗ္ဗံ၊ သဗ္ဗေ တေ ဗျသနမဇ္စျဂူ။
J		။ ဝန္ဒေ အင်္ဂီရသိံ ဂင်္ဂံ၊ သဝန္တီနံ ပဋိဂ္ဂဟံ။
J		ဤသို့ဆိုသည်ရှိသော် ထိုသေသောက်ကြူးသည် ထိုမြေခွေးသည် ငါ၏မသေသောအဖြစ်ကို သိ၏ဟု ထ၍ ဆောက်ပုတ်ဖြင့် ပစ်၏။ ဆောက် ပုတ်သည် ချွတ်ယွင်း၏။ သေသောက်ကြူးသည် ယခု ငါသည် ချွတ်ယွင်းသည် ဖြစ်၏။ သင်သည် သွားလေလော့ဟု ဆို၏။ ဘုရားလောင်းသည် ပြန်၍ အို ယောက်ျား သင်သည် ငါ့ကိုကား ချွတ်ယွင်း၏။ ရှစ်ထပ်သော ငရဲကြီးတို့ကို၎င်း, တဆယ့်ခြောက်ထပ်သော ဥဿဒရက်ငရဲငယ်တို့ကို၎င်း မချွတ်ယွင်းသည်သာလျှင်တည်းဟုဆို၍ ဖဲလေ၏။ သေသောက်ကြူးသည် တစုံတခုကိုမရမူ၍ သုသာန်မှထွက်၍ ကျုံး၌ရေချိုး၍ လာသောခရီးဖြင့်သာလျှင် မြို့သို့ဝင်၏။
J		မင်းသည် မြို့ကို စောင့်စေ၍ ထိုထိုအရပ်၌ လူစုကိုထား၍ ခိုးသူကိုဖမ်း၍ ခိုးသူ၏ ဦးခေါင်းကို ဖြတ်ကုန်လော့ ဟု ဆို၏။ မြို့စောင့်သည် ထိုခိုးသူကိုဖမ်း၍ လက်ပြန်နှောင်ဖွဲ့၍ ခရီးလေးဆုံတိုင်း ကြိမ်လုံးဖြင့်ခတ်၍ ထိုခိုးသူကို သုသာန်သို့ ဆောင်၏။ ထိုခိုးသူကို ဖမ်းမိ၏ဟု မြို့အလုံးသည် ချောက်ချား၏။ ထိုအခါ သုလသာသည် လေသွန်ပြတင်း၌ ရပ်၍ ခရီးအလယ်ကို ကြည့်လတ်သော် ထိုခိုးသူကို မြင်၍ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခိုးသူဟု ဆိုအပ်သော ဤယောက်ျားကို ငါသည် အကယ်၍ လွှတ်နိုင်စေအံ့၊ ဤပြည့်တန်ဆာမတို့၏ အမူအရာဟူ သော ညစ်ညူးသောအမှုကို မပြုမူ၍ ဤခိုးသူနှင့်တကွလျှင် ညီညွတ်သောနေခြင်းကို နေအံ့ဟု ကြံ၍ အောက် ကဏဝေရ ဇာတ်၌ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် မြို့စောင့်အား တစ်ထောင်သော အသပြာကို ပို့စေ၍ ခိုးသူကို လွှတ်စေ၍ ခိုးသူနှင့်တကွ ဝမ်းမြောက်ဝမ်းသာ အညီအညွတ် နေခြင်းကို နေ၏။ ခိုးသူသည် သုံးရက် လေးရက် လွန်လတ်သော် ဤအရပ်၌ နေခြင်းငှာ မတတ်နိုင်၊ လက်ချည်း သက်သက် ပြေးအံ့သောငှာလည်း မတတ်နိုင်၊ သုလာ၏ တန်ဆာသည် အဖိုး တစ်သိန်းထိုက်၏။
J		ထို့နောင်မှ မင်းမြတ် ဤမြားသည်ကား တက်လတ်သည်ရှိသော် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်လတ္တံ့၊ သက်လတ်သည်ရှိသော်ကား ဆံခြည်ဖျားမျှလည်း ဤမှ၎င်း ထိုမှ၎င်း မရွေ့မူ၍ အပိုင်းအခြား၌ သာလျှင်ကျ၍ သရက်သီးခိုင်ကိုယူ၍ သက်လတ္တံ့၊ မင်းမြတ် ရှုတော်မူလော့ဟု တဖန် မင်းကိုဆို၏။ ဆိုပြီးသော် အဟုန်ကိုဖြစ်စေ၍ မြားကိုပစ်၏။ ထိုမြားသည် သရက်သီးခိုင်အညှာကို အလယ်တိုင်အောင်ဖြတ်လျက် တက်၏။ ဘုရားလောင်းသည် ယခုအခါ၌ မြှားသည် စတုမဟာရာဇ်နတ်ပြည်တိုင်အောင် ရောက်သည်ဖြစ်လတ္တံ့၊ ဤသို့သိ၍ ရှေးဦးစွာ ပစ်အပ်သောမြားထက် အထူးသဖြင့် လွန်စွာလျင်မြန်ခြင်းကိုဖြစ်စေ၍ တစင်းသော မြှားကို ပစ်၏။ ထို့နောင်မှ ပစ်အပ်သောမြားသည် သွားလေ၍ ရှေးဦးစွာ ပစ်အပ်သောမြားကို မြားလွှာတောင့်ဖြင့်ခတ်၍ လည်စေ၍ မိမိသည် တာဝတိံသာ နတ်ပြည်သို့ တက်လေ၏။ ထိုတာဝတိံသာနတ်ပြည်၌ ထိုမြားကို နတ်တို့သည် ယူကုန်၏။ ပြန်လည်လာသောမြား၏ လေကိုဖြတ်သောအသံသည် မိုဃ်းကြိုးသံကဲ့သို့ဖြစ်၏။ လူများသည် ဤအသံသည်ကား အဘယ်အသံနည်းဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် ပြန်လည်လာသောမြား၏ အသံတည်းဟု ဆို၍ မိမိကိုယ်၌ မြား၏ကျအံ့သောဘေးဖြင့် အလွန်ထိတ်လန့်သော လူများကိုမြင်၍ မကြောက်ကုန်လင့်ဟု နှစ်သိမ့်စေ၍ မြှားအား မြေသို့ကျစိမ့်သောငှါ မပေးဟုဆို၏။ မြားသည် သက်လာသည်ရှိသော် တဆံခြည်ဖျား၎င်း ထိုမှဤမှ မရွေ့မူ၍ အပိုင်းအခြား၌သာလျှင်ကျ၍ သရက်သီးခိုင်ကို ဖြတ်၏။ ဘုရားလောင်းသည် သရက်သီးခိုင်အား၎င်း မြှားအား၎င်း မြေသို့ကျစိမ့်သောငှာ မပေးမူ၍ ကောင်းကင်ပြင်၌သာလျှင်ခံလျက် လက်တဘက်ဖြင့် မြှားကို လက်တဘက်ဖြင့် သရက်သီးခိုင်ကို ယူ၏။ လူများသည် ထိုအံ့ဘွယ်သရဲကို မြင်၍ ငါတို့သည် ဤသို့သဘောရှိသောအတတ်ကို မမြင်စဘူးဟု ဘုရားလောင်းကို ချီးမွမ်းကုန်၏။ ကြီးစွာသော ရယ်ရွှင်ခြင်းကို ရယ်ရွှင်ကုန်၏။ ပဲ့တင်ထပ်စေကုန်၏။ လက်ပန်းပေါက် ခတ်ကုန်၏။ လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုးကို ပစ်လွှားခြင်း များစွာတို့ကို ဖြစ်စေကုန်၏။ မင်း၏ ပရိသတ်တို့သည် နှစ်သက်ရွှင်လန်းခြင်းကြောင့် ဘုရားလောင်းအား ပေးအပ်သော ဥစ္စာသည် ကုဋေအတိုင်းအရှည် ရှိသည်ဖြစ်၏။ မင်းသည်လည်း ထိုဘုရားလောင်းအား မိုဃ်းကြီးသည်းထန်စွာ ရွာဘိသကဲ့သို့ များစွာသော ဥစ္စာကို၎င်း များစွာသော အခြံအရံကို၎င်း ပေး၏။
J		။ အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
J		။ ဧကပဏ္ဏော အယံ ရုက္ခော၊ န ဘူမျာ စတုရင်္ဂုလော။
J		ပိဉ္ဆာနိ တတ္ထ လာယိတွာ၊ ကဏ္ဌေ ဗန္ဓန္တိ ဝဋ္ဋနံ။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗာလော ဝတာယံ ဒုမသာခ ဂေါစရောအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဠာယမုဋ္ဌိဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောသလမင်းကြီးကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တပါးသောအခါ မိုဃ်းတွင်းကာလ၌ ကောသလမင်း၏ ပစ္စန္တရစ်သည် ပျက်၏။ ထိုပစ္စန္တရစ်၌ တည်ကုန်သော သူရဲတို့သည် နှစ်ကြိမ်သုံးကြိမ်ကုန်သော စစ်ထိုးခြင်းတို့ကို ပြုကုန်၍ ရန်သူကိုနှိပ်နင်းအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ မင်းအား သတင်းစကားကိုစေကုန်၏။ ကောသလမင်းသည် စစ်ထိုးသင့်သောအခါမဟုတ်သော မိုဃ်းတွင်းကာလ၌ပင်လျှင်ထွက်၍ ဇေတဝန် ကျောင်းတော်၏အနီး၌ သစ်ခက်တပ်ကိုဖွဲ့၍ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည်ကား စစ်ထိုးသင့်သောအခါမဟုတ်သည်၌ စစ်ထိုးအံ့သောငှါ ထွက်၏။ ချောင်းမြောင်းထုံးအိုင်တို့သည် ရေဖြင့်ပြည့်ကုန်၏။ လမ်းခရီးသည် သွားရန်ခဲယဉ်း၏။ မြတ်စွာဘုရားသို့ဆည်းကပ်အံ့၊ ထိုမြတ်စွားဘုရားသည် ငါ့ကို မြတ်သော မင်းကြီး သင်သည်အဘယ်အရပ်သို့ သွားအံ့နည်းဟု မေးတော်မူလတ္တံ့၊ ထိုအခါ၌ ငါသည် ထိုအကြောင်းကို ကြားလျှောက်အံ့၊ ငါ့ကို မြတ်စွာဘုရားသည် တမလွန်ဘဝ၌ဖြစ်သော အကျိုးဖြင့်သာလျှင် ချီးမြှောက်တော်မူသည် မဟုတ်၊ ပစ္စုပ္ပန်မျက်မှောက် ၌ဖြစ်သော အကျိုးဖြင့်လည်း ချီးမြှောက်တော် မူပေသလျှင်ကတည်း၊ ထို့ကြောင့် စစ်ထိုးသွားခြင်း၌ ငါအား အစီးအပွားမရှိသည် အကယ်၍ဖြစ်လတ္တံ့၊ မြတ်သောမင်းကြီး အခါမဟုတ်သေးဟု မိန့်တော်မူလတ္တံ့၊ အစီးအပွားသည် အကယ်၍ဖြစ်လတ္တံ့၊ ဆိတ်ဆိတ်နေတော်မူသည်ဖြစ်လတ္တံ့၊ ဤသို့ကြံ၏။ ကြံပြီး၍ ထိုကောသလမင်းသည် ဇေတဝန်ကျောင်းသို့ဝင်၍ မြတ်စွာဘုရားအား ရှိခိုးလျက် တင့်အပ်လျောက်ပတ်စွာ နေ၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ယခု သင်သည် နေမွန်းတည့်သောအခါ၌ အဘယ်အရပ်မှလာသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား ကျွန်ုပ်သည် ပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှာ ခွါထွက်ခဲ့၏။ အရှင်ဘုရားတို့ကို ရှိခိုး၍ သွားအံ့သောငှါ လာပါသည်ဟုလျှောက်၏။ မြတ်စွာဘုရားသည် မြတ်သောမင်းကြီး ရှေး၌လည်း မင်းတို့သည် စစ်သည်ဗိုလ်ပါဖြင့် စစ်ထိုးအံ့သောငှါ ထွက်လတ်ကုန်သည်ရှိသော် ပညာရှိတို့၏စကားကို နာကုန်၍ စစ်ထိုးသင့်သောအခါ မဟုတ်သည်၌ စစ်ထိုးအံ့သောငှာ သွားခြင်းကို မသွားကုန်ဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		ကာဠကဏ္ဏီသည်လည်း ခိုးသူတို့၏လာခြင်းကို ရွံရှာသည်ဖြစ်၍ မအိပ်ဘဲသာလျှင်နေ၏။ ထိုကာဠကဏ္ဏိသည် ခိုးသူတို့၏ လာသောအဖြစ်ကိုသိ၍ လူတို့ကိုနို့စိမ့်သောငှါ သင်သည် ခရု သင်း မှုတ်လော၊ သင်သည် မုရိုးစည်တီးလောဟု ကြီးစွာသောသဘင်ကိုပြုသကဲ့သို့ အလုံးစုံသောအိမ်ကို တစပ်တည်းသောအသံကို ပြုစေ၏။ ထိုခိုးသူတို့သည် အိမ်ဆိတ်၏ဟု ငါတို့သည် မကောင်းသဖြင့်ကြားအပ်၏။ ဤအိမ်၌သာလျှင် သူဌေးကြီးရှိ၏ဟု ကျောက် ဆောက်ပုတ်အစရှိသည်တို့ကို ထိုအရပ်၌သာလျှင်စွန့်၍ ပြေးကုန်၏။ နက်ဖြန်နေ့၌ လူတို့သည် ထိုထိုအရပ်၌စွန့်အပ်သော ကျောက် ဆောက်ပုတ်အစရှိသည်တို့ကိုမြင်၍ ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ယနေ့ ဤသို့ သဘောရှိသော သတိပညာနှင့်ပြည့်စုံသော အိမ်၌စီရင်တတ်သောသူသည် အိမ်၌မရှိငြားအံ့ ခိုးသူတို့သည် အလိုရှိတိုင်းဝင်၍ အလုံးစုံသောအိမ်ကို လုယက်သည် ဖြစ်ရာ၏။ ဤမြဲမြံသောအဆွေခင်ပွန်းကိုမှီ၍ သူဌေးကြီးသည် အစီး အပွားဖြစ်၏ဟု ထိုကာဠကဏ္ဏိကိုချီးမွမ်း၍ သူဌေးကြီးအား စားသောရွာမှ လာသောကာလ၌ အလုံးစုံသောထိုအကြောင်းကို ကြားကုန်၏။ ထိုအခါ ထိုအဆွေ အမျိုးတို့ကို သူဌေးကြီးသည် သင်တို့သည် ဤသို့သဘောရှိသော ငါ၏အိမ်စောင့် အဆွေခင်ပွန်းကို နှင်ထုတ်စေကုန်၏။ သင်တို့၏စကားဖြင့် ငါသည် ဤအဆွေခင်ပွန်းကို နှင်ထုတ်စေအပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ယနေ့ ငါ့အား တစုံတခုသောဥစ္စာသည် မဖြစ်ရာ၊ အမည်သည်ကား ပမာဏမဟုတ် အစီးအပွားကို အလိုရှိသောစိတ်သည်သာလျှင် ပမာဏတည်းဟု ဆို၏။ ဤသို့ဆိုပြီး၍ ထိုကာဠကဏ္ဏိအား အတိုင်းထက် အလွန်ရိက္ခာပေးပြီးလျှင် ယခုအခါ ငါ့အား ဤစကား လက်ဆောင်သည် ရှိ၏ဟု မြတ်စွာဘုရားအထံတော်သို့ သွား၍ အစမှစ၍ ထိုအကြောင်းကို ကြားလျှောက်၏။ မြတ်စွာဘုရားသည် သူကြွယ် ယခုအခါ ၌သာလျှင် ကာဠကဏ္ဏိအဆွေခင်ပွန်းသည် မိမိ၏ အဆွေ ခင်ပွန်းအိမ်၌ ဥစ္စာကို စောင့်ရှောက်သည်မဟုတ်သေး၊ ရှေး၌လည်း စောင့်ရှောက်ဘူးသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုအနာထပိဏ်သူဌေးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		ဘုရားလောင်းသည် လက်အုပ်ချီ၍ ပစ္စေကဗုဒ္ဓါတို့၌ဖြစ်သော ပီတိကိုယူ၍ ထိုပစ္စေကဗုဒ္ဓါတို့သည် မျက်စိဖြင့် မြင်ကောင်းသော ခရီးကို လွန်ကုန်သော် မိမိ၏ အမှုလုပ်ရာသို့ သွား၍ အသက်ထက်ဆုံး အောက်မေ့၍ စုတေ၍ ထိုကောင်းမှု၏အကျိုးဖြင့် ဗာရာဏသီမင်း၏ မိဖုရားကြီး ဝမ်း၌ ဖြစ်၏။ ထိုမင်းသားအား ဗြဟ္မဒတ္တသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဗြဟ္မဒတ္တမင်းသားသည် မိမိခြေဖြင့် သွားတတ်သော ကာလမှစ၍ ငါသည် ဤဗာရာဏသီမြို့၌လျှင် သူရင်းငှားဖြစ်၍ အမှုလုပ်အံ့သောငှာ သွားသည်ရှိသော် ပစ္စေကဗုဒ္ဓါတို့အား လေးဆုပ်ကုန်သော မုခယာမုန့်တို့ကို လှူ၍ ထိုအလှူ၏အကျိုးဖြင့် မင်းမျိုး၌ ဖြစ်၏ဟု ကြည် သော ကြေးမုံ၌ မျက်နှာရိပ်ကဲ့သို့ ရှေးဘဝ၌ဖြစ်သော အလုံးစုံသော အမူအရာကို ဇာတိဿရဉာဏ်ဖြင့် ထင်သည်ဖြစ်၍ ရှု၏။ ဗြဟ္မဒတ် မင်း သားသည် အရွယ်သို့ ရောက်လတ်သော် တက္က သိုလ်ပြည်သို့ သွား၍ အလုံးစုံသော အတတ်တို့ကို သင်၍ တစ်ဖန် ပြန်၍ သင်အပ်သော အတတ်တို့ကို အဖအားပြ၍ အဖသည် နှစ်သက်သဖြင့် အိမ်ရှေ့အရာ၌ထား၍ အဖလွန်သဖြင့် မင်းအဖြစ်၌ တည်၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား ကောသလမင်း၏ မြတ်သောအဆင်းရှိသော သမီးကိုဆောင်၍ မိဖုရားကြီးပြုကုန်၏။ ဗြဟ္မဒတ်မင်း၏ ထီးဖြူမင်္ဂလာပြုသောနေ့၌ မြို့ အလုံးကို နတ်မြို့ကဲ့သို့ တန်ဆာဆင်ကုန်၏။
J		ထို့ကြောင့် အကြင်အခါ၌ အသုရာတို့သည် အမျက်ထွက်ကုန်၍ စိတ်နောက်ကုန်သည်ရှိသော် နတ်ပြည်သို့ကပ်ကုန်၏။ ငါးပါးအပြားရှိကုန်သော စစ်ထိုးရာအရပ်တို့၌ မြင့်မိုရ်တောင်၏ အကြင်ပဌမအာလိန်သည် ရှိ၏။ ထိုပဌမအာလိန်ကို နဂါးတို့သည် ရံလျက် တည်ကုန်၏။ ဤသို့ ကြွင်းကုန်သော အာလိန်တို့၌ ကြွင်းကုန်သော အစောင့်အရှောက်တို့သည်တည်ကုန်၏။ ဤငါးပါးကုန်သောအရပ်တို့၌ကား အစောင့် အရှောက်ကို ထားခဲ့၍ သိကြား နတ်မင်းသည် နတ်စည်းစိမ်ကို ခံစား၏။ သုဓမ္မာသည် စုတေခဲ့၍ သိကြားမင်း၏ ခြေရင်း၌လျှင် အလုပ်အကျွေး၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသုဓမ္မာအား ထုပိကာလှူသော ကုသိုလ်အကျိုးဆက်ဖြင့် ယူဇနာငါးရာရှိသော သုဓမ္မာနတ်သဘင်သည် ဖြစ်၏။ အကြင်နတ်သဘင်၌ နတ်ဖြစ်သော ထီးဖြု၏အောက်၌ ခုနစ်ယူဇနာ အတိုင်းအရှည်ရှိသော ရွှေပလ္လင်၌ နေလျက် သိကြားနတ်မင်းသည် နတ်တို့၏ ပြုအပ်သောကိစ္စကို ပြု၏။ သုစိတ္တာသည်လည်း စုတေခဲ့၍ ထိုသိကြားမင်း၏သာလျှင် ခြေရင်း၌ အလုပ် အကျွေး၏အဖြစ်ဖြင့် ဖြစ်၏။ ထိုသုစိတ္တာအား ဥယျာဉ်ကိုပြုသောအကျိုးဖြင့် စိတ္တလတာမည်သော ဥယျာဉ်သည် ဖြစ်၏။ သုနန္ဒာသည်လည်း စုတေခဲ့၍ သိကြားမင်း၏သာလျှင် ခြေရင်း၌ အလုပ်အကျွေး၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသုနန္ဒာအား လေးထောင့်ကန်တူးသော ကုသိုလ်၏အကျိုးဖြင့် နန္ဒာမည်သော လေးထောင့်ကန်သည် ဖြစ်၏။ သုဇာတာမူကား ကောင်းမှုကို မပြုသောကြောင့် တခုသောတောဝယ် ချောက်၌ ဗျိုင်းငှက်မအဖြစ်ဖြင့် ဖြစ်၏။
J		။ န ဟိ နူနာယံ ရာဇပုတ္တီ၊ ကုသေ သာတမ္ပိ ဝိန္ဒတိ။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် မနုဿိန္ဒံ ဇဟိတွန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေသဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဝိဿာသဘောဇနကို အကြောင်း ပြု၍ ဟောတော်မူ၏။ အနာထပိဏ်သူဌေး၏ အိမ်၌ ငါးရာကုန်သော ရဟန်းတို့အား မပြတ် ဆွမ်းလုပ် ကျွေးသတတ်၊ သူဌေးအိမ်သည် အခါ ခပ်သိမ်း ရဟန်းသံဃာ၏ ရေတွင်းရေကန်သဘွယ် ဖြစ်၏။ သင်္ကန်းရောင်ဖြင့် ပြောင်ပြောင်ထွန်း ပ၏။ ရဟန်းတို့၏ ကွေးခြင်း ဆန့်ခြင်း အစရှိသည်တို့ကြောင့်ဖြစ်သော လေသည် ခတ်အပ်၏။ ထိုအခါ တနေ့သ၌ မင်းသည် မြို့ကို လက်ျာရစ် လှည့်လတ်သော် သူဌေးအိမ်၌ ရဟန်းသံဃာတို့ကိုမြင်၍ ငါသည်လည်း အရိယာသံဃာအား မပြတ် ဆွမ်းလှူအံ့ဟု ကျောင်းသို့သွား၍ ဘုရားကိုရှိခိုး၍ ငါးရာကုန်သော ရဟန်းတို့အား မပြတ် ဆွမ်းလုပ်ကျွေးရခြင်းကို တောင်းပန်၏။ ထိုအခါမှစ၍ မင်းအိမ်၌ မပြတ်လျှင် သုံးနှစ်သိမ်းထားအပ်သော မွှေးသော မွန်မြတ်သော သလေးဘောဇဉ် ဆွမ်းကို လှူ၏။ အကျွမ်းဝင်ခြင်း ချစ်ခင်လေးမြတ်ခြင်းဖြင့် မိမိလက်ဖြင့်လှူသော သူတို့သည်ကား မရှိကုန်၊ မင်းချင်း ယောက်ျားတို့ကို လှူစေကုန်၏။ ရဟန်းတို့ မင်း၏အိမ်၌ နေ၍ စားခြင်းငှာ အလိုမရှိကုန်၊ အထူးထူးသော မြတ်သော အရသာရှိသော ဆွမ်းကိုယူ၍ မိမိတို့၏ အလုပ်အကျွေးအိမ်သို့သွား၍ ထိုဆွမ်းကို အလုပ်အကျွေးတို့အားပေး၍ အလုပ်အကျွေးတို့သည် လှူအပ်သော ရုန့်ရင်းသည်၎င်း မွန်မြတ်သည်၎င်း ဖြစ်သော ဆွမ်းကို စားကုန်၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သောဘတိ မစ္ဆော ဂင်္ဂေယျော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂင်္ဂေယျဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဉ္စင်းငယ်နှစ်ယောက်တို့ကို အကြောင်းပြု၍ဟောတော်မူ၏။ သာဝတ္ထိပြည်၌နေကုန်သော အမျိုးကောင်းသား ဖြစ်ကုန်သော နှစ်ယောက်ကုန်သောရဟန်းတို့သည် သာသနာတော်၌ ရဟန်းပြုကုန်၍ အသုဘဘာဝနာကို အားမထုတ်မူ၍ အဆင်းကို ချီးမွမ်းတတ်ကုန်သည်ဖြစ်၍ အဆင်းကို တင့်တယ်စေကုန်လျက် သွားကုန်သတတ်၊ ထိုနှစ်ယောက်ကုန်သော ရဟန်းတို့သည် တနေ့သ၌ သင်သည် မတင့်တယ် ငါသည်တင့်တယ်၏။ ဤသို့ အဆင်းကိုမှီ၍ ငြင်းခုံခြင်းဖြစ်ကုန်လတ်သော် အနီး၌နေသော တပါးသော မထေရ်အိုကိုမြင်၍ ဤရဟန်းအိုသည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏ အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုရဟန်းအိုသို့ကပ်ကုန်၍ အရှင်ဘုရား ငါတို့တွင် အဘယ်သူသည်လျှင် တင့်တယ်သနည်းဟု မေးကုန်၏။ ထိုရဟန်းအိုသည် သင်တို့, သင်တို့ထက် ငါသည်သာလျှင် လွန်၍ တင့်တယ်၏ ဟု ဆို၏။ ပဉ္စင်းငယ်တို့သည် ဤရဟန်းအိုကား ငါတို့ မေးအပ်သည်ကို မဖြေမှု၍ မမေးအပ်သည်ကို ဆို၏ဟု ထိုရဟန်းအိုကို ဆဲရေးကုန်၍ သွားကုန်၏။ ထိုရဟန်းတို့၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော မထေရ်အိုသည် အဆင်းကိုမှီကုန်သော ထိုရဟန်းငယ်တို့ကို ရှက်စေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော် မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြသနည်းဟု မေးတော်မူလတ်၍ အရှင်ဘုရား ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ နှစ်ယောက်ကုန်သော ရဟန်းငယ်တို့သည် ယခုအခါ၌ သာလျှင် မိမိတို့၏ အဆင်းကို ချီးမွမ်းတတ်သည် မဟုတ်ကုန်သေး၊ ရှေး၌လည်း ထိုရဟန်းငယ်တို့သည် မိမိတို့၏ အဆင်းကိုသာလျှင် ချီးမွမ်းကုန်လျက် သွားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		ကောဋ္ဌာဂါရာနိ ဖီတာနိ၊ သန္နိဓိံ ဒါနိ ကုဗ္ဗသိ။
J		ထိုလူများအပေါင်းသည် ကြီးစွာသော ပျက်စီးခြင်းဖြင့် ပျက်စီးကုန်သည်ရှိသော် ဝါသုဒေဝ မင်းကြီးလည်းကောင်း, ဗလဒေဝမင်းကြီးလည်းကောင်း နှမတော် အဉ္စနဒေဝီလည်းကောင်း, ပုရောဟိတ်ပုဏ္ဏားလည်းကောင်း။ ဤလေးယောက်ကုန်သော သူတို့သည် ရထားစီး၍ ပြေးကြကုန်၏။ ကြွင်းကုန်သော အလုံးစုံသော လူအပေါင်းတို့သည် ပျက်စီးကုန်၏။ လေးယောက်ကုန်သော သူတို့သည်လည်း ရထားတို့ဖြင့် ပြေးကုန်သည်ရှိသော် ကာလမတ္တိကမည်သော တောအုပ်သို့ ရောက်ကုန်၏။ မုဋ္ဌိကမည်သော လက်ပမ်းသည်သည် ဘီလူးဖြစ်၍ စားရလိုသောဟု ဆုတောင်းခြင်းကိုပြု၍ ထိုတောအုပ်၌ ဘီလူးကြီး ဖြစ်၏။ ဗလဒေဝမင်း လာသည်၏ အဖြစ်ကို သိလျှင် ထိုတောအုပ်၌ ဖန်ဆင်း၍ လက်ပမ်းသည်၏ အသွင်ကို ယူပြီးလျှင် အဘယ် သူသည် လက်ဝှေ့ သတ်လိုသနည်း၊ လက်ပမ်းလုံးလိုသနည်း ဟု ကြွေးကြော်ကြုံးဝါးလျက် လက်ပမ်းပေါက်ခတ်လျက် လှည့်လည်၏။ ဗလဒေဝမင်းသားသည် ထိုလက်ပမ်းသည် အယောင် ဆောင်သော ဘီလူးကိုမြင်၍ နောင်တော် ဝါသုဒေဝ မင်းကြီးကို ဆို၏။ ဤလက်ပမ်းသည်နှင့်တကွ လုံးထွေးအံ့ဟု ဆို၍ ဝါသုဒေဝ မင်းကြီးသည် တားမြစ်စဉ်ပင်လျှင် ရထားမှ ဆင်းသက်ပြီးလျှင် ထိုဘီလူးအထံသို့သွား၍ ဟစ်အော်ကြုံးဝါးလျက် လက်ပမ်းပေါက်ခတ်၏။ ထိုအခါ ဗလဒေဝမင်းသားကို ထိုဘီလူးသည် ဆန့်သောလက်၌သာလျှင်ကိုင်၍ ကြာစွယ်ကြာရင်းကိုကဲ့သို့ စား၏။
J		။ ပါဌီနံ ပါဝုသံ မစ္ဆံ၊ ဗလဇံ မုဉ္စရောဟိတံ။
J		ထိုပန်းချုံငယ်တော၏ ပြင်မှကား ပဲလွန်းငယ် ပဲလွန်းကြီး ပဲနောက်တောသည် တည်၏။ ထိုပဲနောက်တော၏ အခြားမဲ့၌ သခွါးငပြုတ်, သခွါးငကြောင်, အိမ်ဗူး, ဖရုံနွယ်တော်တို့သည် တည်ကုန်၏။ ထိုသခွါး, ဗူး ဖရုံ၏ ပြင်မှကား ကွမ်းသီးပင် အတိုင်းအရှည်ရှိသော ကြံတောသည် တည်၏။ ထိုကြံတော၏ ပြင်မှကား ဆင်စွယ် အတိုင်းအရှည်ရှိသော အသီးရှိသော ငှက်ပျောတောသည် တည်၏။ ထိုငှက်ပျောတော၏ ပြင်မှကား အင်ကြင်းတောသည် တည်၏။ ထိုအင်ကြင်းတော၏ အခြားမဲ့၌ကား အိုးစရည်းကြီး အတိုင်းအရှည် အသီးရှိသော ပိန္နဲတောသည် တည်၏။ ထိုပိန္နဲတော၏ အခြားမဲ့၌ကား ချိုသော အသီးရှိသော မန်ကျည်းတောသည် တည်၏။ ထိုမန်ကျည်းတော၏ အခြားမဲ့၌ကား ချိုသော အသီးရှိသော သရက်တောသည် တည်၏။ ထိုသရက်တော၏ အခြားမဲ့၌ကား သီးတောသည် တည်၏။ ထိုသီးတော၏ ပြင်မှကား အရောဖြစ်သော ကြီးစွာသော တောအုပ်သည် တည်၏။ ထိုတောအုပ်ကြီး၏ ပြင်မှကား ဝါးတောသည် တည်၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သုဏောဟိ မယှံ ဝစနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဇုဏှဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူသည်ရှိသော် အာနန္ဒာမထေရ်သည် ရအပ်သော ဆုရှစ်ပါးတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။
J		။ ဂမ္ဘီရစာရီ ဘဒ္ဒန္တေ၊ ဒဠှံ ဂဏှာဟိ ထာမသာ။
J		ထိုအခါ ထိုနန္ဒမူလိုဏ်၌ ငါးရာသော အရှင်ပစ္စေကဗုဒ္ဓါတို့သည် နေကုန်၏။ ပန်းရှစ်ဆုပ်တို့သည် သွားကုန်၍ ငါးရာကုန်သော အရှင်ပစ္စေကဗုဒ္ဓါတို့၏အပေါ်၌ ကျကုန်၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါတို့သည် ဆင်ခြင်ကုန်သည်ရှိသော် ထိုအကြောင်းကိုသိ၍ အရှင်တို့ ဝိဓုရပညာရှိသည် ပင့်ဘိတ်အပ်၏။ စင်စစ်သော်ကား ဤဝိဓုရပညာရှိသည် ဟူးဟူးညားညား သတ္တဝါမဟုတ်၊ ဤဝိဓုရပညာရှိသည် ဘုရားလောင်းတည်း၊ ဤဘဒ္ဒကပ်ကမ္ဘာ၌လျှင် ဘုရားဖြစ်လတ္တံ့၊ ဝိဓုရပညာရှိအား ချီးမြှောက်ခြင်းကို ပြုကုန်အံ့ဟု ပင့်ဘိတ်ခြင်းကို ဝန်ခံကုန်၏။ ဘုရားလောင်း ဝိဓုရသုခမိန်သည် ပန်းတို့၏ မလာသောအမှတ်ဖြင့် သည်းခံသော အဖြစ်ကိုသိ၍ မြတ်သောမင်းကြီး နက်ဖြန် အရှင်ပစ္စေကဗုဒ္ဓါတို့သည် ကြွတော်မူလာကုန်လတ္တံ့၊ ပူဇော်သက္ကာ မြတ်နိုးတနာကို ပြုတော်မူလော့ဟု တင်လျှောက်၏။
J		။ ရုဒံ မနုညံ ရုစိရာ စ ပိဋ္ဌိ၊ ဝေဠုရိယဝဏ္ဏူပနိဘာ စ ဂီဝါ။
J		ထိုပေါဋ္ဌိကသည် မိဘတို့၏ စိတ်ကိုမရ၍ ဗာရာဏသီပြည်သို့သာလျှင် တစ်ဖန်ပြန်၍ သာခစစ်သူကြီး၏ အိမ်၌ ခရီးပင်ပန်းခြင်းကိုဖျောက်၍ "နောက်မှ အဆွေဖြစ်သော နိဂြောဓ မင်းကြီးကို ဖူးမြင်အံ့ ဟု ကြံ၍ ထိုသာခစစ်သူကြီး၏ အိမ်တံခါးကို သွား၍ သင်၏အဆွေဖြစ်သော ပေါဋ္ဌိကသည် လာသတတ်ဟု သာခစစ်သူကြီးအားလျောက်ပါချေလော့ဟု တံခါးစောင့်ကိုဆို၏။ ထိုတံခါးစောင့်သည် ပေါဋ္ဌိက ဆိုတိုင်းပြု၏။ စစ်သူကြီးသာခသည်ကား ငါ့အား မင်းအဖြစ်ကို မပေးမူ၍ အဆွေနိဂြောဓအား ပေး၏ဟု ထိုပေါဋ္ဌိက၌ ရန်ငြိုးဖွဲ့၏။ ထိုစစ်သူကြီး သာခသည် ပေါဋ္ဌိက လာ၏ဟူသော စကားကိုကြားရလျှင် အမျက်ထွက်သည်ဖြစ်၍ လာလတ်၍ အဘယ် သူသည် ဤပေါဋ္ဌိက၏ အဆွေနည်း၊ အရူးတည်း။ ကျွန်မသားတည်း၊ ထိုကျွန်မသားကို ဖမ်းကြကုန် ဟုဆို၍ လက် ခြေပုဆစ် ဒူး တံတောင်တို့ဖြင့် ထောင်းခတ် သတ်ပုတ်စေပြီးလျှင် လည်၌ ကိုင်၍ နှင်ထုတ်စေ၏။
J		ထိုအခါ ထိုသူငယ်ကို မင်းသားတို့၏ အခြံအရံ အစောင့်အရှောက်ဖြင့်လျှင်ကြီးသည်၏ အဖြစ်ကြောင့် ကုမာရကဿပဟု သိကြကုန်၏။ ကုမာရကဿပသည် ခုနစ်နှစ် ရှိလတ်သောအခါ၌ မြတ်စွာဘုရား အထံတော်ဝယ် သာမဏေပြု၍ အသက်နှစ်ဆယ် ပြည့်လတ်သော် ပဉ္စင်းအဖြစ်ကိုရ၍ ကာလရှည်လတ်သော် မ္မကထိကပုဂ္ဂိုလ်တို့တွင် ဆန်းကြယ်စွာ တရားဟောတတ်သော ဓမ္မကထိက ပုဂ္ဂိုလ် ဖြစ်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် အရှင်ကုမာရကဿပမထေရ်ကို ဧတဒဂ္ဂံ ဘိက္ခဝေ မမသာဝကာနံ စိတြကထိကာနံ ယဒိဒံ ကုမာရကဿပေါ ဟု ဧတဒဂ်အရာ၌ထားတော်မူ၏။ ကုမာရ ကဿပ မထေရ်သည် နောက်ဝမ္မိကသုတ်ကို ဟောတော်မူသောအခါ၌ အရဟတ္တဖိုလ်သို့ ရောက်၏။ ကုမာရကဿပမထေရ်၏ မယ်တော် ရဟန်းမိန်းမသည်လည်း ဝိပဿနာကိုပွားစေ၍ အရဟတ္တဖိုလ်သို့ ရောက်၏။ ကုမာရကဿပမထေရ်သည် ဘုရားသာသနာတော်ဝယ် ကောင်းကင်လယ်၌ လပြည့်ဝန်းကဲ့သို့ ထင်ရှား၏။ ထိုအခါ တနေ့သ၌ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သို့ ကောင်းသော လာခြင်းရှိတော်မူသော သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသည်မှ နောက်၌ ဆွမ်းခံရွာမှ ဖဲခဲ့တော်မူပြီးသော် ရဟန်းတို့အား အဆုံးအမကိုပေး၍ ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၏။
J		။ ဧသော အဂ္ဂိဿ သင်္ခါတော၊ ဧသော ဓူမော ပဒိဿတိ။
J		။ အဂ္ဂေ စ ဆေတွာ မဇ္ဈေ စ၊ ပစ္ဆာ မူလမှိ ဆိန္ဒထ။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗော ဇနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာပိင်္ဂလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ခြင်းကြောင့် ကိုးလလွန်သဖြင့် ဇေတဝန် ကျောင်းတော်တံခါးမုခ်ဦး၌ မြေမျို၏။ ဇေတဝန် ကျောင်းတော်၌နေကုန်သော သူတို့သည်၎င်း တိုင်းအလုံး၌ နေကုန်သော သူတို့သည်၎င်း ဘုရားသခင်၏ ရန်ဆူး ရန်ငြောင့်ဖြစ်သော ဒေဝဒတ်ကိုမြေမျို၏။ ယခု မြတ်စွာဘုရားသည် ပျောက်ကင်းသော ရန်သူရှိ၏ဟု နှစ်သက် ရွှင်လန်းခြင်း ဖြစ်ကုန်၏။ ထိုသူတို့၏ စကားကို အဆင့်ဆင့်သော အသံဖြင့် ကြားကုန်၍ ဇမ္ဗူဒီပါကျွန်းအလုံး၌ နေကုန်သော ဘီးလူး ဘုမ္မစိုဝ်း, ရုက္ခစိုဝ်း နတ်အပေါင်းတို့သည်လည်း နှစ်သက်ရွှင်လန်းကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်ကို မြေမျိုသည်ရှိသော် ဘုရားသခင်၏ ရန်ဆူးရန်ငြောင့်ဖြစ်သော ဒေဝဒတ်ကို မြေမျို၏ဟု လူများသည် နှစ်သက်သော စိတ်ရှိသည် ဖြစ်၏ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့်
J		မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း နောင်အခါ၌သာလျှင် ငါ၏သာသနာတော် ဆုတ်ယုတ်သည်ရှိသော် ဖြစ်လတ္တံ့၊ ထိုစကားသည်မှန်၏။ နောင်အခါ ပစ္စည်း၌ လော်လည်ကုန်သော အလဇ္ဇီရဟန်းတို့သည် များကုန်လတ္တံ့၊ ထိုအလဇ္ဇီရဟန်းတို့သည် ပစ္စည်း၌ လော်လည်ကုန်သည်ဖြစ်၍ ငါဘုရားသည် ပစ္စည်း၌လော်လည်ခြင်းကိုဖျက်ဆီး၍ ဟောတော်မူအပ်သော တရားတော်ကို သင်္ကန်းအစရှိသော လေးပါးသောပစ္စည်းဟူသော အကြောင်းကြောင့် သူတပါးတို့အား ဟောကုန်လတ္တံ့၊ ထိုစကားသည် မှန်၏။ ပစ္စည်းလေးပါး၌မက်ကုန်၍ ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သောအဘို့၌တည်ကုန်လျက် နိဗ္ဗာန်သို့ရှေ့ရှုပြု၍ တရားကို မဟောကုန်လတ္တံ့၊ စင်စစ်ကား ပုဒ်အက္ခရာတို့၏ပြည့်စုံခြင်းမျှကို၎င်း သာယာသောအသံမျှကို၎င်းနာရ၍ အဘိုးများစွာထိုက်ကုန်သော သင်္ကန်းအစရှိသည်တို့ကို လှုလိမ့်မည် လှူချင်စိတ် ဖြစ်လိမ့်မည်ဟု ဟောကုန်လတ္တံ့၊ အသပြာမက် ရဟန်းပျက်အချို့တို့သည်လည်း ခရီးလမ်းမလမ်းလေးခွနား မင်းအိမ်တံခါးအစရှိသည်တို့၌နေကုန်၍ ကျပ်ပြားမူးမက် မအပ်သောအကပ္ပိယပစ္စည်းတို့ကိုမှီ၍ အလီလီအလာလာ အသပြာလိုလားတော်မူကြ၍ တရားဟောကုန်လတ္တံ့၊ ဤသို့လျှင် ငါဘုရားသည် နိဗ္ဗာန်တရား အဘိုးထားဖြင့်ဟောကြားအပ်သော တရားမြတ်ဒေသနာကြီးကို ပစ္စည်းလေးပါး ကျပ်ပြားမူးပဲအတွက် လက်ကားလက်လီ တရားကုန်သည် မထေရ်ကြီးမထေရ်ငယ်တို့သည် အဘိုးတသိန်း ထိုက်သောစန္ဒကူးနှစ်ကို ရက်တက်ပုပ်ဖြင့်ရောင်းသကဲ့သို့ ဒါယကာ ဒါယိကာမအပေါင်းတို့အား ရောင်းစားကုန်လတ္တံ့၊ ဤအိပ်မက်ဟူသော အကြောင်းကြောင့်လည်းသင်မင်းကြီးအား ဘေးမရှိ။
J		။ ဩဂ္ဂယှ တေ ပေါက္ခရဏိံ၊ ဝိပ္ပသန္နောဒကံ သုစိံ။
J		။ သောဟံ အဗ္ဗူဠှသလ္လောသ္မိ၊ ဝီတသောကော အနာဝိလော။
J		ထိုအခါ လောသကတိဿ၏အမိသည် ငြိုငြင်သဖြင့် အသက်မွေးလျက် ကိုယ်ဝန်ရင့်သည်ရှိသော် တခုသောအရပ်၌ ဖွား၏။ ပစ္ဆိမဘဝိကဖြစ်သောသတ္တဝါကို ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ လောသကတိဿ၏ နှလုံး၌ အိုးတွင်း၌ဆီမီးကဲ့သို့ အရဟတ္တဖိုလ်၏ ဥပနိဿယသည် ထွန်းပ၏။ ထိုလောသကတိဿ၏အမိသည် သူငယ်ကိုလုပ်ကျွေး၍ ရှေးရှုပြေး၍၎င်း ထက်ဝန်းကျင်ပြေး၍၎င်း သွားတတ်သောကာလ၌ တိဿအား တခုသောခွက်ကို လက်၌ ပေး၍ ချစ်သား တခုသောအိမ်သို့ ဝင်လေလောဟု စေလွှတ်၍ ပြေး၏။ လောသကတိဿသည် ထိုနေ့မှစ၍ တယောက်ထည်းဖြစ်၍လျှင် ထိုထိုအရပ်၌ ထမင်းကိုရှာ၍လျင် တခုသေအရပ်၌ အိပ်၏။ ရေလည်းမချိုး ကိုယ်ကိုလည်း မသုတ်သင်။ မြေဘုတ်ဘီလူးကဲ့သို့ ငြိုငြင်သဖြင့် အသက်ကိုမွေး၏။ လောကတိဿသည် အစဉ်သဖြင့် ခုနစ်နှစ်ရှိသည်ဖြစ်၍ တခုသောအိမ်တံခါး၌ ထမင်းအိုးဆေးရေကို သွန်ရာအရပ်၌ ကျီးကဲ့သို့ တလုံး တလုံးစီသော ထမင်းလုံးကိုရွေး၍ စား၏။ ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာမထေရ်သည် သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည်ရှိသော် မြင်၍ ဤသတ္တဝါသည် အလွန်သနားဘွယ် ရှိသည်၏ အဖြစ်သို့ ရောက်၏။ အဘယ်ရွာသားနည်းဟု ထိုလောသကတိဿ၌ မေတ္တာစိတ်ကိုဖြစ်စေ၍ အချင်း လာလောဟု မိန့်တော်မူ၏။ လောသကတိဿသည်လာ၍ မထေရ်ကို ရှိခိုး၍ရပ်၏။ ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာသည် သင်သည် အဘယ်ရွာသားနည်း၊ သင်၏မိဘတို့သည် အဘယ်မှာ ရှိကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် အထောက်အပံ့ မရှိ၊ အကျွန်ုပ်၏မိဘတို့သည် အကျွန်ုပ်ကိုမှီ၍ ပင်ပန်းကုန်၏ဟု အကျွန်ုပ်ကိုစှန့ျ၍ ပြေးကုန်၏ဟု လျှောက်၏။ သင်သည် ရဟန်းပြုလတ္တံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ရဟန်းပြုလိုပါ၏။ အကျွန်ုပ်နှင့်တူသော အထီးကျန်သူကို အဘယ်သူ ရဟန်းပြုလတ္တံ့နည်းဟု လျှောက်၏။ ငါသည် သင့်ကို ရဟန်းပြုအံ့ဟု ဆို၏ အရှင်ဘုရား ကောင်းပြီ၊ ရဟန်း ပြုပါကုန်လောဟုလျှောက်၏။
J		... လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဘုရားလောင်းသည် ဒိသာပါမောက္ခ ဆရာ ဖြစ်၏ ငါးရာသောတပည့်တို့ကို အတတ်သင်စေ၏။ ထိုအခါ ဒိသာပါမောက္ခဆရာ၏တပည့် လုလင်တို့သည် တနေ့သ၌ ထင်းခွေအံ့သောငှါ တောသို့သွားကုန်၍ ထင်းတို့ကိုထုတ်ကုန်၏။ ထိုလုလင်တို့၏အတွင်း၌ တယောက်သော ပျင်းရိသောလုလင်သည် ရေခံတက်ပင်ကြီးကိုမြင်၍ ဤသစ်ပင်သည်ကား ခြောက်သောသစ်ပင်ဟုမှတ်၍ ရှေးဦးစွာ ခဏမျှအိပ်၍ နောက်မှ သစ်ပင်ကိုတက်ပြီးလျှင် ထင်းတို့ကိုချိုး၍ သွားအံ့ဟု အပေါ်လွှမ်းပုဆိုးကိုခင်း၍ လျောင်းသည်ရှိသော် ကျီးသံကဲ့သို့ဟောက်လျှက် အိပ်ပျော်ခြင်းသို့ရောက်၏။ ဤလုလင်မှတပါးကုန်သော လုလင်တို့သည် ထင်းစည်းတို့ကိုဖွဲ့ကုန်၍ ယူ၍သွားသည်ရှိသော် ထိုအိပ်ပျော်သောလုလင်ကို ခြေဖြင့်ကျောက်၍နှိုးပြီးလျှင် သွား၏။ ပျင်းရိသောလုလင်သည် ထလတ်၍ မျက်စိတို့ကိုသုတ်ပြီးလျှင် အိပ်ချင်ခြင်းမပြေသည်သာလျှင်ဖြစ်၍ ရေခံတက်ပင်သို့တက်ပြီးလျှင် သစ်ခက်တို့ကိုကိုင်၍ မိမိသို့ရှေ့ရှုငင်၍ချိုးသည်ရှိသော် ကျိုး၍ ထွက်ပေါ်သောအစွန်းဖြင့် မိမိ၏မျက်စိကိုဖောက်၍ လက်တဘက်ဖြင့် မျက်စိကိုပိတ်၍ လက်တဘက်ဖြင့် စိုသောထင်းတို့ကို ချိုး၍ သစ်ပင်မှသက်ပြီးလျှင် ထင်းစည်းကိုဖွဲ့၍ထမ်း၍ လျှင်စွာသွား၍ ထိုလုလင်ရှိသည်ချအပ်သော ထင်းတို့၏ အထက်၌ ချ၏။ ထိုနေ့၌လည်း ဇနပုဒ်ရွာမှ တဦးသောအမျိုးသည် နက်ဖြန်ပုဏ္ဏားတို့အား ဗေဒင်ရွတ်ဘတ်သရဇ္ဈာယ်ခြင်းကို ပြုစေအံ့ဟု ဆရာကို ဘိတ်၏။ ဆရာသည် တပည့်လုလင်တို့ကို အမောင်တို နက်ဖြန်ခါ တခုသောရွာသို့ သွားအပ်၏။ သင်တို့သည်ကား အာဟာရမရှိကုန်ဘဲ သွားအံ့သောငှါ မတတ်နိုင်လတ္တံ့၊ စောစောကလျှင် ယာဂုကိုကျို၍ ထိုရွာသို့သွား၍ မိမိသည်ရအပ်သော အစုကို၎င်း၊ ငါတို့သည် ရအပ်သောအစုကို၎င်း အလုံးစုံကိုယူ၍ လာကြကုန်လောဟု ဆို၏။ ထိုလုလင်တို့သည် စောစောကလျှင်ထ၍ ယာဂုကို ကျိုစိမ့်သောငှါ ကျွန်မကိုထစေ၍ လျှင်စွာငါတို့ကို့ယာဂုကိုကျိုလောဟု ဆိုကုန်၏။ ထိုကျွန်မသည် ထင်းတို့ကိုယူသည်ရှိသော် အထက်၌ တည်သော စိုသောရေခံတက်ထင်းတို့ကိုယူ၍ အဖန်တလဲလဲ နှုတ်သီးလေဖြင့်မှုတ်သော်လည်း မီးကိုတောက်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ နေသည်ထွက်လတ်၏။ လုလင်တို့သည် အလွန်နေမြင့်ခြင်းသည်ဖြစ်၏။ ယခုအခါ သွားခြင်းငှါ မတတ်နိုင်ဟု ဆရာ့အထံသို့ လာကုန်၏။
J		ထိုဘုရားလောင်းသည် ရှေး၌ကဲ့သို့ထိုင်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်၍ ထိုင်ပါလော့ဟု ဆိုငြားသော်လည်း မထိုင်၊ ထိုအခါ မိဖုယားသည် ခပ်သိမ်းသော ခဲဘွယ်ဘောဇဉ်ကို ဘုရားလောင်း၏ သပိတ်၌လျင်ထည့်၏။ ရှေး၌ ဆွမ်းဘုဉ်းပေးခြင်းကိုပြု၍ ခြင်္သေ့ခံသောပြူတင်းပေါက်ကိုဘွင့်၍ ကောင်းကင်၌သာလျင် သွားသကဲ့သို့ ထို့အတူ ထိုနေ့၌ သွားခြင်းငှါ မတတ်နိုင်၊ သပိတ်ကိုယူ၍ စောင်းတန်းမဖြင့်လျှင်သက်၍ ဥယျာဉ်သို့ သွား၏။ မိဖုယားသည်ကား မိမိ၌ ဘုရားလောင်း၏ တပ်စွန်းသောစိတ်ကို သိ၏။ ဘုရားလောင်းသည် ဥယျာဉ်သို့သွား၍ ဆွမ်းကိုမစားမူ၍လျှင် ညောင်စောင်း အောက်၌သာလျှင် သပိတ်ကိုထား၏။ မိဖုယား၏ ဤသို့ သဘောရှိသော လက်တို့သည် တင့်တယ်ကုန်၏။ ခြေတို့သည် တင့်တယ်ကုန်၏။ ဤသို့သဘောရှိသော ခါးသည် တင့်တယ်၏။ ဤသို့သဘောရှိသော ပေါင်တို့သည် တင့်တယ်ကုန်၏။ ဤသို့ အစရှိသည်တို့ကို မြည်တမ်းလျက် ခုနစ်ရက် အိပ်၏။ ဆွမ်းသည်ကား ပုပ်သိုး၏။ ယင်ညိုတို့ဖြင့် ပြည့်၏။ ထိုအခါ မင်းသည် ပစ္စန္တရစ်ကို ငြိမ်စေ၍ ပြန်လာလတ်သော် တန်ဆာဆင်သောမြို့ကို လက်ျာရစ်လှည့်၍ မင်းအိမ်သို့ မသွားမီ ဘုရားလောင်းကို ဖူးအံ့ဟု ဥယျာဉ်သွား၍ အမှိုက်တို့ဖြင့်ပြည့်သော ကျောင်းကိုမြင်၍ အရပ်တပါးသို့ ကြွသည်ဖြစ်လတ္တံ့ဟု ကျောင်းတံခါးကိုဘွင့်၍ ကျောင်းသို့ဝင်လတ်သော် လျောင်း၍ နေသော ဘုရားလောင်းကိုမြင်၍ တစုံတခုသော မချမ်းသာခြင်းရှိလတ္တံ့ ဟု ပုပ်သိုးသောဆွမ်းကို စွန့်စေ၍ ကျောင်းကိုသုတ်သင်စေ၍ အရှင်ဘုရားအား အဘယ်ရောဂါ ရှိသနည်းဟု မေး၏။ မြတ်မင်းကြီး ငါ့ကို ထိုးမိ၏ဟု ဆို၏။ မင်းသည် ငါ၏ရန်သူတို့သည်ကား ငါ့အား အခွင့်မရကုန်၍ ဤရသေ့အား အားနည်းခြင်းကို ပြုကုန်အံ့ဟု လာ၍ ဤရသေ့ကို ထိုး အပ်သည် ဖြစ်လတ္တံ့ဟု အောက်မေ့၍ ကိုယ်ကိုပြစေ၍ စူးရာအရပ်ကို မမြင်လတ်သော် အရှင်ဘုရား အဘယ်၌ ထိုးမိသနည်းဟု မေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ငါ့ကို တပါးသောသူသည် မထိုးပေအပ်၊ ငါသည်သာလျှင် ငါ၏ နှလုံး၌ ငါ၏ကိုယ်ကို ထိုး၏ဟု ဆို၍ ထိုင်လျက်-
J		။ အာဒါယ ဒဏ္ဍံ ပရိသုမ္ဘ ဘသ္တံ၊ ပဿေဠမူဂံ ဥရဂံ ဒုဇိဝှံ။
J		နောက်တနေ့၌ ထိုအဆွေခင်ပွန်းတို့တွင် ဖျံသည် စောစောကလျှင် အစာရှာအံ့ဟု ထွက်၍ ဂင်္ဂါနားသို့သွား၏။ ထိုအခါ တယောက်သော တံငါသည်သည် ငါးကြင်း ခုနစ်ကောင်တို့ကို ဆယ်၍ နွယ်ဖြင့်သီ၍ ဂင်္ဂါကမ်းနား၌ သဲကိုယက်၍ သဲဖုံးလွှမ်း၍ တဘန်ငါးတို့ကို ဖမ်းအံ့သောငှါ ဂင်္ဂါအကြေသို့ သွား၏။ ဖျံသည် ငါးအနံ့နံ၍ သဲကိုယက်၍ ငါးကိုမြင်၍ ထုတ်၍ ထိုငါးတို့၏ အရှင်သည် ရှိသလောဟု သုံးကြိမ် အသံပြု၍ အရှင်ကို မမြင်လတ်သော် နွယ်ကိုကိုက်၍ မိမိနေရာ ချူံ၌ထား၍ မွန်းမတည့်မီ အချိန်၌သာလျှင် စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ မြေခွေးသည်လည်း နေရာအရပ်မှထွက်၍ အစာရှာလတ်သော် တယောက်သော လယ်စောင့်၏ တဲငယ်၌ တံစို့ဖြင့် သီအပ်သော အမဲတံစို့နှစ်ခု, ဖွတ်ကင်တစ်ခု, နို့ဓမ်းအိုးတစ်ခုကို မြင်၍ ထိုဝတ္ထုတို့၏ အရှင်သည် ရှိသလောဟု သုံးကြိမ်အသံပြု၍ အရှင်ကိုမမြင်၍ နို့ဓမ်းအိုး၌ ဖွဲ့သောကြိုးကို လည်၌သွင်း၍ အမဲတံစို့ နှစ်ခု, ဖွတ်ကင်ကို နှုတ်သီးဖြင့်ကိုက်လျက် ဆောင်ခဲ့၍ မိမိနေရာချုံ၌သာလျှင်ထား၍ မမါန်းမတည့်မီ အချိန်၌ စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက် ဝပ်၏။ မျောက်သည်လည်း နေရာမှထွက်၍ တောအုပ်သို့ဝင်၍ သရက်သီးခိုင်ကိုယူ၍ မိမိနေရာ၌ထား၍ မါန်းမတည့်မီ အချိန်၌သာလျှင် စားအံ့ဟု မိမိသီလကို ဆင်ခြင်လျက်ဝပ်၏။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာ၌ ရေကန်ကြီးသည် ရှိ၏။ ထိုရေကန်၌ ရွှေပုဇွန်ကြီးသည် နေ၏။ ရွှေပုဇွန်ကြီး၏ နေရာဖြစ်သောကြောင့် ကုဠီရ ရေကန်ဟု ထင်ရှား၏။ ထိုပုဇွန်ကြီးသည် ကောက်နယ်တလင်းဝန်း ပမာဏ ရှိ၏။ ဆင်တို့သည် ထိုပုဇွန်မှ ကြောက်ခြင်းကြောင့် ထိုရေကန်၌ ကျက်စားအံ့သောငှါ မတတ်နိုင်ကုန်၊ ထိုအခါ ဘုရားလောင်းသည် ထိုကုဠီရရေကန်ကို မှီ၍နေသော ဆင်မင်းကိုစွဲ၍ ဆင်မဝမ်း၌ ပဋိသန္ဓေနေ၏။ ထိုအခါ ထိုဆင်မသည် ကိုယ်ဝန်ကို စောင့်အံ့ဟု တပါးသော အရပ်သို့သွား၍ ကိုယ် ဝန်ကိုစောင့်၍ သားကိုဖွား၏။ ထိုဆင်သည် အစဉ်သဖြင့် လိမ္မာသောအဖြစ်သို့ ရောက်လတ်သော် ကြီးသောကိုယ်ရှိ၏။ အစွမ်းနှင့်ပြည့်စုံ၏။ တင့်တယ်ခြင်းအစုသို့ ရောက်၏။ မျက်စဉ်းတောင်ကဲ့သို့ ဖြစ်၏။ ထိုဆင်သည် တခုသော ဆင်မ၌ ပေါင်းဘော်ခြင်းကိုပြု၍ ပုဇွန်ကိုဖမ်းအံ့ဟု မိမိမယားကို၎င်း အမိကို၎င်းယူ၍ ဆင်အပေါင်းသို့ ချဉ်းကပ်၍ အဘကို ဖူးမြင်၍ ဘခင် အကျွန်ုပ်သည် ပုဇွန်ကို ဖမ်းအံ့ဟု ဆို၏။
J		။ ဇနိတ္တံ မေ ဘဝိတ္တံ မေ၊ ဣတိ ပင်္ကေ အဝဿယိံ။
J		လေးသည့်ဝန်တာ၊ ပေါ့စိမ့်ငှါ၊ စိတ်ဖြာဝေခွဲ ဉာဏ်နှင့်တွဲ
J		ထို့နောက် တကြိမ်သောအခါ၌ ချမ်းသာစွာနေသော ထိုသူဌေးကြီးကို ပစ္စန္တရစ်သူဌေးသည် သူဌေးကြီး ငါသည် သင်တို့၏အမှာစာကို မြင်လျှင် သင်တို့၏သားအား သ္မီးကိုပေး၏ဟု ဆို၏။ ဘုရားလောင်းသည် ကဝာဟကကိုသားပြု၍ ထိုအမှုအားလျော်စွာ ချစ်ဘွယ်သောစကားကိုဆို၍ သူဋ္ဌေးကို နှစ်သက်စေ၏။ ထိုအခါမှစ၍ ကဋာဟက၏မျက်နှာကို ကြည့်ခြင်းငှါ ဝံ့သောသူမည်သည် မရှိ၊ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် သူဌေးသ္မီးကိုခေါ်စေ၍ ချစ်သ္မီး ငါ၏ ဦး ခေါင်း၌ သန်းတို့ကိုရှာလော့ဟုဆို၍ လာလတ်၍ သန်းကိုကောက်သော ထိုသတိုသ္မီးကို ချစ်ဘွယ်သောစကားကိုဆို၍ ချစ်သ္မီး သင့်အား ငါ့သားသည် ချမ်းသာ ဆင်းရဲတို့၌ မမေ့မလျော့ရှိပါ၏ လော၊ နှစ်ယောက်ကုန်သော သူတို့သည် ဝမ်း မြောက်ကုန်သည်ဖြစ်၍ ညီညွတ်စွာနေခြင်းကို နေကြကုန်၏လောဟု မေး၏။
J		... နတ်နှင့်တကွလူကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ပုတ္တော တျာဟံ မဟာရာဇအစရှိသောဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကဋ္ဌဝါဟနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဝါသဘခတ္တိယာကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝါသဘခတ္တိယာ၏ဝတ္ထုသည်ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာဖြစ်လတ္တံ့ ဝါသဘခတ္တိယာသည် မဟာနာမ် သာကီဝင်မင်း၏ သ္မီးဖြစ်သတတ်၊ နာဂမုဏ္ဍအမည်ရှိသော ကျွန်မ၏ဝမ်း၌ဖြစ်၏။ ကောသလမင်းကြီး၏ မိဖုယားကြီးဖြစ်သတတ်၊ ဝါသဘခတ္တိယာသည် မင်းကိုစွဲ၍ သားကိုဖွား၏။ မင်းသည်ကား ဝါသဘခတ္တိယာ၏ ကျွန်မအဖြစ်ကို နောက်မှသိ၍ မိဖုယားကြီးအရာကိုနုတ်၏။ သား ဝိဋဋူဘ၏လည်း အရာကိုနုတ်သည်သာလျှင်တည်း၊ ထိုသားအမိနှစ်ယောက်တို့သည်လည်း နန်းတော်တွင်း၌သာလျှင် နေကုန်၏။
J		တေ စာပိ ဓိက္ကိတာ သတ္တာ၊ ယေ ဣတ္ထီနံ ဝသံ ဂတာ၊
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် နွားအမျိုး၌ဖြစ်၏။ ထိုအခါ ဘုရားလောင်းကို အရှင်တို့သည် နွားငယ်ဖြစ်စဉ်ကာလ၌လျှင် တယောက်သော သက်ကြီးမ၏ အိမ်၌နေ၍ ထိုသက်ကြီးမအား အိမ်၌နေရသော အခတည်းဟု ပိုင်းခြား၍ ပေးကုန်၏။ ထိုသက်ကြီးမသည် ထိုနွားငယ်ကို ယာဂုထမင်း အစရှိသည်တို့ဖြင့် လုပ်ကျွေးလျက် သားအရာ၌ ထား၍မွေး၏။ ထိုနွားသည် အယျိကကာဠကဟူ၍ သာလျှင် အမည်တွင်၏။ အရွယ်သို့ ရောက်သည် ရှိသော်လည်း မျက်စဉ်းညို အဆင်းရှိသည်ဖြစ်၍ ရွာ၌ နွားတို့နှင့်တကွ ကျက်စား၏။ သီလအကျင့်နှင့် ပြည့်စုံ၏။ ရွာသူသားငယ်တို့သည် ချိုတို့၌၎င်း နားတို့၌၎င်းကိုင်၍ တွဲလျားဆွဲကုန်၏။ အမြီး၌ကိုင်၍ ကစားကုန်၏။ ကျောက်ကုန်း၌လည်း စီးကုန်၏။ ထိုဘုရားလောင်းနွားသည် တနေ့သ၌ အမိသည် ဆင်းရဲ၏။ ငါ့ကို သားအရာ၌ထား၍ ဆင်းရဲသဖြင့် မွေး၏။ ငါသည် အခစားပြု၍ အမိကိုဆင်းရဲမှ လွတ်စေရမူကား ကောင်း၏ဟု ကြံ၍ ထိုဘုရားလောင်းသည် ထိုနေ့မှစ၍ အခကိုစုံစမ်းလျက်သွား၏။
J		ခုနစ်ရက်တိုင်အောင် ဥစ္စာတို့၏ မကုန်ခြင်းတို့ကို မြင်၍ ဥစ္စာဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ အိုခြင်းတရားသည် ငါ့ကို မနှိပ်စက်မီ ရဟန်းပြု၍ အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာပြည်သို့ လားအံ့ ဟုကြံ၍ အိမ်၌ ခပ်သိမ်းသော တံခါးတို့ကိုဖွင့်စေ၍ ငါ လှူအပ်သည်သာလျှင်ဖြစ်၏။ ဆောင်ယူစေကုန်သတည်း ဟု ဆို၍ မစင်ကိုစက်ဆုပ်သကဲ့သို့ ဝတ္ထုကာမတို့ကိုပယ်၍ လူများငိုကြွေးစဉ် မြို့မှထွက်၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ရဟန်းပြုပြီးလျှင် မိမိနေရာ အကျိုးငှာ နှလုံးမွေ့လျင်ဖွယ်ရှိသော မြေအဖို့ကိုကြည့်လျက် ဤအရပ်သို့ရောက်၍ ဤအရပ်၌ နေ့အံ့ဟု တစ်ခုသော ဣန္ဒဝါရုဏီမည်သော သစ်ပင်ကို ဆွမ်းခံပြု၍ အဓိဋ္ဌာန်၍ ထိုသစ်ပင်ရင်း၌လျှင် နေ၏။ ရွာနီးကျောင်းကိုပယ်၍ အာရညကင် ဆောက်တည်၏။ သစ်ရွက်မိုးသောကျောင်းကို မပြုမူ၍ ရုက္ခမူ ဆောက်တည်၏။ အဗ္ဘောကာသိကကို ဆောက် တည်၏။ နိုသဇ်ဓုတင်ကို ဆောက်တည်၏။ အကယ်၍ အိပ်ငြားအံ့၊ မြေ၌သာလျှင်အိပ်၏။ သွားဟူသော ကျည်ပွေ့ရှိသည်ဖြစ်၍ မီးဖြင့်မချက်သော အာဟာရတို့ကိုလျှင် စား၏။ သလေး မုယော အစရှိသော တစ်စုံတစ်ခုသော အာဟာရကိုမစား။ တစ်နေ့၌ တစ်ကြိမ်သာလျှင်စား၏။ ဧကာသနိက် ဆောက်တည်၏။ မြေဝယ်ပြန့်သောအရောင်၌ အရိပ်ကဲ့သို့ အသက်အပိုင်းအခြား ရှိသည်ဖြစ်၍ ထိုမျှလောက်ကုန်သော ထိုဓုတင်တို့ကို ဆောက်တည်၍နေ၏။
J		။ အမ္ဘော ကော နာမယံ ရုက္ခော၊ သိန္နပတ္တော သကဏ္ဋကော။
J		အထာသဒါ ခဒိရံ ဇာတသာရံ၊ ယတ္ထဗ္ဘိဒါ ဂရုဠော ဥတ္တမင်္ဂံ။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကလျာဏဓမ္မော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလျာဏဓမ္မဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော နားပင်းသော ယောက္ခမကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ သာဝတ္ထိမြို့၌ တယောက်သော သူကြွယ်သည် သဒ္ဓါခြင်းနှင့် ပြည့်စုံ၏။ ကြည်ညိုခြင်း ရှိ၏။ ရတနာသုံးပါးသို့ ဆည်းကပ်၏။ ငါးပါးသောသီလနှင့်ပြည့်စုံ၏။ ထိုသူကြွယ်သည် တနေ့သ၌ များစွာကုန်သော ထောပတ်အစရှိကုန်သော ဆေးတို့ကို၎င်း ပန်းနံ့သာ, အဝတ်အစရှိသည်တို့ကို၎င်း ယူ၍ ဇေတဝန် ကျောင်းတော်ဝယ် မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာအံ့သောငှါ သွား၏။ ထိုသူကြွယ်၏သွားသောကာလ၌ ယောက္ခမသည် ခဲဘွယ်ဘောဇဉ်ကိုယူ၍ သ္မီးကိုမြင်ခြင်းငှာ အလိုရှိသည်ဖြစ်၍ ထိုအိမ်သို့လာ၏။ ထိုယောက္ခမဖြစ်သော မိန်းမသည်လည်း အတန်ငယ်နားပင်းသည် ဖြစ်၏။ ထိုမိန်းမသည် သ္မီးနှင့်တကွ ထမင်းစားပြီး၍ ထမင်းဆီယစ်ခြင်းကို ဖျောက်လျှက် ချစ်သ္မီး သင့်လင်သည် သင်နှင့် ဝမ်းမြောက်ဝမ်းသာ ချစ်ခင်လျက် နေခြင်းကို ပြု၏လောဟု မေးလေ၏။ မိခင် အသို့ဆိုကုန်ဘိသနည်း၊ သင် မိခင်တို့၏သမက်သည် သီလအားဖြင့်၎င်း အကျင့်၏ ပြည့်စုံခြင်းအားဖြင့်၎င်း အကြင်သို့ သဘောရှိ၏။ ထိုသို့သဘောရှိသည်ကို ရဟန်းဖြစ်သောသူသည်လည်း ရခဲစွတကားဟုဆိုသည်ရှိသော် ဒါယိကာမသည် သ္မီး၏စကားကို ကောင်းစွာမမှတ်နိုင်၍ ရဟန်းဟူသောအသံကိုသာလျှင်ယူ၍ ချစ်သ္မီး အဘယ့်ကြောင့် သင်၏လင်သည် ရဟန်းပြုလေသနည်းဟု ကျယ်စွာသော အသံကိုပြု၏။ ထိုအသံကိုကြား၍ အိမ်အလုံး၌ နေကုန်သောသူတို့သည် ငါတို့၏သူကြွယ်သည် ရဟန်းပြုသတတ်ဟု မြည်တမ်းကြကုန်၏။ ထိုအိမ်သူတို့၏အသံကို ကြားကုန်၍ တံခါးဖြင့်သွားကုန်သော သူတို့သည် အဘယ်မည်သောအကြောင်းကြောင့် ငိုကုန်သနည်းဟု မေးကုန်၏။ ဤအိမ်၌ သူကြွယ်သည် ရဟန်းပြုသတတ်ဟု ဆိုကြကုန်၏။ ထိုသူကြွယ်သည်လည်း မြတ်စွာဘုရား၏တရားတော်ကို နာပြီးလျှင် ကျောင်းမှထွက်ခဲ့၍ မြို့သို့ဝင်လာ၏။ ထိုအခါ၌ ထိုသူကြွယ်ကို ခရီးအကြား၌သာလျှင် တယောက်သော ယောက်ျားကိုမြင်၍ အဆွေ သင်သည် ရဟန်းပြုသတတ်ဟု သင်၏အိမ်၌ သားမယား အခြွေအရံတို့သည် ငိုကြွေးမြည်တမ်းကြကုန်၏ဟု ဆို၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အနိက္ကသာဝေါ ကာသာဝံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ကာသာဝဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည်ကား ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။ တပါးသောအခါ၌ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည် ငါးရာကုန်သော ရဟန်းအပေါင်းတို့နှင့်တကွ ဝေဠုဝန်ကျောင်းတော်၌ နေ၏။ ဒေဝဒတ်သည်လည်း မိမိအားလျော်သော သီလမရှိသော ပရိသတ်နှင့်ခြံရံလျက် ဂယာသီသ၌ နေ၏။ ထိုအခါ ရာဇဂြိုဟ်ပြည်၌ နေကုန်သောသူတို့သည် ဆန္ဒကို တပေါင်းတည်း ပြုကုန်၍ အလှူကို စီရင်ကုန်၏။ ထိုအခါ၌ တယောက်သော ကုန်ပြုအံ့သောငှါလာသော ကုန်သည်သည် ဤပုဆိုးကို စွန့်ကုန်၍ ငါ့ကိုလည်း ကုသိုလ်၏အဘို့ရှိသည်ကို ပြုပါကုန်လောဟု များစွာအဘိုးထိုက်သော မွှေးကြိုင်သော သင်္ကန်းလျာပုဆိုးကို ပေး၏။ ပြည်သူတို့သည် အလှူကြီးကို ဖြစ်စေကုန်၏။ အလုံးစုံသော အလှူဝတ္ထုသည် ဆန္ဒတူသောအားဖြင့် စုရုံးအပ်ကုန်သော အသပြာတို့ဖြင့်သာလျှင် ပြီး၏။ ထိုမွှေးသော အနံ့ရှိသောပုဆိုးသည် လွန်ကဲသည်ဖြစ်၏။ လူများသည် စည်းဝေးကုန်၍ မွှေးကြိုင်သောပုဆိုးသည် လွန်ကဲ၏။ အဘယ်အရှင်အား လှူရကုန်အံ့နည်း သာရိပုတ္တရာမထေရ်အားတည်း လှူရကုန်အံ့လော၊ ထိုသို့မဟုတ်မူကား အရှင်ဒေဝဒတ်အားတည်း လှူရကုန်အံ့လောဟု စည်းဝေးတိုင်ပင်ကြကုန်၏။
J		မုစ္စတေ သတ္တုသမ္ဗာဓာ၊ ကုက္ကုဋောဝိယ သေနကာ။
J		ကြံပြီး၍ ထိုသို့ ဆိုနိုင်ခက်သော ရဟန်းငယ်သည် ရွာတွင်းမှ ဆွမ်းစားပြီးသော် လာ၍ အိပ်စဉ်လျှင် ချိုးရေကို နွှေး၍ ရေချိုးအုံမှအပ၌ထား၍ တမှုတ်မျှသော ရေနွေးကို ခုံလောက်၌ တင်သောအိုး၌ထား၏။ ဆိုနိုင်ခက်သော ရဟန်းငယ်သည် နိုးလတ်သော် သွား၍ အငွေ့ထသည်ကိုမြင်၍ ရေကိုနွှေး၍ ရေချိုးအုံ၌ ထားသည်ဖြစ်လတ္တံ့ဟု မထေရ်အထံသို့သွား၍ အရှင်ဘုရား ရေချိုအုံ၌ ချိုးရေတည်ထားပြီ၊ ရေချိုးတော်မူပါလော့ဟု လျှောက်ထား၏။ မထေရ်သည် ရေချိုးအံ့ဟု ထိုရဟန်းငယ်နှင့်တကွလျှင် လာလတ်၍ ရေချိုးအုံ၌ ရေကိုမမြင်၍ ရေအဘယ်မှာနည်းဟု မေး၏။ ထိုရဟန်းငယ်သည် လျင်မြန်စွာ မီးတင်းကုပ်သို့သွား၍ အချည်းနှီးသောအိုး၌ ရေမှုတ်ကို ချ၏။ ရေမှုတ်သည် အချည်းနှီးသော အိုး၏အပြင်၌ ကျ၍ ခေါက်ခေါက်မြည်၏။ ထိုအခါမှစ၍ ထိုရဟန်းငယ်အား ဥဠုင်္ကသဒ္ဒကဟူသော အမည်သည် ဖြစ်၏။
J		မင်းသည် ထိုသူတို့ကို သတ်ပြီး၍ သေအိုးတို့ကို ခွဲလေကုန်ဟု စေ၏။ ကြောင်တို့သည် သုရာအယစ် ပြေကုန်သည်ရှိသော် ထ၍ ကစားမြူးတူးလျက် သွားကုန်၏။ ထိုသို့ သွားကုန်သော ကြောင်တို့ကိုမြင်၍ မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် အကယ်၍ အဆိပ်ဖြစ်အံ့၊ ထိုကြောင်တို့သည် သေကုန်ရာ၏။ အလွန် ချိုမြိန်မြတ်သည်သာလျှင် ဖြစ်ရာ၏။ ထိုသေကို ငါသောက်အံ့ဟု ကြံ၍ မြို့ကို တန်ဆာဆင်စေပြီးလျှင် မင်းယင်ပြင်၌ မဏ္ဍပ်ကို ဆောက်လုပ်စေ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်၌ ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေ၍ မှူးမတ်အပေါင်း ခြံရံလျက် သေကို သောက်အံ့သောငှါ အားထုတ်၏။ ထိုအခါ သိကြားနတ်မင်းသည် အဘယ်သူသည် အမိအဘကို လုပ်ကျွေးခြင်း အစရှိသည်တို့၌ မမေ့မလျော့သနည်း၊ သုံးပါး အပြားရှိသော သုစရိုက်တရားတို့ကို ဖြည့်သနည်းဟု လူ့ပြည်ကို ကြည့်လတ်သော် သေသောက်အံ့သောငှာ နေသော ထိုမင်းကိုမြင်၍ ဤမင်းသည် သေကို အကယ်၍ သောက်အံ့၊ ဤသို့ သောက်သည်ရှိသော် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကြီးသည် ပျက်စီးလတ္တံ့၊ အကြင်အခြင်းဖြင့် ပြုသည်ရှိသော် မင်းသည် သေကို မသောက်လတ္တံ့၊ ထိုအခြင်းဖြင့် ထိုမင်းကို ငါပြုအံ့ဟု ကြံ၍ သေဖြင့်ပြည့်သော အိုးတလုံးကို လက်ဝါးပြင်၌ထား၍ ပုဏ္ဏားအသွင်ဖြင့် လာလတ်ပြီးလျှင် မင်း၏ရှေးရှုဖြစ်သော။ ကောင်းကင်၌ရပ်၍ ဤအိုးကို ဝယ်ကြကုန်လော့ဟု ဆို၏။ သဗ္ဗမိတ္တမင်းသည် ထိုအခြင်းဖြင့်ဆိုလျက် ကောင်းကင်၌ တည်သော ထိုသိကြားမင်းကိုမြင်၍ ပုဏ္ဏား- အဘယ်အရပ်မှ လာသနည်းဟု မေး၍ ထိုသိကြားမင်းနှင့်တကွ စကားပြောလိုရကား-
J		ဤသို့ တကျိပ်တယောက်သော သူတို့၏သီလကို ရွှေပြား၌ ရေးကုန်၍ ဒန္တပုရမြို့သို့ သွား၍ ကာလိင်္ဂမင်းအား ရွှေပြားကိုပေး၍ ထိုအကြောင်းကို ကြားကုန်၏။ ကာလိင်္ဂမင်းသည် ထိုကုရုဓမ္မ၌တည်၍ ပဉ္စသီတို့ကို ဖြည့်၏။ ထိုခဏ၌ အလုံးစုံသော ကာလိင်္ဂတိုင်း၌ မိုဃိးသည် ရွာ၏။ ဘေးသုံးပါးတို့သည် ငြိမ်းကုန်၏။ တိုင်းနိုင်ငံသည် ဘေးဘျမ်းမ်းမရှိ၊ ဝပြောသာယာ၏။ ဘုရားလောင်းသည် အသက်ထက်ဆုံး ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ပရိသတ်နှင့်တကွ နတ်ပြည်ကို ပြည့်စေ၏။
J		... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ပြည့်တန်ဆာမ ဖြစ်ဘူးပြီ၊ ယခုအခါ ပုဏ္ဏမထေရ်သည် ထိုအခါ တံခါးစောင့် ဖြစ်ဘူးပြီ၊ ယခုအခါ ကစ္စည်းမထေရ်သည် ထိုအခါ ကြိုးတိုင်းအမတ် ဖြစ်ဘူးပြီ၊ ယခုအခါ မောဂ္ဂလ္လာန် မထေရ်သည် ထိုအခါ တင်းခြင်အမတ် ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာ မထေရ်သည် ထိုအခါ သူဌေးဖြစ်ဘူးပြီ၊ ယခုအခါ အနုရုဒ္ဓါမထရျေသည် ထိုအခါ ရထား ထိန်း ဖြစ်ဘူးပြီ၊ ယခုအခါ ကဿပမထေရ်သည် ထိုအခါ ပုဏ္ဏား ဖြစ်သွားပြီ၊ ယခုအခါ နန္ဒပညာရှိသည် ထိုအခါ အိမ်ရှေ့မင်း ဖြစ်ဘူးပြီ၊ အခုအခါ ရာဟုလာမယ်တော်သည် ထိုအခါ မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ မယ်တော်မာယာသည် ထိုအခါ မင်း၏မယ်တော် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောရဗျမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
J		ကုသမင်းသည် ဆင်တင်းကုပ်၌ မယ်တော်နောက်မှ လိုက်လာသော ပဘာဝတီကိုမြင်လျှင် ဆင်ထိန်းအသွင်ဖြင့် ပဘာဝတီကျောကို ဆင်ချေးတုံးဖြင့်ပစ်၏။ ပဘာဝတီသည် အမျက်ထွက်ရကား အရှင်မင်းကြီးအား တင်လျှောက်၍ သင့်လက်ကို ဖြတ်စေအံ့ဟု ဆို၍ မယ်တော် သီလဝတီမိဖုရားကြီးကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုမယ်တော်မိဖုရားကြီးသည် ချစ်သမီး စိတ်မဆိုးလင့်ဟု ဆို၍ ပဘာဝတီကို ချော့မော့စေ၍ ကျောကို ဆုပ်နယ်တော်မူ၏။
J		။ တဂ္ဃ တေ ဒုက္ကဋံ ဗာလေ၊ ယံ ခတ္တိယံ မဟဗ္ဗလံ။
J		။ သာဒုံ ဝါ ယဒိ ဝါ သာဒုံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
J		ကော နု သန္တမှိ ပဇ္ဇောတေ - အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ခဇ္ဇောပနကပဉှာသည် မဟာဥမင်္ဂဇာတ်၌ အကျယ်အားဖြင့် ဖြစ်လတ္တံ့။
J		ရဇ္ဇုယာဟိ ပရိက္ခိတ္တော၊ ဝင်္ကောဋ္ဌော ဩဟိတော မုခေါ။
J		... ဟံစိ တုဝံ ဧဝမညာသိ ဤသို့အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဂဒြဘပဥှာဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ ဂါထာကား-
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ နု ဂိဇ္ဈော ယောဇနသတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္ဈဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသောမိဘတို့ကို လုပ်ကျွေးသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် သုဝဏ္ဏသာမ ဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ အထူးကား သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် လူတို့ကိုမွေးမြု၏ဟု ငါကြားတော်မူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်သူတို့ကို မွေးမြူသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မိဘတို့ကို မွေးမြူပါ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ကောင်းစွ ကောင်းစွဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ ရဟန်းတို့ ဤရဟန်းကို သင်တို့သည် မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည်လည်း ကျေးဇူးကိုသိသည်၏ အစွမ်းအားဖြင့် အဆွေမတော်ကုန်သော သူတို့အားလည်း ကျေးဇူး ဆပ်ခြင်းကို ပြုကုန်၏။ မိဘတို့အား မွေးမြူခြင်းသည်ကား ဤရဟန်း၏ ဝန်ဖြစ်ပေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		ထိုအခါ၌ ထိုခြင်္သေ့ကို အစာရှာသွားသော မြေခွေးတခုသည်မြင်၍ ကြောက်ခြင်းကြောင့် ပြေး၏။ ခြင်္သေ့သည် ထိုမြေခွေးကိုခေါ်၍ အိုမြေခွေး မပြေးလင့်၊ ငါသည် ညွန်၌နစ်၏။ ငါ့အား အသက်ကို ပေးလှည့်ပါလော့ဟု ဆို၏။ မြေခွေးသည် ထိုခြင်္သေ့၏ အထံသို့သွား၍ အိုခြင်္သေ့ ငါသည် သင့်ကို ညွန်မှထုတ်လိုပါ၏။ ထုတ်သော်တမူကား ငါ့ကို သင်စားရာ၏။ ထို့ကြောင့် ကြောက်ပေ၏ဟု ဆိုသည်ရှိသော် အိုမြေခွေး မကြောက်ပါလင့်၊ သင့်ကို ငါ မစားအံ့၊ စင်စစ်လျှင် သင့်အား များစွာသောကျေးဇူးကို ပြုပါအံ့၊ တခုသောအကြောင်းဖြင့် ငါ့ကို ညွန်ကထုက်ပါလော့ဟု ဆို၏။ မြေခွေးသည် ထိုခြင်္သေ့၏ ဝန်ခံခြင်းကိုယူ၍ အခြေလေးချောင်းတို့၏ ထက်ဝန်းကျင်မှ ညွန်တို့ကိုပယ်၍ အခြေလေးချောင်းတို့၏ တည်ရာအရပ်မှ မြောင်းလေးခုတို့ကိုလည်းယက်၍ ရေသို့ရှေးရှုသွယ်၏။ ရေကိုသွင်း၍ ညွန်ကိုပျော့အောင်ပြု၏။ ထိုခဏ၌ မြေခွေးသည် ခြင်္သေ့၏ဝမ်းအောက်သို့ဝင်၍ သခင် လုံ့လကိုပြုလော့ဟု ကျယ်သောအသံကိုပြုလျက် ဦးခေါင်းဖြင့်ဝမ်းကိုရွက်၏။ ခြင်္သေ့သည် အဟုန်ကိုဖြစ်စေ၍ ညွန်မှတက်ပြီးလျှင်ပြေး၍ ကုန်း၌တည်၏။ ထိုခြင်္သေ့သည် အတန်ငယ် အပင်အပန်း ဖြေ၍ အိုင်သို့ဆင်း၍ ညွန်ကိုဆေး၍ ရေချိုး၍ ပူပန်ခြင်းကိုငြိမ်းစေပြီးလျှင် တခုသော ကျွဲကိုသတ်၍ အစွယ်တို့ဖြင့်ထွင်၍ အသားကို ကောင်းသောမြေခွေး စားလော့ဟုဆို၍ မြေခွေး၏ ရှေ့မှာထား၍ ထိုမြေခွေးသည် စားပြီးသောနောက်မှ မိမိသည်စား၏။ တဖန် မြေခွေးသည် သားတစ်တတုံးကို ကိုက်၍ ချီ၏။ ကောင်းသောမြေခွေး ဤအမဲတုံးကို အဘယ်အကျိုးငှာ ချီသနည်းဟု မေးသည်ရှိသော် သခင် အရှင်တို့၏ ကျွန်မသည် ရှိ၏။ ထိုကျွန်မဘို့ ဖြစ်လတ္တံ့ ဟုဆို၏။ ခြင်္သေ့သည် ချီလော့ဟုဆို၍ မိမိသည်လည်း ခြင်္သေ့မ၏အကျိုးငှါ အမဲကိုချီ၍ ကောင်းသော မြေခွေး လာလော့၊ ငါတို့၏ တောင်ထိပ်၌ တည်၍ အဆွေခင်ပွန်းမ၏နေရာအရပ်သို့ သွားကြကုန်အံ့ဟု ဆို၍ ထိုအရပ်သို့သွားပြီးလျှင် အမဲကိုစားစေ၍ မြေခွေးဖိုကို၎င်း မြေခွေးမကို၎င်း နှစ်သိမ့်စေ၍ ဤနေ့မှစ၍ ယခုအခါ၌ သင်တို့ကို လုပ်ကျွေးအံ့ဟု ဆို၍ မိမိနေရာအရပ်သို့ဆောင်၍ မိမိဂူ၏တံခါးနား ဂူတခု၌နေစေ၏။ ထိုခြင်္သေ့ မြေခွေးတို့သည် ထိုနေ့မှစ၍ အစာရှာအံ့သောငှသွားကုန်သည်ရှိသော် ခြင်္သေ့မကို၎င်း မြေခွေးမကို၎င်း ထားခဲ့ကုန်၍ မြေခွေးနှင့်တကွ သွားကြကုန်၍ အထူးထူးကုန်သော သားတို့ကိုသတ်၍ ခြင်္သေ့မြေခွေး နှစ်ဦးတို့သည်လည်း ထိုအရပ်၌ပင်လျှင် အသားကိုစားကုန်၍ မိမိတို့မှတပါးကုန်သော ခြင်္သေ့မမြေခွေးမတို့အား ဆောင်ခဲ့ကုန်၍ပေးကုန်၏။ ဤသို့ ကာလရှည်မြင့်လတ်သော် ခြင်္သေ့မလည်း သားနှစ်ခုတို့ကို ဖွား၏။ မြေခွေးမလည်း သားနှစ်ခုတို့ကိုဖွား၏။ ထိုအလုံးစုံကုန်သော ခြင်္သေ့မြေခွေးတို့သည်လည်း အညီအညွတ် နေကြကုန်၏။
J		နောင်တော် မင်းနှစ်ပါးတို့သည် ကြားရလျှင် အလွန်နှစ်သက်ကုန်သည်ဖြစ်၍ ထိုတူမမင်းသမီးအား အဉ္ဇနဒေဝီ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနှမတော်, ယောက်ဖတော်တို့အား ဝဍ္ဎမာနမည်သော ရွာကို ကံကျွေးခံ ပေးကုန်၏။ ဥပသာဂရ မင်းသားသည် မြောက်သားတော် ဒေဝဂဗ္ဘာ မင်းသမီးကိုယူ၍ ဝဍ္ဎမာနမည်သော စားကျေးရွာ၌ နေ၏။ ဒေဝဂဗ္ဘာမင်းသမီး၌ တစ်ဖန် ကိုယ်ဝန် တည်ပြန်၏။ နန္ဒိဂေါပါသည်လည်း ထိုနေ့၌ပင် ကိုယ်ဝန်ရ၏။ ထိုနှစ်ယောက်သော မင်းသမီးဒေဝဂဗ္ဘာ, အထိန်းတော် နန္ဒိဂေါပါတို့သည် ကိုယ်ဝန် ရင့်ကုန်သည်ရှိသော် တစ်နေ့ချင်းသာလျှင် ဒေဝဂဗ္ဘာမင်းသမီးသည် သားယောကျ်ားကို ဖွား၏။ အထိန်းတော်နန္ဒိဂေါပါသည် သားမိန်းမကို ဖွား၏။ ဒေဝဂဗ္ဘာမင်းသမီးသည် သားကို မောင်တော် ဖျက်ဆီးအံ့သည်မှ ကြောက်သောကြောင့် သားကို နန္ဒိဂေါပါအား လျှို့ဝှက်သောအားဖြင့် ပေးလိုက်၍ ထိုနန္ဒိဂေါပါ၏ သမီးကို ဆောင်ယူခဲ့၏။ ထိုဒေဝဂဗ္ဘာမင်းသမီး သားဖွားသော အဖြစ်ကို မောင်တော်တို့အား ကြား လျှောက်ကုန်၏။ ထိုမောင်တော်တို့သည် သားယောကျ်ားကို ဖွားသလော၊ သားမိန်းမကို ဖွားသလောဟု မေး၍ သားမိန်းမကို ဖွား၏ဟူ၍ တင်လျှောက်သည်ရှိသော် ထိုသို့ သားမိန်းမ ဖွားတပြီးကား မွေးလေကုန် ဟု ဆိုကုန်၏။ ဤသို့နည်းအားဖြင့် ဒေဝဂဗ္ဘာ မင်းသမီးသည် တစ်ကျိပ်သော သားတို့ကို ဖွား၏။ နန္ဒိဂေါပါသည် ထစ်ကျိပ်သော သမီးတို့ကို ဖွား၏။ တစ်ကျိပ်သော သားတို့သည် အထိန်းတော် နန္ဒီဂေါပါ၏ အထံ၌ ကြီးကုန်၏။ တစ်ကျိပ်သော သမီးတို့သည် ဒေဝဂဗ္ဘာ မင်းသမီးအထံ၌ ကြီးကုန်၏။ တိုအကြောင်းကို တစ်စုံတစ်ယောက်သောသူသည် မသိ။
J		အပွေသုက္ကော နိရာသင်္ကီ၊ အသောကော အကုတော ဘယော။
J		။ သောဠာဟိ စ ဗာတ္တိံသ၊ အတြိစ္ဆံ စက္ကမာသဒေါ။
J		။ တေ ပုပ္ဖသန္ထတာ ရမဏီယာ၊ ဝါဠမိဂေဟိ အနုစိဏ္ဏာ။
J		။ သော ရာဇာ ပါဝိသိ ဗျမှံ၊ စမ္ပေယျဿ နိဝေသနံ။
J		အဂ္ဃေ ဘဝန္တံ ပုစ္ဆာမ၊ အဂ္ဃံ ကုရုတု နော ဘဝံ။
J		ကာလိင်္ဂမင်း ပြေးသည်ရှိသော် အဿကမင်းသည် ပျက်စီးသည်ကို ယူခဲ့စေ၍ မိမိမြို့သို့ သွား၏။ နန္ဒိသေနသည် ဤလေးယောက်ကုန်သော မင်းသ္မတို့၏ အမွေအစုကို ပို့လာစေ၊ အကယ်၍ မပို့စေငြားအံ့၊ ပြုအပ်သောအမှုကိုပြုအံ့ဟု ကာလိင်္ဂမင်းသို့ သတင်းကြားစေ၏။ ကာလိင်္ဂမင်းသည် သတင်းစကားကို ကြား၍ အလွန်ကြောက်လန့်ရကား မင်းသ္မီးတို့သည် ရသင့်သောအမွေကို ပို့စေ၏။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် ညီညွတ်စွာ နေကုန်၏။
J		။ သိင်္ဂါလ ဗာလ ဒုမ္မေဓ၊ အပ္ပပညောသိ ဇမ္ဗုက။
J		သွဇ္ဇ တုဏှိကတော ဒါနိ၊ သင်္သာဋိံ သိဗ္ဗမစ္ဆသိ။
J		။ ဟီနဇစ္စောပိ စေ ဟောတိ၊ ဥဋ္ဌာတာ မီတိမာ နရော။
J		သံဝိရူဠှေထ မေဓာဝီ၊ ခေတ္တေ ဗီဇံဝ ဝုဋ္ဌိယာ။
J		။ ကထံ ပနာယံ ဝိဟင်္ဂေါ၊ နာဒ္ဒသ ပါသမောဍ္ဍိတံ။
J		... သဗ္ဗညူ မြတ်ဘုရားသည် ဤစူဠဟံသဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုသာလျှင် အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေးအခါ၌လည်း အာနန္ဒာသည် ဘုရား၏ အကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီ ဟု မိန့်တော်မူ၍ ယခုအခါ ဆန္နမထေရ်သည် ထိုအခါ မုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတြာသည် ထိုအခါ သာဂလမင်း ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရွှေဟင်္သာစစ်သူကြီး သုမုခ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာအပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သားအပေါင်းတို့၏အရှင်ဓတရဋ္ဌရွှေဟင်္သာမင်း ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။
J		ဒွိန္နမညတရံ ဉတွာ၊ မုတ္တော ဂစ္ဆေယျ ပဗ္ဗတံ။
J		ထိုအခါ ဗာရာဏသီ မြို့တံခါး၌နေသော တစ်ယောက်သော မိန်းမအိုသည် ဝါခင်းမှ တောင်းပြည့်အောင် ဝါကိုယူ၍ တောင်ဝှေးဖြင့် မြေကိုထောက်၍ လာ၏။ ဝက်မသည် ထိုအသံကိုကြား၍ သေဘေးကိုကြောက်သဖြင့် သားငယ်နှစ်ခုတို့ကို စွန့်၍ပြေး၏။ မိန်းမအိုသည် ဝက်ငယ်တို့ကိုမြင်၍ သားအမှတ်ကိုပြု၍ တောင်း၌ထည့်၍ အိမ်သို့ ဆောင်၍ အကြီးအား မဟတုဏ္ဍိလ ဟူသော အမည်, အငယ်အား စူဠတုဏ္ဍိလ ဟူသောအမည်ကို မှည့်၍ ထိုဝက်ငယ်တို့ကို သားငယ်ကဲ့သို့ မွေး၏။ ထိုဝက်ငယ်တို့သည် နောက်အဖို့၌ ကြီးကုန်၍ ပြည့်ဖြိုးသော ကိုယ်ရှိကုန်၏။
J		နေဝင်၍ တရားနာအံ့သောကာလကို ကြွေးကြော်သည်ရှိသော် ရဟန်း အပေါင်းသည် စည်းဝေး၏။ ထိုကောာလိကသည် လိပ်သရွှေပန်းအဆင်းနှင့်တူသော သင်းပိုင်ကိုဝတ်၍ မဟာလှေကားပန်းအဆင်းနှင့်တူသော သင်္ကန်းကိုရုံ၍ သင်္ဃာအလယ်သို့ဝင်၍ သီတင်းကြီးသောရဟန်းတို့ကို ရှိခိုး၍ တန်ဆာဆင်အပ်သော ရတနာမဏ္ဍပ်၌ ခင်းအပ်သော ဓမ္မကထိကတို့၏နေရာသို့တက်၍ ဆန်းကြယ်သောယပ်ကိုကိုင်၍ အသံဖြင့်ဟောအပ်သောတရားကို ဟောအံ့ဟူ၍ နေ၏။ ထိုခဏ၌သာလျှင် ကောကာလိက၏ကိုယ်မှ ချွေးတို့သည် ယိုကုန်၏။ ရွံရှာသည်၏ အဖြစ်သည်လည်း သက်ဝင်၏။ ဟောဦးစ၌ ပဌမပုဒ်ကိုဟော၍ ပဌမပုဒ်မှတပါးကို မမြင်သလျှင်ကတည်း၊ ထိုကောကာလိကသည် တုန်လှုပ်လျက် နေရာမှသက်၍ ရှက်စနိုးသည်ဖြစ်၍ သင်္ဃာ့အလယ်မှဖဲ၍ မိမိ၏ ပရိဝုဏ်သို့ သွားလေ၏။ တပါးသော အကြား အမြင်များသောရဟန်းသည် အသံဖြင့်ဟောအပ်သော တရားကို ဟော၏။ ထိုအခါမှစ၍ ရဟန်းတို့သည် ထိုကောကာလိက၏ အချည်းနှီး၏အဖြစ်ကို သိကုန်၏။ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ ရှေးဦးစွာသော ကောကာလိက၏ အချည်းနှီး၏ အဖြစ်ကို သိနိုင်ခဲ့၏။ ယခုအခါ၌ကား မိမိသည်မြွက်၍ ထိုကောကာလိက၏ ထိုအချည်း နှီး၏အဖြစ်သည် ထင်ရှား၏ဟု စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ကောကာလိကသည် ယခုအခါ၌သာလျှင် ဤကဲ့သို့ဆို၍ မိမိ၏ အချည်းနှီးအဖြစ်သည် ထင်ရှားသည်မဟုတ်သေး၊ ရှေး ၌လည်း ဤကဲ့သို့ဆို၍ ထင်ရှားသည် ဖြစ်ဘူးပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		အမျက်သွမ်းသော့၊ ထင်တိုင်းနော့၊ သွားတော့ မစင်မြေ
J		။ ဝိရတေ မေထုနာ ဓမ္မာ၊ ယေ မေ ဘုဉ္ဇေယျု ဘောဇနံ။
J		တစ်နေ့သ၌ ထိုဆင်မသည် နံနက် အခါ၌လျှင် အရိယာအပေါင်း ခြံရံလျက် နှိုင်းယှဥ်စရာ ဥပမာမရှိသော ဘုရားအသရေတော်ဖြင့် မြို့သို့ ဆွမ်းအလို့ငှာ ဝင်သော သဗ္ဗညူမြတ်စွာဘုရားကို မြင်၍ သဗ္ဗညူမြတ်စွာဘုရား၏ ခြေတော်ရင်း၌ ဝပ်၍ ဘုန်းတော်ကြီးသော ခပ်သိမ်းသောတရားကို သိတော်မူသော လောကကို ဝဋ်ဆင်းရဲမှ ထုတ်တော်မူသော အရှင်ဘုရား ဥတေနမင်းသည် အကျွန်ုပ်ကို ပျိုသောကာလ အမှုကို လုပ် ဆောင်ခြင်းငှာ စွမ်းနိုင်သောကာလ၌ ဤဆင်မကိုမှီ၍ ငါသည် အသက်ကိုလည်းကောင်း၊ ပြည်ကိုလည်းကောင်း, မိဖုရားကိုလည်းကောင်း ရအပ်၏ ဟု ချစ်သနား၍ ကြီးစွာသော ပူဇော် သက္ကာရကို ပေး၏။ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်၍ တည်ရာအရပ်၌ နံ့သာဖြင့် လိမ်းကျံ၍ အထက်၌ ရွှေကြယ်ဗိတာန်ကိုဖွဲ့၍ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ကို ကာ၍ ဆီမီးကိုထွန်း၍ အခိုး အထုံအိုးကိုထား၍ ကျင်ကြီးစွန့်ရာအရပ်၌ ရွှေအိုးကိုတည်စေ၍ အကျွန်ုပ်ကို ဆန်းကြယ်သော အခင်းရှိသော အင်းပျဉ်၌ထား၏။ အကျွန်ုပ်အား မင်းအားသာထိုက်သော အထူးထူးသော အရသာရှိသော ဘောဇဉ်ကို ပေး၏။ ယခုအခါ အကျွန်ုပ်အား အိုသောကာလ၌ အမှုကို လုပ်ဆောင်အံ့သောငှာ မစွဲမ်းနိုင်သော ကာလ၌ အလုံးစုံသော ပူဇော် သက္ကာရကို ဖြတ်၏။ ကိုးကွယ်ရာ ထောက်ပံ့ရာ မရှိသည်ဖြစ်၍ တော၌ ဆတ်သွားတို့ကို စားလျက် အသက်မွေးရ၏။ အကျွန်ုပ်အား တစ်ပါးသော ကိုးကွယ်ရာသည် မရှိ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားတို့သည် ဥတေနမင်းအား အကျွန်ုပ်၏ကြေးဇူးကို မှတ်စေ၍ ရှေး၌ဖြစ်သော ပူဇော်သက္ကာရကို ပကတိရှိသည်ကို ပြုတော်မူပါကုန်လော့ဟု ငိုကြွေးလျက် မြတ်စွာဘုရားကို တောင်းပန်၏။
J		သူများငြူစူ၊ ကိုယ်၌မူ၊ မဖြူ စည်းစိမ်ပျက်]
J		ထိုပုဏ္ဏားလုလင်သည် ဆရာ အကျနုပ်၏မယားသည် တနေ့သောနေ့၌ အလိုရှိသည်ဖြစ်၍တောင့်တ၏။ ကျွန်မကဲ့သို့ နှိမ့်ချသောမာနရှိ၏။ တနေ့သ၌ သခင်မကဲ့သို့ခိုင်မာ၏။ ကြမ်းကြုတ်၏။ အကျွန်ုပ်သည် ထိုမိန်းမ၏အလိုကို သိခြင်းငှါမတတ်နိုင်၊ ထိုမိန်းမသည် နှိပ်စက်အပ်သည်ဖြစ်၍ နှောက်ရှက်သော စိတ်ရှိသည်ဖြစ်၍ ဆရာတို့အားခစားအံ့သောငှါ မလာသည်ဖြစ်၏ဟု ဆို၏။ ဆရာသည် လုလင် သင်ဆိုသောစကားသည် သင်ဆိုတိုင်းသာလျှင် မှန်၏။ မိန်းမတို့သည်လည်း ယုတ်မာသောအကျင့်ကို ကျင့်သည့်နေ့၌ လင်၏အလိုသို့ လိုက်ကုန်၏။ ကျွန်မကဲ့သို့ နှိမ့်ချသော မာန်ရှိသည်ဖြစ်၏။ ယုတ်မာသော အကျင့်ကို မကျင့်သော နေ့၌ကား မာနဖြင့်ခိုင်မာသည်ဖြစ်၍ လင်ကိုမခံ့ညား၊ ဤသို့ ထိုမိန်းမတို့မည်သည်ကား ယုတ်မာသော အကျင့်ရှိကုန်၏။ သီလမရှိကုန်၊ ထိုမိန်းမတို့၏ အလိုမည်သည်ကိုသိနိုင်ခဲ၏။ ထိုမိန်းမတို့သည် အလိုရှိကုန်သော်၎င်း၊ အလိုမရှိကုန်သော်၎င်း လျစ်လျူရှုအပ်ကုန်သည်သာလျှင် ဖြစ်ရာ၏ဟုဆိုပြီး၍ ထိုတပည့်လုလင်ပုဏ္ဏားအား ဆုံးမသည်၏ အစွမ်းအားဖြင့်-
J		ယဉ္စေတံ ပုဏ္ဏိကံ ဇမ္မိံ၊ ပဋိပါဒေထုဒုက္ခလံ။
J		။ တဉ္စ ဒိသွာန အာယန္တိံ၊ အာမုက္ကမဏိကုဏ္ဍလိံ။
J		၊ သားလှီးဓားကဲ့သို့ ကော့သော အဖျားရှိသော ဆံတို့သည်။
J		ဟူသော ဤဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤပရောသတဇာတ်သည် ဝတ္ထုအားဖြင့်၎င်း၊ အဖြေအားဖြင့်၎င်း၊ ဇာတ်ပေါင်းအားဖြင့်၎င်း ပရောသဟဿဇာတ်*နှင့် တူသလျှင်ကတည်း၊ ထိုစကားသည် မှန်၏။ ဤပရောသတဇာတ်၌ သက်သက် စျာယေယျုံဟူသော ပုဒ်မျှသာလျှင် ထူး၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပုဏ္ဏံ နဒိံ ယေန စ ပေယျမာဟု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဏ္ဏနဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ တရား သဘင်ဝယ် ရဟန်းတို့သည် ငါ့သျှင်တို့ မြတ်စွာဘုရားသည် ကျယ်သောပညာ ရှိတော်မူ၏။ ကြီးသောပညာ ရှိတော်မူ၏။ ရွှင်သောပညာ ရှိတော်မူ၏။ လျင်သော ပညာရှိတော်မူ၏။ ထက်သောပညာ ရှိတော်မူ၏။ နက်နဲသောပညာ ရှိတော်မူ၏။ ထိုးထွင်းသောပညာ ရှိတော်မူ၏။ အကြောင်းကိုသိသော ပညာနှင့် ပြည့်စုံတော်မူ၏။ ဤသို့ မြတ်စွာဘုရား၏ စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌သာလျှင် ပညာရှိသည် အကြောင်း၌ လိမ္မာသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် ပညာရှိသည်သာလျှင်တည်း၊ အကြောင်း၌ လိမ္မာသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		၅၇။ ဝါနရိန္ဒဇာတ်, မြတ်စွာဘုရားအားသတ်ရန် ဒေဝဒတ်ကြံ
J		၃၂၂။ ဒုဒ္ဒုဘဇာတ်, မြေပြိုပြီးဟေ့ ပြေးကြ ပြေးကြ
J		ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ တရားစကားကို နာရ၍ အဖအမျိုးသာလျှင် ပမာဏဖြစ်သတတ်ဟု ကြားရလျှင် နှစ်သက်၍ မိသားနှစ်ယောက်တို့အား ပကတိ ပေးမြဲသော အဆောင်အရွက် စည်းစိမ်အခြံအရံကိုသာလျှင် ပေးစေတော်မူ၏။ ကောသလမင်းကြီး၏ကား ဗန္ဓုလ အမည်ရှိသော စစ်သူကြီးသည် မလ္လိကာမည်သော မိမိမယားကို သင်သည် မြုံ၏။ သင့်မိဘအိမ်သို့သာလျှင် သွားလေလော့ ဟု ဆို၍ ကုသိနာရုံပြည်သို့ စေ၏။ ထိုမလ္လိကာသည်လည်း သဗ္ဗညူမြတ်စွာဘုရားကို ဖူးမြင်၍သာလျှင် သွားအံ့ ဟုကြံ၍ ဇေတဝန် ကျောင်းတော်သို့ဝင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်သောအရပ်၌ နေသည်ရှိသော် မလ္လိကာ အဘယ်မည်သော အရပ်သို့ သွားအံ့နည်း ဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်၏လင်သည် မိဘအိမ်သို့ ပို့စေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ့်ကြောင့် ပို့စေသနည်း ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်သည် မြုံ၏။ သားမရှိပေ။ ထို့ကြောင့် ပို့စေ၏ ဟု နားတော် လျှောက်သည်ရှိသော် အကယ်၍ မြုံသောကြောင့် သားမရှိသောကြောင့် မိဘအိမ်သို့ ပို့စေသည်ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် သွားအံ့သောကိစ္စ မရှိ၊ သင်ပြန်လေလော့ ဟု မိန့်တော်မူသည်ရှိသော် မလ္လိကာသည် နှစ်သက်သည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အိမ်သို့သာလျှင် ပြန်လေ၏။
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ကမ္ဘာဦး၌ မဟာသမ္မတမည်သောမင်းသည် မင်းပြုသည် ရှိသော် ထိုမင်း၏သားကား ရောဇမည်၏။ ထိုမင်း၏သားကား ဝရရာဇမည်၏။ ထိုမင်း၏သားကား ကလျာဏမည်၏။ ထိုမင်း၏သားကား ဝရကလျာဏမည်၏။ ထိုမင်း၏သားကား ဥပေါသထမည်၏။ ထိုမင်း၏သားကား မန္ဓာတုမည်၏။ ထိုမန္ဓာတုမည်သော မင်းသည် ရတနာခုနစ်ပါး တန်ခိုးလေးပါးတို့နှင့် ပြည့်စုံလျက် စကြ ဝတေးမင်း၏အဖြစ်ကို ပြု၏။ မန္ဓာတုမင်းသည် လက်ဝဲလက်ကို ခေါ၍ လက်ျာလက်ဖြင့် ခတ်သောကာလ၌ ကောင်းကင်မှ နတ်၌ဖြစ်သော မိုဃ်းကဲ့သို့ ပုဆစ်ပမာဏရှိသော ရတနာခုနစ်ပါးမိုဃ်းကို ရွာစေ၏။ ထိုမန္ဓာတုမင်းသည် ဤသို့သဘောရှိသောအံ့ဘွယ်သရဲသောလူသည် ဖြစ်၏။ ထိုမန္ဓာတုမင်းသည် အနှစ်ရှစ်သောင်း လေးထောင်သော ကာလတို့ပတ်လုံး သူငယ်၏ ကစားခြင်းကို ကစား၏။ အနှစ် ရှစ်သောင်းလေးထောင် အိမ်ရှေ့မင်း၏ အဖြစ်ကိုပြု၏။ အနှစ်ရှစ်သောင်းလေးထောင် စကြဝတေးမင်းအဖြစ်ကို ပြု၏။ အသက်ပမာဏကား အသင်္ချေယျဖြစ်၏။ ထိုမန္ဓာတုမင်းသည် တနေ့သ၌ ကာမတဏှာကို ပြည့်စေခြင်းငှာ မတတ်နိုင်၍ ငြီးငွေ့သော အခြင်းအရာကိုပြ၏။ ထိုအခါ အမတ်တို့သည် မြတ်သောမင်းကြီး အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မေးကုန်၏။ ကောင်းမှု အစွမ်းအားဖြင့် ကြည့်သည်ရှိသော် ဤမင်း၏အဖြစ်သည် အဘယ်မူလတ္တံ့နည်း အဘယ်မည်သော အရပ်၌လျှင် မွေ့လျော်ဘွယ် ရှိသနည်းဟု မန္ဓာတုမင်းသည် အမတ်တို့ကို မေး၏။ မြတ်သောမင်းကြီး နတ်ပြည်သည် မွေ့လျာဘွယ် ရှိ၏ဟု လျောက်ကုန်၏။ ထိုမန္ဓာတုမင်းသည် စက်ရတနာကို ရေဖြင့်ဖျန်း၍ ပရိသတ်နှင့်တကွ စာတုမဟာရာဇ်နတ်ပြည်သို့ သွား၏။ ထိုအခါ မန္ဓာတုမင်းအား လေးယောက်ကုန်သော စာတုမဟာရာဇ် နတ်မင်းတို့သည် နတ်ပန်း နတ်နံ့သာတို့ကို လက်စွဲကုန်လျက် ခရီးဦး ကြိုဆိုကုန်၏။ မန္ဓာတုမင်းကို ယူကုန်၍ စာတုမဟာရာဇ်နတ်ပြည်သို့ သွားကုန်၍ နတ်မင်း၏အဖြစ်ကို ပေးကုန်၏။ မိမိပရိသတ်ဖြင့်ခြံရံလျက်လျှင် စာတုမဟာရာဇ်နတ်ပြည်၌ မန္ဓာတ်မင်း မင်းပြုစဉ် ရှည်စွာသောကာလသည် လွန်၏။
J		ထိုဟိမဝန္တာ၌ ဂင်္ဂါကမ်းနားကိုမှီ၍ အခက်အခွနှင့် ပြည့်စုံသော အေးမြသော အရိပ်ရှိသော ထူသောအရွက်ရှိသော တောင်ထွတ်ကဲ့သို့သော ကောငြးစွာတကဩော သရက်ပင်သည် ရှိ၏။ (ပညောင်ပင်ဟူ၍လည်း ဆိုကုန်၏။ ) ထိုသရက်ပင်အား နတ်၌ဖြစ်သော အနံ့အရသာ နှင့် တူကုန်သော အနံ့အရသာ ရှိကုန်သော ကြီးကုန်သော အိုးစရည်းပမာဏ ရှိကုန်သော ချိုကုန်သော အသီးတို့သည် ရှိကုန်၏။ ထိုသရက်ပင်၏ တစ်ခုသောအခက်မှ အသီးတို့သည် ကြည်း၌ ကျကုန်၏။ တစ်ခုသော အခက်မှ အသီးတို့သည် ဂင်္ဂါရေ၌ ကျကုန်၏။ နှစ်ကုန်သော အကိုင်းတို့၏ အလယ်ဖြစ်သော အသီးတို့သည် သစ်ပင်ရင်း၌ ကျကုန်၏။ ဘုရားလောင်းသည် မျောက်အပေါင်းကို ယူ၍ ထိုသရက်ပင်၌ အသီးတို့ကိုစားလျက် တစ်ခုသောကာလ၌ ဤသရက်ပင်၏ ရေ၌ကျသော အသီးကိုမှီ၍ ငါတို့အား ဘေးဖြစ်လတ္တံ ဟု ရေအထက်၌ အခက်မှ တစ်လုံးသော အသီးကိုမျှလည်း မကြွင်းစေမူ၍ ပွင့်သောကာလမှစ၍ စားလည်း စားစေ၏။ ချလည်း ချစေ၏။
J		။ ကိံနု တွံ ဗဠိသံ ဗြူသိ၊ ကိံနု ဗြုသိ သလောဟိတံ။
J		မြတ်သောမင်းကြီး အကြင်မျှလောက်သောသူတို့၌ ယုံမှားခြင်းသည်ရှိ၏။ ထိုမျှလောက်သောသူတို့ကိုခေါ်၍ တယောက်တယောက်သောသူအား တခုတခုစီ ဖွဲဆုပ်ကို၎င်း မြေဆုပ်ကို၎င်း ပေး၍ ဤအဆုပ်ကို မိုးသောက်သောကာလ၌ ဆောင်ခဲ့ကုန်၍ ဤမည်သောအရပ်၌ ချကုန်လောဟု ဆိုအပ်၏။ အကြင်သူသည် ယူသည်ဖြစ်လတ္တံ့၊ ထိုယူသောသူသည် ထိုအဆုပ်၌ထည့်၍ ဆောင်ခဲ့လတ္တံ့၊ ရှေးဦးစွာသော နေ့၌လျှင် အကယ်၍ ချကုန်အံ့၊ ထိုသို့ ချခြင်းသည် ကောင်း၏။ အကယ်၍ မချကုန်အံ့၊ နှစ်ရက်မြောက်သော နေ့၌၎င်း သုံးရက်မြောက်သောနေ့၌၎င်း ထို့အတူသာလျှင် ပြုအပ်၏။ ဤသို့ ပြုသည်ရှိသော် လူများသည်လည်း မပင်ပန်းလတ္တံ့၊ ပတ္တမြားဥသျှောင်ကျင်ကိုလည်း ရလတ္တံ့၊ ဤသို့မိန့်တော်မူ၍ အရှင်အာနန္ဒာမထေရ်သည် ကြွတော်မူ၏။ ကောသလမင်းကြီးသည် အရှင်အာနန္ဒာမထေရ် မိန့်တော်မူသောနည်းဖြင့်သာလျှင် သုံးရက်တို့ပတ်လုံးပေးစေသော်လည်း ပတ္တမြားဥသျှောင် ကျင်ကို မဆောင်ခဲ့ကုန်၊ အရှင်အာနန္ဒာမထေရ်သည် သုံးရက်မြောက်သောနေ့၌ ကြွတော်မူလာ၍ မြတ်သောမင်းကြီး ပတ္တမြားဥသျှောင် ကျင်ကို ချ၏လောဟုမိန့်တော်မူ၍ အရှင်ဘုရား မချကုန်ဟု လျောက်၏။
J		။ မုတ္တောပိ န ဣစ္ဆိ ဥဍ္ဍေတုံ၊ သယံ ဗန္ဓံ ဥပါဂမိ။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝံသတိုင်းအရှင်ဖြစ်သော ဥတေနမင်းကို အကြောင်းပြု၍ ကုတော နု အာဂစ္ဆသိ ဒုမ္မဝါသီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမာတင်္ဂဇာတ်ကို ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ တနည်းကား ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါဝယ် ဘာရဒွါဇအနွယ်ဖြစ်သော ပိဏ္ဍောလ မထေရ်သည် ဇေတဝန် ကျောင်းတော်မှ ကောင်းကင်ဖြင့်သွား၍ များသောအားဖြင့် ကောသမ္ဗီပြည်၌ ဥတေနမင်းစော၏ ဥယျာဉ်သို့ နေ့သန့်ခြင်းငှာ သွား၏။ ပိဏ္ဍောလမထေရ်သည် ရှေးဘဝ၌ မင်းအဖြစ်ကို ပြုသည်ရှိသော် ရှည်မြင့်စွာသော ကာလအဓွန့်ပတ်လုံး ထိုဥတေနမင်းစော၏ ဥယျာဉ်၌ များစွာသော။ အခြံအရံရှိသော မင်းစည်းစိမ်ကို ခံစားဘူးသတတ်၊ ထိုပိဏ္ဍောလ မထေရ်သည် ထိုသို့ ရှေး၌ လေ့ကျက်ဘူးသောကြောင့် များသောအားဖြင့် ထိုဥတေနမင်းစော ဥယျာဉ်၌သာလျှင် နေ့သန့်ခြင်းကိုပြု၍ ဖလသမာပတ် ချမ်းသာဖြင့်နေ၍ နေ့အဘို့ကို လွန်စေ၏။
J		။ ကာဠေ ဝါ ယဒိ ဝါ ဇုဏှေ၊ ယဒါ ဝါယတိ မာလုတော၊
J		မိတ္တဝိန္ဒကသည် ထိုနတ်သ္မီးတို့၏သွားကာလ၌ ဝါးစည်း၌ အိပ်၍ ရှေ့သို့သွားသည်ရှိသော် ငွေဗိမာန်၌ ရှစ်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ထိုအရပ်မှလည်း တပါးအရပ်သို့သွားသည်ရှိသော် ပတ္တမြားဗိမာန်၌ တကျိပ်ခြောက်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ရွှေဗိမာန်၌ သုံးကျိပ်နှစ်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ထိုနတ်သ္မီးတို့၏စကားကိုလည်း နားမထောင်မူ၍ ရှေ့သို့သွားသည်ရှိသော် သမုဒြာ၏အလယ်ကျွန်း၌ တခုသောဘီလူးမသည် ဘီလူးတို့၏အာနုဘော်ဖြင့် မြို့ကိုပြု၍နေ၏။ ထိုဘီလူးမြို့၌ တယောက်သောဘီလူးမသည် ဆိတ်မ၏အသွင်ဖြင့် သွား၏။ မိတ္တဝိန္ဒကသည် ဆိတ်မ၏ ဘီလူးမ၏အဖြစ်ကို မသိသည်ဖြစ်၍ ဆိတ်သားကိုစားအံဟု ဆိတ်မကို ခြေ၌ကိုင်၏။ ဘီလူးမသည် ဘီလူးတို့၏အာနုဘော်ဖြင့် မိတ္တဝိန္ဒကကို ချီ၍ပစ်၏။ မိတ္တဝိန္ဓကသည် ဘီလူးမသည် ပစ်အပ်သည်ရှိသော် သမုဒြာအထက်၌ သွား၍ ဗာရာဏသီမြို့ကျူံးအပြင်၌ တခုသော ဆူးရှိသောထက်၌ ကျ၍ လိမ့်လျက် မြေ၌ တည်၏။
J		။ အကိလာသုနော ဝဏ္ဏုပထေ ခဏန္တာ၊ ဥဒင်္ဂဏေ တတ္ထ ပပံ အဝိန္ဒုံ။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူမြတ်စွာဘုရားသည် ယော ပုဗ္ဗေ ကရဏီယာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆဆင်အပ်သော ဤဝရုဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် ကုဋုမ္ဗိယပုတ္တတိဿ မထေရ်ကိုအကြောင်းပြု၍ ဟောတော်မူ၏။ အခါတပါးသောနေ့၌ သာဝတ္ထိမြို့၌နေကုန်သော အချင်းချင်း အဆွေခင်ပွန်းဖြစ်ကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော အမျိုးကောင်းသားတို့သည် နံ့သာ, ပန်း, အဝတ် စသည်တို့ကို ယူကုန်၍ မြတ်စွာဘုရား၏တရားတော်ကို နာကုန်အံ့ဟု များစွာသောလူတို့ဖြင့် ခြံရံကုန်လျက် ဇေတဝန်ကျောင်းတော်သို့ သွားကုန်၍ ကံ့ဂေါသား၌ပြုအပ်သောမဏ္ဍပ် အင်ကြင်းသားဖြင့်ပြုအပ်သောမဏ္ဍပ် အစရှိသည်တို့၌ အတန်ငယ်နားနေကုန်ပြီး၍ ညချမ်းသောအခါ၌ မြတ်စွာဘုရားသည် ပန်းနံ့သာတို့ဖြင့်ထုံအပ်သော ဂန္ဓကုဋိမှထွက်တော်မူ၍ တရားသဘင်သို့ကြွတော်မူပြီးလျှင် တန်ဆာဆင်သော ဘုရားနေရာ၌နေတော်မူသည်ရှိသော် အခြံအရံနှင့်တကွ တရားသဘင်သို့သွားကုန်၍ မြတ်စွာဘုရားကို နံ့သာပန်းတို့ဖြင့်ပူဇော်၍ စက်ဖြင့်မှတ်အပ်သောအပြင်တို့၌ ပွင့်သောပဒုမာကဲ့သို့ တင့်တယ်ကုန်သောခြေတော်တို့၌ ရှိခိုးကုန်လျက် တင့်အပ်လျှောက်ပတ်စွာနေကုန်လျက် တရားတော်ကို နာကုန်၏။
J		။ တုမှေ သီဟာနံ ဗြဂ္ဃါနံ၊ ဝါဠာနဉ္စာ ဝသိဋ္ဌကံ။
J		ထိုအခါ ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သေနက သတို့သားဟူသော အမည်ကို မှည့်ကြကုန်၏။ ထိုသေနက သတို့သားသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသောအတတ်တို့ကို သင်၍ ဗာရာဏသီပြည်သို့ တဖန်ပြန်၍ မင်းကို ဖူးမြင်၏။ မင်းသည် သေနက သတို့သားကို အမတ် အရာ၌ထား၏။ ထိုသေနက အမတ်အား ကြီးစွာသော စည်းစိမ်ကို ပေး၏။ ထိုသေနက အမတ်သည် မင်းအား အကျိုးအကြောင်းကို ဆုံးမ၏။ သာယာသော စကားရှိ၏။ ဓမ္မကထိက ဖြစ်၍ မင်းကို ပဉ္စသီတို့၌တည်စေ၍ အလှူပေးခြင်း၌လည်းကောင်း, ဥပုသ်ဆောက်တည်ခြင်း၌ လည်းကောင်း၊ ဆယ်ပါးသော ကုသလ ကမ္မပထတို့၌လည်းကောင်း ဤသို့ ကောင်းသော အကျင့်၌ တည်စေ၏။ တိုင်းအလုံး၌ ဘုရားပွင့်သော ကာလကဲ့သို့ ဖြစ်၏။ ပက္ခနေ့တို့၌ မင်းသည်လည်းကောင်း အိမ်ရှေ့မင်း အစရှိသော ခပ်သိမ်း သော မင်းတို့သည်လည်းကောင်း စည်းဝေစေ၍ တရားသဘင်ကို စီရင်ကုန်၏။ ဘုရားလောင်းသည် စီရင်အပ်သော တရားသဘင်ဝယ် ရတနာပလ္လင်ထက်၌ နေ၍ ဘုရာကဲ့သို့သော တင့် တယ်ခြင်းဖြင့် တရားဟော၏။ ဘုရားလောင်း၏ တရားစကားသည် သဗ္ဗညူ ဘုရားတို့၏ တရားစကားနှင့်တူ၏။
J		ထိုကာလ၌ ဝါယုဿပုတ္တမည်သော ဝိဇ္ဇာဓိုရ်သည် သန်လျက်ကိုလွယ်၍ ကောင်းကင်ဖြင့် သွား၏။ ထိုမိန်းမသည် ထိုဝါယုဿပုတ္တ ဝိဇ္ဇာဓိုရ်ကိုမြင်၍ လာလော့ဟု လက်အမှတ်ကို ပြု၏။ ဝိဇ္ဇာဓိုရ်သည် လျင်မြန်စွာ ဆင်းသက်၏။ ထိုဝိဇ္ဇာဓိုရ်ကို ထိုမိန်းမသည် ကြုတ်၌ထည့်၍ ဒါနောရက္ခိုသ်၏ လာခြင်းကို မျှော်လျက် ကြုတ်၏ အနား၌ ထိုင်၍နေ၏။ လာလတ်သော ထိုဒါနောရက္ခိုသ်ကို မြင်လတ်၍ ဒါနောရက္ခိုသ်အား မိမိကိုယ်ကိုပြ၍ ဒါနောရက္ခိုသ်သည် ကြုတ်၏အနီးသို့ မရောက်မီလျှင် ကြုတ်ကိုဖွင့်၍ ကြုတ်တွင်းသို့ဝင်၍ ဝိဇ္ဇာဓိုရ်၏ အပေါ်၌အိပ်၍ အဝတ်ကို ခြုံ၏။ ဒါနောရက္ခိုသ်သည် လာလတ်၍ ကြုတ်ကို မသုတ်သင်မူ၍ ငါ၏ မာတုဂါမသာလျှင် ရှိ၏ ဟူသော အမှတ်ဖြင့် ကြုတ်ကိုမျို၍ မိမိလိုဏ်သို့ သွားလတ်သော် ခရီးအကြား၌ ငါသည် ရှင်ရသေ့ကို မဖူးမြင်ရသည်မှာ ကြာပြီ၊ ယနေ့ သွား၍ ရှင်ရသေ့ကို ရှိခိုးအံ့ ဟု ကြံ၏။ ကြံပြီး၍ ရှင်ရသေ့ထံသို့ သွား၏။
J		။ ယာ ဒလိဒ္ဒီ ဒလိဒ္ဒဿ၊ အဍ္ဎာ အဍ္ဎဿ ကိတ္တိမ။
J		ငါသည် မျက်စိမမြင်၊ အဘယ်သို့လျှင် သင်္ဘောသူကြီးအမှုကို ပြုရအံ့နည်းဟု ဆိုလတ်သော် သခင် မျက်စိပင် မမြင်သော်လည်း သခင်သည်သာလျှင် အကျွန်ုပ်တို့ထကျ မြတ်၏ ဟု အဖန်တလဲလဲ တောင်းပန်သည်ရှိသော် အမောင်တို့ ကောင်းပြီ၊ အမော်တို့သည် ကြားသောမှတ်ဖြင့် သင်္ဘောသူကြီး ဖြစ်အံ့ ဟု ဆို၍ ထိုသူတို့၏ သင်္ဘောကို တက်စီး၏။ သဘောသည် မဟာသမုဒ္ဒရာသို့ ပြေးလေ၏။ သင်္ဘောသည် ခုနစ်ရက်တို့ပတ်လုံး ဘေးမရှိ သည်ဖြစ်၍ သွားလေ၏။ ထို့နောက် နှောင့်ယှက်သော လေဖြစ်လတ်သည်ရှိသော် ခရီးလွဲ၍ သင်္ဘောသည် လေးလတို့ပတ်လုံး ပကတိ မဟာသမုဒ္ဒရာအပြင်၌ သွား၍ ခုရမာလိမည်သာ သမုဒ္ဒရာသို့ ရောက်လေ၏။
J		ဘုရားလောင်းသည်လည်း ပျိုးသော ကောက်တို့၏ ဖုံးလုံးသောကာလ၌ ပုစွန်သည်ကြီး၏။ ထိုအခါ တစ်နေ့သ၌ မြွေသည် ကျီးကို အဆွေကျီး သင်သည် အဘယ်အကြောင်းကြောင့် မပြတ် ငါ့ကို ခစားသနည်း၊ သင်၏ အဘယ်ကိစ္စကို ပြုရအံ့နည်းဟု ဆို၏။ အရှင်... သင်တို့၏ ကျွန်မအား တစ်ယောက်သော လယ်ရှင်၏ မျက်စိတို့၌ ချင်ခြင်းသည် ဖြစ်၏။ ထို့ကြောင့် ငါသည် သင်တို့၏ အာနုဘော်အားဖြင့် ထိုပုဏ္ဏား၏ မျက်စိတို့ကို ရလို၏ ဟု ဆို၏။ မြွေသည် ထိုသို့ဖြစ်စေ၊ ဤအမှုသည် ဝန်မလေး၊ ရလတ္တံ့ဟု ထိုကျီးအား သက်သာရာရစေ၍ နက်ဖြန်နေ့၌ ပုဏ္ဏားလာရာလမ်း၌ လယ်ကန်သင်းကိုမှီ၍ မြက်တို့ဖြင့် ဖုံးလွှမ်း၍ ပုဏ္ဏား၏လာခြင်းကို မျှော်လျက်အိပ်၏။ ဘုရားလောင်းသည် လာလတ်သော် ရှေးဦးစွာ ထုံးအိုင်သို့သက်၍ မျက်နှာ သစ်၍ ချင်ခြင်းကိုဖြစ်စေ၍ ရွှေပုစွန်ကိုခေါ်၍ အပေါ်ရုံပုဆိုးကြား၌ အိပ်စေ၍ လယ်သို့ဝင်၏။ မြွေသည် လာသော ဘုရားလောင်းကို မြင်၍ လငွစြါာပှေး၍ ဖနောင့်သား၌ ကိုက်၍ ထိုအရပ်၌လျှင် လဲစေ၍ တောင်ပို့ကိုရည်၍ ပြေး၏။
J		ဤသို့ ဘုရားလောင်းသည် ဤဂါထာဖြင့် မိမိကျေးဇူးကို ချီးမွမ်း၏။ ပန်းပဲသူကြီးသည် ထိုသူတို့၏ အလုံးစုံသောစကားကိုကြား၍ အမိ ဟု သမီးကိုခေါ်၍ အဘယ်သူနှင့် စကားပြောသနည်း ဟု မေး၏။ ဖခင်... တစ်ယောက်သောသူသည် အပ်ရောင်းလာ၏။ ထိုသူနှင့် စကား ပြော၏ ဟု ဆို၏။ ထိုအပ်ရောင်းသော ယောက်ျားကို ခေါ်ခဲ့လော့ ဟု ဆို၏။ ထိုသတို့ သမီးသည် သွား၍ခေါ်၏။ ဘုရားလောင်းသည် အိမ်သို့ဝင်၍ ပန်းပဲသူကြီးကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ ဘုရားလောင်းကို အဘယ်သားနည်းဟု မေး၏။ ဤမည်သော ရွာသား ဟုဆို၏။ အဘယ် သူ၏သားနည်းဟု မေး၏။ ဤမည်သောသူ၏ သားဟု ဆို၏။ အဘယ်ကြောင့် ဤအရပ်ကို လာသနည်းဟု မေး၏။ အပ်ရောင်းအံ့သောငှာ လာ၏ ဟု ဆို၏။ သင့်အပ်ကို ကြည့်အံ့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ ကျေးဇူးကို ခပ်သိမ်းကုန်သော လူတို့၏ အလယ်၌ ပြလိုသည်ဖြစ်၍ တစ်ယောက်တည်းသာ မကြည့်အပ်၊ တစ်ယောက်တည်း ကြည့်ခြင်းထက် ခပ်သိမ်းကုန်သော လူတို့၏ အလယ်၌ ကြည့်ခြင်းသည် အလွန်မြတ်၏ဟု ဆို၏။ ပန်းပဲသူကြီးသည် အမောင် ကောင်းပြီ ဟု ခပ်သိမ်း သော ပန်းပဲတို့ကို စည်းဝေးစေ၍ ထိုပန်းပဲတို့ဖြင့် ခြံရံအပ်သည်ဖြစ်၍ ငါတို့သည် ကြည့်ကုန်အံ့၊ သင်၏အပ်ကို ထုတ်လော့ ဟု ဆို၏။ ဆရာ တစ်ခုသော ပေကိုလည်းကောင်း ရေဖြင့်ပြည့်သော ကြေးခွက်ကိုလည်းကောင်း ဆောင်စေကုန်လော့ ဟုဆို၏။ ပန်းပဲသူကြီးသည် ဆောင်စေ၏။ ဘုရားလောင်းသည် ခါးပိုက်မှ အပ်ကျည်ကိုထုတ်၍ ပေး၏။ ပန်းပဲသူကြီးသည် အပ်ကျည်မှ အပ်ကိုထုတ်၍ အမောင် ဤကား အပ်လော" ဟု မေး၏။ ဤကား အပ်မဟုတ်၊ အပ်ကျည်တည်း ဟု ဆို၏။ ပန်းပဲသူကြီးသည် စုံစမ်း သည်ရှိသော် အဆုံးကိုလည်းကောင်။ အစွန်းကိုလည်းကောင်း မမြင်သလျှင်ကတည်း။ ဘုရားလောင်းသည် ယူ၍ အစဉ်သဖြင့် လက်သည်းဖြင့် အပ်အိမ်ကိုပယ်၍ ဤကား အပ်အိမ်တည်း ဟု လူများအားပြ၍ အပ်အိမ်ကို ဆရာခြေရင်း၌ထား၏။ တစ်ဖန် ပန်းပဲသူကြီးသည် "ဤကား အပ်ဖြစ်ယောင်တကားဟု ဆိုသည်ရှိသော် ဤလည်း အပ်အိမ်တည်း ဆို၍ လက်သည်းဖြင့်ခွာလျက် အစဉ်သဖြင့် ခြောက်ခုကုန်သော အပ်အိမ်တို့ကို ပန်းပဲသူကြီး၏ ခြေရင်း၌ထား၍ ဤကား အပ်တည်း ဟု ပန်းပဲသူကြီး၏လက်၌ထား၏။ ပန်းပဲတစ်ထောင်တို့သည် လက် ချောင်းကို ခါကုန်၏။ ပုဆိုးဦးရစ် ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။
J		... လွန်လေပြီးသောအခါ ဤဘဒ္ဒကပ်ကမ္ဘာမှပြန်၍ရေသည်ရှိသော် ငါးကမ္ဘာထက်၌ ဘုရားလောင်းသည် သေရိဝတိုင်း၌ ရွဲကုန်သည်သည် ဖြစ်၏။ ထိုဘုရားလောင်း ရွဲကုန်သည်သည် သေရိဝမည်သော လောဘရမ္မက်ကြီးသော ရွဲကုန်သည်နှင့် တကွ ရောင်းအံ့သောငှါ သွားကုန်သည်ရှိသော် နီလဝါဟမည်သော မြစ်ကိုကူး၍ အရိဋ္ဌပုရမည်သောပြည်သို့ ဝင်သည်ရှိသော် မြို့ခရီးတို့ကို ခွဲဝေ၍ မိမိသည်ရအပ်သောခရီးဖြင့် ဥစ္စာကို ရောင်းလျက်သွား၏။ တယောက်သော လောဘရမ္မက်ကြီးသော ကုန်သည်သည်လည်း မိမိသည် ရအပ်သော ခရီးကိုယူ၏။ ထိုအရိဋ္ဌပုရမြို့၌လည်း တဦးသောသူဌေးအမျိုးသည် ပျက်စီးသည်ဖြစ်၍ ခပ်သိမ်းကုန်သော သားသမီးညီနောင်တို့သည်၎င်း ဥစ္စာသည်၎င်း ကုန်ခြင်းသို့ ရောက်ကုန်၏။ တယောက်သော သူငယ်မသည် အဘွားနှင့်တကွ ကြွင်းသည်ဖြစ်၏။ ထိုမြေးအဘွားနှစ်ယောက်တို့သည်လည်း သူတပါးတို့၏ အခစားကိုပြု၍ အသက်မွေးရကုန်၏။ ထိုမြေးအဘွားအိမ်၌သော်ကား သူဌေးကြီးသည် သုံးဆောင်ဘူးသော အိုး၏အကြား၌ ထားအပ်သော ရွှေခွက်သည် ရှည်မြင့်စွာ မသုံးဆောင်အပ်သည်ဖြစ်၍ အညစ်အကြေးတက်သည်ဖြစ်၏။ ထိုမြေးအဘွား နှစ်ယောက်တို့သည် ထိုခွက်၏ ရွှေခွက်၏ အဖြစ်ကိုလည်း မသိကုန်။
J		၊ ရထိုက်သည့်အခိုက် မယူလိုက်ဘဲ ရှောင်လွှဲ သွယ်ဝိုက်သော ဤရွဲကုန်သည် လူမိုက်ကဲ့သို့တည်း။
J		ရဇ္ဇံ နိယျာဒယိဿာမိ၊ နာဟံ ရဇ္ဇေန မတ္ထိကော။
J		။ တတော ကုမာရံ အာနသေုံ၊ ဒီဃာဝုံ ရဋ္ဌဝဍ္ဎနံ။
J		၊ ထိုးဝါး တက် လက်တို့ဖြင့် ထိုးလှော်လျက် စေ့ဆော်၏။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဖားညိုအမျိုး၌ ဖြစ်၏။ ထိုအခါ လူတို့သည် မြစ်ချောင်း အစရှိသည်တို့တွင် ထိုထိုအရပ်၌ ငါးကိုဖမ်းအံ့သောငှာ မြှုံးတို့ကို ထောင်ကုန်၏။ တခုသော မြှုံး၌ ငါးတို့သည် ဝင်ကုန်၏။ ထိုအခါ တခုသော ရေမြွေသည် ငါးတို့ကို စားလိုရကား ထိုမြှုံးသို့ ဝင်လေ၏။ များစွာကုန်သော ငါးတို့သည် တပေါင်းတည်း ဖြစ်ကုန်၍ ထိုရေမြွေကို ခဲကုန်၏။ တကိုယ်လုံး သွေးခြင်းခြင်းနီသည်ကို ပြုကုန်၏။ ထိုရေမြွေသည် ကိုးကွယ်ရာမမြင်ရကား သေဘေးမှကြောက်သည်ဖြစ်၍ မြှုံးပေါက်ဝဖြင့်ထွက်၍ ဒုက္ခဝေဒနာသို့ ရောက်သည်ဖြစ်၍ ရေ၏အဆုံး၌ အိပ်၏။ ဖားညိုသည်လည်း ထိုခဏ၌ ခုန်၍ မြှုံးတံ၏ထိပ်၌ ဝပ်၏။ ရေမြွေသည် ဆုံးဖြတ်ရာအရပ်ကို မရသည်ဖြစ်၍ ထိုမြှုံးတံထိပ်၌ ဝပ်သောဖားညိုကို မြင့၍ အဆွေဖားညို ဤငါးတို့၏အမူအရာကို သင်သည် နှစ်သက်သလောဟု မေးလိုသည်ဖြစ်၍-
J		။ သဗ္ဗာ ပရိက္ခယာ ဖေဂ္ဂု၊ ယာဝ တဿာ ဂတီ အဟု။
J		တနေ့သ၌ ဆွမ်းအလို့ငှါသွားသည်ရှိသော် လျှင်မြန်စွာ အိမ်သို့ဝင်သော ထိုရဟန်းမိန်းမ၏ ပေါင်ရိုးတို့ကို ကြမ်းသောဆိတ်သည် ခတ်၍ ကျုံ့စေ၏။ လူတို့သည် လျှင်စွာပြေးလာ၍ နှစ်ပိုင်းပြတါသောပေါင်ရိုးတို့ကို တစပ်တည်းဖွဲ့၍ ထိုရဟန်းမိန်းမကို ညောင်စောင်းဖြင့်ယူ၍ ရဟန်းမိန်းမတို့၏ကျောင်းသို့ ဆောင်ကုန်၏။ ရဟန်းမိန်းမတို့သည် ဤရဟန်းမိန်းမသည် တပါးကုန်သောရဟန်းမိန်းမတို့ကို ဆုံးမ၍ မိမိသည် ထိုအရပ်သို့သွားလျှက် ပေါင်ရိုးတို့ကိုချိုး၍လာ၏ဟု ပြက်ရယ်ပြုကုန်၏။
J		... လွန်လေပြီးသောအခါ သိဝိတိုင်း ရောရုဝမည်သော မင်းကြီးသည် ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမှူ၍ လေးပါးကုန်သော သင်္ဂဟဝတ္ထုတို့ဖြင့် လူများကို သင်္ဂြိုဟ်ထောက်ပံ့လျက် လူများ၏ မိဘအရာ၌တည်၍ ဆင်းရဲသောသူ ခရီးသွား ဖုန်းတောင်းယာစကာတို့အား အလှူကြီးပေးခြင်းကို ဖြစ်စေ၏။ ထိုရောရုဝမင်းကြီး၏ မိဖုရားသည် သမုဒ္ဒဝိဇယာမည်၏။ ပညာရှိ၏။ ဉာဏ်နှင့် ပြည့်စုံ၏။ ထိုရောရုဝမင်းကြီးသည် တစ်နေ့သ၌ အလှူ တင်းကုပ်ကို ကြည့်လျက် ငါ၏အလှူကို သီလမရှိကုန်သော လျှပ်ပေါ်လော်လည်ကုန်သော သူတို့သည် စားကုန်၏။ ထိုအလှူသည် ငါ့ကို မနှစ်သက်စေ၊ ငါသည်ကား သီလရှိကုန်သော ပစ္စေကဗုဒ္ဓါတို့အား အလှူကို ပေးလို၏။ ထိုပစ္စေကဗုဒ္ဓါတို့သည်လည်း ဟိမဝန္တာ အရပ်၌ နေကုန်၏။ အဘယ်သူသည် ထိုပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်၍ ဆောင်ပါလတ္တံ့နည်း၊ အဘယ်သူ့ကို စေရအံ့နည်း ဟု ကြံ၍ ထိုအကြောင်းကို မိဖုရားအား ကြား၏။ ထိုအခါ ထိုရောရုဝမင်းကို မိဖုရားသည် မြတ်သော မင်းကြီး.စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်တို့၏ လှူအပ်သော အလှူ၏အာနုဘော် သီလ၏အာနုဘော် သစ္စာ၏ အာနုဘော်ဖြင့် ပန်းတို့ကိုစေ၍ ပစ္စေကဗုဒ္ဓါတို့ကို ပင့်ဖိတ်စေ၍ ပစ္စေကဗုဒ္ဓ့တို့သည် ကြွရောက်လာသောအခါ အလုံးစုံသောအလှူကို ပေးကုန်အံ့ ဟု ဆို၏။
J		... လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဣလ္လိသမည်သော ကုဋေရှစ်ဆယ်ကြွယ်သောသူဌေးသည် ဖြစ်၏။ ထိုဣလ္လိသသူဌေးသည် ယောက်ျားယုတ်တို့၏အပြစ်နှင့်ပြည့်စုံ၏။ ခွင်သော ခြေရှိ၏။ ကောက်သော လက်ရှိ၏။ စေ့သော မျက်စိရှိ၏။ သဒ္ဓါခြင်းမရှိ၊ ကြည်ညိုခြင်းမရှိ၊ ဝန်တို့၏။ သူတပါးတို့အား မပေးသလျင်ကတည်း၊ မိမိသည်လည်း မသုံးဆောင်သလျှင်ကတည်း၊ ရက္ခိုသ်စောင့်သော ရေကန်ကဲ့သို့ ထိုဣလ္လိသသူဌေး၏အိမ်သည်ဖြစ်၏။ ထိုဣလ္လိသသူဌေး၏ အမိအဘတို့သည်ကား အမျိုးခုနစ်ဆက်တိုင်အောင် အလှူပေးတတ်သော အလှူရှင်တို့သည် ဖြစ်ကုန်၏။ ထိုဣလ္လိသသည် သူဌေးအရာကိုရ၍သာလျှင် အမျိုး၏အနွယ်ကို ဖျက်ဆီး၍ ဒလှူတင်းကုပ်ကိုမီးတိုက်၍ အလှူခံတို့ကိုပုတ်ခတ်၍ နှင်ထုတ်၍ ဥစ္စာကိုသာလျှင်တည်စေ၏။ ထိုဣလ္လိသသူဌေးသည် တနေ့သ၌ မင်းခစားအံ့သောငှါသွား၍။ မိမိအိမ်သို့လာခဲ့သည်ရှိသော် တယောက်သော ခရီးပင်ပန်းသောလူသည် တခုသော သုရာခွက်ကိုယူ၍ အင်းပျဉ်၌ ထိုင်၍ ခြင်သောသုရာခွက်ကိုပြည့်စေ၍ ငါးပုပ်ခတ်သောဟင်းလျာဖြင့် သောက်သည်ကိုမြင်၍ သုသောက်လိုသည်ဖြစ်၍ ငါသည် သုရာကို အကယ်၍ သောက်အံ့၊ ငါသောက်သည်ရှိသော် များစွာသောသူတို့သည် သောက်လိုသည် ဖြစ်ကုန်လတ္တံ့၊ ဤသို့ သောက်သည်ရှိသော် ငါ့အား ဥစ္စာကုန်ခြင်းသည် ဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဣလ္လိသသူဌေးသည် သေသောက်ခြင်းကို သည်းခံလျက်သွား၏။ ရှည်မြင့်သောကာလ ရောက်လတ်သော် သည်းခံအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ကြိတ်အပ်သောဝါဂွမ်းကဲ့သို့ ဖြော့တော့သော ကိုယ်ရှိသည်ဖြစ်၏။ အကြောပြိုင်းပြိုင်း ထသောကိုယ်ရှိသည် ဖြစ်၏။
J		... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြိးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ သားအဖနှစ်ယောက်တို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ အဘယ်သို့ ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား လုလင် ယ္ခုအခါ သားအဖနှစ်ယောက်တို့သည်သာလျှင် ထိုအခါ သားအဖနှစ်ယောက်တို့သည် ဖြစ်ဖူးကုန်ပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဖူးပြီ။ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။
J		ထိုတံငါသည်သည် သားငယ်ကိုစေ၍ ငါးမျှား ချိတ်ကို ငင်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ကြိုးပြတ်အံ့သည်မှ ကြောက်သောကြောင့် အပေါ်ရုံပုဆိုးကို ကြည်း၌ထား၍ ရေသို့သက်၍ ငါး၌ တပ်မက်မောခြင်းကြောင့် ငါးကိုစမ်းသည်ရှိသော် သစ်ငုတ်တို့ဖြင့် ခတ်မိ၍ မျက်စိနှစ်လုံးတို့သည်လည်း ပေါက်ကုန်၏။ ထိုတံငါ၏ ကြည်း၌ ထားသော ပုဆိုးကိုလည်း ခိုးသူခိုး၏။ ထိုတံငါ သည်သည် ဝေဒနာသို့ရောက်သည်ဖြစ်၍ မျက်စိတို့ကို လက်ဖြင့်ဖုံးအုပ်လျက် မ, ၍ ရေမှတက်လာ၏။ တုန်လှုပ်လျက် ပုဆိုးကို ရှာ၏။ ထိုတံငါ၏ မယားသည်လည်း ခိုက်ရန်ကိုပြု၍ တစုံတယောက်သောသူ၏ ငါးအစုကို မတောင်းသည်၏ အဖြစ်ကို ပြုအံ့ဟု နားတဘက်၌ ထန်းရွက်နားဍောင်းကိုဝတ်၍ မျက်လုံးတဘက်၌ ထမင်းအိုးမင်ဖြင့်ကွက်၍ ခွေးငယ်ကိုရင်ဖြင့်ပိုက်၍ အိမ်နီး ချင်းအိမ်သို့ သွား၏။
J		ပုရောဟိတ်သည် ပေးလော့ အကျွန်ုပ်သည် ဤဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံ၏ဟုဆို၍ ထိုပန်းတို့ကိုပေးစေ၍ ပန်ဆင်၏။ လေးယောက်သော နတ်သားတို့သည် လေးခုသောပန်းကုံးတို့ကို ပုရောဟိတ်အား ပေး၍ နတ်ပြည်သို့လျှင် သွားကုန်၏။ နတ်သားတို့၏ သွားသောကာလ၌ ပုရောဟိတ်၏ ဦးခေါင်း၌ ကြီးစွာသော ဝေဒနာသညါ ဖြစ်၏။ ဦးခေါင်းသည် ထက်စွာသောအသွားဖျားရှိသော ဆောက်ဖြင့် ဖြတ်ဘိသကဲ့ သို့၎င်း သံပြားဖြင့်နှိပ်ဘိသကဲ့သို့၎င်း ဖြစ်၏။ ထိုပုရောဟိတ်သည် ဝေဒနာသို့ရောက်၍ ထိုမှဤမှ လူးလဲ၍ ကျယ်စွာသောအသံဖြင့် ဟစ်ကြွေး၏။ ထိုအမှုသည် အဘယ်တုံနည်းဟု မေးသည်ရှိသော် ငါသည် ကိုယ်တွင်း၌ မရှိသော ဂုဏ်ကျေးဇူးတို့ကို ရှိ၏ဟု မုသားဆို၍ ထိုနတ်သားတို့ကို တောင်း၏။ ထိုငါသည် ဝေဒနာသို့ရောက်၍ ကိုယ်အလုံး တုန်လှုပ်၏။ ထိုပန်းကုံးတို့ကို ငါ၏ ဦးခေါင်းမှ ပယ်ပါလောဟု ဆို၏။ ထိုပန်းကုံးတို့ကို ပယ်အံ့သောငှါ မတတ်နိုင်ကုန်၊ သံပြားဖြင့် ဖွဲ့အပ်သကဲ့သို့ ဖြစ်ကုန်၏။ ထိုအခါ ထိုပုရောဟိတ်ကို ချီ၍ အိမ်သို့ ဆောင်ကုန်၏။ အိမ်၌ ပုရောဟိတ်အား ဟစ်ကြွေးစဉ် ခုနစ်ရက်တို့သည် လွန်ကုန်၏။ မင်းသည် အမတ်တို့ကိုတိုင်ပင်၍ သီလမရှိသော ပုဏ္ဏားသည် သေလတ္တံ့၊ အဘယ်သို့ ပြုကြကုန်အံ့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး တဖန် ပွဲသဘင်ပြုပြန်သည်ရှိသော် နတ်သားတို့သည် တဖန် လာပြန်ကုန်လတ္တံ့ဟု လျှောက်ကုန်၏။ မင်းသည် ပွဲသဘင်ကိုပြုစေ၍ နတ်သားတို့သည် တဖန်လာပြန်ကုန်၏။ မြိုအလုံးကို ပန်းနံ့ဖြင့် တစပ်တည်းသော အနံ့ရှိသည်ကို ပြု၍ ရှေးအတူသာလျှင် မင်းယင်ပြင်၌ ရပ်ကုန်၏။ လူများသည် စည်းဝေး၍ သီလမရှိသော ပုဏ္ဏားကို ဆောင်၍ နတ်သားတို့၏ရှေ့မှ ပက်လက်အိပ်စေ၏။ သီလမရှိသော ထိုပုဏ္ဏားသည် အရှင်နတ်သားတို့ အရှင်တို့သည် အကျွန်ုပ်အား အသက်ကိုပေးပါကုန်ဟု နတ်သားတို့ကို တောင်းပန်၏။ နတ်သားတို့သည် သီလမရှိသော ယုတ်မာသော သဘောရှိသောသင့်အား ဤပန်းတို့သည် မထိုက်မလျော်ကုန်၊ သင်သည်ကား ငါတို့ကို လှည့်စားအံ့ဟု အမှတ်ရှိသည် ဖြစ်၏။ မိမိ၏ မုသာဝါဒအကျိုးကို ရ၏ဟု လူများအလယ်၌ ဒုဿီလပုဏ္ဏားကို ကဲ့ရဲ့၍ ဦးခေါင်းမှပန်းကုံးကိုပယ်၍ လူများအား အဆုံးအမကို ပေး၍ မိမိတို့၏ အရပ်သို့သာလျှင် သွားကုန်၏။
J		အဘယ်သူသည် ဤသက်ကြီးအိုမ၏ မထီ မဲ့မြင် ပြုခြင်းကို သည်းခံအံ့သောငှာ တတ်နိုင်အံ့နည်း ဟု အိမ်နီးချင်းတို့အား ပြောဆို၏။ ချစ်သမီး ညောင်စောင်း၌ ကြမ်းပိုးတို့သည် များကုန်၏ ဟု ဆိုသည်ရှိသော် ညောင်စောင်းကိုထုတ်၍ ထိုညောင်စောင်းအထက်၌ မိမိ ညောင် စောင်းကို ခါ၍ ငါသည် ညောင်စောင်းကို ခါအပ်ပြီဟု သွင်း၍ ခင်း၏။ ထိုသီတင်းသည်၏ အမိသည် ကြမ်းပိုးတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍ ခပ်သိမ်းသော ညဉ့်ကို ထိုင်လျက်သာလျှင် လွန်စေ၍ ချစ်သမီး တစ်ညဉ့်ပတ်လုံး ငါ့ကို ကြမ်းပိုးတို့သည် ကိုက်ခဲကုန်၏ဟု ဆို၏။ ချွေးမသည် ယမန်နေ့ကပင် သင်တို့၏ ညောင်စောင်းကို ခါအပ်ပြီ၊ အဘယ်သူသည် သက်ကြီးအိုမ၏ကိစ္စကို ဆောင်ရွက်အံ့သောငှာ တတ်နိုင်အံ့နည်း ဟုဆို၍ ယခု သက်ကြီးအိုမအား သားကို ကဲ့ရဲစေအံ့ဟု ထိုထိုသောအရပ်၌ တံတွေး နှပ် အစရှိသည်တို့ကို ကြဲ၍ အလုံးစုံသော ဤအိမ်ကို မသန့်ရှင်းအောင်ပြု၏ဟု သီတင်းသည် ဆိုသည်ရှိသော် သင့်အမိသည် ဤသို့ပြု၏။ မပြုလင့်ဟု ဆို သည်ရှိသော် ခိုက်ရန်ပြု၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝဓီ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည်ကား မဟာတက္ကာရိဇာတ်၌ ထင်ရှားဖြစ်လတ္တံ့၊ အထူးကား ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကကို ယခုအခါ၌သာလျှင် မိမိစကားသည် သတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိမိစကားသည် သတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		ထိုရဟန်းသည် ဤသီလမည်သည်ကား အလွန်များ၏။ ငါသည် ဤမျှလောက်သောသီလကိုဆောက်တည်၍ ကျင့်ခြင်းငှာ မတတ်နိုင်လတ္တံ့၊ သီလကိုဖြည့်ခြင်းငှာ မတတ်နိုင်သောသူအားလည်း ရဟန်းအဖြစ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် လူထွက်၍ ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုလည်း ပြုအံ့၊ သားမယားတို့ကိုလည်း မွေးအံ့ဟုကြံ၏။ ဤသို့ ကြံပြီး၍ အရှင်ဘုရားတို့ အကျွန်ုပ်သည် သီလကိုစောင့်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ မတတ်နိုင်သောသူအားလည်း ရဟန်းအဖြစ်ဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ အကျွန်ုပ်သည်လူထှကျအံ့၊ အရှင်ဘုရားတို့၏ သပိတ်သင်္ကန်းကို အရှင်ဘုရားတို့ယူကြကုန်လောဟု ဆို၏။ ထိုအခါ ထိုရဟန်းကို ငါ့သျှင် ဤသို့မတတ်နိုင်သည်ရှိသော် မြတ်စွာဘုရားကို ရှိခိုး၍သာလျှင် သွားလေလော့ဟု ဆိုကုန်၍ ဆရာဥပဇ္ဈာယ်တို့သည် ထိုရဟန်းကိုယူ၍ မြတ်စွာဘုရားအထံတော်သို့ ဆောင်အပ်သည်ရှိသော် မြတ်စွာဘုရားသည် မြင်တော်မူ၍ ရဟန်းတို့ အလိုမရှိသောရဟန်းကို ယူ၍ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဤရဟန်းသည် ငါသည် သီလကိုစောင့်ခြင်းငှါ မတတ်နိုင်လတ္တံ့ဟု သပိတ်သင်္ကန်းကို ဥပဇ္ဈာယ်အား ဆောင်နှင်း၏။ ထိုအခါ ထိုရဟန်းကို အကျွန်ုပ်တို့သည် ယူ၍လာကုန်၏ ဟု လျှောက်ကုန်၏။
J		ထိုအကြောင်းကိုသိ၍ တရားသဘင်၌ စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့သျှင်တို့ များစွာကုန်သော သီလတို့ကို စောင့်ခြင်းငှါမတတ်နိုင်လတ္တံ့ဟု လူထွက်လိုသော ထိုရဟန်းကို အလုံးစုံသောသီလတို့ကို သုံးစုတို့ဖြင့်ချုံး၍မှတ်စေပြီးလျှင် မြတ်ဘုရားသည် အရဟတ္တဖိုလ်သို့ ရောက်စေတော်မူသတတ်၊ မြတ်စွာဘုရားတို့၏ အာနုဘော်မည်သည်ကားအံ့ဘွယ်ရှိစွဟု မြတ်စွာဘုရား၏ကျေးဇူးတို့ကို ပြောဟောကုန်လျက် နေကြကုန်၏။
J		ထိုကဋာဟကသည် ဤသို့ ပရိသတ်ကိုမှတ်စေ၍ ဘုရားလောင်း၏ ပစ္စန္တရစ်အနီးသို့ ရောက်သောကာလ၌ ယောက္ခမကို ဘခင် အကျွန်ုပ်၏ အဘသည် အရှင်တို့အား ဖူးမြင်အံ့သောငှါ လာသတတ်၊ သင်တို့သည် ခဲဘွယ်ဘောဇဉ်ကို စီရင်ကြကုန်လော၊ ငါသည် လက်ဆောင်ကိုယူ၍ ခရီးဦးကြိုဆိုအံ့ဟု ဆို၏။ ယောက္ခမသည် အမောင် ကောင်းပြီဟု ဝန်ခံ၏။ ကဋာဟကသည် များစွာသောလက်ဆောင်တို့ကိုယူ၍ ရှိခိုး၍ လက်ဆောင်ကို ဆက်၏။ ဘုရားလောင်းသည်လည်း ထိုလက်ဆောင်ကိုယူ၍ ကဋာဟကနှင့်တကွ နှုတ်ခွန်းဆက်ခြင်းကိုပြု၍ မိုးသောက်သောကာလ၌ သစ်ခက်တပ်၌နေ၍ ကိုယ်လက်သုတ်သင်အံ့သောငှါ ဖုံးလွှမ်းရာအရပ်သို့ သွား၏။ ကဋာဟကသည် မိမိအခြံအရံကိုနစ်စေ၍ သန့် သက်ရေအိုးကို ယူ၍ ဘုရားလောင်း၏အထံသို့သွား၍ သန့်သက်ရေသုံးဆောင်သော ကိစ္စအဆုံး၌ ခြေတို့၌ဝပ်၍ အရှင်အကျွန်ုပ်သည် အရှင်တို့သည် အကြင်မျှလောက်သော ဥစ္စာတို့ကိုအလိုရှိကုန်၏။ ထိုမျှလောက်သော ဥစ္စာကို ပေးပါအံ့၊ အကျွန်ုပ်၏အခွှအေရံကို မကွယ်ပါစေကုန်လင့်ဟု ဆို၏။ ဘုရားလောင်းသည် ထိုကဋာဟကအား ဝတ်နှင့်ပြည့်စုံသည်၏အဖြစ်ကြောင့် ကြည်ညိုသည်ဖြစ်၍ မကြောက်လင့်၊ သင့်အား ငါ့အထံမှအပြစ်မရှိဟု နှစ်သိမ့်စေ၍ ပစ္စန္တရစ်မြို့သို့ဝင်၏။ များစွာသော ပူဇော် သက္ကာရသည် ဖြစ်၏။ ကဋာဟကသည်လည်း ထိုသူဌေးအား မပြတ် ကျွန်သည် ပြုအပ်သောကိစ္စကို ပြု၏။
J		မြတ်စွာဘုရားသည် ထိုအကြောင်းကို သိတော်မူ၍ နံနက်အခါ၌ ရဟန်းငါးရာ ခြံရံလျက် မင်းအိမ်သို့ကြွတော်မူ၍ ခင်းအပ်သောနေရာ၌ နေတော်မူ၍ မင်းကြီး ဝါသဘခတ္တိယာသည် အဘယ်မှာနည်းဟု မေးတော်မူ၏။ မင်းသည် ထိုအကြောင်းကိုကြားလျှောက်၏။ မင်းကြီး ဝါသဘခတ္တိယာသည် အဘယ်သူ့ သမီးနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မဟာနာမ်သာကီဝင်မင်း၏ သမီးတည်းဟုလျောက်၏။ လာလတ်သည်ရှိသော် အဘယ်သူသို့ လာသနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်ဘို့လာ၏ဟုလျှောောက်၏။ မင်းကြီး ဤဝါသဘခတ္တိယာသည် မင်း၏သမီးတည်း၊ မင်းသို့သာလျှင် လာ၏။ မင်းကိုသာလျှင် စွဲ၍ သားကိုရ၏။ ထိုသားသည် အဘယ့်ကြောင့် အဘဥစ္စာဖြစ်သော တိုင်းနိုင်ငံ၏ အရှင်သည် မဖြစ်ရာသနည်း၊ ရှေးမင်းတို့သည် တခဏမျှနေသော မယားဖြစ်သော ထင်းခွေမိန်းမဝမ်း၌ သားကိုရ၍ သားအား မင်းအဖြစ်ကို ပေးဘူးကုန်၏ဟု မိန့်တော်မူ၏။ ပသေနဒီ ကောသလမင်းသည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်၏။ မြတ်စွာဘုရားသည် ဘဝတပါးသည် ဖုံးလွှမ်းအပ်သော အကြောင်းကို ထင်စွာ ပြတော်မူ၏။
J		ထိုအခါ တယောက်သောသူဌေးသားသည် သာမာ၌ တပ် စွန်းသောစိတ်ရှိ၍ နေ့တိုင်း တထောင်သော ဥစ္စာကိုပေး၏။ ထိုသူဌေးသားသည် ထိုနေ့၌လည်း နေဝင်သောအခါ တထောင်သော ဥစ္စာကိုယူ၍ သာမာ၏အိမ်သို့ သွား၏။ သာမာသည် အသပြာတထောင်ကို ယူ၍ ပေါင်ပေါ်၌ထား၍ ငိုလျက်နေ၏။ အဘယ်အမှုနည်းဟု မေး သည်ရှိသော် အရှင်ဤခိုးသူသည် ငါ့မောင်တည်း၊ ငါသည် နိမ့်သောအမှုကို ပြု၏ဟု ငါအထံသို့ မလာ၊ မြို့စောင့်အား စေသော် တထောင်သော ဥစ္စာကိုရမှ လွှတ်အံ့ဟု မှာလိုက်၏။ ယခု ဤတထောင်သော ဥစ္စာကိုယူ၍ မြို့စောင့်၏ အထံသို့ သွားမည့်သူကို မရဟုဆို၏။ ထိုသူဌေးသားသည် သာမာ၌ တပ်စွန်းသော စိတ်ရှိသည် ၏အဖြစ်ကြောင့် ငါသွားအံ့ဟု ဆို၏။ ထိုသို့တပြီးကား သင်ဆောင်ခဲ့သော ဥစ္စာကိုလျှင် ယူ၍ သွားလော့ဟု ဆို၏။ သူဌေးသားသည် ထိုဥစ္စာကို ယူ၍ မြို့စောင့်၏အိမ်သို့ သွား၏။ မြို့စောင့်သည် သူဌေးသားကို ဖုံးကွယ်ရာအရပ်၌ထား၍ ခိုးသူကို ဖုံးလွှမ်းသောယာဉ်၌ စီးစေ၍ သာမာ၏အထံသို့ ပို့စေ၍ ဤခိုးသူသည် တိုင်းပြည်၌ ထင်ရှားသော ခိုးသူတည်း၊ မှောင်မိုက်စေဦး၊ မှောင်မိုက်၍ လူတို့စကားပြော ဆိတ်သောအခါမှ သတ်အံ့ဟု ယိုးမယ်ဖွဲ့ခြင်းကိုပြု၍ တခဏမျှကို လွန်စေ၍ လူတို့သည် စကားပြောဆိတ်ကုန်လတ်သော် သူဌေးသားကို များစွာသော အစောင့်အရှောက်ဖြင့် သုသာန်သို့ ဆောင်ပြီးလျှင် သန်လျက်ဖြင့် ဦးခေါင်းကိုဖြတ်၍ ကိုယ်ကို တံကျင်ဖြင့်လျှို၍ မြို့သို့ ဝင်၏။
J		ထိုအခါမှစ၍ သာမာသည် သူတပါးတို့၏ လက်မှ တစုံတခုကိုမယူ၊ ထိုခိုးသူနှင့်လျှင်တကွ မွေ့လျော်လျှက် နေ၏။ ခိုးသူကြီးသည် ဤသာမာကား တပါးယောက်ျား၌ တပ်စွန်းပြန်သည်ရှိသော် ငါ့ကိုလည်း သတ်စေ၍ ထိုတပ်စွန်းသောသူနှင့် မွေ့လျော်ပြန်လတ္တံ့၊ ဤသာမာသည် စင် စစ် အဆွေခင်ပွန်းကို ပြစ်မှားတတ်၏။ ငါသည် သာမာ၏အထံ၌ မနေမူ၍ လျင်မြန်စွာ ပြေးခြင်းငှါ သင့်၏။ ပြေးသည်ရှိသော်ကား လက်ချည်း သက်သက် မသွားမူ၍ သာမာ၌ ဆင်ယင်သော တန်ဆာကို ယူ၍သွားအံ့ဟု ကြံ၏။ ကြံပြီး၍ တနေ့သ၌ သာမာကို နှမ ငါသည် ဆောင်း၌ လှောင်ထားအပ်သော ကြက်ကဲ့သို့ အမြဲ အိမ်၌လျှင် နေ ရ၏။ တနေ့တရက် ဥယျာဉ်ကစားလို၏ဟု ဆို၏။ သာမာသည် ကောင်းပြီဟု ဝန်ခံ၍ ခဲဘွယ်ဘောဇဉ် အစရှိသော အလုံးစုံသော အဆောက် အဦကို စီရင်၍ ခပ်သိမ်းသော တန်ဆာဖြင့် တန်ဆာဆင်ယင်လျက် ခိုးသူကြီးနှင့်အတူ ဖုံး လွှမ်းသောယာဉ်၌စီး၍ ဥယျာဉ်သို့သွား၏။ ခိုးသူကြီးသည် ဥယျာဉ်၌ သာမာနှင့်တကွ ကစားလျက် ယခု ငါ့အား ပြေးခြင်းငှာ သင့်၏ဟု သာမာနှင့်တကွ ကိလေသာနှင့် ယှဉ်သော မွေ့လျော်ခြင်းဖြင့် မွေ့လျော်လိုဘိသကဲ့သို့ တခုသော ကုလားဇလပ်သို့ ဝင်၍ သာမာကို လည်၌ဘက်သကဲ့သို့ နှိပ်၍ မိန်းမောအောင်ပြု၍ ပုတ်ခတ်၍ ခပ်သိမ်းသော တန်ဆာတို့ကို ချွတ်ယူ၍ သာမာ၏ အပေါ်ရုံအဝတ်ဖြင့် ဖွဲ့၍ အထုပ်ကို ပခုံး၌ ထမ်း၍ ဥယျာဉ်စည်းကို ခုန်လွှား၍ ပြေး၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓိရတ္ထု ကဏ္ဍိနံ သလ္လံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏ္ဍိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းအပ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမယားဟောင်း၏ ဖျားယောင်းခြင်းသည်ကား အဋ္ဌကနိပါတ် ဣန္ဒြိယဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ရဟန်း သင်သည် ရှေး၌လည်း ထိုမိန်းမကိုမှီ၍ အသက်ကုန်ခြင်းသို့ရောက်လေ၍ မီးကျီးစု၌ ကျက်ဘူးလေပြီဟု ထိုရဟန်းကို မိန့်တော်မူ၏။ ရဟန်းတို့သည် ထိုအကြောင်းကို ထင်စွာပြစိမ့်သောငှါ မြတ်စွာဘုရားကို တောင်းပန်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဘဝတပါး ဖုံးလွှမ်းသောအကြောင်းကို ထင်စွာတော်မူ၏။
J		ကာမကိုလိုက်၊ တပ်နှစ်ခြိုက်၊ အငိုက်မိကာ သေတတ်ရှာ
J		... နတ်နှင့်တကွသော လူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယတော ယတော ဂရုံ ဓုရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကဏှဇာတ်ကို ဇေတဝန်ကျောင်း၌ နေတော်မူစဉ် ယမိုက် ပြာဋိဟာကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုယမိုက်ပြာဋိဟာသည် တာဝတိံသာ နတ်ပြည်မှ ဆင်းသက်တော်မူသော စကားနှင့် တကွ တေရသကနိပါတ် သရဘမိဂဇာတ်၌ ထင်စွာဖြစ်လတ္တံ့၊ မြတ်စွာဘုရားသည်ကား ယမိုက်ပြာဋိဟာကိုပြတော်မူ၍ နတ်ပြည်၌ သုံးလပတ်လုံးဝါဆို၍ မဟာပဝါရဏာနေ့၌ သင်္ကဿ မြို့တံခါး၌သက်၍ များစွာသော အခြံအရံဖြင့် ဇေတဝန် ကျောင်းတော်သို့ ဝင်တော်မူပြီးသည်ရှိသော် ရဟန်းတို့သည် တရားသဘင်၌ စည်းဝေး၍ ငါ့သျှင်တို့ ဘုရားတို့မည်သည်ကား အတုမရှိ ရွက်ဆောင်နိုင်၏။ မြတ်စွာဘုရားသည် ရွက်ဆောင်အပ်သောဝန်ကို တပါးသော ရွက်ဆောင်ခြင်းငှါ စွမ်းနိုင်သောသူ မည်သည်မရှိ၊ ဆရာခြောက်ယောက်တို့သည်သာလျှင် ယမိုက် ပြာဋိဟာကို ပြကုန်အံ့ဟု ဆိုကုန်၍ တခုသော ပြာဋိဟာကိုလည်း မပြနိုင်ကုန်၊ မြတ်စွာဘုရားသည်အံ့ဘွယ်ရှိစွ၊ အတုမရှိ ရွက်ဆောင်နိုင်၏ဟု ဘုရားကျေးဇူးကို ချီးမွှမ်းကုန်လျက်နေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလာ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား တပါးသောစကားဖြင့် မစည်းဝေးပါကုန်၊ ဤသဘောရှိသော အရှင်ဘုရားတို့၏ ကျေးဇူးစကားဖြင့်သာလျှင် စည်းဝေးပါကုန်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ ဘုရားသည် ရွက်ဆောင်အပ်သောဝန်ကို အဘယ်သူသည် ရွက်ဆောင်နိုင်လတ္တံ့နည်း၊ ရှေး၌ တိရစ္ဆာန် အမျိုး၌ ဖြစ်လျက်လည်း ငါသည် မိမိနှင့် ထပ်တူ ရွက်ဆောင်နိုင်သော တစုံတယောက်သောသူကို မရစဘူးဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။
J		လှည်းကုန်သည့်သားလည်း နွားတို့၏ လက္ခဏာကိုပြသောကျမ်းကို တတ်၏။ လှည်းကုန်သည့်သားသည် ထိုနွားတို့၏ အတွင်း၌ ဤလှည်းတို့ကို ထုတ်ခြင်းငှါ စွမ်းနိုင်သော နွားဥသဘအာဇာနည်ကို စုံစမ်းသည်ရှိသော် ဘုရားလောင်းကိုမြင်၍ ဤအာဇာနည် နွားသည် ငါ၏လှည်းကို ထုတ်ခြင်းငှါ စွမ်းနိုင်လတ္တံ့၊ အဘယ်သူ သည်လျှင် ထိုနွား၏ အရှင်နည်းဟု နွားကျောင်းသားတို့ကို မေး၏။ မေးပြီး၍ ငါသည် နွားကို လှည်းတို့၌ က၍ လှည်းတို့ကို ထုတ်ပြီးသည်ရှိသော် အခကိုပေးအံ့ဟု ဆို၏။ ထိုနွားကျောင်းသားတို့သည် ယူ၍ ကလော၊ ဤျနွား၏ အရှင်သည် ဤအရပ်၌ မရှိဟု ဆိုကုန်၏။ လှည်းကုန်သည့် သားသည် နွားကို နှာခေါင်းကြိုးငယ်ဖြင့်ဖွဲ့၍ ငင်သည်ရှိသော် လှုပ်စိမ့်သောငှါလည်း မတတ်နိုင်၊ ဘုရားလောင်းသည် အခကိုဆိုမှ လိုက်ဦးအံ့ဟု နှလုံးသွင်း၍ မလိုက်သတတ်၊ လှည်းကုန်သည်သားသည် ဘုရားလောင်း၏ အလိုကိုသိ၍ အရှင်သင်သည် လှည်းငါးရာတို့ကို ထုတ်အပ်ကုန်သည်ရှိသော် တခုသောလှည်း၏ နှစ်သပြာတို့ကိုအခပြု၍ တထောင်ကိုပေးအံ့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် မိမိအလိုလိုသာလျှင် သွား၏။
J		ဤကဏှဇာတ်၌ ဘုရားလောင်းသည် အလွန် အလိုနည်း သတတ်။ ထိုဘုရားလောင်းသည် မကြာမြင့်မီလျှင်အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဈာန်ကစားခြင်းကို ကစားလျက် ထိုအရပ်၌လျှင်နေ၏။ သစ်သီးကြီးငယ်ငှာလည်း တစ်ပါးအရပ်သို့ မသွား။ သစ်ပင်၏ အသီးသီးသောကာလ၌ သစ်သီးကိုစား၏။ ပွင့်သောကာလ၌ အပွင့်ကိုစား၏။ အရွက်ဖြစ်သော ကာလ၌ အရွက်ကိုစား၏။ အရွက်မရှိသော ကာလ၌ အပွေးကိုစား၏။ ဤသို့ မြတ်သော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ဤအရပ်၌ ကြာမြင့်စွာ နေ၏။ ထိုဘုရားလောင်းသည် တစ်နေ့သ၌ နံနက်အခါ သစ်ပင်၏ မှည့်သောအသီးတို့ကို ယူ၏။ ယူသော်လည်း လောဘ၏ အစွမ်းအားဖြင့် ကျက်စားခြင်းမရှိသဖြင့် ထ၍ တစ်ပါးသောအရပ်၌မယူ၊ ထိုင်မြဲတိုင်းလျှင် လက်ကိုဖြန့်၍ လက်ဖြန့်ရာအရပ်၌ တည်ကုန်သော အသီးတို့ကို ယူ၏။ ထိုလက်လှမ်းမီသော အသီးတို့တွင်လည်း နှစ်သက်ဖွယ်ရှိသော အသီးတို့ကို မရွေးမူ၍ ရတိုင်းရတိုင်းသော အသီးကိုသာလျှင် ယူ၏။
J		သိကြားမင်းသည် ဘုရားလောင်း၏ တရားစကားကို နာာရ၍ နှစ်သက်ဝမ်းမြောက်သည်ဖြစ်၍ ဘုရားလောင်းကို ဆုဖြင့် ဖိတ်လိုရကား-
J		။ သ္နေဟ သင်္ဂထိတာ ဂန္ထာ၊ သောန္တိ မနောမယာပုထူ။
J		ထိုရသေ့စကားကို ကြား၍ သိကြားမင်းသည် ကဏှပညာရှိကား ဆုကိုယူသည်ရှိသော် ပစ္စည်းလေးပါးနှင့်စပ်သော ဆုကို မယူပေ၊ ခြိုးခြံသော အကျင့်နှင့်စပ်သော ဆုကိုသာလျှင် ယူ၏ ဟု ကြံ၍ အတိုင်းထက်အလွန် ကြည်ညိုသည်ဖြစ်၍ တစ်ပါးသောဆုကိုလည်း ပေးလိုရကား-
J		ထိုသို့မှီသောအခါ၌ ထိုဒီပါယန ရသေ့၏ ကိုယ်၌ မဏ္ဍဗျ ရသေ့၏ကိုယ်မှ သွေးပေါက်တို့သည် စီးကျကုန်၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကိုယ်၌ ကျတိုင်းကျတိုင်းကုန်သော သွေးပေါက်တို့သည် ခြောက်ကုန်၍ အကွက်အကွက် မည်းသောအဆင်းတို့ဖြင့် ဖြစ်ကုန်၏။ ထိုကိုယ်၌ မည်းသော အဆင်းရှိသော အပေါက်အပေါက်ဖြစ်သောအခါမှစ၍သာလျှင် ထိုဒီပါယန ရသေ့သည် ကဏှဒီပါယန အမည်သည်ဖြစ်၏။ ထိုကဏှဒီပါယန ရသေ့သည် ညဉ့်သုံးယံပတ်လုံး ထိုတံကျင်၌သာလျှင် နေ၏။ မိုးသောက်သောအခါ၌ စောင့်ရှောက်သော လူတို့သည် လာလတ်ကုန့၍ ထိုနှစ်လောက်ကုန်သော ရသေ့တို့သည် ဟောပြောကြသော အကြောင်းကို မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ငါသည် မစူးမစမ်း ပြုမိချေ၏ ဟု လျင်မြန်စွာ ထိုရသေ့အထံသွား၍ အိုရသေ့ အဘယ့်ကြောင့် တံကျင်ကို မှီ၍နေသနည်း ဟု ဒီပါယနရသေ့ကို မေး၏။ မြတ်သော မင်းကြီး ဤရသေ့ကို စောင့်ရှောက်နေ၏ ဟု ဆို၏။
J		ဤသို့ သစ္စာပြုသောအခါ၌ ထိုကဏှဒီပါယန ရသေ့၏ သစ္စာပြုသည်နှင့်တကွ ယညဒတ်အား သားမြတ်တည်ရာ အရပ်မှ အထက်၌ နှံ့လေသော အဆိပ်သည် လျှောကျ၍ မြေသို့ ဝင်လေ၏။ သူငယ်သည်လည်း မျက်စိတို့ကို ဖွင့်ပြီးလျှင် မိဘတို့ကိုကြည့်၍ မိခင် ဖခင်တို့ဟူ၍ ဆို၍သာလျှင် ပြန်၍အိပ်၏။ ထိုအခါ သူငယ်၏ အဖကို ကဏှဒီပါယန ရသေ့သည် ငါသည် ရှေးဦးစွာ ငါ၏ အစွမ်းကို ပြုအပ်ပြီ၊ သင်သည်လည်း မိမိ၏ အစွမ်းကို ပြုလော့ ဟု ဆို၏။
J		ထိုကျီးသည် စဖိုအိမ်၌ ကိရိ-ဟူသော အသံကိုပြု၏ ထမင်းချက်သည် ထိုအသံကိုကြား၍ ဤအသံကား အဘယ်နည်းဟုနှလုံးသွင်း၍ ဝင်သည်ရှိသော် ကျီးကိုမြင်၍ ဤကျီးပျက်သည် သူဌေးကြီးဘို့ချက်သောအမဲကို စားလို၏။ ငါသည်တမူကား သူဌေးကိုမှီ၍ အသက်မွေး၏။ ဤကျီးမိုက်ကိုမှီ၍ အသက်မမွေး၊ ငါ့အား ဤကျီးမိုက်ဖြင့် အဘယ်မူရအံ့နည်း၊ တံခါးကိုပိတ်၍ ကျီးကိုဖမ်း၍ ကိုယ်အလုံး၌ အတောင်တို့ကို နုတ်၍ ချင်းစိမ်း, ဆား ဇီယာ အစရှိသည်တို့ကိုထောင်း၍ ချဉ်သောရက်တက်ဖြင့်မွှေ၍ ထိုရက်တက်ရည်ဖြင့် ထိုကျီး၏ကိုယ်အလုံးကိုလိမ်း၍ ကျီးကိုတောင်း၌ထား၏။ ကျီးသည် သည်းသော ဝေဒနာ နှိပ်စက်သည်ဖြစ်၍ ညည်းညူလျက် အိပ်၏။ ဘုရားလောင်းသည် ညအခါ၌လာလတ်၍ ပျက်စီးခြင်းသို့ ရောက်သောကျီးကိုမြင်၍ လျှပ်ပေါ်သောကျီး ငါ့စကားကိုနားမထောင်၍ သင်သည် လောဘကိုမှီ၍ ကြီးစွာသောပျက်စီးခြင်းသို့ရောက်၏ဟု ဆိုလို၍-
J		။ ကာယံ ဗလကာ သိခိနီ၊ စောရီ လင်္ဃီ ပိတာမဟာ။
J		န ဟိ မနုသကာ ဘောဂါ၊ သုဘုဉ္ဇာ ဟောန္တိ ပက္ခနော။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တေ ဒေသာ တာနိ ဝတ္ထူနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကလဏ္ဍုကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီ တင်းသုံး နေတော်မူစဉ် တယောက်သော ရှုတ် ချသော စကားကို ဆိုတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကလဏ္ဍုက ဇာတ်၌ နှစ်ပါးကုန်သောဝတ္ထုတို့သည်လည်း ကဋာဟကဇာတ်နှင့် တူကုန်သလျှင် ကတည်း။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နိစ္စံ ဥဗ္ဗိဂ္ဂ ဟဒယာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကာကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွေတော်မျိုးတော်တို့၏အကျိုးငှါ ကျင့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စု ပ္ပန် ဝတ္ထုသည် ဒွါဒသကနိပါတ် ဘဒ္ဒသာလဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။
J		... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကျီးအမျိုး၌ ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်း၏ပုရောဟိတ်သည် မြို့ပမြစ်နား၌ရေချိုးပြီးလျှင် နံ့သာတို့ဖြင့်လိမ်း၍ ပန်းပန်၍ မြတ်သောအဝတ်ကို ကောင်းစွာဝတ်လျက် မြို့သို့ဝင်၏။ မြို့တံခါးဝယ် တံခါးတိုင်ဖျား၌ နှစ်ခုကုန်သောကျီးတို့သည် နားကုန်၏။ ထိုကျီးတို့တွင် တခုသောကျီးသည် တခုသောကျီးကို အဆွေ ငါသည် ဤပုဏ္ဏား၏ အပေါ်၌ မစင်ကိုချအံ့ဟု ဆို၏။ တခုသောကျီးသည် သင်သည် ဤအမှုကိုမနှစ်သက်လင့်၊ ဤပုဏ္ဏားသည် အစိုးရ၏။ အစိုးရသောသူနှင့်တကွ ရန်ပြုခြင်းမည်သည် ယုတ်မာ၏။ ထိုစကားသည် မှန်၏။ ဤပုဏ္ဏားသည် အမျက်ထွက်သည်ရှိသော် အလုံးစုံလည်း ဖြစ်ကုန်သော ကျီးတို့ကို ဖျက်ဆီးရာ၏ဟု ဆို၏။ ငါသည် မပြုအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ ထိုသို့တပြီးကား အမှန်ပင်လျှင် ဘေးဖြစ်လတ္တံ့ဟု ဆို၍ တခုသောကျီးသည် ပျံ၏။ ထိုကျီးသည် ပုဏ္ဏားသည်တံခါးတိုင်အောက်အဘို့သို့ ရောက်သည်ရှိသော် တွဲလျားဆွဲသောဝတ္ထုကို ချွေဘိသကဲ့သို့ ပုဏ္ဏား၏ ဦးခေါင်း၌ မစင်ကိုချ၏။ ပုဏ္ဏားသည် အမျက်ထွက်၍ ကျီးတို့၌ ရန်ငြိုးဖွဲ့၏။
J		သာ စဏ္ဍီ ကာဟတိ ကောဓံ၊ တံ မေ တပတိ နော ဣဒံ။
J		ထိုအခါ တနေ့သ၌ အနာထပိဏ်သူဌေး၏ အဆွေ ခင်ပွန်းတို့သည် သူဌေးသို့ကပ်ကုန်၍ သူဌေးကြီး ဤသူယုတ်ကို သင်၏အထံ၌ မနေစေလင့်၊ ကာဠကဏ္ဏီ ရပ်လော၊ ကာဠကဏ္ဏီထိုင်လော၊ ကာဠကဏ္ဏီ စားလာ ဤသို့သောအသံကြောင့် ဘီလူးပင်သော်လည်း ပြေးရာ၏။ ဤကဠကဏ္ဏီသည် သင်နှင့်မတူ၊ ဆင်းရဲ၏။ မကောင်းခြင်းနှင့် ပြည့်စုံ၏။ သင့်အား ဤကဠကဏ္ဏီဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဤသို့ ဆိုကုန်၏။ အနာထပိဏ် သူဌေးသည် အမည်မှည့်သည်ကား ခေါ်ဝေါ်ရုံမျှသာတည်း၊ ထိုအမည်ကို ပညာရှိတို့သည် ပမာဏမပြုကုန်၊ သုတမင်္ဂလာကို အလိုရှိသောသူ မည်သည် မဖြစ်သင့်၊ ငါသည် အမည်မျှကိုမှီ၍ မြေမှုန့်ကစားဘက်ဖြစ်သော အဆွေ ခင်ပွန်းကို စွန့်ခြင်းငှာမတတ်နိုင်ဟု ထိုအဆွေခင်ပွန်းတို့စကားကို မယူမူ၍ တနေ့သ၌ မိမိစားသောရွာသို့ သွားသည်ရှိသော် ထိုကဠဏ္ဏီကို အိမ်၌ စောင့်စေ၍ သွား၏။ ခိုးသူတို့သည် အနာထပိဏ်သူဌေးသည် မိမိစားသောရွာသို့ သွားသတတ်၊ ထိုသူဌေးကို လုယက်ကုန်အံ့ဟု အထူးထူးသော လက်နက်စွဲကုန်လျက် ညဉ့်အဘို့၌လာ၍ အိမ်ကိုဝန်းရံကုန်၏။
J		ထိုအခါ တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ အရှင်အာနန္ဒာမထေရ်သည် ဘုရားသခင်ကိုယ်တော်ထင်ရှားရှိတော်မူစဉ်လျှင် ဗောဓိပင်ကိုစိုက်စေ၍ များစွာသော ပူဇော်ခြင်းကို ပြုစေ၏။ အရှင်အာနန္ဒာ မထေရ်သည် ကျေးဇူးကြီးပေစွဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် အာနန္ဒာသည် ဗောဓိပင်အား ပူဇော်ခြင်းကို ပြုစေသည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် ကျွန်းငယ်အရံနှင့်တကွ ကျွန်းကြီးလေးကျွန်းတို့၌ လူတို့ကိုယူ၍ များစွာသော ပန်းနံ့သာစသည်တို့ကို ဆောင်၍ မဟာဗောဓိမဏ္ဍိုင်၌ ဗောဓိအား ပူဇော်ခြင်းကို ပြုစေဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		ဧတ္တာဝတာ ပဒေသော စ၊ န သက္ကာ နာဂေန မုပဂန္တုံ။
J		သတ္ထေန နံ ဝိကပ္ပေတွာ၊ ခုပ္ပိပါသံ ပဟာသိ မေ။
J		။ နာယံ ရုက္ခေါ ဒုရာရုဟော၊ နပိ ဂါမတော အာရကာ။
J		နောက်အဘို့၌ လေးယောက်ကုန်သော မင်းသားညီနောင်တို့သည်လည်း တပေါင်းတည်း နေကြကုန်လျှက် ပေါက်ပင်မည်သည်ကား အဘယ်သို့ သဘောရှိသနည်းဟု စကားကို ဖြစ်စေကုန်၏။ ထို့နောင်မှ တယောက်သော မင်း သားသည် မီးလောင်ငုတ်ကဲ့သို့ ရှိ၏ဟု ဆို၏။ နှစ်ယောက်မြောက်သော မင်းသားသည် ပညောင်ပင်ကဲ့သို့ ရှိ၏ဟု ဆို၏။ သုံးယောက်မြောက်သော မင်းသားသည် သားတစ်ကဲ့သို့ ရှိ၏ဟု ဆို၏။ လေးယောက်မြောက်သော မင်းသားသည် ကုက္ကိုပင်ကဲ့သို့ ရှိ၏ဟု ဆို၏။ ဤသို့ ထိုမင်းသားတို့သည် အချင်းချင်း စကားဖြင့် မနှစ်သက်ကုန်သည်ဖြစ်၍ အဘ၏ အထံသို့ သွားကုန်၍ ခမည်းတော်မင်းမြတ် ပေါက်ပင်မည် သည်ကား အဘယ်သို့သဘော ရှိသနည်းဟု မေး၍ သင်တို့သည် အသို့ဆိုအပ်သနည်းဟု ဆိုသည်ရှိသော် ဆိုအပ်ကုန်သော အမှတ်ကို မင်းအား လျှောက်ကြကုန်၏။ မင်းသည် လေးယောက်ကုန်သော သင်တို့သည်လည်း ပေါက်ပင်ကို မြင်ဘူးကြကုန်၏။ စင်စစ် သင်တို့သည် ပေါက်ပင်ကို ပြလတ်သည်ရှိသော် ရထားထိန်းကို ဤမည်သောကာလ၌ ပေါက်ပင်သည် အသို့ဘောရှိသနည်း၊ ဤမည်သောကာလ၌ကား အဘယ်သို့ သဘောရှိသနည်းဟု ခွဲခြမ်းဝေဘန်၍ မမေးအပ်၊ ထို့ကြောင့် သင်တို့အား ယုံမှားခြင်းသည် ဖြစ်၏ဟု ဆို၍-
J		ဟူသော နှစ်ခုတနု့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဟောတော်မူ၏။
J		။ ကောမာရိကာ တေ ဟေဿာမိ၊ မဉ္ဇုကာ ပိယဘာဏိနီ။
J		ဒုဗ္ဘိံ ကရောတိ ဒုမ္မေဓော၊ တဉ္စ ဟန္တွာန ဂစ္ဆတိ။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိင်္ဂိလငှက်မျိုး၌ ဖြစ်၍ အရွယ်ရောက်လတ်သော် နှစ်သက်ဘွယ်ရှိသော မိုဃ်းမယိုသော အသိုက်ကိုပြု၍ ဟိမဝန္တာ၌နေ၏။ ထိုအခါ တခုသောမျောက်သည် မိုဃ်းကာလ၌ အယဉ်မပြက် မိုဃ်းရွာလတ်သော် အချမ်း နှိပ်စက်၍ သွားချင်းချင်းကိုက်လျက် ဘုရားလောင်း၏ အနီး၌ နေ၏။ ဘုရားလောင်းသည် ပင်ပန်းသော ထိုမျောက်ကို မြင်၍ ထိုမျောက်နှင့်တကွ စကားပြောဆိုလိုရကား-
J		သဗ္ဗညူ ဘုရားသခင်သည် ထိုငါးရာသော မင်းသားတို့ကို ရဟန်းပြုတော်မူ၍ မဟာဝုန်သို့ ကြွတော်မူ၏။ မိုးသောက်သောနေ့မှစ၍ ထိုငါးရာသော သာကီဝင်မင်းသား ရဟန်းတို့ဖြင့်ခြံရံလျက် ရံခါ ကပိလဝတ် ပြည်တော်၌၊ ရံခါ ကောလိယပြည်တော်၌၊ ဤသို့ နှစ်ပြည်တို့၌ ဆွမ်းခံကြွတော်မူ၏။ နှစ်ပြည်ထောင်သားတို့သည် ကြီးစွာသော ပူဇော်သက္ကာရကို ပြုကြကုန်၏။ အလွန် ရိုသေလေးမြတ်ကြသည်ဖြစ်၍ မိမိတို့အလိုအားဖြင့် ရဟန်းပြုကြသည် မဟုတ်ကုန်သော ထိုငါးရာကုန်သော ရဟန်းတို့အား မမွေ့လျော်ခြင်းတို့သည်ဖြစ်၏။ မယားဟောင်းတို့သည် ထိုရဟန်းတို့အား မမွေ့လျော်ခြင်း ဖြစ်စိမ့်သောငှာ ထိုထိုသို့သောအကြောင်းကို ပြောဆို၍ သတင်းစကား စေလိုက်ကြကုန်၏။ ထိုရဟန်းတို့သည် လွန်စွာ ငြီးငွေ့ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆင်ခြင်တော်မူလတ်သော် ထိုငါးရာသော သာကီဝင်မင်းသား ရဟန်းတို့ မမွေ့လျော်သောအဖြစ်ကို သိတော်မူ၍ ဤရဟန်းတို့သည် ငါကဲ့သို့သော ဘုရားသဗ္ဗညူနှင့် အတူတကွနေကုန်လျက် ငြီးငွေ့ကုန်ဘိ၏။ ထိုရဟန်းတို့အား အဘယ်သို့သော တရားစကားသည် သင့်လျော်ပါအံ့နည်း၊ လျောက်ပတ်ပါအံ့နည်းဟု စုံစမ်းဆင်ခြင်တော်မူလတ်သော် ကုဏာလဇာတ် ဓမ္မဒေသနာကို မြင်တော်မူ၏။ ထိုအခါ ဘုရားသခင်အား ဤသို့သောအကြံသည် ဖြစ်တော်မူ၏။ ငါသည် ဤငါးရာသော ရဟန်းတို့ကို ဟိမဝန္တာသို့ ဆောင်ယူ၍ ကုဏာလဇာတ် ဓမ္မဒေသနာဖြင့် ထိုရဟန်းတို့အား မိန်းမတို့၏ အပြစ်ကို ပြသဖြင့် မမွေ့လျော်ခြင်းကိုဖျောက်၍ သောတာပတ္တိဖိုလ်ကို ပေးအံ့ဟု အကြံဖြစ်တော်မူ၏။ အကြံဖြစ်တော်မူပြီး၍ ထိုဘုရားသခင်သည် နံနက်အခါ၌ သင်းပိုင်ကို ပြင်ဝတ်တော်မူပြီးလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ကပိလဝတ်ပြည်သို့ ဆွမ်းခံကြွတော်မူ၍ ဆါမ်းဘုဉ်းပေးပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ဆွမ်းဘုဉ်းပေးသောကာလ (နံနက်ချိန်) ၌လျှင် ငါးရာကုန်သော ထိုရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... သင်တို့သည် မွေ့လျော်ဖွယ်သော ဟိမဝန္တာအရပ်ကို မြင်ဖူးကုန်၏လော ဟု မေးတော်မူ၏။
J		ထိုငှက်မအပေါင်းတို့သည်လည်း ပုဏ္ဏမုခမည်သော ဖုဿဥဩသည် အနာကင်းသည်ရှိသော် လာလတ်ကုန်၏။ ကုဏာလငှက်မင်းသည်လည်း ပုဏ္ဏမုခမည်သော ဖုဿဥဩကို နှစ်ရက်သုံးရက် သစ်သီးကြီးငယ်တို့ကို စားစေ၍ ဥဩ၏ အားရှိခြင်းသို့ ရောက်သောကာလ၌ အဆွေ... ယခုအခါ၌ သင်သည် အနာကင်းပြီ၊ သင့်အလုပ်အကျွေးတို့နှင့်တကွ နေရစ်လော့၊ ငါသည်လည်း ငါ၏နေရာအရပ်သို့ သွားတော့အံ့ဟု ဆို၏။ ထိုအခါ ကုဏာလငှက်မင်းကို ဖုဿဥဩသည် အဆွေဤမိန်းမတို့သည် ပြင်းစွာနာနေသော ငါ့ကိုစွန့်ပစ်၍ ပြေးကုန်၏။ ငါ့အား ဤကာမကျူးကုန်သော မိန်းမတို့ဖြင့် အလိုမရှိ ဟု ဆို၏။ ထိုစကားကိုကြား၍ ဘုရားလောင်း ကုဏာလငှက်မင်းသည် အဆွေ... ထိုသို့ဖြစ်လျှင်ကား သင့်အား မိန်းမ၏ ယုတ်မာသောအဖြစ်ကို ဟောအံ့ဟု ပုဏ္ဏမုခကိုခေါ်၍ ဟိမဝန္တာ၏ နံပါး၌ မြင်းသီလာ ကျောက်ဖျာနေရာ၌ နေ၏။ ပုဏ္ဏမုခသည် တစ်ခုသောနံပါး၌ မိမိအခြံအရံနှင့်တကွ နေ၏။ အလုံးစုံသော ဟိမဝန္တာတော၌ နတ်အပေါင်းသည်လည်း ကြွေးကြော်၏။ ယခုအခါ ကုဏာလငှက်မင်းသည် ဟိမဝန္တာဝယ် မြင်းသီလာ ကျောက်ဖျာနေရာ၌နေ၍ ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် တရားဟောလတ္တံ့၊ ထိုတရားကို နာကုန်လော့ဟု အဆင့်ဆင့် ကြွေးကြော်သဖြင့် နတ်ပြည်ခြောက်ထပ်နတ်တို့သည် ကြားကုန်၍ များသောအားဖြင့် ထိုမြင်းသီလာ ကျောက်ဖျာနေရာ၌ စည်းဝေးကုန်၏။
J		ကိလေသာ၏အစွမ်းဖြင့် ပူလောင်သည်ဖြစ်၍ ငကုန်းနှင့်တကွ ယုတ်မာသောအကျင့်ကို ကျင့်၏။ ထိုငကုန်းနှင့်တကွလည်း စကားပြောသည်ရှိသော် ငါ့အား သင်နှင့်တူသော ချစ်သူသည်မရှိ၊ မင်းသားတို့ကို သတ်၍ မင်းသားတို့၏ လည်ချောင်းသွေးဖြင့် ခြေတို့ကို ဆေးစေအံ့ဟု ဆို၏။ မင်းသားငါးယောက်တို့တွင်လည်း မင်းသားကြီးနှင့် အတူတကွ ရောယှက်ခြင်းဖြစ်သောကာလ၌ ဤမင်းသား လေးယောက်တို့ထက် သင့်ကိုသာလျှင် ငါသည် သာလွန်၍ ချစ်၏။ ငါအသက်ကိုသော်လည်း သင်၏အကျိုးငှာ စွန့်၏။ ငါခမည်းတော် မင်းကြီးလွန်သဖြင့် သင့်အားသာလျှင် မင်းအဖြစ်ကို ပေးအံ့ဟု ဆို၏။ ကြွင်းသော မင်းသားလေးယောက်နှင့် အတူတကွ ပေါင်းဖက်ရောယှက်သော ကာလ၌လည်း ဤနည်းဖြင့်သာလျှင် ပြောဆို၏။ ထိုမင်းသားတို့သည် ဤမင်းသမီးသည်ကား ငါတို့ကို အလွန် ချစ်မြတ်နိုးပေ၏။ ငါတို့အား စည်းစိမ်ချမ်းသာသည်လည်း ဤမင်းသမီးကိုမှီ၍ ဖြစ်၏ဟု ထိုမင်းသမီးအား အလွန်လျှင် နှစ်သက်ကုန်၏။ ထိုကဏှာဒေဝီမင်းသမီးသည် တစ်နေ့သ၌ အနာနှိပ်စက်သည် ဖြစ်၏။ ထိုအခါ ထိုမင်းသမီးကိုခြံရံ၍ မင်းသားတစ်ယောက်ကား ဦးခေါင်းကို ဆုပ်နယ်လျက် နေ၏။ ကြွင်းသော မင်းသားတို့သည်ကား တစ်ယောက် တစ်ယောက်စီ လက်ခြေတို့ကို ဆုပ်နယ်ကုန်၏။ ငကုန်းသည်ကား ခြေရင်း၌ နေ၏။
J		သင်တို့သည် လင်ငါးယောက်ရှိသော မိန်းမသည် ငါ့အား ဦးခေါင်း ဖောက်ပြန်ခြင်းကိုပြု၍ ပြသည်ကို မြင်ကြကုန်၏လော ဟု မေး၏။ မြင်ပါကုန်၏ဟု ဆိုကုန်လတ်သော် အကြောင်းကို သိကြကုန်၏လောဟု မေးပြန်၍ မသိပါကုဟု ဆိုကုန်သဖြင့် ဤအရာ၌ ဤမည်သည်ကား အကြောင်းတည်း၊ သင်တို့အားကား လက်ခြေတို့ဖြင့် ပေးအပ်သော အမှတ်၏အကြောင်းကို သိကုန်၏လောဟု မေး၏။ သိပါကုန်၏ဟု ဆိုသဖြင့် ငါ့အားလည်း ထိုအကြောင်းဖြင့် အမှတ်သညာပေး၏။ ငကုန်းအား လျှာဖောက်ပြန်ခြင်းဖြင့် အမှတ်သညာပေးခြင်း၏ အကြောင်းကို သိကုန်၏လောဟု မေး၏။ မသိပါကုန် ဟု ဆိုလုတ်သော် ထိုအခါ ညီတော်တို့အား ထိုအကြောင်းကိုကြား၍ ဤငကုန်းနှင့်လည်း အတူတကွ ထိုမင်းသမီးသည် ယုတ်မာသောအမှုကို ပြု၏ဟုဆို၍ ထိုညီတော်လေးယောက်တို့သည် မယုံကြည်ကုန်သည်ရှိသော် ငကုန်းကို ခေါ်စေ၍ မေး၏။ ထိုငကုန်းသည် အလုံးစုံသောအကြောင်းကို ပြောဆို၏။ ထိုမင်းသားတို့သည် ငကုန်းစကားကို ကြားရလျှင် ထိုမင်းသမီးအား တပ်စွန်းခြင်း ကင်းကုန်သည်ဖြစ်၍ မိန်းမတို့မည်သည်ကား ဪ... ယုတ်မာစွ၊ ဩာ်... သီလမရှိကုန်စွ၊ ငါတို့ကဲ့သို့သော အမျိုးအနွယ်နှင့် ပြည့်စုံသော တင့်တယ်ခြင်းအစုသို့ ရောက်သော မင်းသားတို့ကို စွန့်၍ ဤသို့သဘောရှိသော စက်ဆုပ်ရွံရှာဖွယ်သော ငကုန်းနှင့်တကွ ယုတ်မာသောအမှုကို ပြု၏။ ပညာရှိသော သဘောရှိသော အဘယ်မည်သောသူသည် ဤသို့ အရှက်အကြောက်မရှိသော ယုတ်မာသော အကျင့်ရှိကုန်သော မိန်းမတို့နှင့်တကွ မွေ့လျော်လတ္တံ့နည်းဟု များစွာသော အကြောင်းဖြင့် မိန်းမတို့ကိုကဲ့ရဲ၍ ငါတို့အား အိပ်ရာထောင်ခြင်းဖြင့် အလိုမရှိဟု ငါးယောက်ကုန်သော မင်းသားတို့သည် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြုကုန်ပြီးလျှင် ကသိုဏ်းပရိကံကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လားကုန်၏။
J		ထိုမိဖုရားသည် ရင့်သောကိုယ်ဝန်ရှိသဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသောသားကို ဖွား၍ ကြီးခြင်းသို့ ရောက်လတ်သော် ထိုငါ့သားကို ဗာရာဏသီမင်းသည် ဤမင်းသား ရန်သူ၏ သားတည်း၊ ဤမင်းသားဖြင့် အဘယ်မူအံ့နည်းဟု နှလုံးသွင်း၍ သတ်စေလတ္တံ့၊ ငါ့သားသည် သူတစ်ပါးလက်၌ မသေစေသတည်းဟု ကြံပြီးလျှင် အထိန်းမိန်းမကို ခေါ်၍ မိခင် ဤသူငယ်ကို ပုဆိုးနွမ်းခင်း၍ သူကောင်ပစ်ရာသင်္ချိုင်း၌ အိပ်စေ၍ လာခဲ့လော့ဟု ဆို၏။ အထိန်းမိန်းမသည် မိဖုရားကြီး ဆိုတိုင်းပြုပြီးလျှင် ရေချိုး၍ ပြန်ခဲ့၏။
J		ဧတာ စ အညာ စ အကံသု ပါပံ အစရှိသော ဂါထာတို့၏ အဓိပ္ပာယ်ကို အဋ္ဌကထာ၌ ဤသို့ အကျယ်ပြအပ်၏။
J		အဆွေပုဏ္ဏမုခဤ ငါးယောက်ကုန်သော မိန်းမတို့သည်သာလျှင် ယုတ်မာသောအကျင့်ကို ကျင့်ကုန်၏။ ဤငါးယောက်မှ တစ်ပါးသော မိန်းမတို့သည်ကား ယုတ်မာသောအကျင့်ကို မကျင့်ကုန်ဟု မမှတ်လေနှင့်။ စင်စစ်သော်ကား ဤငါးယောက်သော မိန်းမတို့သည်လည်းကောင်း၊ တစ်ပါးသော မိန်းမတို့သည်လည်းကောင်း များစွာသော မကောင်းမှုတို့ကို ပြုတတ်ကုန်၏။ ဖဂတိဟု ဆိုအပ်သော ဤမြေကြီးသည် အမျက်ဒေါသ မရှိသောကြောင့် အလုံးစုံသောဝတ္ထုတို့၌ တူမျှသော တပ်ခြင်းရှိသည်ဖြစ်၍ အလုံးစုံသော အယုတ်အမြတ် ဖြစ်ကုန်သောဝတ္ထုတို့၏ တည်ရာဖြစ်သကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း ကိလေသာ၏ အစွမ်းဖြင့် အလုံးစုံသော အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့၏တည်ရာ ဖြစ်ကုန်၏။ ထိုစကားသည် မှန်၏။ ထိုမိန်းမတို့သည် အခွင့်ရကုန်သည်ရှိသော် တစ်စုံတစ်ယောက်သော သူနှင့်တကွ ယုတ်မာသော အကျင့်ကို ကျင့်ကုန်၏။ ဤမြေကြီးသည် အလုံးစုံကိုသာလျှင် သည်းခံသကဲ့သို့ မတုန်လှုပ်သကဲ့သို့ မပျက်စီးသကဲ့သို့ ထို့အတူ မိန်းမတို့သည်လည်း အလုံးစုံ အယုတ်အမြတ် ဖြစ်ကုန်သော ယောက်ျားတို့ကို ကိလေသာ၌ သာယာခြင်း၏ အစွမ်းဖြင့်လျှင် သည်းခံတတ်ကုန်၏။ အကယ်၍ ထိုမိန်းမတို့၏စိတ်၌ တစ်စုံတစ်ယောက်သော ယောက်ျားသည် တည်ငြားအံ့၊ ဤသို့ စိတ်၌တည်သည်ရှိသော် ထိုယောက်ျားကို စောင့်အံ့သောငှာ စဉ်းငယ်မျှလည်း မတုန်လှုပ်၊ မရွှေ့မပြောင်း အုတ်အုတ်ကျက်ကျက်ကို မပြု၊ ဤမြေကြီးသည် မပျက်စီးသကဲ့သို့ မတုန်လှုပ်သကဲ့သို့ ထို အတူ မိန်းမတို့သည် မေထုန်ကာမအကျင့်ဖြင့် မပျက်စီးကုန်၊ မတုန်လှုပ်ကုန်၊ ထိုမေထုန်ကာမအကျင့်ဖြင့် ပြည့်ခြင်းငှာ မတတ်နိုင်ကုန်။
J		(ဤဝေသီ အစရှိသည်တို့ကား မိန်းမဟော ပရိယာယျသဒ္ဒါခညြျးတည်း။ )
J		ဤဂါထာတို့ဖြင့် လင်၌အပြစ်ကို ဆောင်ရာသည် အကြောင်းကိုးပါးကို ပြပြီး၍ လေးဆယ်သော မာယာတို့ဖြင့် ယောကျ်ားတို့ကိုလွန်၍ ကျင့်ရာသည်ကို ပြလိုရကား- စတ္တာလီသာယ ခလု သမ္မပုဏ္ဏမုခ-အစရှိသော ပါဌ်တို့ကို ဆို၏။
J		ဤသို့လျှင် ဘုရားလောင်း ကုဏာလငှက်မင်းသည် အမြိုက်နိဗ္ဗာန်သို့ ရောက်စေသဖြင့် ဓမ္မဒေသနာတော်ကို ပြီးစေတော်မူ၏။ ဟိမဝန္တာအရပ်၌ နေကုန်သော ကိန္နရာ နဂါးအစရှိသည်တို့သည်လည်းကောင်း, ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဪ... အံ့ဖွယ်ရှိစွ၊ သဗ္ဗညူဘုရားရှင်၏ တင့်တယ်စံပယ်ခြင်းဖြင့် ဟောပေ၏ဟု ချီးမွမ်းကုန်လျက် ကောင်းချီးပေးကြကုန်၏။ အာနန္ဒာအမည်ရှိသော လင်းတမင်းသည်လည်းကောင်း, နာရဒရသေ့သည်လည်းကောင်း ပုဏ္ဏမုခအမည်ရှိသော ဖုဿဥဩသည်လည်းကောင်း မိမိ မိမိတို့၏ ပရိသတ်တို့ကိုယူ၍ မိမိတို့နေရာ အရပ်သို့သာလျှင် သွားကြကုန်၏။ ဘုရားလောင်း ကုဏာလ ငှက်မင်းသည် မိမိနေရာအရပ်သို့ သွားလေ၏။ အာနန္ဒာ မည်သော လင်းတမင်း, နာရဒရသေ့, ပုဏ္ဏမုခ ဥဩတို့သည်ကား ကြိုးကြား ကြိုးကြား လာလတ်ကုန်၍ ဘုရားလောင်း ကုဏာလငှက်မင်းထံ၌ အဆု့းအမကိုယူ၍ ထိုအဆုံးအမ၌ တည်ကုန်၍လျှင် နတ်ပြည်သို့ လားကြကုန်၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဘုတွာ တိဏပရိဃာသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဏ္ဍကသိန္ဓဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ထိုစကားကို ချဲ့ဦးအံ့၊ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူပြီး၍ ဒေသစာရီ ကြွတော်မူ၍ တဖန် ပြန်လာသည်ရှိသော် လူတို့သည် အာဂန္တုကတို့အား ပူဇော်ခြင်းကိုပြုကုန်အံ့ဟု ဘုရားအမှူးရှိသော သင်္ဃာတို့အား အလှူကြီးကိုပေးကြကုန်၏ ကျောင်း၌ တပါးသော ဓမ္မဃောသကရဟန်းကိုထား၏။ ထိုရဟန်းသည် အကြင်အကြင်သူတို့သည် အကြင်မျှလောက်သော ရဟန်းတို့ကို အလိုရှိကုန်၏။ ထိုသူတို့အား ထိုမျှလောက်သော ရဟန်းတို့ကို စီရင်၍ ပေး၏။
J		ထိုမင်္ဂလာမြင်းကို မင်းသည် ချစ်မြတ်နိုး၏။ မင်္ဂလာမြင်းအား ပူဇော် သက္ကာရများ၏။ မင်း၏ တန်ဆာဆင်အပ်သော နေရာတိုက်ခန်းကဲ့သို့ မြင်း၏ နေရာသည် ဖြစ်၏။ လေးပါးသော နံ့သာမျိုးတို့ဖြင့် မြေကို လိမ်းကျံကုန်၏။ နံ့သာဆိုင်း ပန်းဆိုင်းတို့ကို ဆွဲကုန်၏။ အထက်၌ ရွှေကြယ်စီ ဗိတာန်ကြက်၏ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ဖြင့် ကာရံ၏။ အမြဲ နံ့သာဆီတို့ဖြင့် ဆီမီးကို ထွန်းကုန်၏။ မင်္ဂလာမြင်း၏ ကျင်ကြီးကျင်ငယ်သွားရာ အရပ်၌လည်း ရွှေအိုးကို ခံထားကုန်၏။ အမြဲလျှင် မင်းစားသော ဘောဇဉ်ကိုသာလျှင် စားစေ၏။ ထိုမင်္ဂလာမြင်း ရောက်သောကာလမှစ၍ ဇမ္ဗူဒိပ်အလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ရောက်သည်သာလျှင် ဖြစ်၏။ ဗာရာဏသီမင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့လား၏။
J		မင်းသည် တစ်နေ့ပတ်လုံး ဥယျာဉ်၌ကစား၍ ညအခါ တန်ဆဆင်သော မြတ်သော ဆင်ကျောက်ကုန်း၌ နေ၍ သွားသည်ရှိသော် ထိုသရက်ပင်ကို မြင်၍ ဆင်းသက်၍ သရက်ပင်ရင်းသို့ သွား၍ သရက်ပင်ကို ကြည့်၍ ဤသရက်ပင်သည် နံနက် အခါ၌လျှင် ကြည့်ကုန်သော သူတို့အား မရောင့်ရဲခြင်းကို ပြု၏။ အသီးဝန်ကို ဆောင်၏။ တင့်တယ်စွာ တည်၏။ ယခုအခါ ယူအပ်သော အသီးရှိသည်ဖြစ်၍ အခက် စနောင့် စနင်း ရှိ၏။ မတင့်တယ်သည်ဖြစ်၍ တည်၏ ဟု ကြံ၍ တစ်ဖန် တစ်ပါးသောအရပ်သို့ ကြည့်လတ်သော် အသီးမရှိသော သရက်ပင်ကိုမြင်၍ ဤသရက်ပင်သည် မိမိ၏ အသီးမရှိသည်၏ အဖြစ်ကြောင့် ပတ္တမြားတောင်ကဲ့သို့ တင့်တယ်စွာတည်၏။ ဤသရက်ပင်သည် အသီးရှိသည်၏ အဖြစ်ကြောင့် ဤသို့ ပျက်စီးခြင်းသို့ ရောက်ရ၏။ ဤအိမ်၏အလယ်၌ နေခြင်းသည်လည်း အသီးရှိသော သရက်ပင်နှင့် တူ၏။ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့် တူ၏။ ဥစ္စာရှိသော သူအားသာလျှင် ဘေးရှိ၏။ ဥစ္စာမရှိသောသူကား ဘေးမရှိ။ ငါသည်လည်း အသီးမရှိသော သရက်ပင်ကဲ့သို့ ဖြစ်ရာ၏ ဟု အသီးရှိသော သရက်ပင်ကို အာရုံပြု၍ သရက်ပင်ရင်း၌ တည်လျက်လျှင် လက္ခဏာရေး သုံးပါးတို့ကို မှတ်၍ ဝိပဿနာကို ပွားစေ၍ ပစ္စေကဗောဓိဉာဏ်ကို ဖြစ်စေ၍ ယခု ငါသည် အမိဝမ်းဟူသော ကုဋိကို ဖျက်ဆီးအပ်ပြီ၊ ဘုံသုံးပါးတို့၌ ပဋိသန္ဓေကို ဖျက်ဆီးအပ်ပြီ၊ သံသရာဟူသော မစင်မြေကို သုတ်သင်အပ်ပြီ၊ ငါသည် မျက်ရည်သမုဒ္ဒရာကို ခြောက်စေအပ်ပြီ၊ အရိုးတံတိုင်းကို ချိုးဖျက်အပ်ပြီ၊ ငါအား တစ်ဖန် ပဋိသန္ဓေသည် မရှိ ဟု ဆင်ခြင်လျက် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တည်၏။
J		ဤသို့လျှင် သိကြားနတ်မင်းသည် ထိုသဗ္ဗမိတ္တမင်းအား အဆုံးအမကို ပေးပြီးလျှင် မိမိနေရာ တာဝတိ့သာ နတ်ရွာသို့လျှင် သွားလေ၏။ ထိုသဗ္ဗမိတ္တ မင်းသည်လည်း သုရာကို မသောက်မူ၍ သုရာအိုးတို့ကို ခွဲစေပြီးလျှင် သီလကို ဆောက်တည်၍ အလှူပေးသဖြင့် နတ်ပြည်သို့ လား၏။ ဇမ္ဗူဒိပ်ကျွန်း အလုံး၌လည်း အစဉ်သဖြင့် သေသောက်ခြင်းသည် ပြန့်ပွားခြင်းသို့ ရောက်၏။
J		ပုစ္ဆာမိ တံ ရဋ္ဌဝဍ္ဎန၊ ဗာဠံ ပီတိမနော ပဘာသသိ။
J		။ ဒဒံ ဘုဉ္ဇ မာစ ပမာဒေါ၊ စက္ကံ ဝတ္တယ ကောသလာဓိပ။
J		ထိုခဏ၌ လိပ်သည် သားရေ တလွန်းမျှကိုသာလျှင်ထား၍ ကြွင်းသောအလွန်းကို ခဲအပ်ပြီးသည်ဖြစ်၍ ထိုလိပ်၏ သွားတို့သည်ကား ကြွေလုသော အခြင်းအရာသို့ ရောက်ကုန်၏။ ခံတွင်းသည် သွေးအလိမ်းအလိမ်း ကပ်၏။ ဘုရားလောင်းသည် လှံကိုကိုင်၍ မိုဃ်းကြိုးကဲ့သို့သောအဟုန်ဖြင့် လာလတ်သောမုဆိုးကိုမြင်၍ ထိုအနှောင်အဖွဲ့ကို ဖြတ်လေ၍ တောသို့ဝင်၏။ ခေါက်ရှာငှက်သည် သစ်ပင်ဖျား၌ နေ၏။ လိပ်သည်ကား အားနည်းသည်၏အဖြစ်ကြောင့် ထိုအရပ်၌သာလျှင် ဝပ်၏။ မုဆိုးသည် လိပ်ကိုယူ၍ အိတ်၌ ထည့်၍ တခုသော သစ်ငုတ်၌ ဆွဲ၏။ ဘုရားလောင်းသည် ပြန်၍ ကြည့်လတ်သည်ရှိသော် လိပ်ကို ယူသည်၏ အဖြစ်ကိုသိ၍ ငါ၏အဆွေအား အသက်အလှူကို ပေးအံ့ဟု အားနည်းဟန်ပြု၍ မုဆိုးအား ကိုယ်ကိုပြ၏။ ထိုမုဆိုးသည် ဤကုရုင်္ဂသမင်သည်ကား အားနည်းသည် ဖြစ်လတ္တံ့၊ ထိုကုရုင်္ဂသမင်ကို သတ်အံ့ဟု လှံကိုယူ၍ လိုက်၏။ ဘုရားလောင်းသည် မဝေးလွန်း မနီးလွန်းသဖြင့် သွားလျက် ထိုမုဆိုးကိုသွေးဆောင်၍ တောသို့ဝင်၏။ အဝေးသို့ ရောက်သည်၏ အဖြစ်ကိုသိ၍ ခြေရာလှည့်စား၍ ခရီးတပါးဖြင့် လေကဲ့သို့ လျင်မြန်သောအဟုန်ဖြင့် ပြေးလေ၏။ ချိုဖြင့် အိတ်ကိုချီ၍ မြေ၌ချ၍ ဘောက်၍ လိပ်ကိုထုတ်၏။ ခေါက်ရှာငှက်သည်လည်း သစ်ပင်မှ သက်လာ၏။ ဘုရားလောင်းသည် နှစ်ခုကုန်သော ငှက် လိပ်တို့အား အဆုံးအမကိုပေးလျက် ငါသည့ သင်တို့ကိုမှီ၍ အသက်ကို ရပေ၏။ သင်တို့သည် အဆွေဖြစ်သောငါ၏ ပြုအပ်သော ကိစ္စကိုပြုပေ၏။ ယခုအခါ၌ မုဆိုးသည် လာလတ်၍ သင်တို့ကို ဖမ်းရာ၏။ ထို့ကြောင့် အဆွေခေါက်ရှာငှက် သင်သည် မိမိ၏သားငယ်တို့ကိုယူ၍ တပါးသောအရပ်သို့ သွားလော့၊ အဆွေလိပ် သင်သည်လည်း ရေသို့ဝင်လော့ဟု ဆို၏။ ထိုငှက်လိပ်တို့သည် ထိုဘုရားလောင်းဆိုတိုင်း ပြုကုန်၏။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူ၍-
J		... လွန်လေပြီးသောအခါ ကုရုတိုင်း ဣန္ဒပတ္ထနဂိုရ်မြို့၌ ဓနဉ္စယကောရဗျမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ မိဖုယားကြီးဝမ်း၌ ပဋိသန္ဓေ ယူ၍ အစဉ်သဖြင့် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်၌ ခပ်သိမ်းသော အတက်တို့ကိုသင်၍ အဘသည် အိမ်ရှေ့အရာ၌ ထားအပ်သည်ဖြစ်၍ နောက်အဘလွန်သဖြင့် မင်းအဖြစ်သို့ရောက်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ ကုရုဓမ္မ၌ တည်၏။ (ကုရုမ္မဟူသည်ကား ပဉ္စသီလတည်း) ဘုရားလောင်းသည် ပဉ္စသီလကို စင်ကြယ်စွာပြု၍ စောင့်ရှောက်သကဲ့သို့ ထို့အတူ ဘုရားလောင်း၏ မယ်တော် မိဖုယားကြီး, ညီတော် အိမ်ရှေ့မင်း, ပုရောဟိတ်ပုဏ္ဏား, ကြိုးတိုင်းအမတ်, ရထားထိန်း, သူဌေး, တင်းခြင်အမတ်ကြီး, တံခါးစောင့်, ပြည့်တန်ဆာမတို့သည် စင်ကြယ်စွာပြု၍ ပဉ္စ သီလတို့ကို စောင့်ရှောက်ကုန်၏။ မင်းသည် မြို့တံခါး လေး မျက်နှာ, မြို့လယ် နန်းတော်တံခါး ဤခြောက်ဌါနတို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေကုန်၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်၍ အလုံးစုံသော ဇမ္ဗူဒိပ်ကို လယ် ယာ ထွန်ခြင်း ပြတ်သည်ကိုပြု၍ အလှူပေး၏။ ထိုဘုရားလောင်း၏ အလှူပေးခြင်း၌ မွေ့လျော်သည်၏အဖြစ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြန့်နှံ၏။
J		မယ်တော်မိဖုယားသည် အမောင်တို့ ဤသို့ ပေးငြားသော်လည်း ကုရုဓမ္မသည် ငါ့ကိုမနှစ်သက်စေနိုင်၊ ငါ၏ချွေးမသည်ကား ကောင်းစွာစောင့်၏။ ချွေးမအထံ၌ ယူကြလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် မိဖုယားကြီးအထံသို့ကပ်၍ ရှေးနည်းဖြင့်သာလျှင် ကုရုဓမ္မကို တောင်းကုန်၏။ မိဖုယားကြီးသည်လည်း ရှေးနည်းဖြင့်သာလျှင် ဆို၏။ ယခု ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ထို့ကြောင့် သင်တို့အား ငါမပေးဟု ဆို၏။ ထိုမိဖုယားကြီးသည် တနေ့သ၌ ခြင်္သေ့ခံသော လေသာပြတင်းနား၌ ရပ်လျက် မြို့ကို လကျာရစ်လှည့်သော မင်း၏နောက်မှ ဆင်ကျောက်ကုန်း၌စီးသော အိမ်ရှေ့ မင်းကို မြင်၍ လောဘကို ဖြစ်စေ၍ ငါသည် အကယ်၍ အိမ်ရှေ့မင်းနှင့် အဆွေခင်ပွန်းဖွဲ့ငြားအံ့၊ အစ်ကိုလွန်သဖြင့် မင်းအဖြစ်၌ တည်သော အိမ်ရှေ့မင်းသည် ငါ့ကို သိမ်းယူငြားအံ့ဟု ကြံသတတ်၊ ထိုအခါ မိဖုယားအား ကုရုဓမ္မကိုစောင့်သောငါသည် လင်ရှိသည်ဖြစ်လျက် ကိလေသာ၏အစွမ်းအားဖြင့် တပါးသော ယောက်ျားကို ကြည့်မိ၏။ ထို့ကြောင့် သီလပျက်သည် ဖြစ်ရာ၏ဟု ကုက္ကုစ္စဖြစ်၏။ ထို့ကြောင့် ဤသို့ဆို၏။ ထိုအခါ မိဖုယားကြီးကို ထိုတမန်တို့သည် အရှင်မ စိတ်ဖြစ်ကာမျှဖြင့် လွန်ကျူး၍ ကျင့်ခြင်းမည်သည် မဖြစ်၊ သင်တို့သည်လည်း ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်၏။ လွန်ကျူးခြင်းကို အသို့လျှင် ပြုကုန်လတ္တံ့နည်း၊ ဤမျှဖြင့် သီလ သည်မပျက်၊ အကျွန်ုပ်တို့အား ကုရုဓမ္မကို ပေးကုန်လော့ဟုဆို၍ မိဖုယားကြီး၏ အထံ၌လည်း ကုရုဓမ္မကို ရွှေပြား၌ ရေးယူကြကုန်၏။
J		မိဖုယားကြီးသည် အမောင်တို့ ဤသို့ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေ၊ အိမ်ရှေ့မင်းသည် ကောင်းစွာ စောင့်၏။ အိမ်ရှေ့ မင်း၏အထံ၌ ယူကြကုန်လော့ဟု ဆိုအပ်ကုန်သော် တမန်တို့သည် အိမ်ရှေ့မင်း၏ အထံသို့ကပ်၍ ရှေးနည်းဖြင့်သာလျှင် ကုရုဓမ္မကို တောင်းကုန်၏။ ထိုအိမ်ရှေ့ မင်းသည်ကား ညချမ်းသောအခါ မင်း၏အထံသို့ သွားသည်ရှိသော် ရထားဖြင့်လျှင် မင်းယင်ပြင်သို့ရောက်၍ မင်း၏အထံ၌ ခစား၍ မင်း၏အထံ၌ အိပ်လိုသည်ရှိသော် ကြိုးနှင်တံတို့ကို ရထားဦး၌ ထားခဲ့၏။ ထိုအမှတ်ဖြင့် လူများတို့သည်ဖဲ၍ နက် ဖြန် နံနက်စောစော လာလတ်၍ အိမ်ရှေ့မင်း၏ထွက်ခြင်းကို မျှော်လျက်လျှင် တည်၏။ ရထားထိန်းသည်လည်း ရထားကိုစောင့်ရှောက်၍ နက်ဖြန် နံနက် စောစောကလျှင် ရထားကိုယူ၍ မင်းအိမ်တံခါး၌ တည်၏။ ထိုခဏ၌သာလျှင် ထွက်လိုသည်ဖြစ်အံ့ ကြိုးနှင်တံတို့ကို ရထား၏အတွင်း၌သာလျှင် ထားခဲ့၍ မင်းအထံသို့ သွား၏။ လူများတို့သည်ထိုအမှတ်ဖြင့် ယခုလျှင် ထွက်လတ္တံ့ ဟု မင်းအိမ်တံခါး၌သာလျှင် တည်၏။ အိမ်ရှေ့မင်းသည် တနေ့သ၌ ဤသို့ပြု၍ မင်းအိမ်သို့ ဝင်၏။ ဝင်ကာမျှလျှင် မိုဃ်းသည် ရွာ၏။ မင်းသည် မိုဃ်းရွာ၏ဟု အိမ်ရှေ့မင်းအား ထွက်ခြင်းကိုမပေး၊ အိမ်ရှေ့မင်းသည် မင်းအိမ်၌သာလျှင် ခစား၍ အိပ်၏။ လူများသည် ယခုထွက်လတ္တံ့ဟု တညဉ့်ပတ်လုံး မိုဃ်းစွတ်လျှက် တည်၏။ အိမ်ရှေ့မင်းသည် နက်ဖြန်မှထွက်၍ မိုဃ်းစွတ်လျှက်တည်သော လူများကိုမြင်၍ ကုရုဓမ္မကို စောင့်ရှောက်သော ငါသည် ဤမျှလောက်သောလူကို ပင်ပန်းစေပြီ၊ ငါ၏သီလသည် ပျက်စီးရာ၏ဟု ကုက္ကုစ္စဖြစ်၏။ ထိုကြောင့် ထိုတမန်တို့အား ငါသည် ကုရုဓမ္မကို စောင့်ရှောက်သည်ကား မှန်၏။ ထိုသို့ စောင့်ရှောက်သော်လည်း ယခု ငါ့အား ကုက္ကုစ္စရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ဆို၍ ထိုအကြောင်းကိုကြား၏။ ထိုအခါ အိမ်ရှေ့မင်းကို တမန်တို့သည် အရှင်မင်းမြတ် သင်မင်းကြီးသည် ထိုသူတို့အား ပင်ပန်းစေကုန်သတည်း ဟူသော စိတ်သည်မရှိ၊ စိတ်မရှိသော် ကံမမြောက်၊ ဤအမှုဖြင့်လည်းကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာလျှင် အရှင်မင်းကြီးတို့အား လွန်ကျူးခြင်း ဖြစ်ကုန်အံ့နည်းဟုဆို၍ အိမ်ရှေ့မင်း၏ အထံမှလည်း သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။
J		ဤသို့ ပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ တင်းခြင်အမတ်သည်ကား ကောင်းစွာ စောင့်ရှောက်၏။ ထိုအမတ်၏အထံ၌ ယူကြလေကုန်လော့ဟု ဆိုအပ်သော် ကမန်တို့သည် ထိုအမတ်၏အထံသို့ သွား၍ တောင်းကုန်၏။ ထိုအမတ်သည် တနေ့သ၌ စပါးကျီ၏တံခါး၌ ထိုင်၍ မင်း၏ အဘို့ဖြစ်ကုန်သော ကောက်တို့ကို ခြင်လတ်သော် မမြင်အပ်သော စပါးအစုမှ ကောက်တို့ကိုယူ၍ မှတ်စေ၏။ ထိုခဏ၌ မိုဃ်းသည်းစွာရွာ၏။ အမတ်ကြီးသည် အမှတ်တို့ကို ရေတွက်၍ ခြင်ပြီးသော ကောက်တို့သည် ဤမျှရှိကုန်၏ဟု ဆို၍ အမှတ်ကောက်စုကိုကိုင်၍ ခြင်ပြီးသော ကောက်စု၌ တည်စေ၍ လျင်မြန်သဖြင့်သွား၍ တံခါးမုခ်၌ရပ်၏။ ငါသည် အမှတ်မဲ့ ကောက်တို့ကို ကောက်စု၌ထည့်အပ်ကုန်ပြီ။ ခြင်ပြီးသော ကောက်၌ ထည့်အပ်ကုန်သလော၊ မခြင်သေးသော ကောက်စု၌ ထည့်အပ်ကုန်သလောဟု ကြံ၏။ ထိုအခါ အမတ်အား ခြင်ပြီးသောကောက်စု၌ ထည့်အပ်ကုန်ငြားအံ့၊ မသင့်သောအားဖြင့်သာလျှင် မင်း၏ ဥစ္စာကို ပွားစေအပ်၏။ သူကြွယ်တို့၏ ဥစ္စာသည် ပျက်စီး၏။ ငါသည် ကုရုဓမ္မကို စောင့်ရှောက်၏။ ထို့ကြောင့် ငါ၏ သီလသည် ပျက်စီးရာ၏။ ထိုတင်းခြင်အမတ်သည် ထိုအကြောင်းကိုကြား၍ ဤအကြောင်းကြောင့် ကုရုဓမ္မ၌ ငါ့အား ကုက္ကုစ္စသည် ရှိ၏။ ထို့ကြောင့် သင်တို့အား ပေးခြင်းငှါ မတတ်ကောင်းဟု ဆို၏။ ထိုအခါ ထိုတင်းခြင်အမတ်ကို တမန်တို့သည် သင်တို့အား ခိုးလိုသောစိတ်သည် မရှိ၊ ခိုးလိုသောစိတ်နှင့်ကင်း၍ အဒိန္နာဒါန်မည်သည်ကို ပညတ်ခြင်းငှာ မတတ်ကောင်း၊ ဤမျှဖြင့်လည်း ကုက္ကုစ္စကို ပြုကုန်သေး၏။ အဘယ်မှာလျင် သူတပါး၏ဥစ္စာကို ယူလတ္တံ့နည်းဟု ဆို၍ ထိုတင်းခြင်အမတ်၏ အထံ၌လည်း သီလကို ယူ၍ ရွှေပြား၌ ရေးကုန်၏။
J		ဤပေးငြားသော်လည်း ငါ့ကို သီလသည် မနှစ်သက်စေနိုင်၊ ပြည့်တန်ဆာမသည်ကား ကောင်းစွာ စောင့်ရှောက်၏။ ပြည့်တန်ဆာမ၏ အထံ၌ ယူလေကုန်ဟု ဆိုအပ်ကုန်သော် တမန်တို့သည် ပြည့်တန်ဆာမအထံသို့သွား၍ တောင်းကုန်၏။ ထိုပြည့်တန်ဆာမသည် ရှေးနည်းဖြင့် သာလျှင် ပယ်၏။ အဘယ့်ကြောင့် ပယ်သနည်းဟူမူကား သိကြားမင်းသည် ပြည့်တန် ဆာမ၏ သီလကို စုံစမ်းအံ့ဟု လုလင်ငယ်၏အသွင်ဖြင့် လာလတ်၍ အကျွန်ုပ်လာပါအံ့ဟုဆို၍ တထောင်သောဥစ္စာကို ပေး၍ နတ်ပြည်သို့လျှင်သွား၍ သုံးနှစ်တို့ပတ်လုံး မလာ၊ မိမိ၏သီလ ပျက်အံ့သည်မှ ကြောက်သောကြောင့် သုံးနှစ်တို့ ပတ်လုံး တပါးသောယောက်ျား၏ လက်မှ ကွမ်းကိုမျှလည်း မယူ၊ ထိုပြည့်တန်ဆာမသည် အစဉ်သဖြင့် ဆင်းရဲသည်ဖြစ်၍ ငါ့အား တထောင်သောဥစ္စာကို ပေး၍သွားသော ယောက်ျားသည် မလာသည်ကား သုံးနှစ် ရှိပြီ၊ ငါသည် ဆင်းရဲ၍ အသက်မွေးခြင်းကို ပြုအံ့သောငှါ မတတ်နိုင်၊ ယခုအခါမှစ၍ တရားဆုံးဖြတ်ကုန်သော အမတ်ကြီးတို့အား အကြောင်း ကြား၍ ရိက္ခာကို ယူခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုပြည့်တန်ဆာမသည် တရားဆုံးဖြတ်ရာအရပ်သို့ သွား၍ အရှင်ရိက္ခာကိုပေး၍သွားသော ယောက်ျားသည် မလာသည်မှာ သုံးနှစ်ရှိပြီ။ ထိုယောက်ျား၏ သေသောအဖြစ်ကို မသိ၊ အကျွန်ုပ်သည် အသက်မွေးအံ့သောငှါ မတတ်နိုင်၍ အသို့ပြုရအံ့နည်းဟု ဆို၏။ သုံးနှစ်တိုင်အောင် မလာသော် အသို့ပြုရအံ့နည်း၊ ယနေ့မှစ၍ ရိက္ခာကိုယူလော့ဟု တရား စီရင်သော အမတ်ကြီးသည်ဆို၏။ ဤအဆုံးအဖြတ်ကိုရ၍ ဆုံးဖြတ်ရာအရပ်မှ ထွက်ခဲ့သော် ထိုပြည့်တန်ဆာမအား တယောက်သောယောက်ျားသည် တထောင်သောဥစ္စာကို ပေး၏။ ဥစ္စာကို ယူအံ့သောငှါ ထိုပြည့်တန်ဆာမ၏ လက်ကို ဖြန့်သောကာလ၌ သိကြားမင်းသည် ကိုယ်ကို ပြ၏။ ထိုပြည့်တန် ဆာမသည် ငါ့အား သုံးနှစ်အထက်၌ တထောင်သောဥစ္စာကို ပေးသောယောက်ျားသည် လာ၏။ အမောင့်အသပြာတို့ဖြင့် ငါ့အား အလိုမရှိဟုဆို၍ လက်ကို ခွေ၏။ သိကြားမင်းသည် မိမိကိုယ်ကို ဘန်ဆင်း၍လျှင် တက်သစ်သော နေလုလင်ကဲ့သို့ ထွန်းပလျက် ကောင်းကင်၌ တည်၏။ မြို့အလုံး၌ လူများသည် စည်းဝေး၏။ သိကြားမင်းသည် လူများ၏အလယ်၌ ငါသည်ကား ဤမိန်းမအား စုံစမ်းသည်၏အစွမ်းဖြင့် သုံးနှစ်အထက်၌ တထောင်သော ဥစ္စာကိုပေး၏။ သီလစောင့်သော သူတို့မည် သည်ကား ဤသို့ သဘောရှိသည်ဖြစ်၍ စောင့်ကုန်လော့ဟု ပြည့်တန်ဆာမ၏အိမ်ကို ရတနာခုနစ်ပါးတို့ဖြင့် ပြည့်စေ၍ ယနေ့မှစ၍ မမေ့မလျော့ ဖြစ်ဟု ပြည့်တန်ဆာမကို ဆုံးမ၍ နတ်ပြည်သို့လျှင် သွား၏။ ထိုပြည့်တန်ဆာမသည် ယူအပ်ပြီးသောအခကို မကျေစေမူ၍သာလျှင် ယောက်ျားတယောက်သည် ပေးအပ်သောအခကို ယူအံ့သောငှါ လက်ဖြန့်၏။ ဤအကြောင်းကြောင့် သီလသည် ငါ့ကို မနှစ်သက်စေနိုင်၊ ထိုကြောင့် သင်တို့အား ပေးခြင်းငှာ မတတ်ကောင်းဟု ပယ်၏။ ထိုအခါ ပြည့်တန်ဆာမကို တမန်တို့သည် လက်ဖြန့်ကာမျှဖြင့် သီလပျက်ခြင်းမည်သည် မရှိ၊ ဤသီလမည်သည်ကား အလွန်စင်ကြယ်သည် ဖြစ်၏ဟု ဆို၍ ထိုပြည့်တန်ဆာမ၏ အထံ၌ သီလကိုယူ၍ ရွှေပြား၌ ရေးကုန်၏။
J		ထိုအခါ ထိုသူတို့အား နင်းစိမ့်သောငှါ ဆင်ကိုဆောင်ကုန်၏။ ထိုဆင်သည် ဆောင်အပ်ကုန်သော်လည်း အနီးသို့ကပ်ခြင်းငှာ မဝံ့၊ သည်းသောအသံကိုပြု၍သာလျှင် ပြေး၏။ တပါးသော ဆင်ကို ဆောင်ကုန်၏။ ထိုဆင်တို့သည်လည်း ထို့အတူသာလျှင် ပြေးကုန်၏။ မင်းသည် ထိုသူတို့၏လက်၌ တစုံတခုသောဆေးသည် ဖြစ်လတ္တံ့၊ စီစစ်ကြကုန်လောဟု ဆို၏။ စီစစ်ကုန်သည်ရှိသော် မမြင်ကုန်၍ ရှင်မင်းကြီး မရှိဟုလျှောက်ကုန်၏။ ထိုသို့ဆေးမပြီးတကား တစုံတခုသောမန္တရားတို့ကို သရဇ္စျာယ်ကုန်လတ္တံ့၊ ထိုသူတို့ကို သင်တို့အား သရဇ္ဈာယ်အပ်သော မန္တရားသည် ရှိသလောဟု မေးကြကုန်ဦးလောဟုဆို၏။ မင်းချင်းတို့သည် မေးကုန်၏။ ဘုရားလောင်းသည် ရှိ၏ဟုဆို၏။ မင်းချင်းတို့သည် အရှင်မင်းကြီး ရှိသတတ်ဟု လျှောက်ကုန်၏။ မင်းသည် အလုံးစုံလည်းဖြစ်ကုန်သောထိုသူတို့ကို ခေါ်စေ၍ သင်တို့တတ်သောမန္တရားကို ဆိုလောဟုဆို၏။ ဘုရားလောင်းသည် ရှင်မင်းကြီး အကျွန်ုပ်တို့အား တပါးသောမန္တရားသည်မရှိ၊ သုံးကျိပ်သုံးယောက်ရှိသော လူဖြစ်ကုန်သော အကျွန်ုပ်တို့သည်ကား သူ့အသက်ကို မသတ်ကုန်၊ သူတပါး ဥစ္စာကို မခိုးကုန်၊ မှားသောအကျင့်ကို မကျင့်ကုန်၊ မုသာဝါဒကို မဆိုကုန်၊ သေ မသောက်ကုန်၊ မေတ္တာကို ပွားစေကုန်၏။ အလှူပေးကုန်၏။ ခရီးကို ညီညွတ်စွာပြုကုန်၏။ လေးထောင့်ကန်တို့ကို တူးကုန်၏။ စရပ် ဆောက်ကုန်၏။ ဤသည်ကား အကျွန်ုပ်တို့၏ မန္တရားလည်းမည်၏။ ပရိတ်လည်းဖြစ်၏။ အစီးအတားလည်း ဖြစ်၏ဟု ဆို၏။
J		ထိုအခါ ထိုသူတို့ကို လက်သ္မားသည်ဆို၏။ အရှင်တို့ သင်တို့သည် အဘယ်သို့ဆိုသနည်း၊ ဗြဟ္မာပြည်ကိုထား၍ တပါးသောမာတုဂါမကင်းရာအရပ်မည်သည်မရှိ၊ ထုပိကာကို ယူကုန်လော၊ ဤသို့ ဖြစ်သည်ရှိသော် ငါတို့၏အမှုသည် အပြီးသို့ ရောက်လတ္တံ့ဟု ဆို၏။ ထိုသူတို့သည် ကောင်းပြီဟု ထုပိကာကိုယူ၍ စရပ်ကို ပြီးစေ၍ ပျဉ်အခင်းတို့ကို ခင်းစေ၍ သောက်ရေအိုးတို့ကို တည်စေ၍ ယာဂုထမင်းစသည်တို့ကို အမြဲဖြစ်စေကုန်၏။ စရပ်ကို တံတိုင်းဖြင့် ခြံရံ၍ တံခါးကိုယှဉ်စေ၍ တံတိုင်းတွင်း၌သဲဖြူး၍ တံတိုင်း၏အပ၌ ထန်းပင်စသည်တို့ကို စိုက်ကုန်၏။ သုစိတ္တာသည်လည်း ထိုအရပ်၌ ဥယျာဉ်ကို ပြု၏။ ဤမည်သော အသီးအပွင့်နှင့်ပြည့်စုံသော သစ်ပင်မည်သည် ထိုဥယျာဉ်၌ မရှိဟူ၍ မဆိုအပ်၊ သုနန္ဒာသည်လည်း ထိုအရပ်၌လျှင် ငါးပါးသောအဆင်းရှိကုန်သော ပဒုမာကြာတို့ဖြင့် ဖုံးလွှမ်းအပ်သော မွေ့လျော်ဘွယ်ရှိသောရေကန်ကို တူးစေ၏။ သုဇာတာသည် တစုံတခုသောကောင်းမှုကိုမပြု၊ ဘုရားလောင်းသည် အမိအားလုပ်ကျွေးခြင်း၊ အဖအားလုပ်ကျွေးခြင်း၊ အမျိုး၌ ကြီးသောသူတို့အား ပူဇော်သောအမှုကို ပြုခြင်း၊ မှန်သောစကားကို ဆိုခြင်း၊ ကြမ်းကြုတ်သော စကားကိုမဆိုခြင်း၊ ဂုံးတိုက်သော စကားကိုမဆိုခြင်း၊ ဝန်တိုခြင်းကိုဖျောက်ခြင်း၊ ဤကျင့်ဝတ်တရား ခုနစ်ပါးတို့ကို ဖြည့်၍-
J		ထိုမာဃလုလင်၏ ထိုအဆွေခင်ပွန်းတို့သည်လည်း တာဝတိံသာ နတ်ပြည်၌လျှင်ဖြစ်ကုန်၏။ ထိုကာလ တာဝတိံသာနတ်ပြည်၌ အသုရာတို့သည် နေကုန်၏။ သိကြားနတ်မင်းသည် ငါတို့အား သူတပါးတို့နှင့်ဆက်ဆံသော မင်းအဖြစ်ဖြင့် အဘယ်မူအံ့နည်းဟု အသုရာတို့ကို နတ်ပြည် ၌ဖြစ်သောအဖျော်ကို သောက်စေ၍ မြင့်မိုရ်တောင်ခြေရင်းသို့ ပစ်ချစေ၏။ ထိုအသုရာတို့သည် အသုရာပြည်သို့သာလျှင် ရောက်ကုန်၏။ အသုရာပြည်မည်သည်ကား မြင့်မိုရ်တောင်၏ အောက်အပြင်၌ တာဝတိံသာနတ်ပြည်ပမာဏ ရှိသည်သာလျှင်ဖြစ်သော အရပ်တည်း၊ ထိုအရပ်၌ နတ်တို့၏ ပင်လယ် ကသစ်ပင်ကဲ့သို့ ဆန်းကြယ်သော သခွတ်မည်သော ကမ္ဘာပတ်လုံးတည်သော သစ်ပင်သည်ဖြစ်၏။ အသုရာတို့သည် ဆန်းကြယ်သော သခွတ်ပွင့်သည် ပွင့်လတ်သည်ရှိသော် ဤပြည်သည် ငါတို့၏ နတ်ပြည်မဟုတ်၊ ထိုစကားသည် မှန်၏။ နတ်ပြည်၌ကား ပင်လယ်ကသစ်ပင် ပွင့်၏။ ထိုအခါ သိကြားအိုသည် ငါတို့ကိုယစ်အောင်ပြု၍ ခြေ၌ကိုင်၍ မဟာသမုဒြာအပြင်၌ ပစ်ချ၍ ငါတို့နတ်ပြည်ကို ယူ၏။ ငါတို့သည် သိကြားနှင့်တကွ စစ်ထိုးကုန်၍ ငါတို့၏ နတ်ပြည်ကိုသာ ယူကုန်အံ့ဟု နှလုံးသွင်း၍ တိုင်ကို ပိုးတို့တက်ကုန်သကဲ့သို့ မြင့်မိုရ်တောင်ကိုလျှောက်၍ တက်ကုန်၏။ သိကြားမင်းသည် အသုရာတို့သည် တက်ကုန်သတတ်ဟုကြား၍ သမုဒြာအပြင်သို့သာလျှင်သက်၍ စစ်ထိုးလေသည်ရှိသော် ထိုအသုရာတို့မှ ရှုံးသည်ဖြစ်၍ ယူဇနာတရာ့ငါးဆယ်ရှိသော ဝေဇယန္တာရထားဖြင့် တောင်သမုဒြာအထက်၌ ပြေးခြင်းငှါ အားထုတ်၏။
J		သိကြားမင်းသည် အဘယ်မှာ ဖြစ်သနည်းဟု ဆင်ခြင်ပြန်သည်ရှိသော် ထိုအိုးထိန်းသည်အိမ်၌ ဖြစ်သည်၏အဖြစ်ကိုသိ၍ ရွှေသခွါးသီးတို့ဖြင့် လှည်းငယ်ကိုပြည့်စေ၍ ရွာလည်၌ သက်ကြီးအို၏အသွင်ဖြင့် ရထား၌စီး၍ သခွါးသီးတို့ကို ဝယ်ကြကုန် သခွါးသီးတို့ကို ဝယ်ကြကုန်ဟု ဟစ်ကြော်၏။ လူတို့သည် လာကုန်၍ အဘိုးပေးလောဟု ဆိုကုန်၏။ ငါသည် သီလစောင့်သော သူတို့အားပေးအံ့၊ သင်တို့သည် သီလ စောင့်ကြကုန်သလောဟု မေး၏။ ငါတို့သည် သီလမည်သည်ကို မသိကုန်၊ အဘိုးဖြင့် ပေးလာဟု ဆို၏။ ငါ့အား အဘိုးဖြင့် အလိုမရှိ၊ သီလစောင့်ကုန်သော သူတို့အားသာလျှင်ပေးအံ့ဟု ဆို၏။ လူတို့သည် ဤသည်ကား တစုံတခုတည်း၊ သခွါးသီးမဟုတ်ဟုဆို၍ သွားကုန်၏။ သုဇာတာသည် ထိုအကြောင်းကိုကြား၍ ငါ၏ အကျိုးငှါ ဆင်အပ်သည် ဖြစ်လတ္တံ့ဟု သွား၍ အဘိုး သခွါးသီးကို ပေးလောဟု ဆို၏။ အမိ သီလ စောင့်၏ လော ဟုမေး၏။ စောင့်၏ဟု ဆို၏။ ဤသခွားသီးကိုလည်း ငါသည် သင်၏အကျိုးငှါသာလျှင် ဆောင်အပ်၏ဟု လှည်းငယ်နှင့်တကွ အိမ်တံခါး၌ထား၍ သွား၏။ ထိုအိုးထိန်းသည့်သ္မီးသည်လည်း ထိုသခွါးသီးကို အသက်ထက်ဆုံး သုံးဆောင်၍ သီလစောင့်၍ ထိုဘဝမှ စုတေသည်ရှိသော် ဝေပစိတ္တိအသုရာမင်း၏ သ္မီးအဖြစ်ဖြင့် ဖြစ်လေ၏။ ထိုသီလ၏အကျိုးဆက်ဖြင့် အလွန်အဆင်းလှ၏။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏။ သူတပါးတို့နှင့် မဆက်ဆံသော အဆင်းရှိသော ကိုယ်နှင့်ပြည့်စုံ၏။ ထိုဝေပစိတ္တိအသုရာသည် သုဇာတာ၏ အရွယ်ရောက်သောကာလ၌ ငါ၏သ္မီးသည် မိမိစိတ်နှစ်သက်သောလင်ကို ယူစေသတည်းဟု အသုရာတို့ကို စည်းဝေးစေ၏။
J		ထို့အတူ သာသနာတော်မှ ရွေ့လျောလိုသော သဘော ရှိကုန်သော ငြီးငွေ့ဆန့်ကျင်ကုန်သော ရဟန်းတို့အား ငါးပါးသော နိမိတ်တို့သည် ထင်ကုန်၏။ သဒ္ဓါတရားတည်းဟူသော ပန်းတို့သည် ညှိုးနွမ်းကုန်၏။ သီလတည်းဟူသော အဝတ်တို့သည် ညစ်နွမ်းကုန်၏။ မျက်မှောင်ကြုတ်သော အဖြစ်ဖြင့်လည်းကောင်း၊ အရှိန်အစော်မရှိသောအားဖြင့်လည်းကောင်း အဆင်းမလှခြင်းသို့ ရောက်၏။ ကိလေသာတည်းဟူသော ချွေးတို့သည် ယိုထွက်ကုန်၏။ တောကျောင်း၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ ဆိတ်ငြိမ်ရာအရပ်၌ လည်းကောင်း မမွေ့လျော်၊ ထိုရဟန်းအားလည်း ထိုနိမိတ်ငါးပါးတို့သည် ထင်ကုန်၏။
J		တစ်ပါးသောသူသည် သိကြားမင်းတန်ခိုးကြောင့် ရှေ့မှဖြစ်ခြင်းငှာ မတတ်နိုင်။ ထိုသို့ သိကြားမင်းသည် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော နန်းတော်မှထွက်လတ်သော ထိုမိဖုရားကြီးကိုလျှင် လက်၌ကိုင်၍ ဆောင်ယူသွားလေ၏။ ထိုအခါ သိကြားမင်းကို ထိုထိုအရပ်၌ တည်ကုန်သောသူတို့သည် ကဲ့ရဲ့ကြကုန်၏။ အို အချင်းတို့... ကြည့်ကြပါကုန်လော့၊ ပုဏ္ဏားအိုသည် ဤသို့သဘောရှိသော မြတ်သောအဆင်းကိုဆောင်သော မိဖုရားကြီးကိုယူ၍ သွားဘိ၏။ မိမိအား မလျှောက်ပတ်သည်ကို မသိဟု ကဲ့ရဲ့ကြကုန်၏။ မိဖုရားကြီးသည်လည်း ပုဏ္ဏားအိုသည် ငါ့ကို ယူ၍သွားဘိ၏ ဟူ၍လည်း ဆင်းရဲခြင်းမဖြစ်၊ မစက်ဆုပ်။ ဩက္ကာကရာဇ်မင်းကြီးသည်လည်း နန်းတော်လေသွန်တံခါး၌ ရပ်တော်မူ၍ အဘယ်သူသည် မိဖုရားကြီးကိုယူ၍ သွားလေသနည်းဟု ကြည့်လတ်သော် ထိုပုဏ္ဏားအိုကိုမြင်၍ နှလုံးမသာယာခြင်း ဖြစ်တော်မူ၏။ သိကြားမင်းသည် ထိုမိဖုရားကြီးကိုယူ၍ မြို့တံခါးဖြင့် ထွက်သွားပြီးလျှင် မြို့တံခါးအနီး၌ ဟင်းလင်းသော တံခါးရှိသော ခင်းအပ်သော ပျဉ်အခင်းရှိသော အိမ်တစ်ဆောင်ကို ဖန်ဆင်း၏။ ထိုအခါ သိကြားမင်းကို သီလဝတီမိဖုရားကြီးသည် အရှင်... ဤအိမ်သည် သင့်အိမ်လောဟု မေး၏။ သိကြားမင်းသည် ရှင်မိဖုရား... ဟုတ်၏။ ရှေး၌မူကား ငါတစ်ယောက်တည်းသာ၊ ယခု ငါတို့နှစ်ယောက် ဖြစ်ကြကုန်၏။ ငါသည် ဆွမ်းခံသွား၍ ဆန်အစရှိသည်တို့ကို ယူစေအံ့၊ ရှင်မိဖုရားသည် ဤပျဉ်အခင်း၌ အိပ်လော့ ဟုဆို၍ သိကြားမင်းသည် ထိုမိဖုရားကြီးကို နူးညံ့သောလက်ဖြင့် သုံးသပ်လျက် နတ်၏အတွေ့ကို နှံစေ၍ ထိုပျဉ်အိပ်ရာခင်း၌ အိပ်စေ၏။ ထိုမိဖုရားသည် နတ်၏အတွေ့ နှံ့သည်ဖြစ်၍ အမှတ်သညာကို လွတ်စေ၏။ ထိုအခါ မိဖုရားကြီးကို မိမိအာနုဘော်ဖြင့် တာဝတိံသာနတ်ပြည်သို့ ဆောင်ယူပြီးလျှင် တန်ဆာဆင်အပ်သောဗိမာန်ဝယ် နတ်၏အိပ်ရာ၌ အိပ်စေ၏။
J		မဒ္ဒရာဇ်မင်းကြီးသည် ခရီးဦးကြိုဆို၍ ထိုဩက္ကာကရာဇ်မင်းကြီးကို မြို့တွင်းသို့ဝင်စေ၍ များစွာသော ပူဇော်သက္ကာရကို ပြုတော်မူ၏။ သီလဝတီ မိဖုရားကြီးသည် ပညာရှိသည်၏အဖြစ်ကြောင့် အဘယ်သူသည် သိနိုင်ရာအံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်း ဟု နှလုံးသွင်း၍ တစ်ရက်နှစ်ရက် လွန်သဖြင့် မဒ္ဒရာဇ်မင်းကို ဆို၏။ အရှင်မင်းကြီး... အကျွန်ုပ်ခြှေးမကို မြင်လိုပါ၏ ဟု ဆို၏။ မဒ္ဒရာဇ်မင်းကြီးသည် ကောင်းပြီ ဝန်ခံ၍ သမီးတော်ကို ခေါ်စေတော်မူ၏။ သမီးတော် ပဘာဝတီသည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ပြီးလျှင် အထိန်းအချီအပေါင်း ခြံရံလျက် လာလတ်၍ ယောက္ခမဖြစ်သော သီလဝတီ မိဖုရားကြီးကို ရှိခိုး၏။
J		သီလဝတီ မိဖုရားကြီးသည် မင်းသမီး ပဘာဝတီကိုမြင်လျှင် ဤသတို့သမီးငယ်သည် အလွန် အဆင်းလှပေ၏။ သားတော်သည်ကား အဆင်းမလှချေ၊ ဤသတို့သမီးငယ်သည် သားတော်ကို အကယ်၍ မြင်ရအံ့၊ တစ်ရက်မျှလည်း မနေမူ၍ ထွက်ပြေးခဲ့ရာ၏။ ဥပါယ်တမျဉ်ကို ပြုအံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုသီလဝတီမိဖုရားကြီးသည် မဒ္ဒရာဇ်မင်းကို ပင့်ခေါ်တော်မူ၍ အရှင်မင်းကြီး... ချွေးမတော်သည် အကျွန်ုပ်သားတော်အား လျောက်ပတ်၏။ ထိုသို့ လျောက်ပတ်သော်လည်း အနည်းငယ်ဆိုဖွယ်ရှိသေး၏။ အကျွန်ုပ်တို့ အမျိုးအနွယ်အစဉ်အဆက်မှ အကျင့်ရှိပါ၏။ ဤသတို့သမီးငယ်သည် ထိုအကျင့်၌ အကယ်၍ ကျင့်ပါအံ့၊ ထိုသတို့သမီးငယ်ကို ဆောင်ယူပါအံ့ဟု ဆို၏။ ရှင်မိဖုရားတို့၏ အမျိုးအကျင့်သည် အဘယ်နည်းဟု မေးတော်မူ၏။ အကျွန်ုပ်တို့အမြိုး၌ အကြင်မျှလောက်သော တစ်ကြိမ်သော ကိုယ်ဝန်တည်ခြင်းသည် ရှိ၏။ ထိုမျှလောက် လင်ကိုမြင်ခြင်းငှာ မရ။ အကယ်၍ ဤသတို့သမီးငယ်သည် အကျွန်ုပ်ဆိုတိုင်း လိုက်နာအံ့၊ ထိုသတို့သမီးငယ်ကို ဆောင်ယူပါအံ့ဟု ဆို၏။
J		အထိန်းတော် ခုဇ္ဇာသည် ထိုနေ့မှစ၍ ပဘာဝတီအစုကိုယူ၍ မိမိစား၏။ မိမိအစုကို ပဘာဝတီအားပေး၏။ ကုသမင်းသည်လည်း ထိုနေ့မှစ၍ ပဘာဝတီကိုမမြင်ရကား ကြံတော်မူပြန်၏။ ပဘာဝတီသည် ငါ့၌ ချစ်ခြင်း မရှိပြီ၊ ထိုသို့မဟုတ်မူ ချစ်ခြင်း ရှိဦးမည်လော၊ ပဘာဝတီကို စုံစမ်းအံ့ဟု ကြံတော်မူ၏။ ကြံပြီး၍ ထိုကုသမင်းသည် မင်းသမီးကိုကျွေးပြီးလျှင် ထမင်းထမ်းပိုးကိုထမ်း၍ ထွက်ခဲ့သည်ရှိသော် ပဘာဝတီ တိုက်ခန်းတံခါးအနီး ပြာသာဒ်အပြင်၌ ခြေတို့ဖြင့်ခတ်လိုက်၍ အိုးခွက်တို့ကို လိမ့်စေပြီးလျှင် ကျည်းဟီးလျက် မိန်းမောဟန်ပြု၍ မှောက်ခုံလဲ၏။
J		ထိုပဘာဝတီသည် အထိန်းတော်ခုဇ္ဇာ၌ အမျက်ထွက်၏။ ထိုသို့ အမျက်ထွက်သောအခါ ပဘာဝတီကို အထိန်းတော် ခုဇ္ဇာသည် လည်၌ ကိုင်၍ တိုက်ခန်းတွင်းသို့ ပစ်လိုက်ပြီးလျှင် အဝ၌နေလျက် တံခါးလှည့်ကြိုး၌ ဆွဲလျက်ရပ်၏။ ပဘာဝတီသည် ထိုခုဇ္ဇာကို ဖမ်းအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ တံခါးဝ၌ရပ်လျက် ဆဲရေးလိုကား -
J		။ န ဟိ နူနာယံသာ ခုဇ္ဇာ၊ လဘတိ ဇိဝှာယ ဆေဒနံ။
J		၊ အမာရွတ် မှဲ့မည်းအစရှိသော အပြစ်လည်း ကင်းထသော။
J		ခတ္တိယာနံ ကုလေ ဘဒ္ဒေ၊ ကိန္နု သုခတရံ တတော။
J		ထို့နောင်မှ ပဘာဝတီသည် ကုသမင်း၏ ဂုဏ်ကျေးဇူးကိုဆိုသော မယ်တော်၏ခံတွင်းသည် မဆံ့ပြီ၊ ထိုငါ့မယ်တော်အား ထိုကုသမင်း ဤငါတို့ပြည်၌လျှင် စဖိုသည်အမှုကိုပြု၍ နေသောအဖြစ်ကို ကြားလျှောက်အံ့ ဟု ကြံ၍ ကြားလျှောက်လိုရကား...
J		ထိုအခါ ကုသမင်းသည် ယနေ့ ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်လတ္တံ့ သတတ်၊ မချွတ်လျှင် ပဘာဝတီသည် သေဘေးမှ ကြောက်သည်ဖြစ်၍ ငါလာသောအဖြစ်ကို ပြောဆိုလတ္တံ့၊ အိုးခွက်တို့ကိုဆေး၍ သိုမှီးအံ့ဟု နှလုံးသွင်း၍ ရေခပ်ပြီးလျှင် အိုးခွက်တို့ကို ဆေးအံ့သောငှာ အားထုတ်၏။ ထိုသို့ မြင်ရသောအခါ သမီးတော် ပဘာဝတီကို မယ်တော်မိဖုရားကြီးသည် ဆဲရေးမြည်တမ်းတော်မူလိုရကား-
J		။ တဉ္စ တတ္ထ ဥဒိက္ခိံသု၊ ရညော မဒ္ဒဿန္တေပုရေ။
J		ခက်ခက်ခဲခဲ၊ ဉာဏ်ဖြင့်ခွဲ၊ ဇွဲဖြင့် အောင်စေရာ
J		ရုက္ခဇိုဝ်းနတ်သည် ထိုအကြောင်းကိုသိ၍ နက်ဖြန် ငါ့ဗိမာန်ကို ဖျက်ဆီးကုန်လတ္တံ့၊ ငါသားငယ်တို့ကိုယူ၍ အဘယ်သို့ သွားရလတ္တံ့နည်းဟု ဆင်ခြင်လတ်သော် သွားရာအရပ်ကိုမမြင်၍ သားငယ်တို့ကို လည်ဘက်၍ ငို၏။ ထိုရုက္ခဇိုးဝ်းနတ်၏ သန္ဒိဋ္ဌသမ္ဘတ္တ အဆွေခင်ပွန်းဖြစ်ကုန်သော ရုက္ခဇိုဝ်းနတ်တို့သည် လာလတ်ကုန်၍ ဤဆိုခြင်းကား အကြောင်းအသို့နည်းဟု မေးကုန်၍ ထိုအကြောင်းကိုကြားကုန်လတ်သော် မိမိတို့သည်လည်း လက်သမားတို့ကို ဖဲစေအပ်သောအကြောင်းကို မမြင်ကုန်၍ ထိုရုက္ခဇိုဝ်းနတ်ကို ဘက်၍ ငိုကြကုန်၏။ ထိုအခါ ဘုရားလောင်းသည် ရုက္ခဇိုဝ်းနတ်ကို ဖူးမြင်အံ့ဟု မင်္ဂလာသစ် ပင်သို့ သွား၍ ထိုအကြောင်းကိုကြားလျှင် ထိုသို့ဖြစ်စေ အရှင်နတ်မင်းတို့သည် မစိုးရိမ်ကုန်လင့်၊ ကျွန်ုပ်သည် ထိုသစ်ပင်ကို ခုတ်စိမ့်သောငှာ မပေအံ့၊ နက်ဖြန် လက်သမားတို့သည် လာသောကာလမှာ ကျွန်ုပ်ပြုသောအမှုကို ကြည့်ကြကုန်လောဟု ဆို၍ ထိုနတ်တို့ကိုနှစ်သိမ့်စေ၍ နက် ဖြန် လက်သမားတို့သည် လာသောကာလ၌ ပုတ်သင်အသွင် ဖန်ဆင်း၍ ဤလက်သမားတို့၏ ရှေ့မှသွား၍ မင်္ဂလာသစ်ပင်၏ အမြစ်ကြားသို့ဝင်၍ မင်္ဂလာသစ်ပင်ကို အခေါင်းရှိသကဲ့သို့ပြု၍ သစ်ပင်၏အလယ်ဖြင့်တက်လတ်၍ ပင်စည်၏ ထိပ်မှထွက်၍ ခေါင်းကိုလှုပ်လျှက်ဝပ်၏။ လက်သမားကြီးသည် ထိုပုတ်သင်ကိုမြင်လတ်၍ သစ် ပင်ကိုလက်ဖြင့်တီး၍ ဤသစ်ပင်ကား အခေါင်းရှိ၏။ အနှစ်မရှိ၊ ယမန်နေ့က မဆင်ခြင်မိ၍လျှင် ငါတို့သည် ပူဇော်ခြင်းကို ပြုမိကုန်၏ဟု တခဲ နက်သောသစ်ပင်ကြီးကိုကဲ့ရဲ့၍ ဖဲလေ၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော ဝေ ကာလေ အသမ္ပတ္တေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကောကိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို တက္ကာရိယဇာတ်၌ ချဲအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၏။
J		... ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော ကာသိကမင်းသည် ဖြစ်ဖူး၏။ ဗြဟ္မဒတ်မင်းသည် ပြည်ကိုလုယူ၍ မထင်ရှားသော အသွင်ဖြင့်နေသော ဒီဃီတိ ကောသလမင်းအား သတ်သည်၏ အဖြစ်ကိုလည်းကောင်း, ဒီဃာဝုမင်းသားသည် မိမိအား အသက်ကို ပေးသည်ရှိသော် ထိုအခါမှစ၍ ဗြဟ္မဒတ်မင်း ဒီဃာဝုမင်းသားတို့၏ သင့် တင့် ညီညွတ်သည်၏ အဖြစ်ကိုလည်းကောင်း ဟောတော်မူ၍ ရဟန်းတို့ စွဲကိုင်သော လက် နက်ရှိကုန်သော ထိုမင်းတို့အား စဉ်လျက်လည်း ဤသို့သဘောရှိသော သည်းခံခြင်းနှင့် မွေ့လျော်ခြင်းသည် ဖြစ်တုံသေး၏။ သင်တို့သည်ကား ဤသို့ ကောင်းစွာဟောအပ်သော ဤသာသနာတော်၌ အကြင့်ကြောင့် ရဟန်းပြုကုန်၏။ ထိုကြောင့် စင်စစ်သဖြင့် နားထောင်ရာ၏ဟု ဆုံးမတော်မူ၏။
J		ပဉ္စင်းငယ်သည်လည်း ပရိဝုဏ်ကို တံမြက် လှည်း၍ ရေခပ်၍ ထိုသားအဘတို့၏ လာခြင်းကို မမြင်၍ မီးရှူးကိုင်လျက် ခရီးဦးကြို၍ လာလတ်ကုန်သော ထိုသားအဘကို မြင်၍ အဘယ့်ကြောင့် ကြာမြင့်ကြကုန်သနည်းဟု မေး၏။
J		မာရ်နတ်ငြိမ်းချောက်သော်လည်း မကြောက်မရွံ့ အလှူကိုမပျက်စေသော အကြောင်း
J		အနာထပိဏ်သူဌေးသည် နတ်၏စကားကိုကြား၍ ဤနတ်သည် အကျွန်ုပ်သည်ဒဏျကို ပြုအပ်ပြီဟုဆို၏။ မိမိအပြစ်ကိုလည်း ဝန်ခံ၏။ ငါသည် မြတ်စွာဘုရားအထံသို့ ဤနတ်ကိုဆောင်၍ မိမိ၏ကျေးဇူးကိုသိစေလတ္တံ့၊ မြတ်စွာဘုရားအား ထိုနတ်ကို ပြအံ့ဟုကြံ၏။ ထိုနောက်မှ ထိုနတ်ကို အချင်းနတ် ငါ့ကို အကယ်၍ ကန်တော့လိုသည်ဖြစ်အံ့ မြတ်စွာဘုရားအထံ၌ ငါ့ကိုကန်တော့လောဟု ဆို၏။ ထိုနတ်သည် ကောင်းပြီ ဤသို့ပြုအံ့၊ ငါ့ကို မြတ်စွာဘုရားအထံသို့ဆောင်၍ သွားလောဟု ဆို၏။ အနာထပိဏ်သူဌေးသည် ကောင်းပြီဟုဆို၍ ညဉ့်သည် လင်းသည်ရှိသော် စောစောကလျှင် နတ်ကိုခေါ်၍ ဘုရားအထံသွား၍ နတ်သည် ပြုအပ်သော အလုံးစုံသောအမှုကို မြတ်စွာဘုရားအား ကြားလျှောက်၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဝိရူပက္ခေဟိ မေ မေတ္တံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္ဓဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဇရုံးအိမ်တံခါး၌ ထင်းတို့ကို ခွဲသော ထိုရဟန်းကို သစ်ဆွေးကြားမှထွက်၍ တခုသောမြွေသည် ခြေချောင်း၌ ခဲသတတ်၊ ထိုရဟန်းသည် ထိုမြွေခဲရာအရပ်၌ပင်လျှင် သေ၏။ ထိုရဟန်း၏ ထိုသို့သောအခြင်းအရာအားဖြင့် သေသည်၏ အဖြစ်သည် အလုံးစုံသော ကျောင်း၌ ထင်ရှားသည် ဖြစ်၏။ တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ ဤအမည်ရှိသောရဟန်းသည် ဇရုံးအိမ်တံခါး၌ ထင်းခွဲသည်ရှိသော် မြွေသည်ခဲ၍ ထိုမြွေခဲရာအရပ်၌လျင် သေသတတ်ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် လေးပါးကုန်သောမြွေတို့ကို အာရုံပြု၍ မေတ္တာကို အကယ်၍ပွားစေငြားအံ့၊ မြွေသည် ထိုရဟန်းကို မခဲလေရာ၊ ထိုစကားသည် မှန်၏။ ရသေ့ဖြစ်ကုန်သော ရှေးပညာရှိတို့သည်လည်း ဘုရားဖြစ်တော်မမူမီ လေးပါးကုန်သော မြွေမျိုးတို့၌ မေတ္တာကို ပွားစေကုန်၍ ထိုထိုမြွေမင်းအမျိုးတို့ကို မှီ၍ဖြစ်သောဘေးမှ လွတ်ဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		။ အပရမ္ပိ သမ္မ တေ ဗာလျံ၊ ယော မုတ္တော န ပလာယသိ။
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဂင်္ဂါမြစ်နား၌ရုက္ခစိုဝ်းနတ် ဖြစ်၏။ ထိုအခါ၌ ဂင်္ဂါယမုနာမြစ်တို့၏ ဆုံရာအရပ်၌ ဂင်္ဂါငါး ယမုနာငါး ဤငါးနှစ်ခုတို့သည် ငါသည် တင့်တယ်၏။ သင်သည် မတင့်တယ်ဟု အဆင်းကို အမှီပြုကုန်၍ ငြင်းခုံသည်ရှိသော် အနီးဖြစ်သော ဂင်္ဂါကမ်းနား၌နေသော လိပ်ကိုမြင်ကုန်၍ ဤလိပ်သည် ငါတို့၏ တင့်တယ်သည် မတင့်တယ်သည်၏အဖြစ်ကို သိလတ္တံ့ဟု ဆိုကုန်၍ ထိုလိပ်သို့ ကပ်ကုန်၍ အဆွေလိပ် ဂင်္ဂါငါးသည်တည်း တင့်တယ်လေသလော၊ ထိုသို့မဟုတ်မူကား ယမုနာငါးသည်တည်းပင် တင့်တယ်သလောဟု မေးကုန်၏။ လိပ်သည်လည်း ဂင်္ဂါငါးသည်လည်း တင့်တယ်ပေ၏။ ယမုနာငါးသည်လည်း တင့်တယ်ပေ၏။ နှစ်ခုလည်းဖြစ်ကုန်သော သင်တို့ထက်ကား ငါသည်သာလျှင် အတိုင်းထက် အလွန် တင့်တယ်၏။ ဤသို့သော အနက်ကို ပြလိုရကား-
J		။ န မေ ဒုဗ္ဘာသိတံ ဗြဟ္မေ၊ ကောဝိဒတ္ထပဒေ အဟံ။
J		မင်းသည် လကိုကြည့်စဉ်၌ ဤလသည် အာဂန္တုကဖြစ်သော အညစ်အကြေးဖြင့် ညစ်နွမ်း၍ အရောင်မရှိသည်ဖြစ်၏။ ငါ့အားလည်း ဤမင်း၏အခြံအရံသည် အညစ် အကြေးဖြစ်၏။ ထိုငါသည် ရာဟုဖမ်းသော လကဲ့သို့ အရောင်မရှိသည် ဖြစ်ရာ၏။ ငါ့အား ထိုသို့ဖြစ်ခြင်းသည် မလျှောက်ပတ်၊ စင်ကြယ်သော ကောင်းကင်ပြင်၌ ထွန်းပလော လဝန်းကဲ့သို့ မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုအံ့၊ ငါ့အား သူတစ်ပါးတို့ကို ဆုံးမသဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ အမျိုး၌လည်းကောင်း၊ အခြွေအရံ၌လည်းကောင်း ငြိတွယ်ခြင်း မရှိသည်ဖြစ်၍ ကိုယ်ကိုသာလျှင် ဆုံးမလျက် သွားအံ့၊ ဤအကျင့်သည် ငါ့အား လျောက်ပတ်၏ ဟု ကြံ၍ အကြင်သူကို အလိုရှိကုန်၏။ ထိုသူကို မင်းမြှောက်ကြကုန်လော့ ဟု မင်းအဖြစ်ကို အမတ်တို့အား အပ်နှင်း၏။ အပ်ပြီး၍ ထိုမင်းသည် နှစ်ပါးကုန်သော ကသ္မီရ ဂန္ဓာရတိုင်းတို့၌လည်း မြတ်သော မင်းအဖြစ်ကို စွန့်၍ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်၌ မွေ့လျော်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဟိမဝန္တာအရပ်၌ နေ၏။
J		ဆရာ... သင်သည် ဂန္ဓာရမင်းလော ဟု မေး၏။ ငါဂန္ဓာရမင်း ဟုတ်၏ ဟု ဆိုလတ်သော် ဆရာ... အကျွန်ုပ်သည် ဝိဒေဟတိုင်း မိထိလာပြည်၌ ဝိဒေဟမင်းတည်း။ အကျွန်ုပ်တို့သည် အချင်းချင်း မမြင်ဖူးသော အဆွေခင်ပွန်း မဟုတ်လောဟု ဆို၏။ သင်သည် အဘယ်ကို အာရုံပြုသနည်း ဟု မေး၏။ အကျွန်ုပ်သည် အရှင်တို့သည် ရဟန်းပြုကုန်ကြပြီဟု ကြား၍ စင်စစ် ရဟန်းအဖြစ်၌ ကြီးစွာသော ကျေးဇူးကို မြင်၏ဟု အရှင်တို့ကိုသလျှင် အာရုံပြု၍ မင်းအဖြစ်ကို စွန့်၍ ရဟန်းပြု၏ဟု ဆို၏။ ထိုနှစ်ပါးကုန်သော ရသေ့တို့သည် ထိုအခါမှစ၍ အလွန်လျှင် ညီညွတ်ကုန်သည် ဝမ်းမြောက်ကုန်သည် အလိုလိုဖြစ်သော သစ်သီးအစာရှိကုန်သည်ဖြစ်၍ ကျင့်၏။
J		။ ဒွေဒွေ ဂဟပတယော ဂေဟေ၊ ဧကော တတ္ထ အမဿုကော။
J		ထိုအခါ တနေ့သ၌ ရွာသူကြီးသည် ထိုခိုးစားသင့်သောအခွင့်ကို ကြည့်၍ ဘုရားလောင်း အပသို့သွားသောကာလ၌ အိမ်သို့ ဝင်၏။ ထိုနှစ်ယောက်ကုန်သောသူတို့၏ စည်းဝေးကြသော ခဏ၌သာလျှင်ဘုရားလောင်းသည် ရွာတံခါးဖြင့်ဝင်လာ၍ အိမ်သို့ရှေးရှုလာ၏။ ထိုမိန်းမသည် ရွာတံခါးသို့ ရှေးရှုလာသော ထိုဘုရားလောင်းကိုမြင်၍ အဘယ်သူနည်းဟု တံခါး၌ရပ်၍ ကြည့်သည်ရှိသော် ငါ၏ယောက်ျားပင်လျှင်တည်းဟု သိ၍ ရွာသူကြီးအားကြား၏။ ရွာသူကြီးသည် ကြောက်သည်ဖြစ်၍ တုန်လှုပ်၏။ ထိုအခါ၌ ထိုရွာသူကြီးကို ထိုမိန်းမသည် မကြောက်လင့်၊ တခုသော ဥပါယ်တမျဉ်သည်ရှိ၏။ ငါတို့သည် သင်၏လက်မှ နွားသားကို စားအပ်၏။ သင်သည် အမဲဘိုးကို တောင်းဟန်ပြုလော့၊ ငါ ကျီသို့တက်၍ ကျီတံခါး၌ရပ်လျက် စပါးသည် မရှိဟု ဆိုအံ့၊ သင်သည် အိမ်လယ်၌ရပ်၍ ငါတို့အိမ်၌ သူငယ်တို့သည် ငတ်မွတ်ကုန်၏။ အမဲဘိုးကို ပေးလော့၊ ဤသို့ အဖန်တလဲလဲတောင်းလော့ဟု ဆို၍ ကျီသို့တက်၍ ကျီတံခါး၌ နေ၏။ ရွာသူကြီးသည် အိမ်လယ်၌ရပ်၍ အမဲဘိုးကို ပေးလော့ဟု ဆို၏။ ထိုမိန်းမသည် ကျီတံခါး၌ နေလျက် စပါးသည် မရှိပါ၊ ကောက်ကို သိမ်းသောအခါမှသာလျှင် ပေးပါအံ့၊ ယခု သွားပါဦးဟု ဆို၏။
J		၁၀။ ထို့နောင်မှ ရှေ့သို့ သွား၍ မြို့တံခါး၏အနီး တခုသော ဇရပ်၌ ပုဏ္ဏား လုလင်ငယ်တို့သည် ဂါမဏိစန္ဒကို မြင်၍ အရှင်ဂါမဏိစန္ဒ အဘယ်သို့ သွားအံ့နည်းဟု မေး၍ မင်း၏ အထံသို့ သွားအံ့ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ငါတို့၏ စကားကို ယူ၍သွားပါတော့၊ ငါတို့အား ရှေး၌ သင်အပ်သောဗေဒင်သည် ထင်၏။ ယခုမူကား ကွဲသောအိုး၌ ရေမတည်သကဲ့သို့ သင်အပ်သောဗေဒင်သည် မထင်၊ အမိုက်ကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်ရာ၌ အကြောင်းအသို့နည်းဟုမင်းကို မေးပါလေလော့ဟု ဆို၏။ (ဤကား အမေးဆယ်ထွေ)
J		၃။ ထို့နောင် သုံးယောက်မြောက်သော အမှုသည်သည် သွား၍ မြတ်သောမင်းကြီး ဤစန္ဒသည် မြင်း၏ခြေ၌ ပစ်ခတ်၍ မြင်း၏ခြေကို ချိုး၏ ဟု လျှောက်၏။ စန္ဒ မှန်သလောဟု မင်းသည် မေး၏။ မြတ်သောမင်းကြီး နာတော်မူပါလောဟုဆို၍ ဂါမဏိစန္ဒသည် အလုံးစုံသောအကြောင်းကို အကျယ်အားဖြင့်လျှောက်၏။ ထိုစကားကို ကြား၍ မင်းသည် မြင်း ထိန်းကို အချင်း သင်သည် မြင်းကိုပစ်၍ ပြန်လည်ပါစေ ဆိုသလောဟု မေး၏။ အရှင်မင်းကြီး မဆိုဟု လျှောက်၏။ ထိုမင်းကြီးသည် တကြိမ်ထပ်၍ မေးပြန်သော် ဆိုပေ၏ဟု လျှောက်၏။ မင်းသည် ဂါမဏိစန္ဒကိုခေါ်၍ အချင်းစန္ဒ ဤမြင်းထိန်းသည် ဆိုလျက်လည်း မဆိုဟု မုသားဆို၏။ သင်သည် မြင်းထိန်း၏လျှာကို ဖြတ်၍ မြင်းဘိုးကို ငါ၏ဥစ္စာ အသပြာတထောင်ကို ယူ၍ ပေးလော့ဟု ဆို၏။ မြင်းထိန်းသည် အရှင်စန္ဒ အကျွန်ုပ်၏လြာကို မဖြတ်ပါလင့်ဟု ဂါမဏိစန္ဒအား တပါးကုန်သော အသပြာတို့ကိုလည်းပေး၍ ပြေး၏။
J		၉။ ကိုးခုမြောက်ဖြစ်သော သတင်းစကားကို ကြား၍ ထိုပြည့်တန်ဆာမသည် ရှေး၌ တယောက်သောသူ၏လက်မှ အခယူ၍ ထိုအခကို မကျေစေဘဲ တပါးသောယောက်ျား ၏လက်မှ အခကိုမယူ။ ထို့ကြောင့် ထိုပြည့် တန်ဆာမအား ရှေး၌ အခသည် များ၏။ ယခုတမူကား မိမိ၏ သဘောကို စွန့်၍ တယောက်သော သူ၏လက်မှ ယူအပ်သောအခကို မကျေစေဘဲလျှင် တပါးသော ယောက်ျား၏လက်မှ အခကို ယူ၏။ ရှေးယောင်္ကျားအား အခွင့်ကို မယူမူ၍ နောက်ယောက်ျားအား အခွင့်ကို ယူ၏။ ထို့ကြောင့် ထိုပြည့်တန်ဆာမအား အခသည် မပြည့်စုံ၊ တစုံတယောက်သော သူတို့သည် ထိုပြည့်တန်ဆာမကို မသွားကုန်၊ မိမိ၏ သဘော၌ အကယ်၍ တည်ငြားအံ့၊ ရှေးရှေးနှင့်တူသည်သာလျှင် ဖြစ်လတ္တံ့၊ မိမိသဘော၌ တည်အောင်ဆိုလေလော့ဟု ဆို၏။
J		အိုဂါမဏိ သင်သည် ထိုအကြောင်းကို ဤသို့သိလော့၊ ဆရာကိုမှီ၍ အစ်ကိုတရာကိုလွန်၍ ဤကြီးစွာသောမင်းအဖြစ်သို့ သင်သည်ရောက်၏ဟု ဝမ်းမြောက်သောစကားကို ကျူးရင့်၏။ ဂါမဏိမင်းသည် မင်းအဖြစ်သို့ ရောက်သည်ရှိသော် ခုနစ်ရက် ရှစါရက်လွန်သဖြင့်လျှင် အလုံးစုံသောအစ်ကိုတို့သည် မိမိ မိမိတို့၏ နေရာအရပ်သို့ သွားကြကုန်၏။ ဂါမဏိမင်းသည် တရားသဖြင့် မင်းပြု၍ ကံအားလျော်စွာ လား၏။ ဘုရားလောင်းသည်လည်းကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လားရ၏။ မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်၍ ဟောတော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ လျော့သော ဝီရိယရှိသောရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။
J		။ ပရိသင်္ကုပထော နာမ၊ ဂိဇ္ဈပန္ထော သနန္တနော။
J		။ အဒ္ဒဿ ပထဝိံ ဂိဇ္ဈော၊ ယထာ သာသိ ပိတုဿုတံ။
J		မင်းသည် ထိုဘုရားလောင်းဆိုတိုင်း ပြုစေ၏။ မြင်းသည် ပြကတေ့ သောအဖြစ်၌ တည်၏။ မင်းသည် တိရစ္ဆာန်တို့၏ အလိုကိုစင်လျက်လည်း သိပေ၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဘုရားလောင်းအား များစွာသော စည်းစိမ်ကိုပေး၏။
J		ခြင်္သေ့မင်းသည် ထိုမြေခွေး၏ စကားကိုကြား၍ ကောင်းသောခြင်္သေ့မ ဤမည်သောကာလ၌ ငါ၏အစာရှာအံ့သောငှါသွား၍ ခုနစ်ရက်မြောက်သောနေ့၌ ဤမြေခွေးနှင့်၎င်း ဤမြေခွေးမနှင့်၎င်း တကွလာသည်၏အဖြစ်ကို သင်သည် အောက်မေ့မိ၏လောဟု ခြင်္သေ့မကို မေး၏။ အရှင်အောက်မေ့မိပါ၏ဟု ဆိုသည်ရှိသော် ခုနစ်ရက်ပတ်လုံး ငါမလာခြင်းအကြောင်းကို သင်သိ၏လောဟု ဆို၏။ အရှင်အကျွန်ုပ် မသိဟု ဆိုသည်ရှိသော် ကောင်းသော ခြင်္သေ့မ ငါသည် သားတခုကိုဖမ်းအံ့ဟုသွားရာ ချော်၍ ညွန်၌ ကျွံနစ်၏။ ထိုညွန်မှထွက်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ခုနစ်ရက်ပတ်လုံး အစာမစားရဘဲတည်ရ၏။ ထိုငါသည် ဤမြေခွေးကိုမှီ၍ အသက်ကိုရ၏။ ဤမြေခွေးသည် ငါ၏ အသက်ကိုပေးပေသော အဆွေ ခင်ပွန်းတည်း၊ အဆွေခင်ပွန်းတို့၏တရား၌ တည်အံ့သောငှာ စွမ်းနိုင်သော မြေခွေးတည်း၊ ထိုစကားသည် မှန်၏။ အဆွေခင်ပွန်းသည် အားနည်းသောမည်သည် မရှိ၊ ဤနေ့မှစ၍ ငါ၏အဆွေခင်ပွန်းမြေခွေးအား၎င်း အဆွေ ခင်ပွန်းဖြစ်သော မြေခွေးမအား၎င်း အဆွေခင်ပွန်းတို့၏ သားငယ်တို့အား၎င်း ဤသို့အစရှိသော မထေမဲ့မြင်အမှုကို မပြုလင့်ဟုဆို၍ ခြင်္သေ့မင်းသည်-
J		ဒါဌာနိ မာတိမညိတ္ထော၊ သိင်္ဂါလော မမ ပါ ပါဏဒေါ။
J		သော မံ ရင်္ဂမှိ အဝှေတိ၊ သရဏံ မေ ဟောဟိ ကောသိယ။
J		ဘုရားလောင်းသည် ရေချိုး၍ လျှော်စွာလိမ်းကျံ၍ အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို စား၍ စောင်းကိုယူခဲ့စေ၍ မိမိဘို့ခင်းအပ်သော နေရာ၌နေ၏။ လူများသည် ခြံရံ၏။ သိကြားမင်းသည် မထင်ရှားသောကိုယ်ဖြင့် လာလတ်၍ ကောင်းကင်၌တည်၏။ ဘုရားလောင်းသည်သာလျှင် သိကြားမင်းကိုမြင်၏။ မူသိလသည်သည်း လာလတ်၍ မိမိနေရာ၌ နေ၏။ လူများသည် ခြံရံ၏။ အစမှလျှင် ဆရာတပည့်နှစ်ယောက်တို့သည်လည်း အမျှထပ်တူ တီးကြကုန်၏။ လူအပေါင်းတို့သည်လည်း ဆရာတပည့်နှစ်ယောက်တို့အားလည်း စောင်းတီးခြင်းကို နှစ်သက်သည်ဖြစ်၍ များစွာကုန်သော ကြွေးကြော်ခြင်းတို့ကို ဖြစ်စေ၏။ သိကြားမင်းသည် ကောင်းကင်၌တည်၍ ဘုရားလောင်းကိုသာလျှင် ကြားစေလျက် ညှို့တချောင်းကို ဖြတ်လော့ဟုဆို၏။ ဘုရားလောင်းသည် စောင်းညှို့ကို ဖြတ်၏။ ထိုစောင်းညို့သည် ပြတ်သော်လည်း ပြတ်သောအစွန်းမှ အသံထွက်သလျှင်ကတည်း၊ နတ်စောင်းသံကဲ့သို့ ဖြစ်၏။ မူသိလလည်း စောင်းညှို့ကို ဖြတ်၏။ ထိုဖြတ်အပ်သော စောင်းညှို့မှ အသံသည်မထွက်၊ ဆရာသည် နှစ်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း သုံးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း လေးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ငါးခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ခြောက်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ခုနစ်ခုမြောက်ဖြစ်သော စောင်းညှို့ကို၎င်း ဖြတ်၏။ သက်သက်သော စောင်းရိုးကိုတီးသော ဘုရားလောင်း၏ စောင်းသံသည် ဗာရာဏသီမြို့ကို လွှမ်း၍ တည်၏။ ပုဆိုးပစ်လွှားခြင်း အထောင်တို့ကို၎င်း ကြွေးကြော်ခြင်း အထောင်တို့ကို၎င်း ဖြစ်စေကုန်၏။ ဘုရားလောင်းသည် စောင်းလက်တခုကို ကောင်းကင်သို့ ပစ်၏။ နတ်သ္မီးသုံးရာတို့သည် သက်လာကုန်၍ က, ကုန်၏ ဤအတူ နှစ်ခုမြောက်သော စောင်းလက်ကို၎င်း သုံးခုမြောက်သော စောင်းလက်ကို၎င်း ကောင်းကင်သို့ ပစ်သည်ရှိသော် သုံးရာ သုံးရာကုန်သော နတ်သ္မီးတို့သည် သက်လာကုန်၍ က, ကုန်၏။
J		... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မူသိလစောင်းသမား ဖြစ်ဘူးပြီ။ ယခုအခါ အနုရုဒ္ဓါသည် ထိုအခါ သိကြား ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ဂုတ္တိလစောင်းသမား ဖြစ်ဘူးပြီဟု ဖာတ်ကို ပေါင်းတော်မူ၏။
J		ဘုရားလောင်း၏ လှည်းကုန်သည်တို့သည် ထားအပ်သော ပျားတို့ကိုမြင်၍ လျှပ်ပေါ်သော သဘောရှိကုန်သော အချို့သောသူတို့သည် သည်းခံအံ့သောငှာ မတတ်နိုင်ကုန်၍ စားကုန်၏။ ပညာရှိကုန်သောသူတို့သည် ဘုရားအလောင်းကို မေး၍ စားကုန်အံ့ ဟု ယူ၍ ရပ်ကုန်၏။ ဘုရားလောင်းသည် ထိုလူတို့ကိုမြင်၍ လက်၌ရှိကုန်သော ပျားတို့ကို စွန့်စေ၏။ အကြင် သူတို့သည် ရှေးဦး စားကုန်၏။ ထိုသူတို့သည် သေကုန်၏။ အကြင်သူတို့သည်လည်း ထက်ဝက်စားကုန်၏။ ထိုသူတို့အား အော့အန်စေတတ်သော ဆေးတို့ကိုပေး၍ အော့အန်သော ကာလ၌ စတုမဓုကို ပေး၏။ ဤသို့ ထိုသူတို့သည် ဘုရားလောင်း၏ အာနုဘော်အားဖြင့် အသက်ကို ရကုန်၏။ ဘုရားလောင်းသည် ချမ်းသာသဖြင့် လိုရာအရပ်သို့ သွား၍ ဘဏ္ဍာကိုရောင်း၍ မိမိအိမ်သို့လျှင် သွား၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပိ ပဿေန သေမာနာအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘောဇာဇာနီယဇာတ်ကို ဇေတဝန်ကျောင်း၌ နေတော်မူစဉ် လျော့သော ဝီရိယရှိသော တယောက်သောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းကို ခေါ်တော်မူ၍ ရဟန်း ရှေး၌လည်း ပညာရှိတို့သည် မိမိသည် တည်ရာကို မရအပ်သောအမှု၌ ဝီရိယကို ပြုကုန်၏။ မြားမှန်ကုန်လျက်လည်း ဝီရိယကို မလျှော့ကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။
J		မင်းသည် အမတ်တို့ကို စည်းဝေးစေ၍ ထိုအကြောင်းကို ကြား၍ အမောင်တို့ ယခု အသို့ ပြုကြကုန်အံ့နည်းဟု မေး၏။ အရှင်မင်းကြီး ရှင်မင်းကြီးတို့သည် လက်ဦးစွာ အစ၌လျှင် စစ်ထိုးခြင်းငှါ မသွားအပ်၊ ဤအမည်ရှိသော မြင်းစီးသူရဲကိုစေ၍ စစ်ထိုးခြင်းကို ပြုစေကုန်၊ ထိုမြင်းစီးသူရဲ မတတ်နိုင်သည်ရှိသော် နောက်မှ သိရကုန်လတ္တံ့ဟု လျှောက်ကုန်၏။ မင်းသည် ထိုမြင်းစီးသူရဲကို ခေါ်စေ၍ အမောင် ခုနှစ်ပြည်ထောင်သော မင်းတို့နှင့်တကွ စစ်ထိုးခြင်းငှါ တတ်နိုင်လတ္တံ့ လောဟု ဆို၏။ ရှင်မင်းကြီး ဘောဇာာနီယ သိန္ဓောမြင်းကို အကယ်၍ ရသည်ဖြစ်အံ့၊ ခုနစ်ပြည်ထောင်သောမင်းကို ထားဘိဦး၊ အလုံးစုံသော ဇမ္ဗူဒိပ်မင်းတို့နှင့်လည်း စစ်ထိုးခြင်းငှါ တတ်နိုင်ပါလတ္တံ့ဟု ဆို၏။ အမောင်မြင်းစီးသူရဲ ဘောဇာဇာနီယသိန္ဓောမြင်းသည်မူလည်း ဖြစ်စေ၊ တပါးသော မြင်းသည်လည်း ဖြစ်စေ၊ အကြင်မြင်းကို အလိုရှိသည် ဖြစ်၏။ ထိုမြင်းကိုယူ၍ စစ်ထိုးခြင်းကို ပြုလောဟု ဆို၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သမဏံ တံ မညမာနော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂေါဓရာဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ အပ်ပြီ ) ဤဂေါဓရာဇဇာတ်၌လည်း ထိုရဟန်းကိုဆောင်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်၏ဟု ဘုရားသဗ္ဗညူအား ပြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် ယခုအခါ၌သာလျှင်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်းအံ့ဘွယ်သရဲကို ဖြစ်စေသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		၊ ရှိန်းခို ဇီယာ, ဂျင်း, ကြက်သွန်, ငြုတ်, ပိတ်ချင်းအားဖြင့် စပ်သော ဘဏ္ဍာသည်လည်း။
J		ထိုအခါ သာဝတ္ထိပြည်၌ ဓင်္ကမည်သော မင်းသည်မင်းပြု၏။ ထိုတိုင်းနိုင်ငံမှ နှင်ထုတ်သော အမတ်သည် ဓင်္ကမင်း၏ အထံသို့သွား၍ ခစား၏။ အောက်၌ ဆိုအပ်ပြီးသောနည်းဖြင့် ထိုအမတ်သည် ဓင်္ကမင်းကို မိမိစကားကို ယူစေ၍ ဗာရာဏသီပြည်ကို ယူ၏။ ထိုဓင်္ကမင်းသည်လည်း ပြည်ကိုယူ၍ ဘုရားလောင်းကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၏။ ဘုရားလောင်းသည် ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ဓင်္ကမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။
J		ညီနောင်တို့သည် လက်ဝှေ့ သတ်ခြင်း လက်ပမ်းလုံးခြင်း၌ ကြူးကုန်၏။ မြို့တော်၌ လက်ဝှေ့ပွဲသဘင်ကို ပြုစေ၍ ထိုအခါ တစ်ကျိပ်သော ညီနောင်တို့ကို လက်ဝှေ့သတ်ရာ ပွဲသဘင်သို့ လာကုန်သော် လူတို့ကို ဖမ်းစေ၍ ဆောင်ကုန်အံ့ ဟု လျှောက်ကုန်သည်ရှိသော် စာရုရမည်သော လက်ပမ်းသည်, မုဋ္ဌိကမည်သောလက်ပမ်းသည်, ဤနှစ်ယောက်ကုန်သော လက်ပမ်းသည်တို့ကို စေလွှတ်၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ လက်ဝှေ့သတ်ခြင်း၊ လက်ပမ်းလုံးခြင်း ပွဲသဘင်သည် ဖြစ်လတ္တံ့ ဟု မြို့၌ စည် လည်စေ၍ မင်းရင်ပြင်၌ လက်ဝှေ့ပွဲသဘင် မဏ္ဍပ်ကို စီရင်ပြီးလျှင် သူကောင်ချရာတွင်းကို တူးစေ၍ လက်ဝှေ့ပွဲသဘင်မဏ္ဍပ်ကို တန်ဆာဆင်၍ တံခွန်ကုက္ကားကို စိုက်စေကုန်၏။
J		ထိုအခါ လူတို့၏ အသက်တစ်သောင်းရှည်သော ကာလ၌ ဖြစ်သတတ်။ ထိုအခါ ဝါသုဒေဝ မင်းကြီး၏ သားတော်တစ်ယောက်သည် သေ၏။ ဝါသုဒေဝ မင်းကြီးသည် စိုးရိမ်သောက နှိပ်စက်သည်ဖြစ်၍ အလုံးစုံသော အမှုကိစ္စတို့ကို ပယ်၍ ညောင်စောင်းပေါင်၌ဖက်၍ ငိုမြည်တမ်းလျက် လျေင်း၏။
J		မိတ္တဝိန္ဒက၏ အမိသည်ကား ယနေ့ သားသည် တရားနာ၍ စောစောကလျှင် တရားဟောမထေရ်ကို ပင့်၍ လလတ္တံ့ ဟု ယာဂု ခဲဖွယ် ဘောဇဉ်ကို စီရင်၍ နေရာခင်း၍ မိတ္တဝိန္ဒက၏ လာခြင်းကို မျှော်လတ်သော် တစ်ယောက်တည်းသာ လာသော မိတ္တဝိန္ဒကိုမြင်၍ အမောင် တရားဟော မထေရ်ကို အမောင်သည် မပင့်ခဲ့သလောဟု ဆို၍ အကျွန်ုပ်အား တရားဟောမထေရ်ဖြင့် အလိုမရှိဟု ဆိုလတ်သော် ထိုသို့တပြီးကား ယာဂုကို သောက်လော့ ဟု ဆို၏။ မိတ္တဝိန္ဒကသည် မိခင် သင်တို့သည် တစ်ထောင်သော ဥစ္စာကို ပေးအံ့ ဟု ဝန်ခံအပ်၏။ ရှေးဦးစွာ ငါ့အား တစ်ထောင်သော ဥစ္စာကို ပေးဦးလော့၊ ငါသည် နောက်မှ ယာဂုကို သောက်အံ့ ဟု ဆို၏။ ချစ်သား ယာဂုကို သောက်ဦးလော့၊ နောက်မှပေးအံ့ ဟု အမိသည် ဆို၏။ တစ်ထောင်သော ဥစ္စာကို ယူ၍သာလျှင် ယာဂုကို သောက်အံ့ဟု မိတ္တဝိန္ဒကသည် ဆို၏။ ထိုအခါ မိတ္တဝိန္ဒက၏ အမိသည် ဥစ္စာထောင်ထုပ်ကို ရှေ့၌ထား၏။ မိတ္တဝိန္ဒကသည် ယာဂုကိုသောက်၍ ဥစ္စာထောင်ထုပ်ကိုယူ၍ ကုန်သွယ်ခြင်းကိုပြုလျက် မကြာမြင့်မီလျှင် တစ်သိန်း နှစ်သောင်းသော ဥစ္စာကို ဖြစ်စေ၏။
J		။ လင်္ဃိံ သမုဒ္ဒံ ပက္ခန္ဒိ၊ သာဂရံ အပ္ပသိဒ္ဓိကံ။
J		ယော ကောပနေယျေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစတုပေါသထိကဇာတ်သည် ပုဏ္ဏကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။
J		ဤစန္ဒကိန္နရီ ဇာတ်ကိုကား ဒူရေနိဒါန်းမှလျှင် စ၍ ဆိုအပ်၏။ ထိုနိဒါန်းစကားကို ထန်းတောဥယျာဉ်၌ ဥရုဝေလ ကဿပမထေရ်၏ သီဟနာဒတိုင်အောင် အပဏ္က ဇာတ်၌လျှင် ဆိုအပ်၏။ ထိုသီဟနာဒမှနောက် ကပိလဝတ် ပြည်တော်သို့ ကြွတော်မူသည်တိုင်အောင် ဝေဿန္တရာ ဇာတ်၌ ထင်စွာဖြစ်လတ္တံ့။
J		။ ဩသဋ္ဌိ မေ ဒုက္ခံ ဟဒယံ၊ မေ ဍယှတေ နိတမ္မာမိ။
J		၊ ငါနှင့် ကွေကွင်းခြင်းကြောင့် စိုးရိမ်လတ္တံ့သော။
J		စတုရဿဉ္စ ပလ္လင်္ကံ၊ ဥမ္မာပုပ္ဖသိရိန္နိတံ။
J		။ သုဝဏ္ဏစိတ္တကံ ဘူမိံ၊ အဒက္ခိ ကာသိဝဍ္ဎနော။
J		ဒိဗ္ဗာ တူရိယာ ဝဇ္ဇိံသု၊ နာဂကညာ စ နစ္စယုံ။
J		လုလင်တို့သည် ထို့နို့ဃနာသည် မအေးမီလျှင် လာကုန်၍ နေကုန်၏။ လူတို့သည် အလှူရေစက်ကို ချ၍ ထိုလုလင်တို့၏ရှေ့၌ နို့ဃနာခွက်တို့ကို ထားကုန်၏။ သမ္ဘူတသည် တပ်မက်မောသော သဘောရှိသကဲ့သို့ ဖြစ်၍ အေး၏ဟူသော အမှတ်ဖြင့် နို့ဃနာခဲကို ချီ၍ ခံတွင်း၌ထား၏။ ထိုနို့ဃနာသည် ထိုသမ္ဘူတ၏ ခံတွင်းကို ရဲရဲပြောင်ပြောင် လောင်လေ၏။ ထိုသမ္ဘူတသည် တုန်လှုပ်လျက် သတိကိုမထားနိုင်၍ စိတ္တပဏ္ဍိတသုခမိန်ကို ကြည့်၍ ဒွန်းစဏ္ဍား ဘာသာဖြင့်သာလျင် ခဠု ခဠု = လောင်ခဲ့ပြီ၊ လောင်ခဲ့ပြီဟု ဆို၏။ ထိုစိတ္တသုခမိန်သည်လည်း ထိုသမ္ဘူတအတူလျှင် သတိကိုမထားမူ၍ ဒွန်းစဏ္ဏား ဘာသာဖြင့်လျှင် နိဂ္ဂလ နိဂ္ဂလ = ထွေးလော့ ထွေးလော့ဟု ဆို၏။
J		။ တတ္ထ ကာ နန္ဒိ ကာ ခိဍ္ဍာ၊ ကာ ရတိ ကာဓနေသိနာ။
J		ဥက္ကုသာ နမ္မဒါ တီရေ၊ တျဇ္ဇ ဗြာဟ္မဏ ခတ္တိယာ။
J		ကာလိင်္ဂမင်းသည် သတင်းစကားကိုကြား၍ မိမိနိုင်ငံအပိုင်း အခြား၌သာလျှင် နေ၏။ အဿကမင်းသည်လည်း မိမိနိုင်ငံအပိုင်းအခြား၌ နေ၏။ ထိုအခါ ဘုရားလောင်းသည် ရသေ့ပြု၍ ထိုမင်းနှစ်ပါးတို့ တိုင်းအကြား၌ ကျောင်းဆောက်၍ နေ၏။ ကာလိင်္ဂမင်းသည် ရဟန်းမည်သည်ကား စိုးစဉ်းသိတတ်ကုန်၏။ အသို့ဖြစ်အံ့သည်ကို အဘယ်သူ သိနိုင်အံ့နည်း၊ အဘယ်မင်း၏ အောင်ခြင်း အဘယ်မင်း၏ ရှုံးခြင်းသည် ဖြစ်လတ္တံ့နည်းဟု ရသေ့ကို မေးအံ့ဟု မထင်ရှားသောအသွင်ဖြင့် ဘုရားလောင်းသို့ ကပ်၍ ပဋိသန္ထာရပြု၍ အရှင်ဘုရား ကာလိင်္ဂမင်း အဿကမင်းတို့သည် စစ်ထိုးလိုကုန်၍ မိမိတို့၏ နိုင်ငံအပိုင်း အခြား၌ တည်ကုန်၏။ ထိုမင်းတို့တွင် အဘယ်မင်းသည် အောင်လတ္တံ့နည်း၊ အဘယ်မင်းသည် ရှုံးလတ္တံ့နည်းဟု မေး၏။ ဘုန်းတန်းကြီးသော ဒါယကာ ငါသည် ဤအောင်ခြင်း ရှုံးခြင်းအဖြစ်ကို မသိ၊ စင်စစ်သော်ကား သိကြားမင်းသည် ဤသို့ လာ၏။ ထိုသိကြားမင်းကို ငါမေး၍ ဆိုအံ့၊ နက်ဖြန်မှ လာလောဟုဆို၏။ သိကြားမင်းသည်လည်း ဘုရားလောင်း၏အထံသို့လာ၍ နေ၏။ ထိုအခါ ဘုရားလောင်းသည် သိကြားမင်းအား ထိုအကြောင်းကို မေး၏။ အရှင်ဘုရား ကာလိင်္ဂမင်းသည် အောင်လတ္တံ့၊ အသောကမင်းသည် ရှုံးလတ္တံ့၊ ဤသို့သော ပုဗ္ဗနိမိတ်သည်လည်း ထင်လတ္တံ့ဟု သိကြားဆို၏။
J		မင်းသည် ခိုးသူသတ်ကို ကြည့်၏။ မြတ်သော မင်းကြီး... အဘယ်သို့ ပြုရအံ့နည်း ဟု ခိုးသူသတ်သည် ဆို၏။ ကြာမြင့်ခြင်းကို မပြုမူ၍ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုခဏ၌ ခိုးသူသတ်သည် ထက်စွာသော ပုဆိန်ကိုယူ၍ မင်းသား၏ လက်နှစ်ဖက်ကို နုစွာသောဝါးမှ ပေါက်သော အညှောက်တို့ကိုကဲ့သို့ ဖြတ်၏။ မင်းသားသည် လက်တို့ကို ဖြတ်အပ်ကုန်သည်ရှိသော် မျက်ရည်မယို၊ မငိုမူ၍လျှင် ခန္တီမေတ္တာကို ရှေ့ထား၍ သည်းခံ၏။ စန္ဒာဒေဝီသည်ကား ဖြတ်အပ်သော လက်စွန်းကိုယူ၍ ခါးပိုက်၌ထား၍ သွေးလိမ်းသည်ဖြစ်၍ ငိုလျက်သွား၏။ တစ်ဖန် သူသတ်သည် မြတ်သောမင်းကြီး ... အဘယ်သို့ ပြုရအံ့နည်းဟု မေး၏။ ခြေနှစ်ဖက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုစကားကို ကြား၍ စန္ဒဒေဝီသည်-
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာအရပ်၌ မဟာနန္ဒိယ အမည်ရှိသော မျောက်ဖြစ်၏။ ညီငယ်ဖြစ်သော မျောက်သည်ကား စူဠနန္ဒိယမည်၏။ ထိုညီနောင် မျောက်နှစ်ခုတို့သည်လည်း ရှစ်သောင်းသော မျောက် အခြံအရံရှိကုန်သည်ဖြစ်၍ ဟိမဝန္တာအရပ်၌ အမိ မျက်မမြင်ကို မွေးမြူလျှက် နေကုန်၏။ ထိုစူဠနန္ဒိယ, မဟာနန္ဒိယတို့သည် အမိကို နေရာချို့၌ထားခဲ့ကုန်၍ တောသို့ ဝင်ကုန်၍ ချိုမြိန်ကောင်းမြတ်သော သစ်သီးတို့ကို အမိသို့ ပို့စေကုန်၏။ ဆောင်ကုန်သော မျောက်တို့သည် ထိုအမိအား မပေးကုန်၊ မျက်မမြင်ဖြစ်သော မျောက်မသည် ငတ်မွတ်ခြင်း နှိပ်စက်အပ်သည်ဖြစ်၍ အရိုး, အရေမျှသာ ကြွင်းသည် ဖြစ်၏။ ထိုအခါ၌ ထိုအမိကို ဘုရားလောင်းသည် မိခင် သင်တို့ကို ချိုမြိန်မြတ်ကုန်သော သစ်သီးကြီးငယ်တို့ကို ငါတို့ ပို့လာစေကုန်၏။ သင်တို့သည် အဘယ်ကြောင့် ညှိုးနွမ်းရဘိသနည်းဟု ဆို၏။ ချစ်သား ငါသည် မရဟုဆိုသည်ရှိသော် ဘုရားလောင်းသည် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည် မျောက်အပေါင်းကို ရွက်ဆောင်သည်ရှိသော် ငါ၏အမိသည် ပျက်စီးလတ္တံ့၊ မျောက်အပေါင်းကို စွန့်၍ အမိကိုသာလျှင် လုပ်ကျွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် စူဠနန္ဒိယကိုခေါ်၍ ညီထွေး သင်သည် မျောက်အပေါင်းကို ဆောင်လော့၊ ငါသည် အမိကို လုပ်ကျွေးအံ့ဟု ဆို၏။ ထိုစူဠနန္ဒိယသည်လည်း ထိုဘုရားလောင်းကို အစ်ကိုကြီး အကျွန်ုပ်အား မျောက်အပေါင်းကို ဆောင်ခြင်းဖြင့် အမှုသည် မရှိ၊ ကျွန်ုပ်သည်လည်း အမိကိုသာလျှင်ာလုပ်ကျွေးအံ့ဟု ဆို၏။ ဤသို့ ထိုနှစ်ယောက်ကုန်သော ညီနောင်တို့သည်လည်း တူသော ဆန္ဒရှိကုန်ရကား မျောက်အပေါင်းကို စွန့်ခဲ့ပြီးလျှင် အမိကို ဆောင်ယူကုန်လျက် ဟိမဝန္တာမှသက်ကုန်၍ အရပ်စွန်ဖြစ်သော ပညောင် ပင်၌နေကုန်၍ အမိကို လုပ်ကျွေးကုန်၏။
J		မိန်းမဟူဘိ၊ ကျေးဇူးရှိလည်း။ မသိနိုးယောင်၊ ကြဥ်းဆောင်သတ်ဖြတ်၊ ပြုတုံလတ်၏
J		ထိုကချေသည်မသည်လည်း မိုးသောက်ထကာလ၌ ထိုအရပ်၌ နေ၍ စောင်းသံဖြင့် သီချင်းသံကို။ သီချင်းသံဖြင့် စောင်းသံကို မလွန်စေမူ၍ သာယာစွာသော အသံဖြင့် သီ၏။ မင်းသားသည် နားထောင်လျက် လျောင်း၏။ နက်ဖြန်နေ့၌ အနီး၌တည်၍ သီစိမ့်သောငှါ စေ၏။ တဖန် နက်ဖြန်နေ့၌ (ဈာန်) အိမ်၌တည်၍ သီစိမ့်သော စေ၏။ တဖန် နက်ဖြန်နေ့၌ မိမိအနီး၌တည်၍ သီစိမ့်သောငှါ စေ၏။ ဤသို့အစဉ်သဖြင့် တဏှာကိုဖြစ်စေ၍ လူတို့၏အကျင့်ကိုမှီဝဲ၍ ကာမအရသာကို သိ၍ မာတုဂါမမည်သည်ကို တပါးသောသူတို့အား မပေးအံ့ဟု သန်လျက်ကိုင်၍ ခရီးအလယ်သို့ထွက်၍ ယောက်ျားတို့ကို လိုက်၏။ ထိုအခါ ထိုမင်းသားကို မင်းသည် ဖမ်းစေ၍ ထိုသတို့သ္မီးနှင့်တကွ မြို့မှ နှင်ထုတ်၏။ နှစ်ယောက်သော သူတို့သည်လည်း တောသို့ဝင်၍ ဂင်္ဂါအကြေသို့သွား၍ တဘက်၌ ဂင်္ဂါ၊ တဘက်၌ သမုဒ္ဒရာရှိသည်ကိုပြု၍ ဂင်္ဂါ သမုဒ္ဒရာတို့၏ အကြား၌ ကျောင်းဆောက်၍ နေကုန်၏။ သတို့သီးသည် ကျောင်း၌နေ၍ သစ်ဥသစ်မြစ်တို့ကို ပြုတ်၏။ ဘုရားလောင်းသည် တောမှ သစ်သီးကြီးငယ်တို့ကို ဆောင်၏။ ထိုအခါ တနေ့သ၌ ဘုရားလောင်းသည် သစ်သီးကြီးငယ်အကျိုးငှာ သွားသည်ရှိသော် သမုဒ္ဒရာကျွန်းငယ်၌နေသော တပါးသော ရသေ့သည် ဆွမ်းခံသောအချိန်၌ ကောင်းကင်ဖြင့်လာ၍ မီးခိုးကိုမြင်၍ ကျောင်း၌သက် ဆင်း၏။ ထိုအခါထိုရသေ့ကို ထိုသတို့သီးသည် ကျက်ရုံနေဦးလော့ဟု နေစေ၍ မိန်းမတို့ အမူ အရာဖြင့် ဖြားယောင်း၍ ဈာန်မှယုတ်စေ၍ ရသေ့၏ မြတ်သောအကျင့်ကို ကွယ်စေ၏။ ထိုရသေ့သည် အတောင်ပြတ်သော ကျီးကဲ့သို့ ဖြစ်၏။ ထိုမိန်းမကို စွန့်ခြင်းငှါ မတတ်နိုင်ရကား တနေ့ပတ်လုံး ထိုအရပ်၌လျှင်နေ၍ လာလတ်သော ဘုရားလောင်းကိုမြင်၍ လျင်မြန်သဖြင့် သမုဒ္ဒရာသို့ရှေးရှု ပြေး၏။ ထိုအခါ ထိုရသေ့ကို ထိုဘုရားလောင်းသည် ဤသူကား ငါ၏ရန်သူဖြစ်လတ္တံ့ ဟု သန်လျက်ကိုကိုင်၍ လိုက်၏။ ရသေ့သည် ကောင်းကင်သို့ ပျံအံ့သော အခြင်းအရာကို ပြု၍ သမုဒ္ဒရာ၌ကျ၏။ ဘုရားလောင်းသည် ဤရသေ့ကား ကောင်းကင်ဖြင့် လာသည်ဖြစ်လတ္တံ့၊ ဈာန်မှယုတ်သည်၏ အဖြစ်ကြောင့် သမုဒ္ဒရာ၌ ကျ၏။ ယခု ငါသည် ရသေ့၏ ကိုးကွယ်ရာဖြစ်ခြင်းငှါ သင့်၏ဟု ကြံလျက် သမုဒ္ဒရာကမ်းနား၌ ရပ်၍-
J		... ရဟန်း... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အမှတ်မရှိသော နိဂုံးရွာ၌ ကြွယ်ဝကုံလုံ ပြည့်စုံသော များသောဥစ္စာရှိသော များသော အသုံးအဆောင်ရှိသော ပုဏ္ဏားတစ်ယောက်သည် သားမရှိသည် ဖြစ်၏။ ထိုပုဏ္ဏား၏ ပုဏ္ဏေးမသည် သားကို တောင့်တ၏။ ထိုအခါ ဘုရားလောင်းသည် ဗြဟ္မာပြည်မှစုတေခဲ့၍ ထိုပုဏ္ဏေးမ၏ ဝမ်း၌ဖြစ်၏။
J		မဉ္ဇူ တေပိ တံ အပဿန္တာ၊ မညေ ဒုက္ခံ နိဂစ္ဆန္တိ။
J		ယံ မေ ကုစ္ဆိ ပဋိသန္ဓိံ၊ အနပေက္ခော ပဗ္ဗဇသိ ဒေဝ။
J		၊ ညိုသင့်ရာဝယ် အောက်မည်းညိုပွင့်လို စိမ်းလဲ့ညိုသော မျက်လုံးရှိထသော။
J		ထိုဝိသုကြုံနတ်သားသည် သိကြားမင်း မိန့်ဆိုတိုင်းပြု၍ ကျောင်းတွင်း၌ ရသေ့ရဟန်းတို့၏ ပရိက္ခရာတို့ကို စီရင်ပြီးလျှင် တစ်ဖဝါးလှမ်းလောက်ရုံသော လမ်းကို သ့ယ်ခဲ့၍ နတ်ပြည်သို့လျှင် သွားလေ၏။ ဘုရားလောင်းသည် ထို လမ်းဖြင့် သွားလေ၍ ထိုကျောင်းတွင်းသို့ ဝင်ပြီးလျှင် ရှေးဦးစွာ မိမိသည် ရဟန်းပြု၍ နောက်မှ ကြွင်းကုန်သော သူတို့ကို ရဟန်းပြုစေ၏။ နောက်၌ များစွာသော သူတို့သည် ရဟန်းပြုကုန်၏။ သုံးဆယ့် ခြောက်ယူဇနာရှိသော အရပ်သည် ပြည့်၏။ ဝိသုကြုံနတ်သား ကျောင်းသင်္ခမ်းကို ဖန်ဆင်းသော နည်းကိုလည်းကောင်း၊ များစွာသောသူတို့ ရဟန်းပြုသော နည်းကိုလည်းကောင်း၊ ဘုရားလောင်း ကျောင်း၌စီရင်သော နည်းကိုလည်းကောင်း ဟတ္ထိပါလဇာတ်၌ လာသော နည်းဖြင့်လျှင် သိအပ်၏။ ဘုရားလောင်းသည် ထိုကျောင်း၌ အကြင်အကြင် ရသေ့ရဟန်းအားလျှင် ကာမဝိတက် အစရှိသော မိစ္ဆာဝိတက်သည်ဖြစ်၏။ ထိုထိုရသေ့ရဟန်းတို့ အထံသို့ ကောင်းကင်ခရီးဖြင့် ကပ်တော်မူ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျက် အဆုံးအမပေးတော်မူလိုရကား-
J		... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုအခါ၌သာလျှင် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း မြတ်သော တောထွက်ခြင်းကို တောထွက်တော် မူဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ ရဟန်းတို... ယခုအခါ မြတ်သော သာကီဝင်မင်းမျိုး ဖြစ်ကုန်သော သိရိမဟာမာယာ, သုဒ္ဓေါဒနမင်းကြီးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့သည် ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ရာဟုလာ့ မယ်တော်သည် ထိုအခါ စန္ဒာဒေဝီမိဖုရားကြီး ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သားတော်အကြီး ဖြစ်ဖူးပြီ၊ ယခုအခါ ရာဟုလာသည် ထိုအခါ သားတော်အငယ် ဖြစ်ဖူးပြီ၊ ယခုအခါ ခုဇ္ဇုတ္တရာသည် ထိုအခါ အထိန်းတော်မ ဖြစ်ဖူးပြီ၊ ယခုအခါ ကဿပသည် ထိုအခါ ကုလဝဍ္ဎနသူဌေးကြီး ဖြစ်ဖူးပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ စစ်သူကြီး ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ညီတော်သောမဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သုတသောမမင်းမြတ် ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
J		စူဠပန်သည် ထိုစကားကိုကြား၍ ငါ၏ အစ်ကိုဖြစ်သော မထေရ်သည် ဤမျှ အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့အား ဝန်ခံသည်ရှိသော် ငါ့ကို အပပြု၍ ဝန်ခံ၏။ မချွတ်လျှင် ငါ့အစ်ကိုဖြစ်သော မထေရ်သည် ငါ၌ပျက်သည်ဖြစ်လတ္တံ့၊ ယခု ငါ့အား ဤသာသနာဖြင့် အဘယ်မူအံ့နည်း၊ လူထွက်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၍ အသက်မွေးအံ့ဟု ကြံ၏။ ထိုစူဠပန်သည် နက်ဖြန်နေ့၌ စောစောကလျှင် လူထွက်အံ့ဟု သွားလေ၏။ မြတ်စွာဘုရားသည် မိုးသောက်ထ ကာလ၌လျှင် လောကကို ကြည့်သည်ရှိသော် ဤအကြောင်းကို မြင်တော်မူ၍လျှင် ရှေးဦးစွာ သွား၍ စူဠပန်၏ သွားလတ္တံ့သောခရီးဖြစ်သော မုတ်တံခါး၌ စင်္ကြံသွားလျက် နေတော်မူ၏။ စူဠပန်သည် အိမ်သို့သွားသည်ရှိသော် ဘုရားကိုမြင်၍ ဘုရားအထံတော်သို့ဆည်းကပ်၍ ရှိခိုး၏။ ထိုအခါ စူဠပန်ကို မြတ်စွာဘုရားသည် စူဠပန် သင်သည် အဘယ်အရပ်သို့လျှင် ယခုအခါ သွားရအံ့နည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အစ်တို့သည် အကျွန်ုပ်ကို နှင်ထုတ်၏။ ထိုကြောင့် အကျွန်ုပ်သည် လူထွက်၍သွားအံ့ဟု လျှောက်၏။ စူဠပန် သင်၏ ရဟန်းအဖြစ်မည်သည်ကား ငါ၏အထံ၌ ဖြစ်၏။ အစ်ကို နှင်လျက်လည်း အဘယ့်ကြောင့် ငါ၏အထံသို့ မလာသနည်း၊ လာလှည့် သင့်အား လူ၏အဖြစ်ဖြင့် အဘယ်မူအံ့နည်း၊ ငါ၏အထံ၌ နေရလတ္တံ့ဟု စူဠပန်ကို ခေါ်တော်မူ၍ ဂန္ဓာကုဋိဦး၌ နေစေ၍ စူဠပန် သင်သည် အရှေ့သို့မျက်နှာပြု၍ ဤပုဆိုးပိုင်းကို ရဇောဟရဏံ, ရဇောဟရဏံဟု ဆို၍ ဆုပ်နယ်လျက် ဤအရပ်၌ နေရစ်လောဟု တန်းခိုးဖြင့် ဖန်ဆင်းအပ်သော ဖြူစင်သောပုဆိုးပိုင်းကို ပေး၍ ကာလကို ကြားသည်ရှိသော် ရဟန်းသံဃာြံရံလျက် ဇီဝကအိမ်သို့ ကြွတော်မူ၍ ခင်းအပ်သော ဘုရားနေရာ၌ နေတော်မူ၏။
J		ထိုအခါ တယောက်သောဆင်းရဲသောအမျိုးသားသည် စူဠသူဌေးစကားကိုကြား၍ ဤသူဌေးသည် မသိဘဲကိုမဆိုရာဟု ကြွက်သေကိုယူ၍ ဈေး၌ ကြောင်စာအလို့ငှါရောင်း၍ တခြင်ရွေးသောအသပြာကိုရ၍ တခြင်ရွေးဖြင့်တင်လဲကိုဝယ်၍ အိုးတလုံးဖြင့် ရေကိုယူ၏။ ထိုအမျိုးသားသည် တောကလာသော ပန်းသည်တို့ကိုမြင်၍ အတန်ငယ် အတန်ငယ်သော တင်လဲစုကိုပေး၍ ရေမှုတ်ဖြင့် သောက်ရေကိုပေး၏။ ပန်းသည်တို့သည် အမျိုးသားအား ပန်းတဆုပ်တဆုပ်စီ ပေးခဲ့ကုန်၏။ အမျိုးသားသည် ထိုပန်းဘိုးဖြင့် နက်ဖြန်နေ့၌လည်း တင်လဲကို၎င်း ရေအိုးကို၎င်း ယူ၍ ပန်းအာရာမ်သို့သာလျင် သွားလေ၏။ အမျိုးသားအား ထိုနေ့၌ ပန်းသည်တို့သည် တဝက်ဆွတ်ကုန်ပြီးသော ပန်းပင်တို့ကိုပေး၍သွားကုန်၏။ အမျိုးသားသည် မကြာခင်လျှင် ဤနည်းဖြင့် ရှစ်သပြာတို့ကို ရ၏။ တဖန် မိုယ်းနှင့်တကွသော လေလာသောနေ့၌ မင်း၏ ဥယျာဉ်၌ ခြောက်သော အရိုးအရွက်အခက်အပေါင်းသည် လေကြောင့်ကျ၏။ ဥယျာဉ်စောင့်သည် စွန့်အပ်သောအကြောင်းကိုမမြင်၊ အမျိုးသားသည် ဥယျာဉ်သို့သွား၍ ငါ့အား ထင်းသစ်ရွက်တို့ကို အကယ်၍ပေးငြားအံ့၊ ငါသည် သင်၏ ဤထင်းသစ်ရွက်တို့ကို ထုတ်အံ့ဟု ဥယျာဉ်စောင့်ကိုဆို၏။ ဥယျာဉ်စောင့်သည် အရှင်ယူလော့ဟု ဝန်ခံ၏။ စူဠသူဌေး၏တပည့်သည် သူငယ်တို့၏ ကစားရာအရပ်သို့ သွား၍ တင်လဲကိုပေး၍ ခဏခြင်းဖြင့် ထင်းသစ်ရွက်တို့ကို ထုတ်စေ၍ ဥယျာဉ်တံခါး၌ စုစေ၏။
J		မြင်းကုန်သည်သည် အလုံးစုံသောမြို့၌ မြင်းစာမရ၍ အမျိုးသားအား အသပြာတထောင်ပေး၍ မြက်ကိုဝယ်၏။ ထို့နောင်မှ နှစ်ရက်သုံးရက်လွန်သဖြင့် အမျိုးသားအား ရေကြောင်း အမှုကို ဆောင်သော အဆွေခင်ပွန်းသည် ရေဆိပ်၌ လှေကြီးရောက်၏ဟု ကြား၏။ အမျိုးသားသည် ဤဥစ္စာဖြစ်ခြင်း၏ အကြောင်းသည်ရှိ၏ဟုကြံ၍ ရှစ်သပြာတို့ဖြင့် ခပ်သိမ်းသော သူတို့သည် ခြံရံလျက် အခိုက်အတန့်ငှါးသော ရထားကိုယူ၍ များသော အခြွေအရံဖြင့် လှေဆိပ်သို့သွား၍ သစ္စာပြုဖြစ်သော တခုသော လက်စွပ်ကို လှေသူကြီးအားပေး၍ အနီးဖြစ်သော အရပ်၌ တင်းတိမ်ဖြင့် ရံစေ၍နေလျက် အချင်းတို့ ပြင်ပမှ ကုန်သည်တို့သည် လာလတ်ကုန်သော် သုံးဆင့် ဆင့်သဖြင့် ငါ့ကို ကြားကုန်လောဟုစေ၍ လှေသည်လာ၏ဟုကြား၍ ဗာရာဏသီပြည်မှ တရာမျှကုန်သော ကုန်သည်တို့သည် ဥစ္စာကို ဝယ်ကုန်အံ့ဟု လာကြကုန်၏။ သင်တို့သည် ဥစ္စာမရကုန်လတ္တံ့၊ ဤမည်သော အရပ်၌ ကုန်သည်ကြီးသည် သစ္စာပြုဖြစ်သော လက်စွပ်ကို ပေးအပ်ပြီဟု လှေသူကြီး ဆို၏။
J		သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည်ရှိသော် အာနန္ဒာမထေရ်၏ အသက်ကို စွန့်ခြင်းကိုသာလျှင် အကြောင်းပြု၍ ဧတေ ဟံသာ ပက္ကမန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဟံသဇာတ်ကို ဟောတော်မူ၏။
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗဟုပုတ္တက အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုမင်း၏ မိဖုယားကြီးသည် ခေမာ အမည်ရှိ၏။ ထိုအခါ ဘုရားလောင်းသည် ရွှေဟင်္သာမျိုး၌ ဖြစ်၍ ကိုးသောင်း ခြောက်ထောင်သော ဟင်္သာ်အပေါင်း ခြံရံလျက် စိတ္တကုဋ်တောင်၌ နေတော်မူ၏။ ထိုအခါ၌လည်း မိဖုယားကြီးသည် ဆိုအပ်ပြီးသောနည်းဖြင့် အိပ်မက်ကိုမြင်၍ မင်းအား ရွှေဟင်္သာမင်း၏တရားကို နာလိုသည်၏အစွမ်းဖြင့် ချင်ခြင်းကို ကြားလျှောက်၏။ မင်းသည်လည်း အမတ်တို့ကိုမေး၍ ရွှေဟင်္သာမည်သည် ရှိကုန်၏။ စိတ္တကုဋ်တောင်၌ နေကုန်၏ဟု ကြားလျှောက်၍ ခေမာအမည်ရှိသော အိုင်ကို ပြုစေ၍ အထူးထူး အပြားပြား များစွာကုန်သော ဟင်္သာတို့၏ အစာဖြစ်ကုန်သော စပါးမျိုးတို့ကို စိုက်ပျိုးစေ၍ လေးထောင့်တို့၌ ဘေးမဲ့ကြွေးကြော်ခြင်းကို နေ့တိုင်း နေ့တိုင်း ကြွေးကြော်စေ၏။ တယောက်သော မုဆိုးသားကိုလည်း ဟင်္သာကို ဖမ်းစိမ့်သောငှါ တိုက်တွန်း၏။
J		နာဂ၊ တောင်နှင့်တူသော။ ကုဉ္ဇရ၊ ဆင်မင်း။ မာ မာသဒေါ၊ သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက်လင့်။ ကုဉ္ဇရ၊ နှာမောင်းရှိသော။ နာဂ၊ ဆင်မင်း။ မာသဒေါ၊ သူတစ်ပါးကို နှိပ်စက်ညှဉ်းဆဲခြင်းသည်။ ဒုကျခော ဟိ၊ ဆင်းရဲခြင်း၏ အကြောင်းသာလျှင်တည်း။ နာဂ၊ တောင်ကဲ့သို့ ကြီးမြင့်သော။ ကုဉ္ဇရ၊ ဆင်မင်း။ ဟိ၊ ထိုစကားသည် မှန်၏။ ဟတဿ၊ သူတစ်ပါးကို နှိပ်စက် ညှဉ်းဆဲသောသူအား။ ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ။ ပရံ၊ ဘဝတစ်ပါးသို့။ ယတော၊ ပြောင်းသွားသည် ရှိသော်။ သုဂတိံ၊ သုဂတိဘဝသို့ လားရသည်။ န ဟောတိ၊ မဖြစ်။
J		ထိုဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းသည် လူ့ပြည် မည်သည်ကား ဘေးဘျမ်းနှင့်တကွ ဖြစ်၏။ ရွံရှာဖွယ်ရှိ၏။ သင်တို့သည် မနှစ်သက်ကြကုန်လင့်ဟု ပယ်တော်မူသော်လည်း ထိုဟင်္သာတို့သည် အဖန်တလဲလဲ လျှေက်ဆိုအပ်သည်ဖြစ်၍ သင်တို့သည် အကယ်၍ နှစ်သက်ကုန်အံ့၊ သွားကြကုန်အံ့ ဟု အခြံအရံနှင့်တကွ ထိုအိုင်သို့ သွားတော်မူ၏။ ထိုဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းသည် ကောင်းကင်မှ သက်သည်ရှိသော် ခြေကို ကျော့ကွင်း၌ သွင်းလျက်သာလျှင် သက်၏။ ထိုအခါ ဘုရားလောင်း ဟင်္သာမင်းခြေကို ကျော့ကွင်းသည် သံပြားဖြင့်ငင်သကဲ့သို့ ဖွဲ့၍ယူ၏။ ထိုအခါ ကျော့ကွင်းကို ဖြတ်အံ့ ဟု ကြံ၍ ငင်သော ဘုရားလောင်း၏ ရှေးဦးစွာအကြိမ်၌ အရေသည်ပြတ်၏။ နှစ်ကြိမ်မြောက်ငင်ရာ၌ အသားသည်ပြတ်၏။ သုံးကြိမ်မြောက်ငင်ရာ၌ အကြောသည်ပြတ်၏။ ကျော့ကွင်းသည် အရိုးကိုထိ၍ တည်၏။ သွေးသည် ယိုစီး၏။ သည်းစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။
J		ဂစ္ဆ တုဝမ္ပိ မာ ကင်္ခိ၊ နတ္ထိ ဗဒ္ဓေ သဟာယတာ။
J		မုဆိုးသည် ထိုသုမုခ၏ သာယာာသော တရားစကားဖြင့် ဖွဲ့သည်ဖြစ်၍ သုမုခကို လွှတ်လိုရကား-
J		။ ဒါနတ္ထံ ဥပဘောတ္တုံ ဝါ၊ ယံ စညံ ဥပကပ္ပတိ။
J		သာဂလမင်းသည် ထိုစစ်သူကြီး သုမုခစကားကိုကြားရလျှင် အလွန် နှစ်သက်တော်မူ၏။ မုဆိုးကိုလည်း ချီးမွမ်းတော်မူ၏။ စစ်သူကြီးသုမုမုခမှ တစ်ပါးသော သင်ကဲ့သို့သော သာာသောတရားစကားကို ဟောတော်မူတတ်သော ပုဂ္ဂိုလ်မည်သည် မဖြစ်ရာဟုဆို၍ ထိုသုမုခစစ်သူကြီးအား ချီးမွမ်းလိုရကား-
J		... တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ ငါ့ရှင်တို့ဒေဝဒတ်သည် မုသာဝါဒကိုဆို၍ မြေမျို၏။ ဒေဝဒတ်သည် အဝီစိသို့ လားရ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒုတ်ကို မြေမျိုသည် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်ကို မြေမျိုဖူးသလျှင်ကတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		မင်းသည် တန်ဆာဆင်ယင်လျက် ထွက်၍ လူများအလယ် မင်းရင်ပြင်ကောင်းကင်၌ ရပ်၏။ ရသေ့သည် ကောင်းကင်ဖြင့်လာ၍ မင်း၏ရှေ့မှ နိသီဒိုင် သားရေကိုခင်း၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၍ မြတ်သောမင်းကြီး... သင်သည် မုသာဝါဒကို ဆို၍ အငယ်ကို အကြီးပြု၍ အငယ်အား အရာအထူးကို ပေးလိုသောဟူသည် မှန်သလာဟု ဆို၏။ ဆရာ-မှန်၏။ ဤသို့ ငါဆို၏ ဟု မင်းသည် ဆို၏။ ထိုအခါ ရသေ့သည် ထိုမင်းကို မြတ်သောမင်းကြီး-မုသဝါဒ မည်သည်ကား အပြစ်လေး၏။ ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ အပယ်လေးပါးတို့၌ ဖြစ်စေတတ်၏။ မင်းမည်သည်ကား မုသာဝါဒကို ဆိုသည်ရှိသော် တရားကို သတ်သည်မည်၏။ တရားကိုသတ်သော် မိမိသည်လျှင် မိမိကိုယ်ကို သတ်သည်မည်၏ ဟု ဆုံးမလိုရကား-
J		ယော ဇာနံ ပုစ္ဆိတော ပဉှံ၊ အညထာ နံ ဝိယာကရေ။
J		။ ကိံနု သောစသိ အနုစ္စင်္ဂီ၊ ပဏ္ဍူသိ ဝရဝဏ္ဏိနိ။
J		၊ ရွှေအဆင်းကဲ့သို့ ဝင်းဝင်းညီးသော ကိုယ်ရှိသော သုဘဒ္ဒါမိဖုယား။
J		။ ဗြဟာ ပဝဍ္ဎကာယော သော၊ ဒီဃဒါဌော စ ဇမ္ဗူက။
J		ပါရိသာဒ ဘီလူးသည် ထိုအလီနသတ္တုမင်းသား ဆိုသောစကားကို ကြားရလျှင် အလွန်ကြောက်လန့်သည်ဖြစ်၍ ငါသည် ဤမင်းသား အသားကို စားခြင်းငှါ မတတ်ကောင်း၊ တစုံတခုသော ဥပါယ်တမျဉ်ဖြင့် ထိုမင်းသားကို ပြေးစေအံ့ဟု ကြံ၍ ပြေးစေလိုရကား-
J		ထိုညီတော်အလတ်သည်လည်း မွန်းတည့်အခါ နီးသည့်တိုင်အောင် နေနှင့်တကွ ပြေးသွား၍ ပင်ပန်း၏။ အတောင်ကြား၌ မီးထသကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် နောင်တော် ဘုရားလောင်းအား နောင်တော်ဘုရား အကျွန်ုပ် မတတ်နိုင်ပါဟု အမှတ်ပေး၏။ ဘုရားလောင်းသည် ညီတော်လတ်ကိုလည်း ညီတော်ငယ်နှင့်အတူ သက်သာရာရစေပြီးလျှင် အတောင်ချိုင့်ဖြင့်ယူ၍ စိတ္တကုဋ်တောင်သို့ သွားလေ၏။ ထိုခဏ၌ နေသည် မွန်းတည့်ခြင်းသို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် ငါ့အား ယနေ့ ကိုယ်အားကို စုံစမ်းအံ့ဟု ကြံ၍ တဟုန်တည်းဖြင့် ပြေးသွား၍ ယုဂန္ဓိုရ်တောင်ထိပ်၌ နားနေ၍ ထိုယုဂန္ဓိုရ်တောင်ထိပ်မှ ပျံသွား၍ တဟုန်တည်း နေသို့ရောက်လျှင် ရံခါ ရှေ့က၊ ရံခါ နောက်က ပြေး၍ ကြံ၏။ ငါ့အား နေနှင့်တကွ ပြေးသွားခြင်းမည်သည်ကား အကျိုးမရှိ၊ မသင့်သော နှလုံးသွင်းခြင်းကြောင့် ဖြစ်၏။ ငါ့အား ဤနေနှင့်တကွ ပြိုင်၍သွားသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ဗာရာဏသီပြည်သို့သွား၍ ငါ့အဆွေတော်ဖြစ်သော ဗာရာဏသီမင်းအား အကျိုးစီးပွားနှင့်စပ်သော တရားစကားကို ငါဟောပြောအံ့ဟု ကြံလေ၏။ ကြံပြီး၍ ထိုဘုရားလောင်းသည် ပြန်ခဲ့၍ နေသည် မွန်းမတိမ်းမီလျှင် အလုံးစုံသော စကြဝဠာတိုက်ကို အတွင်းစွန်းဖြင့် လှည့်လည်၍ အဟုန်ကိုယုတ်စေလျက် အလုံးစုံသော ဇမ္ဗူဒီပါကျွန်းကို အတွင်းစွန်းဖြင့် လှည့်လည်၍ ဗာရာဏသီပြည်သို့ ရောက်၏။ တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့အလုံးသည် ဟင်္သာဖြင့် ဖုံးအုပ်သကဲ့သို့ ဖြစ်၏။ အပေါက်သည် မထင်၊ အစဉ်သဖြင့် အဟုန်သည် ယုတ်သည်ရှိသော် ကောင်းကင်၌ အပေါက်တို့သည် ထင်ကုန်၏။ ဘုရားလောင်းသည် အဟုန်ကို ယုတ်စေပြီးလျှင် ကောင်းကင်မှသက်၍ ခြင်္သေ့ခံသော လေသွန်တံခါး၏ ရှေးရှုရာအရပ်၌ ရပ်၏။ မင်းသည် အဆွေလာပြီဟု နှစ်လိုဝမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ ဘုရားလောင်းအား နေစိမ့်သောငှါ ရွှေအင်းပျဉ်ကို ခင်းစေ၍ အဆွေ ဟင်္သာမင်း ဝင်လော့၊ ဤအင်းပျဉ်၌ နေတော်မူလော့ဟု ဆို၍-
J		ထိုစကားကို ချဲ့ဦးအံ့။ ပဌမဗောဓိ၌ အဝါနှစ်ဆယ်တို့ပတ်လုံး ဘုရားသခင်အား အမြဲ လုပ် ကျွေးသောသူ မရှိကုန်၊ ရံခါ နာဂသမာလထေရ် လုပ်ကျွေး၏။ ရံခါ နာဂိတထေရ် လုပ်ကျွေး၏။ ရံခါ ဥပဝါဏထေရ် လုပ်ကျွေး၏။ ရံခါ သုနက္ခတ်ရဟန်း လုပ်ကျွေး၏။ ရံခါ စုန္ဒရဟန်း လုပ်ကျွေး၏။ ရံခါ နန္ဒရဟန်း လုပ်ကျွေး၏။ ရံခါ သာဂတမထေရ်လုပ်ကျွေး၏။ ရံခါ မေဃိယထေရ် လုပ် ကျွေး၏။ ထိုအခါဝယ် တစ်နေ့သ၌ ဘုရားသခင်သည် ရဟန်းတို့ကို မိန့်တော်မူ၏။ ရဟန်းတို့ ယခုအခါဝယ် ငါဘုရားသည် ကြီးရင့်တော်မူပြီ၊ အချို့ကုန်သော ရဟန်းတို့သည် ဤခရီးဖြင့် သွားကုန်အံ့ဟု ဆိုသော်လည်း တစ်ပါးသော ခရီးဖြင့်သာ သွားကုန်၏။ အချို့သောရဟန်းတို့သည် ငါဘုရား၏ သပိတ်သင်္ကန်းတို့ကို မြေ၌ချကုန်၏။ ငါဘုရားကို အမြဲလုပ်အံ့သော တစ်ယောက်သောရဟန်းကို သိကြကုန်ဟု မိန့်တော်မူ၏။
J		အရှင်အာနန္ဒာကား ဆိတ်ဆိတ်နေ၏။ သံဃာတို့လည်း ငါ့ရှင်အာနန္ဒာ သံဃာတို့သည် အလုပ်အကျွေးအရာကို တောင်းကြကုန်ပြီ၊ အရှင်အာနန္ဒာလည်း တောင်းလော့ ဟု ဆိုကုန်၏။ ရှင်အာနန္ဒာလည်း အရှင်တို့ တောင်း၍ ရသော အရာအထူးသည်အား အသို့လျှင်ဖြစ်သနည်း၊ အကျွန်ုပ်ကိုလည်း ဘုရားသခင် မြင်တော်မူသည်ပင်၊ အလိုတော်ရှိက အာနန္ဒာ ငါ့ကို လုပ်ကျွေးဘိလော့ ဟု မိန့်တော်မူလတ္တံ့ဟု ဆို၏။ ဘုရားရှင်လည်း ချစ်သားတို့ အာနန္ဒာကို သူတစ်ပါးတို့ မတိုက်တွန်းရပြီ၊ မိမိအလိုလိုသိ၍ ဘုရားကို လုပ်ကျွေးလတ္တံ့ ဟု မိန့်တော်မူ၏။ (ဤကား ဧကကနိပါတ် အင်္ဂုတ္တိုရ် အဋ္ဌကထာ)
J		ဤသို့ ခုနှစ်ပါးသောဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ ဘုရားအထံတော်၌ ဆုရှစ်ပါးဟူသော အမွေကိုရ၍ ဘုရားသခင် သသနာတော်ဝယ် ကောင်းကင်လယ်၌ လကဲ့သို့ ထင်ရှားစွာ ဖြစ်လေ၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ စကးကိုဖြစ်စေကုန်၏။ “ငါ့ရှင်တို့ ဘုရားသခင်သည် ရှင်အာနန္ဒာကိုဆုပေးသဖြင့် ရောင့်ရဲစေတော်မူ၏” ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့ ယခု ငါ လာတော်မူသောအခါ၌ အဘယ်မည်သော စကားကြောင့် စုဝေးကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားကြောင့် စုဝေးပါသည် ဟု ရွှေနားတော် လျှောက်လတ်သော် ရဟန်းတို့ ယခုသာလျှင် အာနန္ဒာကို ဆုပေးသည် မဟုတ်သေး၊ ရှေး၌လည်း ငါဘုရားသည် အကြင်အကြင်ဆုကို အာနန္ဒာသည် တောင်း၏။ ထိုထို တောင်းတိုင်းသောဆုကို ပေးဖူးသည်သာလျှင်တည် ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။
J		ထိုသို့ဆိုသော်လည်း အဖသည် သား၏ အလိုမရှိစဉ်ပင်လျှင် တစ်ယောက်သော သတို့သမီးကို ဆောင်၏။ ထိုသတို့သမီးသည် ယောက္ခမအားလည်းကောင်း၊ လင်အားလည်းကောင်း၊ ကျေးဇူး ပြုသည်။ နှိမ့်ချကျိုးနွံ တုပ်ဝပ်သော အကျင့်ရှိသည် ဖြစ်၏။ လင်သည်ထည်၊ အဖအား ကျေးဇူးပြုပေ၏ ဟု မယားအား နှစ်သက်၍ ရတိုင်း ရတိုင်း နှစ်သက်ဖွယ်ရှိသော စားဖွယ် သောက်ဖွယ် စသည်တို့ကို ဆောင်၍ပေး၏။
J		ထိုအခါ ဘုရားလောင်းသည် တက္ကာရိယမည်သော လုလင်ဖြစ်၍ ထိုပိင်္ဂလပုရောဟိတ်၏ အထံ၌ အတတ်ပညာကို သင်၏။ ပိင်္ဂလပုရောဟိတ်သည် တံခါးဟောင်းကိုပယ်၍ တံခါးသစ်ကို တည်စေပြီးလျှင် မင်းကိုလျှောက်၏။ အရှင်မင်းကြီး တံခါးသည် ပြီးပြီ၊ နက်ဖြန် နက္ခတ်သည် ကောင်း၏။ ထိုနက္ခတ်ကောင်းကို မလွန်စေမူ၍ ဤဗလိနတ်စာကို ပြု၍ တံခါးကို တည်စေခြင်းငှာ သင့်၏ဟု လျှောက်သည်ရှိသော် ဆရာ ဗလိနတ်စာအလို့ငှါ အဘယ်ကိုရခြင်းငှါ သင့်မည်နည်းဟု မေး၏။ အရှင်မင်းကြီး တံခါးတော်သည် တန်ခိုးကြီး၏။ တန်ခိုးကြီးသော နတ်တို့သည် စောင့်အပ်၏။ အစွယ်ခေါခေါ ထွက်သော မျက်စိကြော့သွေးရှိသော မိဘနှစ်ပါးမှ စင်ကြယ်သော ပုဏ္ဏားတယောက်ကို သတ်၍ ထိုပုဏ္ဏား၏ အသားအသွေးဖြင့် ဗလိနတ်စာကို ပြု၍ ကိုယ်ကို အောက်သို့ချ၍ တံခါးကို တည်ထားအပ်၏။ ဤသို့ တည်ထားသည်ရှိသော် အရှင်မင်းကြီးတို့၏၎င်း၊ မြို့တော်၏၎င်း အစီးအပွား ဖြစ်လတ္တံ့ဟု လျှောက်၏။ မင်းသည် ဆရာ ကောင်းပြီ၊ ဤသို့သဘောရှိသော ပုဏ္ဏားကိုသတ်၍ တံခါးတည်လေလော့ဟု ဆိုသည်ရှိသော် ထိုပုရောဟိတ်သည် နှစ်သက်ဝမ်းသာသော စိတ်ရှိသည်ဖြစ်၍ နက်ဖြန် ရန်သူ၏ ပျက်စီးသည်ကို မြင်ရလတ္တံ့ဟု အားထုတ်ခြင်းရှိသည်ဖြစ်၍ မိမိအိမ်သို့ သွားပြီးလျှင် နှုတ်ကိုစောင့်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အဆောတလျင် မယားကို ဟယ် အယုတ်မ ဤနေ့မှစ၍ အဘယ်သူနှင့်တကွ နင်မွေ့လျော်လတ္တံ့နည်း၊ နက်ဖြန် နင်၏ သယောက်လင်ကို သတ်၍ ဗလိနတ်စာကို ငါပြုအံ့ဟု ဆို၏။ အပြစ်မရှိသောသူကို အဘယ်ကြောင့် သတ်ရအံ့နည်းဟု မေးသည်ရှိသော် ငါတို့အရှင်မင်းကြီးသည် မျက်စိ ကြောသွေးရှိ၍ အင်္ဂါချို့သော ပုဏ္ဏား၏ အသားအသွေးဖြင့် ဗလိနတ်စာကိုပြု၍ မြို့တော်တံခါးကို တည်လော့ဟု မိန့်တော်မူ၏။ နင်၏ သယောက်လင်ဖြစ်သော ပုဏ္ဏားသည် မျက်စိကြော့သွေး ရှိ၏။ အင်္ဂါချို့၏။ ထိုနင့်လင်ကိုသတ်၍ ဗလိနတ်စာကို ငါပြုအံ့ဟု ဆို၏။
J		ဒုပ္ပဓံသေ ပဓံသေတိ၊ တ့ မေ အက္ခာဟိ ပုစ္ဆိတာ။
J		။ န ဟေဝ ဣန္ဒော န သေနော၊ နာပိ ဗျဂ္ဃေါ မိဂါဓိပေါ။
J		တစ္ဆကံ အဘိသိဉ္စိံသု၊ တွံ နော ရာဇာသိ ဣဿရော။
J		... လွန်လေပြီးသောအခါ ကာသိတိုင်း ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြု၏။ ထိုအခါ ငါတို့ဘုရားလောင်းသည် မင်း၏ အဘိုးပြတ်သော အမတ်ဖြစ်၏။ ဆင်မြင်းစသည်တို့ကို၎င်း ပတ္တမြားရွှေငွေ စသည်တို့ကို၎င်း အဘိုးပြတ်စေ၏။ အဘိုးပြတ်စေ၍ ဥစ္စာရှင်တို့အား ဥစ္စာအားလျော်သည်သာလျှင်ဖြစ်သော အဘိုးကိုပေးစေ၏။ မင်းသည်ကား လောဘကြီး၏။ ထိုမင်းသည် လောဘကြီသောကြောင့် ဤအဘိုးပြတ်သောသူသည် ဤသို့ အဘိုးပြတ်သည်ရှိသော် မကြာခင်လျှင် အိမ်၌ ဥစ္စာသည် ကုန်ခြင်းသို့ ရောက်လတ္တံ့၊ တပါးသောသူကို အဘိုးပြတ်စေအံ့ဟုကြံ၏။ မင်းသည် ခြင်္သေ့ခံသော လေသွန်ပြုတင်းကိုဖွင့်လှစ်၍ မင်းယင်ပြင်ကို ကြည့်သည်ရှိသော် တယောက်သော လျှပ်ပေါ်လော်လည်သော မိုက်သော ခရီးသွားယောက်ျားကို မင်းယင်ပြင်ဖြင့် သွားသည်ကိုမြင်၍ ဤသူသည် ငါ၏ အဘိုးပြတ်အမှုကို ပြုခြင်းငှါတတ်နိုင်လတ္တံ့ဟု ထိုခရီးသွား ယောက်ျားမိုက်ကို ခေါ်စေ၍ အချင်း သင်သည် ငါ၏ အဘိုးပြတ်အမှုကို ပြုခြင်းငှါ တတ်နိုင်လတ္တံ့လောဟု မေး၏။ အရှင်မင်းကြီး တတ်နိုင်လတ္တံ့ဟု ဆို၏။ မင်းသည် မိမိဥစ္စာကို စောင့်ခြင်းအကျိုးငှာ ထိုခရီးသွားသော ယောက်ျားမိုက်ကို အဘိုးပြတ်အရာ၌ထား၏။
J		... နတ်နှင့်တက့သောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ယဿ ဧတေ တယော ဓမ္မာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတယောဓမ္မဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။
J		... လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌ တခုသောပညောင်ပင်ကြီးကို မှီကုန်၍ ခါ မျောက် ဆင် ဟူကုန်သော သုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် နေကုန်၏။ ထိုအဆွေခင်ပွန်းတို့သည် အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းမရှိကုန်၊ သဘောမတူသော အသက်မွေးခြင်းရှိသည် ဖြစ်၏။ ထိုအခါ သုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် ငါတို့အား ဤသို့နေခြင်းသည် မသင့်၊ ငါတို့တွင် အကြင်သူသည် ကြီးမြတ်၏။ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကို ပြုကုန်လျက်နေရမူကား ကောင်း၏ဟု အကြံဖြစ်၏။ ကြံ၍ ငါတို့တွင် အဘယ်သူသည် ကြီးသနည်းဟု ကြံကုန်လတ်သော် တနေ့သ၌ တခုသောအကြောင်းသည် ရှိ၏ဟုကြံ၍ သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့သည်လည်း ပညောင်ပင်၌ နေကုန်၏။ နေပြီး၍ ခါသည်၎င်း မျောက်သည်၎င်း ဆင်ကို အဆွေဆင် သင်သည် ဤပညောင်ပင်ကို အဘယ်မျှလျင် ပမာဏရှိသော ကာလမှစ၍ သိသနည်းဟု မေးကုန်၏။ ထိုဆင်သည် အဆွေတို့ ငါသည် ဆင်ငယ်ဖြစ်သေကာလ၌ ဤပညောင်ပင်ငယ်ကို ပေါင်ကြားတို့၌ထား၍ သွား၏။ လွှမ်း၍ တည်သောကာလ၌ ဤပညောင်ပင်၏ အခက်ဖျားသည် ငါ၏ချက်ရှိ၏။ ငါသည် ဤပညောင်ပင်ကို ငယ်သောကာလမှစ၍ သိ၏ဟု ဆို၏။ တဖန် နှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့သည် မျောက်ကို မေးကုန်၏။
J		အရှင်သာရိပုတ္တရာ မထေရ်သည် မိမိ၏ အတူနေတပည့်ရဟန်းအား အရဟတ္တဖိုလ်ကို ရခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ဤရဟန်းသည် မချွတ် ဘုရားဆုံးမအပ်သော ရဟန်းဖြစ်လတ္တံ့ဟု မြတ်စွာဘုရား အထံတော်သို့ ဆောင်အံ့ဟုကြံ၍ စောစောကလျှင် ထိုရဟန်းကိုခေါ်၍ ဘုရားအထံတော်သို့ သွား၏။ မြတ်စွာဘုရားသည်လည်း သာရိပုတ္တရာ အဘယ့်ကြောင့် ထိုရဟန်းကိုခေါ်၍ လာသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ဤရဟန်းအား ကမ္မဋ္ဌာန်းကိုပေး၏။ ဤရဟန်းသည် လေးလတို့ဖြင့် နိမိတ်မျှကိုလည်း မဖြစ်စေနိုင်၊ အကျွန်ုပ်သည် ဤရဟန်းကား ဘုရားဆုံးမတော်မူအပ်သော ရဟန်းသည် ဖြစ်လတ္တံ့ဟု ကြံ၍ အရှင်ဘုရားတို့၏ အထံသို့ခေါ်၍လာ၏ဟု လျှောက်၏။ သာရိပုတ္တရာ သင်သည် အတူနေ တပည့်ရဟန်းအား အဘယ်ကမ္မဋ္ဌာန်းကို ပေးသနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးမြတ်သော အရှင်ဘုရား အသုဘကမ္မဋ္ဌာန်းကို ပေး၏ဟု လျှောက်၏။
J		မြင်းထိန်းတို့သည် ဘုရားလောင်း၏စကားကို ကြားကုန်၍ မင်္ဂလာမြင်းကို တပါးသော ဆိပ်သို့ချ၏။ သောက်လည်း သောက်စေကုန်၏။ ချိုးလည်းချိုးစေကုန်၏။ ဘုရားလောင်းသည် မင်္ဂလာမြင်းသည် ရေသောက်ပြီး၍ ရေချိုးသောကာလ၌ မင်း၏အထံသို့ သွား၏။ အမောင် အသို့နည်း၊ မင်္ဂလာမြင်းသည် ချိုးလည်း ချိုး၏။ သောက်လည်း သောက်၏လောဟု မေး၏။ ရှင်မင်းကြီး ချိုးလည်း ချိုး၏။ သောက်လည်း သောက်၏ဟု လျှောက်၏။ ရှေးဦးစွာ အဘယ့်ကြောင့် ချိုးခြင်းသောက်ခြင်းငှါ အလိုမရှိသနည်းဟု မေးလေ၏။ ဤမည်သော အကြောင်းကြောင့်ပါတည်းဟု အလုံးစုံကို လျှောက်၏။ မင်းသည် ဤသို့သဘောရှိသော တိရစ္ဆာန်၏ အလိုကိုစင်လျက်လည်း သိနိုင်၏ ပညာရှိစွတကားဟု ဘုရားလောင်းအား ကြီးစွာသော စည်းစိမ်တို့ကိုပေး၍ အသက်၏ အဆုံး၌ ကံအားလျော်စွာ လား၏။ ဘုရားလောင်းသည်လည်း ကံအားလျော်စွာ လား၏။
J		မျောက်တို့သည် ထိုတည်ပင်၏ အသီး သီးသည်၏အဖြစ်ကို ကြားကုန်၍ ချိုကုန်သောတည်သီးတို့ကို စားကုန်အံ့ဟု အားထုတ်ခြင်း ဖြစ်ကုန်၍ မျောက်မင်းအား ထိုအကြောင်းကို ကြားကုန်၏။ မျောက်မင်းသည် ရွာ၌လူနေသလော မနေသလောဟု မေး၏။ အရှင်မျောက်မင်း လူနေ၏ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား မသွားအပ်၊ ထိုစကားသည် မှန်၏။ လူတို့သည် မာယာများကုန်၏ဟု ဆို၏။ အရှင်မျောက်မင်း လူတိုအိပ်ပျော်ချိန်ဖြစ်သော သန်းခေါင်ယာမ်အခါ၌ စားကုန်အံ့ဟု များစွာကုန်သော မျောက်တို့သည် သွားကုန်၍ မျောက်မင်းကို ဝန်ခံစေကုန်၍ ဟိမဝန္တာမှ သက်ခဲ့ကုန်ပြီးလျှင် ထိုရွာ၏ မနီးမဝေးသော အရပ်၌ လူတို့၏ အိပ်ပျော်ချိန်ကာလကို ငံ့လင့်ကုန်လျက် ကျောက်ဖျာအပြင်၌ အိပ်ကြကုန်၍ သန်းခေါင်ယာမ်၌ လူတို့သည် အိပ်ပျော်ခြင်းသို့ ရောက်ကုန်သည်ရှိသော် တည်ပင်ကို တက်ကုန်၍ တည်သီးတို့ကို စားကြကုန်၏။ ထိုအခါ တယောက်သောယောက်ျားသည် ကိုယ်၏ကိစ္စဖြင့် အိမ်မှထွက်၍ ရွာ၏အလည်သို့ သွားသည်ရှိသော် မျောက်တို့ကိုမြင်၍ ရွာနေသူ လူအပေါင်းတို့အား ပြောကြား၏။ များစွာကုန်သောလူတို့သည် လေးတောင့်ကိုဖွဲ့ကုန်လျက် အထူးထူးသော လက်နက်စွဲကိုင်လျက် ခဲအုတ် လှံတံ အစရှိသည်တို့ကို ယူကုန်၍ ညဉ့်သည် လင်းလတ်သည်ရှိသော် မျောက်တို့ကို ဖမ်းကုန်အံ့ဟု တည်ပင်ကိုဝန်းရံ၍ စောင့်ကုန်၏။ ရှစ်သောင်းကုန်သောမျောက်တို့သည် လူတို့ကိုမြင်ကုန်၍ သေဘေးမှကြောက်ကုန်ရကား မျောက်မင်းကိုထား၍ ငါတို့အား တပါးသောကိုးကွယ်ရာသည် မရှိပြီဟု ထိုမျောက်မင်း၏ အထံသို့ သွားကုန်၍-
J		၊ ခြေဖြင့် မြေကိုယူ၍ရှေ့ရှုပြင်ခြင်း တွန်းခြင်း နံပါးနှစ်ဘက်တို့၌လွန့်ယက်ရာကိုဖြစ်စေခြင်း ဝမ်းကိုအထက်သို့ တက်စေခြင်း အောက်သို့ ရှိူက်စေခြင်းဟူသော ခြောက်ပါးကုန်သော။
J		။ အရိယော အနရိယံ ကုဗ္ဗန္တံ၊ ယော ဒဏ္ဍေန နိသေဓတိ။
J		ရဟန်းတို့ အတွင်းအနားရစ်နှင့်အမျှ ပြည့်သောဆီခွက်ဟူသောအမည်သည်ကား ကာယဂတာသတိ၏ အမည်တည်း၊ ရဟန်းတို့ ထို့ကြောင့်လျှင် ဤသာသနာတော်၌ ဤသို့ကျင့်အပ်၏။ ငါတို့အား ကောင်းစွာအားထုတ်အပ်သည်ရှိသော် ကာယဂတာသတိသည် ပွားလတ္တံ့၊ ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်အပ်၏ဟု သဒ္ဒါအနက်နှင့် ပြည့်စုံသော ဇနပဒကလျာ ဏီသုတ်ကို ဟောတော်မူ၏။ ဤသို့ မြတ်စွာဘုရားသည် ကာယဂတာသတိကိုပွားစေလိုသောရဟန်းသည် အတွင်းအနားရစ်နှင့်အမျှ ပြည့်သော ဆီခွက်လက်စွဲသော ထိုယောက်ျားကဲ့သို့ သတိကို မလွှတ်မူ၍ မမေ့မလျော့သဖြင့် ကာယဂတာသတိကို ပွားစေအပ်၏ဟု ဤဇနပဒကလျာဏီသုတ်ကို ဆောင်၍ပြတော်မူ၏။ ရဟန်းတို့သည် ဤသုတ်ကို၎င်း၊ အနက်ကို၎င်း နာရ၍ အရှင်ဘုရား ထိုသို့သဘောရှိသော ဇနပဒကလျာဏီကို မကြည့်မူ၍ ဆီခွက်ကိုယူလာသော ထိုယောက်ျားသည် ပြုနိုင်ခဲသောအမှုကို ပြုအပ်၏ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ထိုယောက်ျားသည် ပြုနိုင်ခဲသောအမှုကို မပြုအပ်၊ ထိုယောက်ျားသည် ပြုသောအမှုသည် ပြုလွယ်သည်သာလျှင်တည်း၊ အဘယ့်ကြောင့်နည်းဟူမူကား ချီသော မိုးသော သန်လျက်နဲ့ယောက်ျားသည် ခြိမ်းချောက်၍ ဆောင်အပ်သည်၏ အဖြစ်ကြောင့်တည်း၊ ရှေး၌ ပညာရှိတို့သည်ကား မမေ့မလျော့သဖြင့် သတိကိုမလွှတ်မူ၍ ဘီလူးမတို့သည် ဖန်ဆင်းအပ်သော နတ်၌ဖြစ်သော ရူပါရုံကိုလည်း ဣန္ဒြတို့ကိုဖျက်၍ မကြည့်မူ၍ သာလျှင်သွား၍ မင်း၏အဖြစ်သို့ အကြင် ရောက်ဘူးကုန်ပြီ၊ ထိုသို့ရောက်ခြင်းအမှုသည်သာလျှင် ပြုနိုင်ခဲ၏ဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		ထိုငါးယောက်ကုန်သောသူတို့တွင် ရူပါရုံကိုနှစ်သက်တတ်သော တယောက်သောယောက်ျားသည် ထိုဘီလူးမတို့ကိုကြည့်၍ ရူပါရုံ၌တပ်စွန်းသည်ဖြစ်၍ အတန်ငယ်နောက်ချန်၍ နေရစ်၏။ ဘုရားလောင်းသည် အချင်း အဘယ့်ကြောင့် အတန်ငယ် နောက်ချန်သနည်းဟု ဆို၏။ အရှင်မင်းကြီး အကျွန်ုပ်၏ခွတေို့သည် နာကုန်၏။ အတန်ငယ် စရပ်၌နားနေ၍ လာအံ့ဟုဆို၏။ အချင်း ထိုဘီလူးမတို့ကို မတောင့်တနှင့်ဟု ဆို၏။ အရှင်မင်းကြီး ဖြစ်လိုရာရာ ဖြစ်စေ၊ မတောင့်တအံ့သောငှါ မတတ်နိုင်ဟု ဆို၏။ ထိုသို့ တပြီးကားသင်သည် ထင်ရှားလတ္တံ့ဟုဆို၍ ထိုမှတပါးသော လေးယောက်ကုန်သောသူတို့ကိုယူ၍ သွား၏။ ထိုရုံပါရုံကို နှစ်သက်တတ်သောသူသည်လည်း ဘီလူးမတို့၏အထံသို့သွား၍ ဘီလူးမတို့သည် မိမိနှင့်တကွ လွန်ကျူးသောအကျင့်ကို ပြုသည်ရှိသော် ထိုယောက်ျားကို ထိုအရပ် ၌ပင်လျှင် အသက်ကုန်ခြင်းသို့ ရောက်စေ၍ ရှေ့သို့သွား၍ တခုသောစရပ်ကိုဖန်ဆင်း၍ အထူးထူးသော တီးမှုတ်မျိုးတို့ကို ယူစေ၍ သီကုန်လျက် နေကုန်၏။
J		၊ ဗာရာဏသီပြည်သား လူအများကို လေးပါးသော သင်္ဂဟဝတ္ထုဖြင့် ချီးမြှင့်တော်မူတတ်သော။
J		၊ နားနှစ်ဖက်တို့၌ ထိန်လက်ရောင်မောင်း နားတောင်းသဏ္ဌာန် အလျှံစွေးစွေး နှစ်ခုသောအရေးကြောင့် မည်ပေးသညီ ရှင်မ ကုဏ္ဍလိနီ။
J		တသ္မိံ ဒါဌံ နိပါတေဟိ၊ မာ တေ မုစ္စိတ္ထ ဇီဝကော။
J		။ ဓမ္မဋ္ဌောဟံ ပုရေ အာသိံ၊ ဗဟူ အဍ္ဍ မေ တီရိတာ။
J		ထိုစကားကိုကြား၍ မင်းသည် မိမိအား ကိလေသာတို့သည် နှောင်ဖွဲ့သည်၏အဖြစ်ကို ဆိုလို၍-
J		ဘာရတမင်းသားကား ငိုပြီး၍ နေသောအခါဝယ် ညချမ်းအခါ၌ ရာမသုခမိန်မှ တစ်ပါးကုန်သော မောင်နှမ နှစ်ယောက်တို့သည် သစ်သီးကြီးငယ်ကိုယူ၍ လာကုန်၏။ ရာမသုခမိန်သည် ကြံ၏။ ငါ့ညီ, ငါ့နှမတို့သည် ငယ်ကုန်၏။ ဤငါ့ညီ ငါ့နှမတို့အား ငါကဲ့သို့ အဆင်အခြင် အသိမ်းဆည်း ပညာသည် မရှိကြ၊ သင်တို့၏ ခမည်းတော်သည် သေခဲ့၏ ဟု အဆောတလျင် ပြောဆိုသည်ရှိသော် စိုးရိမ်ခြင်းကို တည်တံ့စေခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ ထို ငါ့ညီ, ငါ့နှမတို့၏ နှလုံးသည် ကွဲရာ၏တကား၊ ဥပါယ် တံမျဉ်ဖြင့် ထိုသူတို့အား ရေသို့ သက်ဆင်းစေ၍ ဤအကြောင်းကို ကြာအံ့ဟု ကြံ၏။ ထိုသို့ ကြံပြီး၍ ထိုမောင်နှမ နှစ်ယောက်တို့၏ ရှေ့မှု ရေကန်တစ်ခုကိုပြ၍ သင်တို့သည် အလွန်ကြာမှ လာကုန်၏။ သင်တို့အား ဤသို့ ဒဏ်ပေးခြင်းသည် ဖြစ်စေလော့၊ ဤရေကန်သို့ သက်ဆင်း၍ တည်ကြကုန်ဟု ဒဏ်ပေးလိုရကား-
J		သံမူဠှော ဟိံသမတ္တာနံ၊ ကယိရာ တံ ဝိစက္ခဏော။
J		... (ဤဒီသီတိာသူလဇာတ်၌ကား နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု, အတိတ်ဝတ္ထုတို့သည်လည်း သံဃဘေဒကက္ခန္ဓက၌ အကျယ်အားဖြင့် ထင်ဖြစ်လတ္တံ့)
J		ဂိရိမိဝ အနိလေန ဒုပ္ပသယှော၊ ဒုပ္ပသဟော အဟမဇ္ဇ တာဒိသေန။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့မျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တော၌ နေ၏။ ထိုအခါ အနောက်သမုဒ္ဒရာနား၌ ဥသျှစ်ပင်နှင့် ရောသော ထန်းတောသည် ရှိ၏။ ထိုထန်းတော၌ တခုသော ယုန်ငယ်သည် ဥသျှစ်ပင်၏အနီး တခုသော ထန်းပင်ငယ်၏ ထန်းရွက်အောက်၌ နေ၏။ ထိုယုန်ငယ်သည် တနေ့ပတ်လုံး အစာကိုယူ၍ လာလတ်၍ ထန်းရွက်အောက်၌ ဝပ်လျက် ဤမြေသည် ပြိုငြားအံ့၊ အဘယ် သို့လျှင် သွားရပါအံ့နည်းဟု ကြံ၏။ ထိုအခါ တခုသော ဥသျှစ်သီးမှည့်သည် ထန်းရွက်၏ အထက်၌ကျ၏။ ထိုယုန်ငယ်သည် ထိုဥသျှစ်သီး၏အသံဖြင့် မချွတ်လျှင် ဤမြေကြီးသည် ပြို၏ဟု ခုန်၍ နောက်သို့ မကြည့်မူ၍ သာလျှင် ပြေး၏။ သေဘေးမှ ကြောက်၍ လျင်မြန်စွာပြေးသော ထိုယုန်ငယ်ကို တပါးသောယုန်ငယ်သည် မြင်၍ အရှင်အဘယ့်ကြောင့် အလွန်လျှင် ကြောက်၍ပြေးသနည်းဟု မေး၏။ အရှင်မမေးလင့်ဟု ဆို၏။ ထိုယုန်ငယ်သည် အရှင်အဘယ်နည်း၊ အရှင်အဘယ်နည်းဟု မေးလတ်သော် ပြေးသောယုန်ငယ်သည် ပြန်၍ မကြည့်ဘဲလျက်လျှင် ဤအရပ်၌ မြေပြို၏ဟု ဆို၏။ ထိုမေးသော ယုန်ငယ်သည်လည်း ထိုယုန်ငယ်၏နောက်မှ ပြေး၏။ ဤအတူ ထိုယုန်ကို တပါးသော ယုန်သည်မြင်၏။ ထိုယုန်ကိုလည်း တပါးသောယုန်သည် မြင်၏။ ဤသို့သော နည်းအားဖြင့် ယုန်ငယ်တထောင်သည် တပေါင်းတည်းဖြစ်၍ ပြေး၏။ ထိုယုန်တို့ကို တခုသော သမင်သည်မြင်၍ တပေါင်းတည်းဖြစ်၍ ပြေး၏။ တခုသော ဝက်သည် မြင်၍၊ တခုသော စိုင်သည် မြင်၍၊ တခုသောကျွဲသည် မြင်၍၊ တခုသော နွားနောက်သည် မြင်၍၊ တခုသော ကြံ့သည်မြင်၍၊ တခုသော ကျားသည်မြင်၍၊ တခုသော ခြင်္သေ့သည် မြင်၍၊ တခုသော ဆင်သည် မြင်၍၊ အဘယ်နည်းဟုမေး၍ ဤအရပ်၌ မြေပြို၏ ဟု ဆိုလတ်သော် ပြေး၏။ ဤသို့ အစဉ်သဖြင့် ယူဇနာ အတိုင်းအရှည်ရှိသော တိရစ္ဆာန်အပေါင်းတို့သည် ဖြစ်၏။
J		ယုံသင့်မှယုံ၊ အလုံးစုံ၊ ချင့်ကုန် ဉာဏ်စေား
J		ထိုအခါ ဘုရားလောင်းသည် ရထားမှသက်၍ ပညာင်ပင်ရင်းသို့ကပ်ပြီးလျှင် နံ့သာပန်းတို့ဖြင့်ပူဇော်၍ ရေဖြင့်သွန်းခြင်းကိုပြု၍ ပညောင်ပင်ကို လကျ်ာရစ်လှည့်၍ နတ်ကိုကိုးကွယ်သူကဲ့သို့သာလျှင် ဝင်လေ၏။ ထိုအခါမှစ၍ ဤသို့သောနည်းဖြင့်လျှင် ရံခါရံခါ ဖြစ်သောကာလ၌ ထိုပညာင်ပင်သို့သွား၍ နတ်ကိုကိုးကွယ်သောသူကဲ့သို့ ပူဇော်ခြင်းကိုပြု၏။ ထိုဘုရားလောင်းသည် နောက်အခါ၌ အဘလွန်သဖြင့် မင်းအဖြစ်၌ တည်၍ လေးပါးသော အဂတိကိုကြဉ်၍ ဆယ်ပါးသော မင်းကျင့်တရားတို့ကို မပျက်စေမူ၍ တရားသဖြင့် မင်းပြုလတ်သော် ငါ၏နှလုံးအလိုသည် အပြီးသို့ရောက်ပြီ၊ မင်းအဖြစ်၌ တည်သည်ဖြစ်ပြီ၊ ငါသည်ကား ရှေး၌ တခုသောအကြင်ကိစ္စကိုကြံပြီ၊ ယခုအခါ ထိုကိစ္စကို အပြီးသို့ရောက်စေအံ့ဟု ကြံ၏။ ကြံပြီး၍ အမတ်ပုဏ္ဏားသူကြွယ် အစရှိသည်တို့ကို စည်းဝေးစေ၍ အချင်းတို့ ငါသည် အဘယ်အကြောင်းဖြင့် မင်းအဖြစ်သို့ ရောက်သည်ကို သိကြကုန်သနည်းဟု မေး၏။ အရှင်မင်းကြီး မသိပါဟုလျှောက်ကုန်၏။ ဤအမည်ရှိသော တခုသောပညောင်ပင်ကို နံ့သာအစရှိသည်တို့ဖြင့်ပူဇော်၍ လက်အုပ်ချီ၍ ရှိခိုးသောငါ့ကို မြင်ဘူးကုန်၏လောဟု မေး၏။ အရှင်မင်းကြီး မြင်ဘူးပါကုန်၏ဟု လျှောက်ကုန်၏။ ထိုအခါ ငါသည် မင်းအဖြစ်သို့ အကယ်၍ ရောက်အံ့၊ သင်နတ်အား ပူဇော်သောအမှုကိုပြုအံ့ဟု ဆုတောင်းခြင်းကို ပြု၏။ ငါသည် ထိုနတ်၏ အာနုဘော်ဖြင့် မင်းအဖြစ်ကိုရအပ်ပြီ၊ ယခုအခါ နတ်အားပူဇော်ခြင်းအမှုကိုပြုအံ့၊ သင်တို့သည် ကြာမြင့်ခြင်းကို မပြုမူ၍ လျင်စွာ နတ်အားပူဇော်ခြင်းအမှုကို စီရင်ကြကုန်လောဟုဤသို့ ဆို၏။ အရှင်မင်းကြီး အဘယ်ကိုယူရကုန်အံ့နည်းဟု လျှောက်ကုန်၏။
J		ဟန္တိ ဟတ္ထေဟိ ပါဒေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ဒေဝတာပဉှဇာတ်သည် မဟာနိပါတ်၊ ဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။
J		မင်းမြတ် အကျွန်ုပ်သည် ရှေး၌ ထိုသို့သဘောရှိသော ဗာရာဏသီမင်းဖြစ်၍ ယစ်မျိုးနှင့်ကင်း၍ ဖြစ်အံ့သောငှါ မစွမ်းနိုင်၊ အမဲမရှိသော ထမင်းကိုလည်း စားအံ့သောငှါ မစွမ်းနိုင်၊ မြို့၌ ဥပုသ်နေ့တို့၌ အသက်သတ်ခြင်းသည် မဖြစ်စေလင့်ဟု စည်ကိုလည်စေ၏။ စားတော်ချက်သည် ပက္ခ၏ တဆယ့်သုံးရက် နေ့၌လျှင် အမဲကိုယူ၍ထား၏။ မကောင်းသဖြင့် ထားအပ်သော ထိုအမဲကို ခွေးတို့သည် စားကုန်၏။ စားတော်ချက်သည် ဥပုသ်နေ့၌ အမဲကိုမရ၍ မင်းအား အထူးထူးအပြားပြား မြတ်သော အရသာရှိသော ဘောဇဉ်ကိုချက်၍ ပြာသာဒ်ထက်သို့တင်၍ ကပ်အံ့သောငှာ မဝံ့ရကား မိဖုယားသို့ ကပ်လေ၍ အရှင်မိဖုယား ယနေ့ အကျွန်ုပ်သည် အမဲကိုမရ၊ အမဲမရှိသော စားတော်မည်သည်ကို အံ့သောငှာ မဝံ့၊ အသို့ ပြုရအံ့နည်းဟု လျှောက်၏။ အမောင်စားတော်ဆက် ငါ၏သားကို မင်းသည် ချစ်လေးမြတ်၏။ နှစ်သက်၏။ ငါ၏သားကိုမြင်၍ မင်းသည် ထိုသားတော်ကိုလျှင် နမ်းတော်မူလျက် ဘက်တော်မူလျက် မိမိ၏ ရှိသည်၏အဖြစ်ကိုလည်း မသိ၊ ငါသည် သားကို တန်ဆာဆင်၍ မင်း၏ပေါင်ပေါ်၌ နေစေအံ့၊ မင်းအား သားတော်နှင့်တကွ မွေ့လျော်ပျော်ပါး ကစားစဉ်ကာလ၌ သင်သည် စားတော်ထမင်းကို တည်လေလော့ဟု ဆို၏။ ထိုမိဖုယားသည် ဤသို့ဆို၍ မိမိ၏သားကို ဆင်အပ်သောတန်ဆာကို ဆင်ယင်၍ မင်း၏ ပေါင်ပေါ်၌ နေစေ၏။ မင်းအား သားတော်နှင့်တကွ ကစားမွေ့လျော်ရွှင်ပျော်စဉ်ကာလ၌ စားတော်ချက်သည် စားတော်ကို တည်၏။ မင်းသည် သုရာယစ်သည်ဖြစ်၍ စားတော်ခွက်၌ အမဲဟင်းလျာကို မမြင်၍ အမဲဟင်းလျာ အဘယ်မှာနည်းဟု မေး၍ မင်းမြတ် ယနေ့ ဥပုသ်နေ့ဖြစ်ရကား အသက်မသတ်စေလင့်ဟု စည်လည်သည်၏အဖြစ်ကြောင့် အမဲကို မရဟု လျှောက်သည်ရှိသော် ငါါဘို့ အမဲမည်သည်ကို ရခဲသလောဟုဆို၍ ပေါင်ပေါ်၌နေသော ချစ်စွာသောသား၏ လည်ကိုလိမ်၍ အသက်ကုန်ခြင်းသို့ရောက်စေ၍ စားတော်ချက်၏ ရှေ့သို့ပစ်လိုက်၍ လျင်မြန်စွာ ပြည့်စုံစေ၍ ဆောင်ခဲ့လော့ဟု ဆို၏။ စားတော်ချက်သည် ထိုမင်း အမိန့်ရှိတိုင်းပြု၏။ မင်းသည် သား၏အသားဖြင့် ထမင်းကို စား၏။ မင်းမှကြောက်ခြင်းကြောင့် ငိုအံ့သောငှါ၎င်း မျက်ရည်ထွက်စိမ့်သောငှါ၎င်း ဆိုအံ့သောငှါ၎င်း စွမ်းနိုင်သော တယောက်သောသူ မည်သည်လည်း မရှိ။
J		တဒါဟံ သုခိတော မုတ္တော၊ မာတရံ ဒဋ္ဌုမာဂတော။
J		ထိုသူဌေးသမီးသည် ထိုသို့သောစကားကို ကြား၍ ထိုသို့ ဆိုကြသည်ဖြစ်စေ၊ ကိုယ်ဝန်ဆောင် အမူအရာကိုပြု၍ ထိုသူတို့ကို လှည့်စားအံ့ ဟုကြံ၍ မိမိအကျိုးစီးပွးကို ဆောင်သော အထိန်းကို မိခင် ကိုယ်ဝန်ဆောင် မိန်းမတို့မည်သည်ကား အသို့လျှင် ပြုရကုန်သနည်း ဟု ကိုယ်ဝန်ဆောင်သော မိန်းမတို့ကို မေး၍ ဥတုလာသောကာလ ဥတုခံအနှီးထည့်၍ ချဉ်သော အရသာတို့ကို အလိုရှိတတ်ကုန်သည်ဖြစ်၍ လက်ခြေတို့ကို ဖောဖောရှိသော ကာလ၌ လက်ဖမိုး ခြေဖမိုးတို့ကို ထုခတ်စေ၍ အသားဖောဖောရှိသည်ကို ပြု၏။ နေ့တိုင်းနေ့တိုင်း ပုဆိုးနွမ်း ရစ်ပတ်သဖြင့်လည်း ဝမ်းကြီးသောအသွင်ကို ပြ၏။ သားမြတ်တို့ကို မည်းသောအဆင်း ရှိသည်တို့ကိုပြု၏။ ကိုယ်လက်သုတ်သင်သော ကိစ္စကိုပြုသော်လည်း အထိန်းမကိုထား၍ တစ်ပါးသော မိန်းမတို့၏ မြင်ရာအရပ်၌မပြု၊ ဤသို့လှည့်စား၏။
J		ထိုသူဌေးသမီး၏ လင်သည်လည်း ကိုယ်ဝန် အစောင့်အရှောက်ကို ပေး၏။ ဤသို့လျှင် ကိုးလတို့ပတ်လုံး လင်အိမ်၌နေပြီး၍ ယခုအခါ ဇနပုဒ်၌ အဖအိမ်သို့သွား၍ သားဖွားအံ့ ဟု ယောက္ခမ ယောကျ်ားသူ ယောက္ခမမိန်းမသူတို့ကို ပန်ကြားပြီးလျှင် ရထားစီး၍ မွားစွာသော အခြံအရံဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့၍ ခရီးသို့သွား၏။ ထိုသူဌေးသမီး၏ ရှေ့မှကား လှည်း ကုန်သည် တစ်ဦးသည်သွား၏။ လှည်းကုန်သည်သည် နေ၍သွားသော အရပ်သို့ သူဌေးသမီးသည် နံနက်စာ စားပြီးသောအခါ၌ ရောက်၏။ ထိုအခါ တစ်နေ့သ၌ ထိုလှည်း၌ ဆင်းရဲစွာသော တစ်ယောက်သော မိန်းမသည် ညဉ့်အခါ တစ်ခုသော ပညောင်ပင်ရင်း၌ သားကိုဖွား၍ နံနက်စောစောကလျှင် လှည်းသွားသည်ရှိသော် ငါသည် လှည်းနှင့်ကင်း၍ သွားခြင်းငှာ မတတ်နိုင်လတ္တံ့၊ ထိုသို့ လှည်းနှင့်ကင်း၍ သွားခြင်းငှာ မတတ်နိုင်သောကြောင့် စင်စစ်လျှင် အသက်ရှည်သည်ရှိသော် သားကိုရခြင်းငှာ တတ်ကောင်း၏ ဟု ပညောင်ပင်ရင်း၌ အချင်းကိုလည်းကောင်း ကိုယ်ဝန် အညစ်အကြေးကိုလည်းကောင်း ခင်း၍ သားငယ်ကိုစွန့်၍ လှည်းနှင့်တကွ လိုက်လေ၏။ သူငယ်အားလည်း နတ်တို့သည် စောင့်ရှောက်ကုန်၏။ ထိုစကားသည် မှန်၏။ ထိုသူငယ်သည် ဟုတ်ဟုတ်ငြားငြား သူငယ်မဟုတ်၊ ဘုရားလောင်းလျှင်တည်း၊ ထိုသို့ ဘုရားလောင်း ဖြစ်ငြားသော်လည်း ထိုဘုရားလောင်းသည် ထိုဘဝ၌ ထိုသို့သဘောရှိသော သူဆင်းရဲမဝမ်း၌ ပဋိသန္ဓေကိုယူ၏။
J		ထိုနိလိနိကာမင်းသမီး စကားကိုကြား၍ ဣသိသိင်္ဂသည် အကြင်မျှလောက် ခမည်းတော်ရှင်ရသေ့ ရောက်လာအံ့သော ကာလသည် ရှိ၏။ ထိုခမည်းတော် ရှင်ရသေ့ ရောက်ရုံ ဆိုင့းငံ့စေလိုရကား-
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် အပ္ပေါဿုက္ကော ဒါနိ တုဝံ ကပေါတ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဉ္စုပေါသထဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပုသ်ဆောက်တည်ကုန်သော ငါးရာကုန်သော သီတင်းသည်တို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် တရား သဘင်ဝယ် ပရိသတ်လေးပါးတို့၏ အလယ်၌ တန်ဆာဆင်အပ်သော ဘုရားနေရာတော်၌ နေတော်မူလျက် နူးညံ့သောစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ ယနေ့ သီတင်းသည်တို့စကားကိုစွဲ၍ ဓမ္မဒေသနာသည် ဖြစ်လတ္တံ့ဟု သိတော်မူလျှင် သီတင်းသည်တို့ကို ခေါ်တော်မူ၍ ဒါယကာတို့ ဥပုသ်ဆောက်တည်ခြင်းကို ပြုအပ်ကုန်ပြီလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဆောက်တည်ပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ဒါယကာတို့ သင်တို့သည် ကောင်းသောအမှုကို ပြုအပ်၏။ ဤဥပုသ်ဆောက်တည်ခြင်းမည်သည်ကား ရှေးပညာရှိတို့၏ အနွယ်တည်း၊ ထိုစကားသည် မှန်၏။ ရှေးပညာရှိတို့သည် ရာဂ အစရှိသော ကိလေသာတို့ကို နှိပ်ခြင်းငှါ ဥပုသ်သုံးခြင်းကို သုံးဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုသီတင်းသည်တို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		။ ဂုယှမတ္ထမသမ္ဗုဒ္ဓံ၊ သမ္ဗောဓယတိ ယောနရော။
J		။ အဒုဋ္ဌဿ တုဝံ ဒုဗ္ဘိ၊ ဒုဗ္ဘီ စ ပိသုဏောစာသိ။
J		လွန်လေပြီးသောအခါ ဗာရာဏသီပြည်မှ မနီးမဝေးသော မြစ်နား၌ ပါဋလိမည်သော သဘင်သည်သည် နေ၏။ ထိုသဘင်သည်သည် ပွဲသဘင်ခံသောနေ့၌ မယားကိုယူ၍ ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် က, ၍ စောင်းတီး၍ သီ၍ ဥစ္စာကိုရလျက် ပွဲသဘင်ပြီးလတ်သော် များစွာသော သုရာ, ထမင်းကိုယူ၍ မိမိရွာသို့ သွားလတ်သော် မြစ်ကမ်းနားသို့ ရောက်၍ ရေအသစ်တိုးပွား၍ လာသည်ကို မြင်လျှင် ထမင်းစားလျက် နေ၍ သေကိုသောက်၍ ယစ်လတ်သော် မိမိအစွမ်းကို မသိရကား စောင်းကြီးကို လည်၌ ဖွဲ့၍ မြစ်သို့ ဆင်းသက်၍ သါားအံ့ဟု မယားကိုယူ၍ မြစ်သို့ သက်၏။ စောင်းပေါက်တို့ကို ရေသည် ဝင်၏။ ထိုအခါ ထိုစောင်းသည် ထိုသဘင်သည်ကို ရေ၌နစ်စေ၏။ သဘင်သည်၏ မယားသည် လင်, ရေ၌နစ်သည်၏ အဖြစ်ကိုသိ၍ လင်ကိုလွှတ်၍ မြစ်မှတက်၍ ကမ်းနား၌ ရပ်၏။ သဘင်သည် ပါဋလိသည် တစ်ကြိမ်ပေါ်၍ တစ်ကြိမ်နစ်၏။ ရေသည် ဝင်၍ ဖူးဖူးရောင်သော ဝမ်းသည် ရှိ၏။ ထိုအခါ သဘင်သည်၏ မယားသည် ငါ၏လင်ကား ယခု သေလတ္တံ့၊ တစ်ခုသော သီချင်းကိုတောင်း၍ ပရိသတ်အလယ်၌ ထိုသီချင်းကို သီလျက် အသက်မွေးခြင်းကို ငါပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ အရှင်သင်သည် ရေ၌ နစ်မွန်း၏။ ငါ့အား တစ်ခုသော သီချင်းဖြင့် သက်မွေးခြင်းကို ပြုအံ့၊ သီချင်းကို ပေးလော့ဟု ဆိုလို၍ -
J		မင်းသည်ကား လူများ၏ ကိုးကွယ်ရာဖြစ်၏။ ထိုမင်းမှ သင်တို့အား ဘေးသည်ဖြစ်၏။ မင်းသည်လည်းကောင်း, ပုရောဟိတ်သည်လည်းကောင်း ခိုးယူ၏။ သင်တို့သည် ခိုးသူတို့ကို ဖမ်းလိုကုန်အံ့၊ ဤမင်း, ပုဏ္ဏားတို့ကိုဖမ်း၍ ပြုအပ်သော အမှုကို ပြုကြကုန်လော့ဟု ဘုရားလောင်းသည် ဆို၏။
J		ဝဇ္ဇုံ ဝါ တေ န ဝါ ဝဇ္ဇုံ၊ နတ္ထိ နာသာယ ရူဟနာ။
J		ထိုအခါမှစ၍ ပရန္တပကျွန်သည် သစ်သီးကြီးငယ်ကို ဆောင်၏။ မိဖုရားသည်လည်း သား ဖွား၏။ မိဖုရားအား သားသည် ကြီးလတ်သော် တစ်နေ့သ၌ မိုးသောက်ထသောအခါ ချမ်းသာစွာနေလျက် ဖြည်းညင်းစွာ ပရန္တပကျွန်ကို မင်းကိုသတ်သော သင့်ကို တစ်စုံတစ်ယောက်သောသူသည် မြင်သလောဟု မေး၏။ ငါ့ကို တစ်စုံ တစ်ယောက်သော သူသည် မမြင်၊ စင်စစ်သော်ကား သစ်ခက်ကိုလွှတ်သော အသံကို ကြား၏။ ထိုသစ်ခက်ကို လူသည်လည်းကောင်း တိရစ္ဆာန်သည်လည်းကောင်း လွှတ်သည်၏ အဖြစ်ကို မသိ၊ တစ်ရံတစ်ဆစ် ငါအား ဘေးရောက်လတ္တံ့၊ အကြင်သူ သစ်ခက်ကို လွှတ်၍ သွား၏။ ထိုသူမှ ရောက်လတ္တံ့ဟု ထိုမိဖုရားနှင့် ပြောလိုရကား-
J		။ ယံ တွံ အင်္ကသ္မိံ ဝဍ္ဎေသိ၊ ခီရရုက္ခံ ဘယာနကံ၊
J		အာမန္တ ခေါ တံ ဂစ္ဆာမ၊ ဝုဍ္ဎိမဿ န ရုစ္စတိ။
J		ထိုအခါ၌ ထိုသားအဖ နှစ်ယောက်တို့သည်လည်း ထိုအရပ်၌ ခိုးသူတို့၏ ထသောအဖြစ်ကို သိ၍ သင်သည် ငါ့ကို အဖဟူ၍ မဆိုသင့်၊ ငါသာ်လည်း သင့်အား သားဟူ၍ မဆိုအပ် ဟု ကတိကဝတ် ပြု၍ ခိုးသူ့တို့သည် ဖမ်းယူသောအခါ သင်တို့သည် အချင်းချင်း အဘယ်သို့တော်ကုန်သနည်း ဟု မေးအပ်သည်ရှိသော် စိုးစဉ်းမျှ မတော်ကြကုန်ဟု သိလျက် ချွတ် ယွင်းသော စကားကို ဆိုခြင်းကို ပြုကုန်၏။ ထိုသားအဖ နှစ်ယောက်တို့သည် တောအုပ်မှထွက်၍ ညချမ်း၌ ရေချိုး၍ တည်ကြကုန်သည်ရှိသော် ထိုလူနှစ်ယောက်တို့တွင် သားသည် မိမိ၏ သီလကို သုတ် သင်သည်ရှိသော် ထိုမုသာဝါဒကိုမြင်၍ ဤမကောင်းမှုသည် ပွားများသည်ရှိသော် ငါ့ကို အပါယ်ဘုံတို့၌ ပစ်ချလတ္တံ့၊ ထို့ကြောင့် ဤကိလေသာကို နှိမ်အံ့ ဟု ဝိပဿနာကိုပွား၍ ပစ္စေကဗောဓိဉာဏ်ကိုဖြစ်စေ၍ ကောင်းကင်၌ တည်လျက် အဖအား တရားဟော၍ နန္ဒမူလိုဏ်သာလျှင် ကြွတော်မူ၏။
J		။ တေန ပစ္ဆာ ဝိဇိဂုစ္ဆိံ၊ တံ ပါပံ ပကတံ မယာ။
J		... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဒ္ဓါဟိ နူန မိဂရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဋဒူသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော အထုပ်ကို ဖျက်ဆီးတတ် သူငယ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တယောက်သော အမတ်သည် ဘုရားအမှူးရှိသော ရဟန်းသင်္ဃာကို ဘိတ်၍ ဥယျာဉ်၌နေစေ၍ အလှူပေးသည်ရှိသော် ဆွမ်းမဘုဉ်းပေးမီအကြား၌ ဥယျာဉ်၌ လှည့်လည်လိုကုန်သော အရှင်တို့သည် လှည့်လည်စေကုန်သတည်းဟု။ လျှောက်၏။ ရဟန်းတို့သည် ဥယျာဉ်၌ လှည့်လည်ကုန်၏။ ထိုခဏ၌ ဥယျာဉ်စောင့်သည် အရွက်နှင့်ပြည့်စုံသော သစ်ပင်သို့တက်၍ ကြီးကုန် ကြီးကုန်သော အရွက်တို့ကိုခူး၍ ဤအထုပ်ကား ပန်းထုပ် ဖြစ်လတ္တံ့၊ ဤအထုပ်ကား သစ်သီးထုပ်ဖြစ်လတ္တံ့ဟု အထုပ်ကိုပြု၍ သစ်ပင်ရင်းသို့ ချ၏။ ထိုဥယျာဉ်စောင့်၏ သူငယ်သည် ချတိုင်း ချတိုင်းသော အထုပ်တို့ကို ဖျက်ဆီး၏။ ရဟန်းတို့သည် ထိုအကြောင်းကို ဘုရားအား လျှောက်ကြကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤသူငယ်သည် အထုပ်ကို ဖျက်ဆီးတတ်သည် မဟုတ်သေး၊ ရှေး၌လည်း အထုပ်ကို ဖျက်ဆီးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		ထိုအခါ၌ ထိုမိဖုယားကို ဘုရားလောင်းသည် အမိ အရှင်တို့သည်အလွန်လျှင် ရက်ရောကုန်၏။ အဘတို့အား အဝတ်ပိုင်းကိုမျှ၎င်း ထမင်းကိုမျှ၎င်း ပေးပါအံ့သောငှါသင့်သည် မဟုတ်တုံလောဟု ဆို၏။ အမောင် အကျွန်ုပ်သည်ပင် မင်း၏အထံမှ တစုံတခုကိုမရပါ၊ သင်တို့အား အဘယ်ကို ပေးရပါအံ့နည်းဟု ဆိုသည်ရှိသော် အရှင်သည် မိဖုယားမြတ်အရာကို ရသည် မဟုတ်တုံလောဟု ဆို၏။ အမောင် တစုံတခုသော ပူဇော်သက္ကာရကို ရခြင်းသည်မရှိသော် မိဖုယားမြတ်အရာသည် အဘယ်ပြုလတ္တံ့နည်းဟု ဆို၍ ယခုအခါ၌ သင်တို့၏မင်းသည် ငါ့အား အဘယ်ကို ပေးလတ္တံ့နည်း၊ ထိုမင်းသည် ခရီးအကြား၌ ထမင်းထုပ်ကိုရ၍ ထိုထမင်းထုပ်မှ တစုံတခုကိုမျှ မပေးမှု၍ မိမိချည်းသာလျှင် စား၏ဟုဆိုသည် ရှိသော် ဘုရားလောင်းသည် မင်းမြတ် ကြားရသည်ကား ဤသို့ကြားတိုင်းပင် ဟုတ်သလောဟု မေး၏။ မင်းသည်လည်း သည်းခံ၏။ ဘုရားလောင်းသည် ထိုမင်း၏သည်းခံခြင်းကိုသိ၍ အမိ ထိုသို့တပြီးကား မင်းသည် မချစ် မလေးမြတ်သော ကာလမှစ၍ အရှင်တို့အား ဤအရပ်၌ နေသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လောက၌ မချစ်သောသူတို့နှင့် ပေါင်းဘော်ရခြင်းသည်လည်း ဆင်းရဲ၏။ သင်တို့သည် ဤအရပ်၌ နေသည်ရှိသော် မင်းအားလည်း မချစ်သောသူနှင့် ပေါင်းဘော်ရခြင်းသည် ဖြစ်၏။ ဆင်းရဲခြင်းသည် ဖြစ်လတ္တံ့၊ ဤသတ္တဝါတို့မည်သည်ကား မိမိကို မပေါင်းဘော်သည်၏အဖြစ်ကို သိကုန်၍ တပါးသောအရပ်သို့ သွားအပ်ကုန်၏။ လူတို့နေရာသည် ကျယ်၏ဟု ဆို၍ ဤဂါထာတို့ကို ဆို၏။-
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် တထေဝ ပုဏ္ဏာ ပါတိယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုဏ္ဏပါတိဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် အဆိပ်ခတ်သောသေကို အကြောင်းပြု၍ ဟောတော်မူ၏။ တပါးသောအခါ သာဝတ္ထိပြည်၌ သေသောက်ကြူးတို့သည် စည်းဝေးကုန်၍ ငါတို့အား သေဘိုးသည်ကုန်ပြီ၊ အသို့ပြု၍လျှင် ရအံ့နည်းဟု ဆိုကြကုန်၏။ ထိုအခါ တယောက်သော ကြမ်းကြုတ်သောသေသောက်ကြူးသည် မကြံကြကုန်လင့်၊ တခုသော ဥပါယ်သည်ရှိ၏ဟုဆို၏။ အချင်းသေသောက်ကြူး အဘယ်မည်သော ဥပါယ်နည်းဟု ဆိုကြကုန်သည်ရှိသော် အနာထပိဏ်သူဌေးသည် လက်စွပ်တို့ကိုဝတ်၍ ပြေပြစ်သောပုဆိုးကိုဝတ်လျက် မင်းခစားအံ့သောငှါသွား၏။ ငါသည် သေခွက်၌ မိန်းမောခြင်းတို့ကို ပြုတတ်သောဆေးကိုခတ်၍ နေပူ၌ သေကိုစီရင်၍ထိုင်ကုန်လျက် အနာထပိဏ်သူဌေး၏ လာသောကာလ၌ သူဌေးကြီး ဤအရပ်သို့ လာတော်မူလောဟုခေါ်၍ ထိုသုရာကိုသောက်စေ၍ မိန်းမောသည်ဖြစ်သောအနာထပိဏ်သူဌေး၏ လက်စွပ်ကို၎င်း, ပုဆိုးတို့ကို၎င်း ယူ၍ သေဘိုးပြုကုန်အံ့ဟု ဆို၏။ ထိုသေသောက်ကြူတို့သည် ကောင်းပြီဟုဝန်ခံကုန်၍ ထိုသေသောက်ကြူးဆိုတိုင်း ပြုကုန်၍ အနာထပိဏ်သူဌေး၏ လာသောကာလ၌ ခရီးဦးသို့သွား၍ ရှိခိုးပြီးလျှင် အရှင်ဤအရပ်သို့လျှင် လာတော်မူကုန်လော၊ အကျွန်ုပ်တို့၏အထံ၌ အလွန်နှစ်သက်ဘွယ်ရှိသော ဤသုရာကို အတန်ငယ်သောက်၍ သွားကုန်လောဟု ဆိုကုန်၏။
J		၁၂၁။ ကုသနာဠှိဇာတ်, လူတန်းစားမခွဲခြားဘဲ လူကိုလူလိုပဲမြင်
J		၁၆၈။ သကုဏဂ္ဃိဇာတ်, ဗီလုံးငှက်ငယ်နဲ့ သိန်းငှက်
J		၁၇၂။ ဒဒ္ဒရဇာတ်, ခြ​င်္သေ့ကို တုပသော မြေခွေး
J		၂၆၂။ မုဒုပါဏိဇာတ်, အဖေ့လက်ကို လွှတ်လိုက်တယ်
J		၂၆၉။ သုဇာတဇာတ်, ချစ်စေလိုရင် ဒီးပါးစပ် မုန်းစေလိုရင်
J		၄၆၉။ မဟာကဏှဇာတ်, မြတ်စွာဘုရား သတ္တလောကအတွက် ကျင့်ပုံ အဖုံဖုံ
J		။ ဥမ္မတ္တိကာ အယံ ဝေဏီ၊ ဝဏ္ဏေတိ ပတိနော သခိံ။
J		ပတိ သဉ္ဇီဝိတော မယှံ၊ ဧယျာသိ ပိယ ပုစ္ဆိကာ။
J		အို-ယောက်ျား သင်သည် နှစ်သက်ဘွယ်သော ဤသစ်ပင်ကို ရံ၏။ ဤသစ်ပင်ကို ဖြတ်၍ အသို့ပြုအံ့နည်းဟု မေး၏။ ရထားအကွပ်ကို ပြုအံ့ဟု ဆိုသည်ရှိသော် ဤသစ်ပင်ဖြင့် ရထားဖြစ်လတ္တံ့ဟု အဘယ်သူ သင့်အား ကြားသနည်းဟု မေး၏။ ဝံတခုသည် ကြား၏ဟု ဆိုသည်ရှိသော် ကောင်းစွာ ကြားပေ၏။ ဤကြို့ပင်ဖြင့် လှည်းရထားသည် အလွန်ကောင်းသည်ဖြစ်လတ္တံ့၊ ထိုထက် ဝံရေကိုခွဲ၍ လက်လေးသစ် အတိုင်းအရှည်ရှိသော အရပ်၌ သံပြားပတ်သကဲ့သို့ အကွပ်ဝန်းကို ရစ်သည်ရှိသော် အကွပ်သည်လည်း အလွန် ခိုင်သည်ဖြစ်လတ္တံ့၊ များစွာသော ရထားအဘိုးဥစ္စာကိုလည်း ရလတ္တံ့ဟု ဆို၏။ ဝံရေကို အဘယ်မှာရအံ့နည်းဟု မေးသည်ရှိသော် သင်သည် မလိမ်မာသည် ဖြစ်၏။ ဤကြို့ပင်သည် တော၌တည်သေး၏။ မပြေးလတ္တံ့၊ အကြင်ဝံသည် သင့်အား သစ်ပင်ကို ကြား၏။ ထိုဝံ၏ အထံသို့ သင်သွား၍ အချင်းဝံ- သင်ပြအပ်သော သစ်ပင်ကို အဘယ်အရပ်၌ ဖြတ်ရအံ့နည်းဟု လှည့်စား၍ ဆောင်လော့၊ ထိုသို့ဆောင်ပြီးသော် ယုံမှားမရှိ ဤအရပ်၌၎င်း ဤအရာ၌၎င်း ဖြတ်လော့ဟု နှုတ်သီးဖျားကို ခတ်၍ကြားသော ထိုဝ့ကို ထက်လှစွာသော ပုဆိန်ကြီးဖြင့် ဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေပြီးလျှင် ဝံရေကိုယူ၍ ကောင်းမြတ်သော အသားကိုစား၍ ကြို့ပင်ကို ဖြတ်လော့ ဟု ရန်ကိုဖြစ်စေ၏။
J		ထိုရဟန်းသည် ငါ့သျှင်တို့ သင်္ကန်းကိုပြုအပ်သည်ရှိသော် ကြာမြင့်မှပြီး၏။ ငါပြုအပ်ပြီးသော သင်္ကန်းသည်သာလျှင် ရှိ၏။ ဤသင်္ကန်းလျာ ပုဆိုးတို့ကိုထားခဲ့၍ ထိုသင်္ကန်းကိုယူ၍ သွားကုန်လောဟု ထုတ်၍ပြ၏။ ထိုရဟန်းတို့သည် ထိုသင်္ကန်း၏ အဆင်း၏ ပြည့်စုံခြင်းကိုမြင်လျှင် အကြောင်းကိုမသိကုန်၍ ခိုင်၏ဟူသော အမှတ်ဖြင့် အစာမချေမသေးကုန်သော ပုဆိုးတို့ကို သင်္ကန်းစီးပွားပြုသော ရဟန်းအားပေး၍ ထိုသင်္ကန်းနွမ်းကို ယူ၍သွားကြကုန်၏။ ထိုသင်္ကန်းကို ရဟန်းတို့သည် အတန်ငယ် ညစ်နွမ်းသောကာလ၌ ရေနွေးဖြင့် ဖွပ်လျှော်သည်ရှိသော် ထိုသင်္ကန်းသည် မိမိ၏သဘောကိုပြ၏။ ထိုထိုအရပ်၌ ဆွေးသောအရာသည် ထင်၏။ ထိုရဟန်းတို့သည် နှလုံးမသာမယာ ဖြစ်ကြကုန်၏။ ဤသို့ လာတိုင်းလာတိုင်းကုန်သော ရဟန်းတို့ကို သင်္ကန်းနွမ်းတို့ဖြင့် လှည့်ပတ်၏။ ထိုရဟန်းသည် အလုံးစုံသောအရပ်၌ ထင်ရှားသည် ဖြစ်၏။ ဇေတဝန် ကျောင်းတော်၌ ထိုရဟန်းကဲ့သို့ တခုသောရွာငယ်၌လည်း တယောက်သော သင်္ကန်းစီးပွားပြုသောရဟန်းသည် ပုဆိုးနွမ်းဖြင့်လှည့်စား၏။ ထိုရဟန်းအား အတူတကွ ဆည်းကပ်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်သော မြင်ဘူးသော အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် အရှင်ဘုရား ဇေတဝန် ကျောင်းတော်၌ သင်္ကန်းစီးပွားပြုသော တယောက်သောရဟန်းသည် ဤသို့ပုဆိုးနွမ်းဖြင့် လှည့်စား၏ဟု ကြားကုန်၏။
J		... ထိုဗကဗြဟ္မာအား ဤတရားသည် မြဲ၏။ စုတေခြင်း သဘောမရှိ၊ ဤတရားမှ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်မည်သည် မရှိ ဟု ဤသို့စသော အယူသည် ဖြစ်၏။ ထိုဗကဗြဟ္မာသည် အောက်ဈာန်ဖြင့် ဖြစ်ခြင်း၌ ယှဉ်၏။ ဤဗကဗြဟ္မာသည် ရှေး၌ ဈာန်ကိုပွားစေ၍ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။ ထိုဝေဟပ္ဖိုလ်ဘုံ၌ မဟာကပ်ငါးရာ အတိုင်း အရှည်ရှိသော အသက်ကိုကုန်စေ၍ သုဘကိဏ်ဘုံ၌ ဖြစ်၏။ ခြောက်ဆယ့်လေးကပ်တို့ကို ကုန်စေ၍ သုဘကိဏ်ဘုံမှ စုတေ၍ မဟာကပ် ရှစ်ကပ် အသက်ရှည်ကုန်သော အာဘဿရဗြဟ္မာ့ဘုံ၌ ဖြစ်၏။
J		မြတ်သောမင်းကြီး အကျွန်ုပ်သည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ အကျွန်ုပ်သည် ပိုးခြပုန်းမျှကို သတ်ခြင်းမည်သည်ကို မပြုစဘူး၊ အရှင်မပေးသောဥစ္စာကို မြက်ဝါးခြမ်းစိတ်မျှကိုလည်း မယူစဘူး၊ လောဘ၏အစွမ်းအားဖြင့် သူတပါးတို့၏မိန်းမကို မျက်စိကိုလည်း ဖွင့်၍ မကြည့်စဘူး၊ ရယ်မြူးလိုသည်၏အစွမ်းအားဖြင့်လည်း မုသားကို မဆိုစဘူး၊ သမန်းမြက်မျှဖြင့်လည်း ယစ်မျိုးကို မသောက်စဘူး၊ အကျွန်ုပ်သည် အရှင်မင်းကြီးတို့၌ အပြစ်မရှိ၊ ထိုမိဖုယားမိုက်သည်ကား လောဘ၏ အစွမ်းအားဖြင့် အကျွန်ုပ်ကို လက်၌ကိုင်၍ အကျွန်ုပ်သည်ပယ်အပ်သည်ရှိသော် အကျွန်ုပ်ကို ခြိမ်းချောက်၍ မိမိပြုအပ်သော မကောင်းမှုကို ထင်စွာပြလျက် အကျွန်ုပ်အားကွား၍ တိုက်ခန်းတွင်းသို့ ဝင်လေ၏။ အကျွန်ုပ်သည် အပြစ်မရှိ၊ အမှာစာကိုယူ၍လာကုန်သော ခြောက်ကျိပ် လေးယောက်ကုန်သော သူတို့သည်ကား အပြစ်ရှိကုန်၏။ ထိုခြောက်ကျိပ်လေးယောက်ကုန်သောသူတို့ကို ခေါ်စေ၍ ထိုမိဖုယား၏စကားကို သင်တို့သည်ပြုကုန်သလော မပြုကုန်သလောဟု မေးတော်မူလောဟု ဘုရားလောင်း ဆို၏။ မင်းကြီးသည် ထိုခြောက်ကျိပ် လေးယောက်ကုန်သောသူတို့ကို နှောင်ဖွဲ့စေ၍ မိဖုယားကိုခေါ်စေ၍ သင်သည် ထိုသူတို့နှင့်တကွ မကောင်းမှုကို ပြုသလော။ မပြုသလောဟု မေး၏။ ရှင်မင်းကြီး ပြုမိပေ၏ဟု ဆိုလတ်သော် ထိုခြောက်ကျိပ်လေးယောက်ကုန်သောသူတို့ကို လက်ပြန်ချည်စေ၍ ဤသူတို့၏ဦးခေါင်းကို ဖြတ်ကြကုန်ဟု စေ၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်ယတ္ထေကော လဘတေ ဗဗ္ဗုအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဗဗ္ဗုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာဏမာတာ သိက္ခာပုဒ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ သ္မီး၏အစွမ်းအားဖြင့် ကာဏမာတာမည်သော သောတာပန်ဖြစ်သော ဘုရားတပည့် ဖြစ်သော သီတင်းသည်မသည် ဖြစ်၏။ ထိုကာဏမာတာသည် သ္မီးဖြစ်သော ကာဏာကို တခုသောရွာငယ်၌ အမျိုးတူဖြစ်သော ယောကျ်ားအား ပေး၏။ ကာဏာသည် တစုံတခုသော ပြုဘွယ်ကိစ္စကြောင့် အမိအိမ်သို့လာ၏။ ထိုအခါ ထိုကာဏာ၏ လင်သည် နှစ်ရက်သုံးရက်လွန်သဖြင့် ကာဏာသည်လာလော၊ ကာဏာ၏ လာခြင်းကို ငါသည်အလိုရှိ၏ဟု တမန်ကို စေ၏။ ကာဏာသည် တမန်၏ စကားကိုကြား၍ မိခင် သွားအံ့ဟု အမိအားခွင့်ပန်၏။ ကာဏမာတာသည် ဤမျှသောကာလတိုင်အောင်နေ၍ လက်ချည်း အဘယ့်ကြောင့် သွားအံ့နည်းဟုဆို၍ မုန့်ကိုကြော်၏။ ထိုခဏ၌လျှင် တယောက်သော ဆွမ်းခံသွားသောရဟန်းသည် ထိုကာဏမာတာ၏ အိမ်သို့ရောက်၏။ သီတင်း သည်မကြီးသည် ထိုရဟန်းကိုနေစေ၍ သပိတ်ပြည့်အောင် မုန့်ကိုလှူစေ၏။ ထိုရဟန်းသည် ထွက်၍ တပါးသောရဟန်းအား ကြား၏။ ထိုရဟန်းအားလည်း ထို့အတူလျှင် လှူစေ၏။ ထိုရဟန်းသည်လည်းထွက်၍ တပါးသောရဟန်းအား ကြား၏။ ထိုရဟန်းအားလည်း ထို့အတူလျှင် လှူစေ၏။ ထိုရဟန်းသည်လည်းထွက်၍ တပါးသောရဟန်းအား ကြား၏။ ထိုရဟန်းအားလည်း ထို့အတူလျှင် လှူစေ၏။ ဤသို့ လေးပါးကုန်သော ရဟန်းတို့အား လှူစေ၏။ လုပ်ရင်းတိုင်းဖြစ်သော မုန့်သည် ကုန်ခြင်းသို့ရောက်၏။ ကာဏာ၏သွားခြင်းသည် မပြည့်စုံ။
J		ထိုအခါ ကြွက်မကို ကြောင်သည် ထိုသို့တ ပြီးကား မမေ့မလျော့ ဖြစ်လောဟုဆို၍ လွှတ် လိုက်၏။ ထိုအခါမှစ၍ ကြွက်မသည် မိမိဘို့ ဆောင်ခဲ့သောအမဲကို နှစ်စုတို့ကိုပြု၍ တစုကို ထိုကြောင်အားပေး၏။ တစုကို မိမိသည်စား၏။ ထိုအခါ ကြွက်မကို တနေ့သ၌ တခုသောကြောင်သည် ဖမ်းမိပြန်၏။ ထိုကြောင်ကိုလည်း ထို အတူ သိစေ၍ မိမိကိုလွှတ်စေ၏။ ထိုအခါမှစ၍ ဤသို့ မိမိဘို့ ဆောင်ခဲ့သောအမဲကို သုံးစုတို့ကိုပြု၍ စားကုန်၏။ တဖန် ကြောင်တခုသည် ဖမ်းမိပြန်၏။ ထိုကြောင်ကိုလည်း ထို့အတူလျှင်သိစေ၍ မိမိကိုယ်ကို လွှတ်စေ၏။ ထိုအခါမှစ၍ လေးစုတို့ကိုပြု၍ စားကုန်၏။ တဖန် တခုသောကြောင်သည် ဖမ်းမိပြန်၏။ ထိုကြောင်ကိုလည်း ထို့အတူလျှင်သိစေ၍ မိမိကိုယ်ကို လွှတ်စေ၏။ ထိုအခါမှစ၍ ငါးစုတို့ကိုပြု၍ စားကုန်၏။ ထိုကြွက်မသည် ငါးခုမြောက်သော အစုကို စားရသည်ဖြစ်၍ နည်းသောအာဟာရရှိသည်၏အဖြစ်ကြောင့် ပင်ပန်းသည်ဖြစ်၍ ကြုံလှီသည်ဖြစ်၏။ နည်း သောအသား အသွေးရှိသည် ဖြစ်၏။
J		... ထိုရဟန်းသည် မြတ်စွာဘုရား၏ တရားတော်ကို နာရလျှင် သာသနာတော်၌ ရဟန်းပြုသဖြင့် ရဟန်းပြုသော ကာလမှစ၍ အလှူပေးလေ့ရှိသည်။ အလှူပေးခြင်း၌ အလွန်အလိုရှိသည် ဖြစ်၏။ သပိတ်အတွင်း၌ရှိသော ဆွမ်းကို သူတစ်ပါးအး မလှူမူ၍မစား၊ အယုတ်သဖြင့် သောက်ရေမျှကိုလည်းရ၍ သူတစ်ပါးအား မလှူမူ၍မသောက်၊ ဤသို့ လှူဒါန်းပေးကမ်းခြင်း၌ လွန်စွာမွေ့လျော်သည် ဖြစ်သတတ်။
J		ထိုဘုရားလောင်း၏ သားသည်လည်း ထို့အတူလျှင် ဒါန ဝတ္ထုကိုလှူ၍ သားကိုဆုံးမ၍ အသက်၏ အဆုံး၌ စန္ဒနတ်သား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူဌေးသားသည် သူရိယ နတ်သား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူဌ၏ သားသည်လည်း ချီးမြှောက်တတ်သော မာတလိနတ်သား၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုသူဌေးသားသည် ဂန္ဓဗ္ဗနတ်မင်း၏ သားဖြစ်သော ပဉ္စသိခနတ်သး၏ အဖြစ်ဖြင့်ဖြစ်၏။
J		အသန္တော နာနု ကုဗ္ဗန္တိ၊ သတံ ဓမ္နော ဒုရန္နယော။
J		။ အပ္ပသ္မေကေ ပဝစ္ဆန္တိ၊ ဗဟုနေကေ နဒိစ္ဆရေ။
J		ဤသို့ ဘုရားလောင်းသည် ထိုအကြောင်းကို ဆိုသော်လည်း ထိုမိုက်သောနတ်သည် မဆင်ခြင်မူ၍ တနေ့သ၌ ကြောက်မက်ဘွယ်သော အာရုံကို ပြ၍ ခြင်္သေ့ ကျားတို့ကို ပြေးစေ၏။ လူတို့သည် ခြင်္သေ့ ကျားတို့ကိုမမြင်၍ ခြင်္သေ့ကျားတို့သည် တပါးသောတောသို့ သွားကုန်ပြီဟု သိ၍ တောအုပ်၏ နံပါးတဘက်ကို ဖြတ်ကုန်၏။ ရုက္ခစိုဝ်းနတ်သည် ဘုရားလောင်းနတ်သို့ ချဉ်းကပ်၍ အဆွေ အကျွန်ုပ်သည် အဆွေ့စကားကို မနာယူ၍ ထိုခြင်္သေ့ ကျားတို့ကို ပြေးစေ၏။ ထိုခြင်္သေ့ ကျားတို့သည် သွားသောအဖြစ်ကိုသိ၍ လူတို့သည် တောအုပ်ကို ဖျက်ဆီးကုန်၏။ အဘယ်သို့ ပြုအပ်သနည်းဟု ဆိုသော် ယခု ထိုခြင်္သေ့, ကျားတို့သည် နေသောတောသို့သွား၍ ခြင်္သေ့ကျားတို့ကို ပင့်ဆောင်ချေလောဟု စေသည်ရှိသော် ထိုတောသို့သွား၍ ခြင်္သေ့ , ကျားတို့၏ရှေ့မှ လက်အုပ် ချီ၍-
J		ပုပ်နံ့ ညှီနံ၊ သည်းမခံ၊ ဗိမာန်တောလုံးပျက်
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ် မင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ ဗာရာဏသီမင်းသည် များစွာသော စစ်သည်ဖြင့် ကောသလမင်းကို စစ်ထိုးအံ့သောငှာသွား၍ သာဝတ္ထိပြည်သို့ရောက်၍ စစ်ထိုးခြင်းဖြင့် မြို့တွင်းသို့ဝင်၍ မင်းကို ဖမ်း၏။ ကောသလမင်းအားကား ဆတ္တမည်သော သားသည် ရှိ၏။ ထိုသားသည် မထင်ရှားသောအသွင်ဖြင့် ထွက်ပြေး၍ တက္ကသိုလ်ပြည်သို့ သွား၍ ဗေဒင်သုံးပုံ တဆယ့်ရှစ်ပါးသော အတတ်တို့ကို သင်၍ တက္ကသိုလ်ပြည်မှ ထွက်ခဲ့၍ ခပ်သိမ်း သော အတတ်ပညာတို့ကိုသင်လျက် တခုသော ပစ္စန္တရစ်ရွာသို့ ရောက်၏။ ထိုပစ္စန္တရစ်ရွာကို မှီ၍ ငါးရာသော ရသေ့တို့သည် တောဝယ် သစ်ရွက်မိုးသော ကျောင်းတို့၌ နေကုန်၏။ ဆတ္တမင်းသား
J		ထိုအခါ၌ လူတို့သည် ရဟန်းတို့အား ချေသည်ရှိသော် အရှင်ဘုရားတို့သည် သက်တော်ရှည်စေကုန်သတည်းဟု ဆိုကြကုန်၏။ ရဟန်းတို့သည် မအပ်ဟု ကုက္ကုစ္စဖြစ်ကြကုန်၍ အသက်ရှည်စေကုန်ဟု တုံ့၍မဆိုကုန်၊ လူတို့သည် အဘယ်ကြောင့်သာလျှင် သာကီဝင်မင်းသားဖြစ်ကုန်သော ရဟန်းတို့သည် အရှင်ဘုရားတို့ အရှင်ဘုရားတို့သည် သက်တော်ရှည်စေ ကုန်သတည်းဟု ဆိုကုန်သည်ရှိသော် စကားမဆို နေကုန်ဘိသနည်းဟု ကဲ့ရဲ့ကုန်၏။ မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ရဟန်းတို့ လူတို့သည် နှုတ်မင်္ဂလာစကားကို ချီးမွမ်းတတ်ကုန်၏။ ရဟန်းတို့ လူတို့အား အသက်ရှည်စေဟု တုံ့၍ဆိုစိမ့်သောငှါ ခွင့်ပြုတော်မူ၏။ ရပာန်းတို့ လူတို့သည် အရှင်ဘုရား အရှင်ဘုရားသည် အသက်ရှည်စေသတည်းဟု ဆိုသည်ရှိသော် ကြာမြင့်စွာ အသက်ရှည်စေဟု တုံ့၍ဆိုအံ့သောငှါအပ်၏ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား အသက်ရှည်စေဟူ၍ဆိုသော, စကားတုံ့၍ အသက်ရှည်စေဟူ၍ဆိုသော စကားမည်သည်ကား အဘယ်အခါ၌ ဖြစ်သနည်းဟု မြတ်စွာဘုရားကို မေးကုန်၏။ မြတ်စွာဘုရားသည်ရဟန်းတို့ အသက်ရှည်စေဟု ဆိုသော် စကားတုံ့၍ အသက်ရှည်စေဟုဆိုသော စကားမည်သည်ကား ရှေးကာလ၌ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။
J		ထိုနေ့၌ သဗ္ဗညူမြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ သတ္တလောကကို ကြည့်တော်မူလတ်သော် ဆွေတော်မျိုးတော်အပေါင်း၏ ပျက်စီးခြင်းကို မြင်တော်မူ၍ ဆွေတော် မျိုးတော်တို့အား ထောက်ပံ့ခြင်းကို ပြုခြင်းငှါ သင့်၏ဟု ကြံတော်မူ၍ နံနက်အခါ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ဂန္ဓကုဋိတော်၌ ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော ကျိန်းအိပ်တော်မူခြင်းကို ပြုတော်မူ၍ ညချမ်းအခါ ကောင်းကင်ခရီးဖြင့် ကြွတော်မူ၍ ကပိလဝတ်ပြည်တော်၏ အနီးဖြစ်သော ပါးသော အရိပ်ရှိသော တခုသော ဇီးပင်ရင်း၌ နေတော်မူ၏။ ထိုဇီးပင်မှ မနီးမဝေး၌ ဝိဋဋူဘမင်း၏ နိုင်ငံအပိုင်းအခြားအတွင်း၌ ချမ်းအေးသော အရိပ်ရှိသော ပညောင်ပင်သည်ရှိ၏။ ထိုဝိဋဋူဘသည် မြတ်စွာဘုရားကို မြင်၍ အထံတော်သို့ ကပ်ပြီးလျှင် အရှင်ဘုရား အဘယ့်ကြောင့် ဤသို့သဘောရှိသော ပူသောအခါ၌ ဤပါးသော အရိပ်ရှိသော ဇီးပင်ရင်း၌ နေတော်မူဘိသနည်း၊ ချမ်းအေးသော အရိပ်ရှိသော ထိုပညောင်ပင်ရင်း၌ နေတော်မူကုန်လော့ ဟု နားတော်လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ထိုသို့ရှိသည်မူလည်းဖြစ်စေ ဆွေမျိုးတို့၏ အရိပ်မည်သည်ကား အလွန်ချမ်းအေး၏ ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရားသည် ဆွေမျိုးတို့ကို စောင့်ရှောက်ခြင်းငှာ ကြွတော်မူလာသည် ဖြစ်လတ္တံ့ ဟု ကြံ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သာဝတ္ထိပြည်သို့သာလျှင် ပြန်လေ၏။
J		ထိုအရှင်ပစ္စေကဗုဒ္ဓါ၏ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စအဆုံး၌ သူကြွယ်သည် ကြံ၏။ ငါသည် မင်းအား ထမင်းကိုပေးအပ်၏။ မင်းသည်။ ပုရောဟိတ် ပုဏ္ဏားအား ပေးအပ်၏။ ပုဏ္ဏားသည် အရှင်ရသေ့အား လှူအပ်၏။ အရှင်ရသေ့သည် အရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်၏။ အရှင်ပစ္စေကဗုဒ္ဓါသည် တစုံတယောက်ကိုမျှ မပန်မူ၍ ဘုဉ်းပေးတော်မူ၏။ ဤမျှလောက်ကုန်သော မင်း, ပုဏ္ဏား, ရသေ့တို့၏ လှူခြင်း၏ အကြောင်းကား အသို့နည်း၊ ဤအရှင်ပစ္စေကဗုဒ္ဓါ၏ တစုံတယောက်သော သူကိုမျှလည်း မမေး မပန်မူ၍လျှင် ဘုဉ်းပေးခြင်း၏ အကြောင်းကား အဘယ်နည်း၊ စသည်ဖြင့် ထိုလေးယောက်သော သူတို့ကို ငါမေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုသူကြွယ်သည် တယောက် တယောက်စီသို့ ချဉ်းကပ်သဖြင့် ရှိခိုး၍ မေး၏။ ထိုလေးယောက်ကုန်သော သူတို့တွင်လည်း မင်းကို ရှေးဦးစွာ မေးလိုရကား-
J		။ ဘိက္ခုဉ္စ ဒါနိ ပုစ္ဆာမိ၊ တုဏှီ မာသီနသုဗ္ဗတံ။
J		... ရဟန်းတိုံ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာသာလအမျိုး၏ သားဖြစ်၏။ ထိုဘုရားလောင်းအား မဟာကဉ္စန သတို့သားဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ ဘုရားလောင်း ခြေဖြင့်သွားနိုင်သော ကာလ၌ တယောက်သားသည် ဖွားမြင်၏။ ထိုသားအား ဥပကဉ္စန သတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ဤသို့ အစဉ်အတိုင်း ခုနစ်ယောက်သော သားတို့သည် ဖြစ်ကုန်၏။ အလုံးစုံသော သားတို့အောက် ငယ်သော တယောက်သောသ္မီးသည် ဖြစ်၏။ ထိုသ္မီးအား ကဉ္စနဒေဝီဟူသော အမည်ကို မှည့်ကုန်၏။
J		ဖြားယောင်းကိလေ၊ မကြည့်ပေ၊ မသွေမင်းဖြစ် စည်းစိမ်သစ်
J		ထိုငါးမသည် ကွန်၌ကျသောငါ့ကို ဤတံငါတို့သည် ယူအပ်သည်၏အဖြစ်ကို မသိသည်ဖြစ်၍ ငါ့ကို မမြင်သည်ရှိသော် တပါးသောငါးမသို့ ကာမဂုဏ်မွေ့လျော်သဖြင့် လိုက်သည်ဖြစ်လတ္တံ့ဟု ကြံလိမ့်၊ နှလုံး မသာယာခြင်းသို့ရောက်သော ငါးမ၏ ထိုကြံခြင်းသည်သာ ငါ့ကိုနှိပ်စက်၏ဟု သဲပြင်၌လျောင်းလျက် ငိုကြွေး၏။ ထိုအခါ ပုရောဟိတ်သည် ကျွန်အပေါင်းခြံရံလျက် ရေချိုးအံ့သောငှါ မြစ်ဆိပ်သို့လာ၏။ ပုရောဟိတ်သည်ကား ခပ်သိမ်းသောသတ္တဝါတို့၏ အသံကိုသိ၏။ ထို့ကြောင့် ပုရောဟိတ်အား ငါး၏ ငိုကြွေးသံကိုကြား၍ ဤသို့သောအကြံသည် ဖြစ်၏။ ဤငါးသည် ကိလေသာ၏အစွမ်းဖြင့် ငိုကြွေး၏။ ဤသို့ ထိုငါးသည် ကိလေသာနှိပ်စက်သော စိတ်ရှိသည်ဖြစ်၍လျှင် သေသည်ရှိသော် ငရဲ၌ သာလျှင် ဖြစ်လတ္တံ့၊ ငါကား ဤငါး၏ ကိုးကွယ်ရာဖြစ်လတ္တံ့ ဟု တံငါတို့၏အထံသို့သွား၍ အို တံငါတို့ သင်တို့သည် ငါတို့အား တနေ့မျှလည်း ဟင်းလျာဘို့ ငါးကို မပေးကုန်ဟု ဆို၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မာယမဂ္ဂိ တပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့၏ ဟူ၍ ကြားရသည်ကား မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ထိုမိန်းမကို အမှီပြ၍ တံစို့ဖြင့်လျှိူ၍ မီးကျီး၌ကင်၍ စားအပ်သည်၏အဖြစ်သို့ ရောက်၍ ပညာရှိတို့ကို အမှီပြု၍ အသက်ကိုရဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		... ဤမဏိကုဏ္ဍလဇာတ်၌လည်း ဘုရားလောင်းသည် ဗာရာဏသီမင်းဖြစ်၏။ ပြစ်မှားသောအမတ်သည် ကောသလမင်းကို ဆောင်၍ ကာသိတိုင်းကို ယူစေ၍ ဗာရာဏသီမင်းကို နှောင်ဖွဲ့စေ၍ နှောင်အိမ်၌ ထားစေ၏။ မင်းသည် ဈာန်ကိုဖြစ်စေ၍ ကော်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ခိုးသူမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။ ခိုးသူမင်းသည် ဗာရာဏသီမင်းအထံသို့ ဆည်းကပ်၍-
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တခုသော်ရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လတ်သော် ကာမတို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ဟိမဝန္တာအရပ်၌ သုံးခုသော တောင်အရေးတို့ကို လွန်၍ ရသေ့ပြု၍ ကျောင်းဆောက်၍ နေ၏။ ထိုကျောင်း၏အနီး၌ ပတ္တမြားလိုဏ်သည် ရှိ၏။ ထိုပတ္တမြားလိုဏ်၌ သုံးဆယ်ကုန်သော ဝက်တို့သည် နေကုန်၏။ ပတ္တမြားလိုဏ်၏အနီး၌ တခုသောခြင်္သေ့သည် ကျက်စား၏။ ထိုခြင်္သေ့၏အရိပ်သည် ပတ္တမြား၌ ထင်၏။ ဝက်တို့သည် ခြင်္သေ့အရိပ်ကိုမြင်၍ ထိတ်လန့်ကုန်ရကား နည်းသော အသားအသွေး ရှိကုန်၏။ ထိုဝက်တို့သည် ဤပတ္တမြား၏ ကြည်လင်သည်၏ အဖြစ်ကြောင့် ဤအရိပ်သည် ထင်၏။ ဤပတ္တမြားကို ညစ်နွမ်းအောင် ပြုကြကုန်အံ့ဟု ကြံ၍ မနီးမဝေးသောအရပ်ဝယ် တခုသော ရေကန်သို့သွား၍ ညွန်၌ လူး၍ လာလတ်၍ ထိုပတ္တမြားကို ပွတ်ကုန်၏။ ပတ္တမြားသည် ဝက်တို့၏ အမွှေးတို့ဖြင့် ပွတ်အပ်သည်ရှိသော် အတိုင်း ထက်အလွန် ကြည်လင်၏။ ဝက်တို့သည် အကြောင်းကို မမြင်နိုင်ကုန်၍ ပတ္တမြား၏ ညစ်နွမ်းခြင်းကို ပြုတတ်သော အကြောင်းကို ရသေ့ကို မေးကုန်အံ့ဟု ဘုရားလောင်းသို့ ဆည်းကပ်၍ လျောက်ပတ်စွာ တည်ကုန်၍-
J		ဗဒ္ဓေါ ပဉ္စဟိ ရဇ္ဇူဟိ၊ ကိံ ရဝိ သုနခေါ တဝ။
J		သမနုက္ကမန္တာ ပါဒေဟိ၊ သောတ္ထိံ သာခါမိဂါ ဂတာ။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဗာရာဏသျံ အဟု ရာဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာကပိဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်၏ ကျောက်ဖြင့်လှိမ့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ ထိုဒေဝဒတ်သည် လေးသမားတို့ကို စေလွှတ်ပြီး၍ နောက်အဘို့၌ ကျောက်ကိုလှိမ့်ခြင်းဖြင့် မြတ်စွာဘုရားအား သေကြောင်းလုံ့လကို ပြု၏ဟု ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမဲ့ ကဲ့ရဲ့စကားကို ပြောဆိုကုန်လတ်သော် သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့- ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါဘုရားအား ကျောက်ကို လှိမ့်ချသည် မဟုတ်သေး၊ ရှေး၌လည်း လှိမ့်ချဘူးသည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		။ တတ္ထ ဗြာဟ္မဏ မဒ္ဒက္ခိ၊ သေတံ စိတြံ ကိလာသိနံ။
J		။ ကိံ ကမ္မ မကရံ ပုဗ္ဗေ၊ ကံ အဝဇ္ဈံ အဃာတယိ။
J		ထိုအခါ မဟာဓမ္မပါလပုဏ္ဏားသည် လျင်မြန်စွာ တံခါး အနီးသို့လာလတ်၍ ဤအရပ်သို့ လာတော်မူလော့ ဟု ထိုသားဓမ္မပါလ လုလင်၏ ဆရာကို အိမ်သို့ဆောင်ပြီးလျှင်ပလ္လင်၌နေစေ၍ အလုံးစုံသော ခြေဆးခြင်း အစရှိသော ကိစ္စကိုပြု၏။ ဒိသာပါမောက္ခဆရာသည် ထမင်းစားပြီးသော် ချမ်းသာစွာ ပြောဟော၍နေကြသော ကာလ၌ ပုဏ္ဏား သင့်သားဖြစ်သော ဓမ္မပါလသတို့သားသည် ပညာရှိပေ၏။ ဗေဒင်သုံးပုံတို့၏လည်းကောင်း တစ်ဆယ့်ရှစ်ပါးသော အတတ်တို့၏လည်းကောင်း အပြီးသို့ရောက်ပြီ၊ ထိုဗေဒင်သုံးပုံ တစ်ဆယ့်ရှစ်ပါးသော အတတ်တို့ကို အပြီးတိုင် တတ်ပါသော်လည်း တစ်စုံတစ်ခုသော ရောဂါ အနာဖြင့် အသက်ကုန်ခြင်းသို့ ရောက်ချေပြီ၊ ခပ်သိမ်းသော သင်္ခါရတို့သည် အမြဲမရှိကုန်၊ မစိုးရိမ်လင့် ဟု ဆို၏။ မဟာဓမ္မပါလ ပုဏ္ဏားသည် လက်ခုပ်တီး၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်လေ၏။ ပုဏ္ဏား... အဘယ့်ကြောင့် ရယ်သနည်း ဟု ဆိုသည်ရှိသော် ငါ့သား ဓမ္မပါလသည် မသေ၊ တစ်ပါးသော တစ်စုံတစ်ယောက်သာ သူသည် သေသည် ဖြစ်လတ္တံ့ဟု ဆို၏။ ပုဏ္ဏား သင့်သား၏ အရိုးတို့ကို မြင်၍သာလျှင် ယုံလော့ ဟု အရိုးတို့ကို အိတ်မှထုတ်၍ ဤအရိုးတို့သည် သင့်သား ဓမ္မပါလ၏ အရိုးတို့တည်း ဟု ဆို၏။ ထိုအရိုးတို့သည် ဆိတ်၏ လည်းကောင်း, ခွေး၏ လည်းကောင်း အရိုးတို့သည် ဖြစ် ကုန်လတ္တံ့။ ငါ့သား ဓမ္မပါလသည်ကား မသေ၊ ထိုစကားသည် မှန်၏။ ငါတို့အမျိုး၌ ဆွေခုနစ်ဆက်လည်သည့်တိုင်အောင် ငယ်ရွယ်သောကာလ၌ သေဖူးသောမည်သည် မရှိကုန်၊ သင်သည် မုသားဆိုဘိ၏ ဟု ဆိုကြကုန်၏။ ထိုခဏ၌ ခပ်သိမ်းသော လူအပေါင်းတို့သည်လည်း လက်ခုပ်တီး၍ ပြင်းစွာသော ရယ်ခြင်းကို ရယ်ကြကုန်၏။
J		၊ ကိလေသာငြိမ်းပြီးသော ပစ္စေကဗုဒ္ဓါတို့ကိုလည်းကင်ေး။
J		ထိုပြာသာဒ်သည် တဆဲ့ငါးယူဇနာ အမြင့်၊ ရှစ်ယူဇနာ အပြင်အကျယ်ရှိသည် ဟူလိုသည်။
J		... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် ရဟန်းတို့ ယခုအခါ၌သာလျှင် သင်တို့ဆရာ ငါဘုရားသည် မင်္ဂလာပြဿနာကို ဖြေဆိုသည်မဟုတ်သေး၊ ရှေးရက္ခိတရသေ့ ဖြစ်သောအခါ၌လည်း ဤမင်္ဂလာပြဿနာကို ဖြေဆိုတော်မူပြီဟု မိန့်တော်မူ၍ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ တပည့်ရသေ့အပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မင်္ဂလာပြဿနာကို မေးလာသော ရသေ့တပည့်ကြီး ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဆရာရက္ထိရသေ့ ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥက္ကဋ္ဌေ သူရမိစ္ဆန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟာသာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဉ်းအံ့၊ အခါတပါး၌ ပသေနဒီကောသလမင်းကြီး၏ မင်းမိန်းမတို့သည် ဘုရားပွင့်တော်မူသောကာလမည်သည်ကို ရခဲ၏။ ထို့အတူ လူ၏အဖြစ်ကိုလည်း ရခဲ၏။ ပြည့်စုံသော နား, မျက်စိအစရှိသော ဣန္ဒြေရှိသည်၏အဖြစ်ကိုလည်း ရခဲ၏။ ငါတို့သည်ရခဲသော ဗုဒ္ဓုပ္ပါဒခဏ အကြောင်း၏ ညီညွတ်ခြင်းကို ရကုန်၍လည်း မိမိတို့၏အလိုအားလျော်စွာ ကျောင်းသို့သွား၍ တရားတော်ကို နာအံ့သောငှါ၎င်း, ပူဇော်ခြင်းကို ပြုအံ့သောငှါ၎င်း မရကုန်၊ ပူတာတံတင်း၌ ထားအပ်ကုန်သကဲ့သို့ နေကြရကုန်၏။ အရှင်မင်းကြီးအား လျှောက်ကြားပြီးလျှင် ငါတို့အား တရားကို ဟောပြောအံ့သောငှာ လျောက်ပတ်သောရဟန်းတပါးကိုပင့်စေ၍ ထိုရဟန်းအထံ၌ တရားတော်ကိုနာကုန်အံ့၊ ထိုရဟန်းအထံမှအကျင့်တရားကို သင်ကြားကုန်အံ့၊ ဒါနအစရှိသောကောင်းမှုတို့ကို ပြုကုန်အံ့၊ ဤသို့ပြုသည်ရှိသော် ငါတို့အား ဤဗုဒ္ဓုပ္ပါဒခဏကိုရခြင်းသည် အကျိုးရှိသည်ဖြစ်လတ္တံ့ဟု ကြံကြကုန်၏။ ကြံကုန်ပြီးလျှင် မင်းကြီးသို့ကပ်ကုန်၍ မိမိတို့၏ကြံသောအကြောင်းကို လျှောက်ကုန်၏။ မင်းကြီးသည် ကောင်းပြီဟုဝန်ခံ၍ တနေ့သ၌ ဥယျာဉ်ကစားခြင်းကို ကစားလိုသောပသေနဒီကောသလမင်းကြီးသည် ဥယျာဉ်စောင့်ကိုစေ၍ ဥယျာဉ်ကိုသုတ်သင်လောဟု ဆို၏။ ဥယျာဉ်စောင့်သည် ဥယျာဉ်ကို သုတ် သင်သည်ရှိသော်။ တခုသော သစ်ပင်ရင်း၌ နေတော်မူသော မြတ်စွာဘုရားကိုမြင်၍ မင်းကြီးအထံသို့ သွားပြီးလျှင် အရှင်မင်းကြီး ဥယျာဉ်တော်ကို သုတ်သင်အပ်ပြီ၊ စင်စစ်သော်ကား ဤဥယျာဉ်တော်ဝယ် တခုသောသစ်ပင်ရင်း၌ မြတ်စွာဘုရားသည် နေတော်မူ၏ဟုလျှောက်၏။ မင်းကြီးသည် အချင်း ဥယျာဉ်စောင့် ကောင်းပြီ၊ မြတ်စွာဘုရားအထံတော်၌ တရားတော်ကိုနာကုန်အံ့ဟု ဆို၍ တန်ဆာဆင်အပ်သော ရထားကိုစီး၍ ဥယျာဉ်သို့သွားပြီးလျှင် မြတ်စွာဘုရားအထံသို့ ဆည်းကပ်၏။
J		ထို့နောင်မှ စစ်သူကြီး ကာဠဟတ်သည် ဤမင်းကား အလွန်လျှင် အရသာ၌ တပ်မက်မော၏။ ထိုမင်းအား တစ်ပါးလည်းဖြစ်ကုန်သော ပုံသက်သေတို့ကို ပြဆောင်ဦးဟု ကြံ၍ အရှင်မင်းမြတ်... လူသားကိုစားခြင်းမှ ကြဉ်ရှောင်တော်မူလော့ဟု ဆို၏။ ထိုဗြဟ္မဒတ်မင်းသည်
J		၊ မြတ်သောသူနှင့် သချံ၊ အဆွေခင်ပွန်းသဘောသည်။
J		ဤသို့သောနည်းဖြင့် အထက်ဗြဟ္မာပြည်တိုင်အောင် တစ်ပြိုင်နက် အုတ်အုတ် ကျက်ကျက်သော အသံသည် ဖြစ်၏။ ပညောင်ပင်၌ ဆွဲ၍ ထားအပ်ကုန်သော မင်းတို့သည်လည်း ထိုနတ်သားတို့ ကောင်းချီးပေးသော အသံကို ကြားကြကုန်၏။ ပညောင်ပင်စောင့် နတ်သည်လည်း မိမိဗိမာန်၌ တည်လျက်လျှင် ကောင်းချီးပေး၏။ ဤသို့လျှင် နတ်တို့၏ အသံကိုသာလျှင် ကြားရ၏။ အရုပ်အဆင်းကို မမြင်ရ။ ထိုနတ်တို့ ကောင်းချီးပေးသော အသံကို ကြားရကုန်၍ အရာမကသော မင်းတို့သည် ကြံကြကုန်၏။ မဟာသုတသောမ မင်းမြတ်ကိုမှီ၍ ငါတို့သည် အသက်ကို ရပေကုန်ပြီ၊ သုတသောမမင်းမြတ်သည် ပေါရိသာဒကို ဆုံးမတော်မူသဖြင့် ဖြစ်ခဲသောအမှုကို ပြုတော်မူပေ၏ဟု မဟာသုတသောမမင်းအား ချီးမွမ်းခြင်းကို ပြုကုန်၏။ ပေါရိသာဒသည် မဟာသုတသောမမင်း ခြေတော်တို့ကို ရှိခိုး၍ တင့်အပ်သော အရပ်၌ နေ၏။ ထိုအခါ ပေါရိသာဒကို မဟာသုတသောမမင်းသည် အဆွေ ပေါရိသာဒ... အရာမကသော မင်းတို့ကို လွှတ်ပါလော့ ဟု ဆို၏။ ထိုပေါရိသာဒသည် ငါသည် ထိုမင်းတို့၏ ရန်သူတည်း၊ ငါသည် လွှတ်အပ်ကုန်သည်ရှိသော် ထိုမင်းတို့သည် ငါ၏ရန်သူကို ဖမ်းကြကုန်လော့ဟု ငါ့ကို ဖမ်းယူ၍ ညှဉ်းဆဲကုန်ရာ၏။ ငါသည်လည်း အသက်ကို စွန့်ရသော်လည်း သုဘာမမင်းထံမှ ယူအပ်သော သီလကို ဖျက်ဆီးခြင်းငှာ မတတ်ကောင်း၊ ဤသုဘသောမမင်းနှင့်တကွလျှင် သွား၍လွှတ်အံ့၊ ဤသို့ လွတ်သည်ရှိသော် ဘေးမရှိသည် ဖြစ်လတ္တံ့ဟု ကြံ၏။ ထိုသို့ ကြံပြီးမှ မဟာသုတသောမမင်းကို ရှိခိုး၍ အဆွေ သုတသောမ... ငါတို့နှစ်ယောက်တို့သည်လျှင် သွားကုန်၍ ထိုမင်းဟိုကို လွှတ်ကုန်အံ့ဟု ဆို၍ လွှတ်လိုရကား-
J		မဟာသုတသောမ မင်းသည်လည်း နေပြည်တော်သို့ ရောက်တော်မူလျှင် ဣန္ဒပတ္ထနဂိုရ်မြို့သူတို့သည် နတ်မြိုကဲ့သို့ တန်ဆာဆင်အပ်သော မြို့တော်သို့ ဝင်တော်မူပြီးလျှင် မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ သာယာသော စကားပြောခြင်းကို ပြုတော်မူ၍ ရွှေနန်းပြာသာဒ်အပြင်သို့ တက်တော်မူ၏။ ထိုမဟာသုတသောမမင်းသည် တရားနှင့်အညီ မင်းပြုလျက် ပညောင်ပင်စောင့်နတ်သည် ငါ့အား များစွာသော ကျေးဇူးကို ပြုပေ၏။ ထိုပညောင်ပင်စောင့်နတ်အား ပူဇော်သက္ကာရလာဘ်ကို ပြုအံ့ဟုကြံ၍ ထိုမဟာသုတသောမမင်းသည် ပညောင်ပင်မှ မနီးမဝေးသောအရပ်၌ ကြီးစွာသော တစ်ဖက်ဆည်ကန်ကို ပြုစေပြီးလျှင် များစွာကုန်သော လူမျိုးတို့ကို စေလွှတ်၍ ရွာတည်ထောင်၏။ ထိုရွာသည် ကြီးကျယ်၏။ ရှစ်သောင်းသော အိမ်ဈေးတို့ဖြင့် တန်ဆာဆင်အပ်၏။ ထိုပညောင်ပင်ရင်းကိုလည်း အခက်စွန်းဖျားမှစ၍ ညီညွတ်သော အပြင်ရှိသည်ကို ပြုစေပြီးလျှင် ထက်ဝန်းကျင် ပွတ်တိုင်ရံခြင်း တံခါးတိုင် တံခါးရွက် တံခါးမုခ်နှင့် ယှဉ်ခြင်းကိုပြု၏။ ပညာင်ပင်စောင့်နတ်သည် အလွန်ကြည်ညို၏။ ပြောက်ကျားသော ခြေရှိသော ပေ့ရိသာဒကို ဆုံးမရာအရပ်၌ တည်သောကြောင့် ထိုရွာသည် ကမ္မာသဒမ္မ နိဂုံး မည်၏။ အလုံးစုံသော ထိုမင်းတို့သည်လည်း ဘုရားလောင်း မဟာသုတသောမမင်း အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကို ပြုကုန်၍ နတ်ပြည်ကို ပြည့်စေကုန်၏။
J		ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော သုခေါ။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဥသဘာ ရုက္ခာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ မဟာသုပိနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ တနေ့သ၌ ကောသလမင်းကြီးသည် ညဉ့်အခါ၌ မျောက်မျဉ်းအိပ်ပျော်လျက် ပစ္ဆိမယာမ်၌ တဆယ့်ခြောက်ချက်သော အိပ်မက်ကြီးတို့ကို မြင်မက်၏။ ညဥ့်အခါ၌ဖြစ်၍ ကြောက်လန့်လျက်နိုး၍ အိပ်မက်တို့ကို မြင်အပ်သည်၏အဖြစ်ကြောင့် ငါ့အား အသို့ဖြစ်လတ္တံ့နည်းဟု သေဘေးမှကြောက်သည်ဖြစ်၍ အိပ်ရာအပြင်၌ ထိုင်လျက်သာလျှင် ညဉ့်ကိုလွန်စေသတတ်။
J		မြတ်သောမင်းကြီး ဤအိပ်မက်၏အကျိုးသည်လည်း ဆိုအပ်ခဲ့ပြီးသော ထိုသို့သဘောရှိသော ကာလ၌သာလျှင် ဖြစ်လတ္တံ့၊ ထိုစကားသည် မှန်၏။ ထိုအခါ တရားမစောင့်သောမင်းတို့သည် အမျိုးယုတ်ကုန်သောသူတို့အား စည်းစိမ်ကိုပေးကုန်လတ္တံ့၊ အမျိုးယုတ်ကုန်သောသူတို့သည် အစိုးရသည်ဖြစ်ကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့သည် ဆင်းရဲကုန်လတ္တံ့၊ အမျိုးမြတ်ကုန်သောသူတို့၌ တစုံတယောက်ကုန်သောသူတို့သည် ရိုသေခြင်းကိုမပြုကုန်လတ္တံ့၊ အမျိုးယုတ်သောသူတို့၌သာလျှင် ရိုသေခြင်းကိုပြုကုန်လတ္တံ့၊ မင်းပွဲသဘင်၌၎င်း အမတ်တို့၏ပွဲသဘင်၌၎င်း တရားဆုံးဖြတ်ရာအရပ်၌၎င်း တရားဆုံးဖြတ်ခြင်း၌ လိမ်မာကုန်သော တခဲနက်သော ကျောက်ဖျာကြီးနှင့်တူကုန်သော အမျိုးကောင်းသားတို့၏ စကားသည် သက်ဝင်၍မတည်လတ္တံ့၊ ထိုအမျိုးသားတို့သည် စကားပြောဆိုကုန်သည်ရှိသော် ဤသူတို့သည် အဘယ်စကားကို ပြောဆိုကုန်သနည်းဟု အမျိုးယုတ်ကုန်သောသူတို့သည် ပြက်ရယ်ကိုသာလျှင် ပြုကုန်လတ္တံ့၊ ဆိုအပ်ပြီးသော အပြားရှိကုန်သော ဆရာဖြစ်ကုန်သော ရဟန်းတို့၏ အစည်းအဝေး၌လည်း သီလကို ချစ်မြတ်နိုးကုန်သောရဟန်းတို့ကို အရိုအသေအလေးအမြတ်ပြုအပ်သည်ဟူ၍ မအောက်မေ့ကုန်လတ္တံ့၊ ထိုသီလကိုချစ်မြတ်နိုးကုန်သော ရဟန်းတို့၏စကားသည် သက်ဝင်၍မတည်လတ္တံ့၊ ကျောက်ဖျာတို့၏ပေါ်သောအခါကဲ့သို့ ဖြစ်လတ္တံ့၊ ဤအိပ်မက်ဟူသောအကြောင်းကြောင့်လည်း သင်မင်းကြီးအား ဘေးမရှိ။
J		အရိယံ ဗြုဝါနော ဝက်ကင််ဂေါ၊ ဝဇန်တော မာနုသိံ ဂိရံ။
J		စဇာမိ တေ တံ ဘတ္တာရံ၊ ဂစ္ဆန္တူဘော ယထာသုခံ။
J		။ ဧဒိသောခေါ အရဟတိ၊ ပိဏ္ဍမသ္နာတု ဘတ္တုနော။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိမတ္ထ မဘိသန္ဓာယ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟိံသရာဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် လျှပ်ပေါ်သာ မျောက်တခုကို အကြောင်းပြု၍ ဟောတော်မူ၏။ သာဝတ္ထိပြည်၌ တဦးသော အမျိုးသားသည် မွေးကပ်သောမျောက်သည် ဆင်တင်းကုပ်သို့သွား၍ သီလရှိသော တခုသောဆင်၏ ကျောက်ကုန်း၌ နေ၍ ကျင်ကြီးကျင်ငယ် စွန့်၏။ ကျောက်ကုန်း၌ စင်္ကြံသွား၏။ ဆင်သည် သီလရှိသည်၏ အဖြစ်ကြောင့် သည်းခံခြင်းဖြင့် အမျက်မထွက်၊ တနေ့သ၌ ထိုဆင်၏နေရာ၌ တပါးသော ကြမ်းသော ဆင်ငယ်သည် နေ၏။ ထိုမျောက်သည် ထိုသီလရှိသောဆင်လျှင်တည်းဟူသော အမှတ်ဖြင့် ကြမ်းသောဆင်၏ ကျောက်ကုန်းသို့ တက်၏။ ထိုအခါ မျောက်ကို ဆင်သည် လျင်မြန်စွာ နှာမောင်းဖြင့်ယူ၍ မြေ၌ချထား၍ ခြေဖြင့်နင်း၍ ကြေစေ၏။ ထိုအကြောင်းသည် ရဟန်း သင်္ဃာ၌ ထင်ရှားစွာ ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်၌ ငါ့သျှင်တို့ လျှပ်ပေါ်သော မျောက်သည် သီလရှိသော ဆင်ဟူသော အမှတ်ဖြင့် ကျောက်ကုန်းသို့ တက်၏။ ထိုအခါ ထိုမျောက်ကို ထိုကြမ်းသောဆင်သည် အသက်ကုန်ခြင်းသို့ ရောက်စေ၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မိန့်တော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်လေသည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ထိုမျောက်သည် လျှပ်ပေါ်သည် မဟုတ်သေး၊ ရှေးအခါ ၌လည်း ဤအတူသာလျှင် လျှပ်ပေါ်သည်သာတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။
J		... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူလျက် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသောအဆုံး၌ အမိကိုလုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ မင်းသည် အာနန္ဒာဖြစ်လာ၏။ ယုတ်မာသော ယောက်ျားသည် ဒေဝဒတ်ဖြစ်လာ၏။ ဆင်ဆရာသည် သာရိပုတ္တရာဖြစ်၏။ မယ်တော် ဆင်မသည် မယ်တော်မာယာ ဖြစ်လာ၏။ အမိကိုလုပ်ကျွေးသော ဆင်မင်းသည်ကား သင်တို့ဆရာ ဘုရားဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အတိက္ကမ္မ ရမဏကံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တဝိန္ဒကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤမိတ္တဝိန္ဒကဝတ္ထုသည် ကဿပမြတ်စွာဘုရား၏လက်ထက်တော်၌ ဖြစ်၏။ ထိုဝတ္ထုသည် ဒသကနိပါတ် မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စံာဖြစ်လတ္တံ့။
J		ပညာရှိလျှင်။ ဉာဏ်မြော်မြင်၊ ကြိုတင်သိကြသည်
J		... ထိုစကားကို ချဲ့ဦးအံ့။ တစ်နေ့သ၌ တရား သဘင်ဝယ် စည်းဝေးကုန်သော ရဟန်းတို့သည် ငါ့ရှင်တို့ ဘုရားသခင်သည် လူ့ဘောင်လောက၌ နေတော်မူသည်ဖြစ်အံ့၊ အလုံးစုံသော စကြဝဠာတိုက်၌ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော တန်ခိုးလေးပါးနှင့်ပြည့်စုံသော တစ်ထောင်အလွန်ရှိသော သားအပေါင်းဖြင့် ခြံရံအပ်သော စကြာမင်းဖြစ်ရာ၏။ ဤသို့ဖြစ်လျက် ဤသို့သော ကျက်သရေ၏ ပြည့်စုံခြင်းကို စွန့်ပယ်၍ ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ သန်းခေါင်အခါဝယ် ဆန္နအမတ်လျှင်အဖော်ရှိသည်ဖြစ်၍ ကဏ္ဍိကမြင်းကို တက်စီးလျက် တောထွက်၍ အနော်မာမြစ်နား၌ ရဟန်းပြု၍ ခြောက်နှစ်ပတ်လုံး ပြုနိုင်ခဲလှသော ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူ၏ ဟု သဗ္ဗညုတ ဘုရားသခင်၏ ဂုဏ်ကျေးဇူးစကားကို ပြောဆိုကုန်၏။
J		။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
J		။ ဂဝံ စေ တရမာနာနံ၊ ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ။
J		။ ဧတသ္မိံ ဝနသဏ္ဍသ္မိံ၊ အမ္ဗသာလာ စ ပုပ္ဖိတာ။
J		ကဋ္ဌံ နိပ္လဝိတံ သေယျော၊ နတွေဝေကစ္စိယော နရော။
J		ထိုအခါ၌ ဗာရာဏသီပြည်မှ မနီးမဝေးသောရွာ၌ မုဆိုးတယောက်သည် နေ၏။ ထိုမုဆိုးသားသည် ဟိမဝန္တာသို့ဝင်၍ ဘုရားလောင်းကိုမြင်၍ မိမိရွာသို့ ပြန်လာ၍ သားအားကြား၏။ ချစ်သား- ငါတို့၏ သမင်ကိုသတ်၍ ဆောင်ရာအရပ်၌ ဤမည်သော အရပ်ဝယ် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သမင်သည်နေ၏။ အကယ်၍ မင်းသည် မေးငြားအံ့၊ သင်သည် ကြားလျှောက်လေလော့ဟု မှာခဲ့၍ နောက်အဘို့၌ သေလွန်၏။ ထိုအခါ တနေ့သ၌ဝယ် ခေမာမိဖုယားသည် မိုးသောက်ထ၌ အိပ်မက်မြင်မက်၏။ မက်ဟန်ကား ဤသို့တည်း၊ ရွှေသမင်သည်လာ၍ ရွှေအင်းပျဉ်၌နေလျက် ရွှေခြူ, ရွှေဆည်းလည်းတို့ကို ထိုးခတ်ဘိသကဲ့သို့ သာယာသော အသံဖြင့် မိဖုယားအား တရားဟော၏။ မိဖုယားသည် ကောင်းချီးပေး၍။ တရားနာ၏။ ရွှေသမင်သည်လည်း တရားဟော၍ မပြီးမီလျှင် ထ၍ သွား၏။ ထိုမိဖုယားသည်လည်း ရွှေသမင်ကို ဖမ်းကြကုန်ဟု ဆိုလျက် ယောင်ယမ်း မြည်တမ်းစဉ်ပင်လျှင် နိုးလေ၏။
J		။ သာ မုဟုတ္တံ ပလာယိတွာ၊ ဘယဋ္ဋာ ဘယတဇ္ဇိတာ။
J		။ တဿ မေ အဟု သံဝေဂေါ၊ အဗ္ဘုတော လောမဟံသနော။
J		ဤသို့ ထိုမုဆိုးသည် ဘုရားလောင်း၏၎င်း, ညီတော် စိတ္တရွှေသမင်၏၎င်း၊ နှမတော် သုတနာသမင်မ၏၎င်း ဂုဏ်ကျေးဇူးကို ကြား၍ အရှင်မင်းကြီး အကျွန်ုပ်ကို ထိုရွှေသမင်မင်းသည် မိမိ၏ အမွေးတို့ကိုပြ၍ ငါ၏အရာ၌ တည်၍ မင်းတို့ တရားကျင့်အပ်သော ဆယ်ဂါထာတို့ဖြင့် မိဖုယားကြီးအား တရားကို သင်သည် ဟောပါလေဟု စေခိုင်းအပ်သည်ဖြစ်၍ ကျွန်ုပ်ကို မှာလိုက်ပါသည်ဟု တင်လျှောက်၏။ မင်းကြီးသည် ထိုစကားကိုကြား၍ မင်းတို့ တရားကျင့်အပ်သော ဆယ်ဂါထာတို့ဖြင့် မိဖုယားကြီးအား တရားကို ဟောပါလော့ဟု ဆို၏။ ထိုမုဆိုးသည် တရားဟောပလ္လင်၌နေလျက် တရားကို ဟောလိုရကား-
J		။ သောတတ္တော သောသိန္နောစေဝ၊ ဧကော ဘိံသနကေ ဝနေ။
J		ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင်လာလော၊ ငါသည် ဤသပိတ်ကို ကိုင်၍လျှင်ရပ်အံ့၊ သင်သည် ထိုင်၍ ဘုဉ်းပေးလာ၊ ငါသည် သပိတ်ကို အကယ်၍ လက်မှလွှတ်အံ့၊ တစုံတခုသောအာဟာရသည် မရှိသည် ဖြစ်ရာ၏ဟု ဆို၏။ ထိုအခါ လောသကတိဿမထေရ်သည် အဂ္ဂသာဝကဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် သပိတ်ကို ကိုင်၍တည်စဉ် စတုမဓုကို ဘုဉ်းပေး၏။ ထိုစတုမဓုသည် အရှင်သာရိပုတ္တရာမထေရ်၏ မြတ်သောတန်ခိုး၏ အစွမ်းအားဖြင့် ကုန်ခြင်းသို့မရောက်၊ ထိုအခါ ဘလာသကတိဿမထေရ်သည် အလိုရှိတိုင်း ဝမ်းပြည့်သည်ကိုပြု၍စား၏။ ထိုနေ့၌ပင်လျှင် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြု၏။ သဗ္ဗညူမြတ်စွာဘုရားသည် လောသကတိဿမထေရ်၏ အလောင်းအနီး၌ ရပ်တော်မူ၍ အလောင်းသင်္ဂြိုဟ်ခြင်းကိုပြုစေ၍ ဓာတ်တော်တို့ကိုယူစေ၍ စေတီတည်စေကုန်၏။ ထိုအခါရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငြါသျှင်တို့ လောသကတိဿမထေရ်သည်အံ့ဘွယ်သရဲရှိစွ၊ နည်းသောဘုန်းရှိ၏။ နည်းသောလာဘ်ရှိ၏။ ဤသို့သဘောရှိသော နည်းသောဘုန်းရှိသော နည်းသောလာဘ်ရှိသော ပုဂ္ဂိုလ်စင်လျှက်လည်း အဘယ်မူ၍ အရိယာတို့၏တရားကို ရလေသနည်းဟု ပြောဆိုကုန်လျက် နေကုန်၏။
J		အရုဏ်တက်သောအခါ၌ ပုဏ္ဏားတို့သည် လာကုန်၍ မင်းကို ချမ်းသာစွာ အိပ်ရခြင်းကို မေးကုန်၏။ မင်းသည် ဆရာတို့ ငါ့အား အဘယ်မှာ ချမ်းသာစွာသော အိပ်ရခြင်းသည် ဖြစ်အံ့နည်း၊ ယနေ့ ငါသည် ဤသို့ သဘောရှိကုန် ကြောက်မက်ဘွယ်ရှိသော အသံတို့ကို ကြားရ၏ဟုဆို၏။ ပုဏ္ဏားတို့သည် လက်ကိုခါ၍ နေကုန်၏။ ဆရာတို့ အသို့နည်းဟု ဆိုသည်ရှိသော် မြတ်သောမင်းကြီး ကြမ်းကြုတ်သော အသံတို့တည်းဟု ဆိုကုန်၏။ ကုစားအပ်ကုန်သော အသံတို့လော၊ မကုစားအပ်ကုန်သော အသံတို့လောဟု မေး၏။ မြတ်သောမင်းကြီး စင်စစ် မကုစားအပ်သော အသံဖြစ်၏။ ထိုသို့ ဖြစ်ငြားသော်လည်း အကျွန်ုပ်တို့သည်ကောင်းစွာသင်အပ်သော အတတ်ရှိကုန်၏ဟု ဆိုကုန်၏။ အဘယ်သို့ပြု၍ ပယ်ဖျောက်ကြကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး ကုစားသောအမှုကို များစွာပြုခြင်းငှာ မတတ်ကောင်း၊ အကျွန်ုပ်တို့သည်ကား သဗ္ဗစတုက္က ယဇ်ပူဇော်၍ ကုကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား လျင်စွာ ဆင်လေးစီး မြင်းလေးစီး နွားလေးကောင် လူလေးယောက် ဤသို့စသဖြင့် နှံစုတ်ငှက်တို့ကို အစပြု၍ လေးခု, လေးခုကုန်သော သားတို့ကိုယူ၍ သဗ္ဗစတုက္ကယဇ် ပူဇော်၍ ငါချမ်းသာသည်၏ အဖြစ်ကို ပြုကြကုန်လောဟု ဆို၏။ မြတ်သောမင်းကြီး ကောင်းပြီဟု ဆိုကုန်၍ အကြင်ဝတ္ထုဖြင့် အလိုရှိ၏။ ထိုဝတ္ထုကိုယူ၍ ယဇ်တွင်းကို ဖြစ်စေကုန်၏။ များစွာသော သတ္တဝါတို့ကို ယဇ်တိုင်သို့ဆောင်၍ ထားကုန်၏။ များစွာသော ငါးအမဲကို စားရကုန်အံ့၊ များစွာသောဥစ္စာကို ရကုန်အံ့ဟု အားထုတ်ခြင်းသို့ ရောကါကုန် သည်ဖြစ်၍ မြတ်သောမင်းကြီး ဤဝတ္ထုကိုရခြင်းငှါ သင့်၏။ မြတ်သောမင်းကြီး ဤဝတ္ထုကို ရခြင်းငှါ သင့်၏ဟု အဖန်တလဲလဲ လာကြကုန်၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပရပါဏရောဓာ ဇီဝ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အခင်းနှီးအဟောင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဝိနည်း၌ အကျယ်အားဖြင့် လာသလျှင်ကတည်း၊ ဤဇာတ်၌ကား အကျဉ်းအားဖြင့် ဤသို့ သိအပ်၏။ အရှင်ဥပသေနသည် နှစ်ဝါရသည်ရှိသော် တဝါရသော အတူနေတပည့်နှင့်တကွ မြတ်စွာဘုရားအထံတော်သို့ ဆည်းကပ်၍ သဗ္ဗညူ မြတ်စွာဘုရားသည် ကဲ့ရဲ့အပ်သည်ရှိသော် ရှိခိုး၍ ဖဲသွားပြီးလျှင် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်း၍ အရဟတ္တဖိုလ်သို့ရောက်၍ အလိုနည်းသည်အဖြစ် အစရှိသော ကျေးဇူးနှင့် ယှဉ်သည်ဖြစ်၍ တဆယ့်သုံးပါးသော ဓုတင်တို့ကို ဆောက် တည်၍ ပရိသတ်ကိုလည်း ဓုတင်ကို ဆောက်တည်စေ၍ သဗ္ဗညူ မြတ်စွာဘုရားသည် သုံးလပတ် လုံး ကိုယ်တော်တပါးတည်း ကိန်းအောင်းတော် မူသည်ရှိသော် ပရိသတ်နှင့်တကွ သဗ္ဗညူမြတ်စွာဘုရား အထံတော်သို့ဆည်းကပ်၍ ရှေးဦးစွာ ပရိသတ်ကိုမှီ၍ ကဲ့ရဲ့ခြင်းကိုရ၍ အဓမ္မိကဖြစ်သော ကတိကသို့ အစဉ်မလိုက်သောအရာ၌ ချီးမွမ်းခြင်းကိုရ၍ ဤနေ့မှစ၍ ဓုတင်ကိုဆောင်ကုန်သော ရဟန်းတို့သည် အလိုရှိတိုင်း ဆည်းကပ်လာ၍ ငါဘုရားကို ဖူးမျှော်ကုန်ဟု သဗ္ဗညူမြတ်စွာဘုရားသည် ပြုတော်မူအပ်သော အခွင့်လွှတ်ခြင်းရှိသည်ဖြစ်၍ ထွက်ခဲ့၍ ရဟန်းတို့အား ထိုအကြောင်းကို ကြား၏။ ထိုအခါမှစ၍ ရဟန်းတို့သည် ဓုတင်ကိုဆောင်ကုန်သည်ဖြစ်၍ သဗ္ဗညူ မြတ်စွာဘုရားအား ဖူးမြင်အံ့သောငှာ ဆည်းကပ်ကုန်၍ သဗ္ဗညူ မြတ်စွာဘုရားသည် ကိုယ်တော်တပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူသည်ရှိသော် ထိုထိုအရပ်၌ ပံသုကူတို့ကိုစွန့်၍ မိမိသပိတ် သင်္ကန်းတို့ကိုသာလျှင် ယူကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် များစွာကုန်သော ရဟန်းတို့နှင့်တကွ ကျောင်းစဉ်လှည့်လည်တော်မူသည်ရှိသော် ထိုထိုအရပ်၌ စွန့်ပစ်အပ်ကုန်သော ပံသုကူကိုမြင်တော်မူ၍ မေးမြန်းတော်မူ၍ ထိုအကြောင်းကို ကြားတော်မူ၍ ရဟန်းတို့ ဤရဟန်းတို့၏ ဓုတင် ဆောက်တည်ခြင်းမည်သည်ကား ကြာမြင့်စွာ မတည်၊ သစ်ကျုတ်၏ ဥပုသ်ဆောက်တည်ခြင်းနှင့် တူသည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		မုနိသည် အာဂါရိယမုနိ အနာဂရိယမုနိ သေက္ခမုနိ အသေက္ခမုနိ ပစ္စေကမုနိ မုနိမုနိ ဟူ၍ မုနိအပြား ၆-ပါးတို့တွင် ရအပ်ပြီးသောဖိုလ် သိအပ်ပြီးသော သာသနာရှိသော လူသည် အာဂါရိယမုနိ မည်၏။ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော ရဟန်းသည် အနာဂါရိယမုနိမည်၏။ သေက္ခခုနစ်ယောက်သည် သေက္ခမုနိ မည်၏။ ရဟန္တာသည် အသေက္ခမုနိ မည်၏။ ပစ္စေကဗုဒ္ဓသည် ပစ္စေကမုနိ မည်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မုနိမုနိ မည်၏။ ဤအရာ၌ အလုံးစုံသော မုနိကိုယူသည်၏ အစွမ်းအားဖြင့် ပညာနှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့်။ မုနိဟူ၍ သိအပ်၏။
J		တပါးကုန်သောမိန်းမတို့သည် ထိုမိန်းမသည် လက်ကိုင်မခံခြင်း အစရှိသောအဖြစ်တို့ကို သိ၍ သူကြွယ်ထွက်သွားသော် ထိုမိန်းမသို့ ချဉ်းကပ်၍ သင်သည် ထိုသူကြွယ်၌ တပ် စွန်းသော စိတ်ရှိသည်ဖြစ်၍ အစာအာဟာရကို ပယ်လျက် အိပ်၏။ ထိုအခါ ငါတို့သည် ထိုသူကြွယ်ကို အဖန်တလဲလဲ တောင်းပန်၍ ဆောင်ကုန်၏။ ထိုသူကြွယ်အား အဘယ်အကြောင်းကြောင့် ခွင့်မပြုသနည်းဟု မေးကုန်၏။ ထိုမိန်းမသည် ထိုအကြောင်းကို ကြား၏။ တပါးသော မိန်းမတို့သည် ထိုသို့တပြီးကား သင်သိလတ္တံ့ဟု ဆို၍ ဖဲကုန်၏။ သူကြွယ်သည် တဖန်ပြန်၍ မကြည့်၊ ထိုမိန်းမသည် ထိုသူကြွယ်ကို မရ၍ အစာစားခြင်း ကင်းသည်ဖြစ်၍ အသက်ကုန်ခြင်းသို့ ရောက်၏။ သူကြွယ်သည် ထိုမိန်းမ၏ သေသောအဖြစ်ကိုသိ၍ များစွာသော ပန်း နံ့သာပျောင်းတို့ကိုယူ၍ ဇေတဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပူဇော်၍ တင့်အပ် လျောက် ပတ်စွာ နေ၏။ သဗ္ဗညူမြတ်စွာဘုရားသည် သီတင်းသည် သင်ကား အဘယ်ကြောင့် မထင်လာသနည်းဟု မေးတော်မူ၏။ ထိုအကြောင်းကို ကြားလျှောက်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား ထိုမျှလောက်သော ကာလပတ်လုံး အကျွန်ုပ်သည် ရှက်၍ အရှင်ဘုရားသို့ ဆည်းကပ်အံ့သောငှါ မလာပေသည်ဟု လျှောက်လတ်သော် သီတင်းသည် ထိုမိန်းမသည် ယခုအခါ၌သာလျှင် ကိလေသာ၏အစွမ်းအားဖြင့် သင့်ကို ခေါ်စေ၍ လာသောကာလ၌ အခွင့်ကိုမပြုဘဲ ရှက်စေသည် မဟုတ်သေး၊ ရှေး၌လည်း ပညာရှိတို့၌ တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ ခေါ်စေ၍ လာသောကာလ၌ အခွင့်ကိုမပြုမူ၍ ပင်ပန်းစေ၍ လွှတ်ဘူး၏ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		ထိုရာဇဂြိုဟ်ပြည်၌ နက္ခတ်သဘင် ကစားခြင်းသည် ဖြစ်လတ်သော် တိဿမထေရ်၏ မိဘတို့သည် အကြင် ဝတ်စားတန်ဆာကို တိဿမထေရ်သည် လူဖြစ်စဉ်ကာလ၌ ဝတ်စားဆင်ယင်အပ်၏။ ထိုဝတ်စားတန်ဆာကို ရတနာပန်းတောင်း၌ ထည့်၍ ရင်၌ထား၍ တပါးကုန်သော နက္ခတ်သဘင်တို့၌ ငါတို့သားသည် ဝတ်စားတန်ဆာဖြင့်ဆင်ယင်လျက် ပွဲသဘင်ကစား၏။ ထိုတယောက်တည်းသော ငါတို့သားကို ရဟန်းဂေါတမယူ၍ သာဝတ္ထိပြည်သို့သွား၏။ ထိုငါတို့သားသည် ယခုအခါ အဘယ်၌ နေထိုင်လိမ့်နည်း၊ အဘယ်၌ ရလိမ့်နည်းဟုဆို၍ ငိုကြွေးမြည်တမ်းကုန်၏။
J		ထိုအခါ တယောက်သော ပြည့်တန်ဆာမသည် ထိုအိမ်သို့သွား၍ ငိုကြွေးမြည်တမ်းသော သူဌေးမကိုမြင်လတ်သော် ရှင်မ အဘယ့်ကြောင့် ငိုသနည်းဟုမေး၏။ သူဌေးမသည် ထိုအကြောင်းကို ကြား၏။ ရှင်မ အရှင့်သားသည် အဘယ်ကို ကြိုက်တတ်သနည်းဟု မေး၏။ ဤမည်သော ဤမည်သော အစာအာဟာရကို ကြိုက်တတ်၏ဟု သူဌေးမဆို၏။ ရှင်မ ဤအိမ်၌ အလုံးစုံသောဥစ္စာကို ကျွန်ုပ်အား အရှင်တို့သည် ပေးကုန်ငြားအံ့၊ အရှင့်သားကို အကျွန်ုပ်ဆောင်ခြအေံ့ဟု ပြည့်တန်ဆာမက ဆို၏။ ကောင်းပြီဟု ဝန်ခံ၍ ရိက္ခာပေး၍ သူဌေးမသည် များစွာသောအခြံအရံဖြင့် ပြည့်တန်ဆာမကို ရှင်မ သွားပါ၊ ရှင်မအစွမ်းဖြင့် ငါ့သားကို ဆောင်ပါချေဟု စေလိုက်၏။ ပြည့်တန်ဆာမသည်လည်း ပေါင်းချုပ်စီးလျက် သာဝတ္ထိပြည်သို့ သွား၍ မထေရ်၏ ဆွမ်းခံလမ်း၌ နေရာအိမ်ကိုယူ၍ သူဌေးအိမ်မှလာကုန်သောသူတို့ကို မထေရ်အား မမြင်စေဘဲ မိမိအခြံအရံဖြင့်သာ ခြံရံစေလျက် ဆွမ်းခံဝင်သောမထေရ်အား လက်ဦးစွာ တဟင်းချိုသော ယာဂုကို၎င်း အရသာနှင့်ပြည့်စုံသော ဆွမ်းကို၎င်း ရသတဏှာဖြင့်နှောင်ဖွဲ့၍ အစဉ်သဖြင့်အိမ်၌နေစေလျက် ဆွမ်းကိုလှူလတ်သော် မိမိအလိုသို့ လိုက်သည်၏အဖြစ်ကို သိ၍ နာဟန်ပြုလျက် အိမ်တွင်း၌ အိပ်၏။
J		ထိုအခါ ထိုဗြဟ္မဒတ်မင်းအား အကြောင်းကိုကြားလိုး ဘုရားလောင်းသည်-
J		၊ ကိလေသာ၏ အစွမ်းအားဖြင့် စိတ်၏အလိုသို့ အစဉ်လိုက်သောာ။
J		ဝိဃာသေနေဝ ယာပေန္တာ၊ မယဉ္စေ ဘောတော ဂါရယှာ။
J		ထိုစကားကိုကြား၍ ဝီရကသည် သင်၏လင် သွားရာအရပ်ကို ငါသိ၏ဟု ဆိုလိုရကား-
J		... နတ်နှင့်တကွလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် န ယိဒံ နိစ္စံ ဘဝိတဗ္ဗံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝေနသာခဇာတ်ကို ဘဂ္ဂတိုင်း သံသုမာရဂီရိပြည်ကိုမှီ၍ ဘေသကာဠာတော၌ သီတင်းသုံး နေတာ်မူစဉ် ဗောဓိမင်းသားကို အကြောင်းပြု၍ ဟောတော်မူ၏။
J		... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိ၏ ဘုရားလောင်းသည် စည်းစိမီရှိသောသူဌေးဖြစ်၏။ ထခုသောရွာငယ်သို့ ပင့်ဖိတ်သောဘောဇဉ်ကို သံးဆောင်အံ့သောငှာသွား၍ ပြန်သည်ရှိသော် ခရီးအကြား၌ ခိုးသူတို့ကိုမြင် ခရီးအကြား၌မနေမူ၍သာလျှင် လျင်မြန်သဖြင့် နွားတို့ကိုနှင်စေလျှက် မိမိအိမ်သို့သာလျှင်လာလတ်၍ အထူးထူးသော မြတ်သောဘောဇဉ်တို့ကိုသုံးဆောင်၍ မြတ်သော နေရာ၌နေ၍ ခိုးသူတို့၏လက်မှလွတ်၍ ဘေးမရှိရာအရပ်၌ဖြစ်သော မိမိအိမ်သို့လာ၏ဟု ဝမ်းမြောက်သည်၏ အစွမ်းဖြင့်-
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ငှက်မျိုး၌ဖြစ်၍ ငှက်အပေါင်းခြံရံလျက် တောအရပ်၌ အခက်အခွနှင့်ပြည့်စုံသော သစ်ပင်ကြီးကိုမှီ၍ နေ၏။ ထိုအခါ တနေ့သ၌ ထိုသစ်ပင်၏ အခက်တို့သည် အချင်းချင်း ထိခိုက်ကုန်သည်ရှိသော် အမှုန့်သည်ကျ၏။ အခိုးထ၏။ အမှုန့်အခိုးကိုမြင်၍ ဘုရားလောင်းသည် ဤသစ်ခက်နှစ်ခုတို့သည် ဤသို့ထိခိုက်သည်ရှိသော် မီးတို့သည် ထွက်ကုန်လတ္တံ့၊ ထိုမီးသည်ကျ၍ သစ်ရွက်ဟောင်းတို့ကို လောင်လတ္တံ့၊ ထိုသစ်ရွက်မီးမှစ၍ ဤသစ်ပင်ကိုလည်း လောင်လတ္တံ့၊ ဤအရပ်၌ ငါတို့သည် နေခြင်းငှါ မတတ်ကောင်း၊ ဤအရပ်မှပြောင်း၍ တပါးအရပ်၌ နေခြင်းငှါသင့်၏ဟု ကြံ၏။ ကြံပြီး၍ ဘုရားလောင်းသည် ငှက်အပေါင်းအား-
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ဟိမဝန္တာ၌ သစ်တောက်လောက်ငှက် ဖြစ်၏။ ထိုအခါ အသားကိုစားသော တခုသော ခြင်္သေ့၏ လည်၌ အရိုးသည် ငြိ၏။ လည်သည် ဖူးဖူးယောင်၏။ အစာကို ယူအံ့သောငှါ မတတ်နိုင်၊ ကြမ်းတန်းသော ဝေဒနာသည် ဖြစ်၏။ ထိုအခါ အစာရှာသော ထိုသစ်တောက်လောက် ငှက်သည် ခြင်္သေ့ကိုမြင်၍ သစ်ခက်၌ နားလျက် အဆွေခြင်္သေ့ သင့်အား အဘယ်ဆင်းရဲနည်းဟု မေး၏။ ခြင်္သေ့သည် ထိုအကြောင်းကို ကြား၏။ အဆွေခြင်္သေ့ သင်၏လည်၌ ငြိသော ထိုအရိုးကို ပယ်ငြားအံ့ ငါ့ကိုခဲရာ၏။ သင့်ကို ကြောက်သောကြောင့် သင့်ခံတွင်းကိုဝင်ခြင်းငှာ မဝံ့ဟု သစ်တောက်လောက် ဆို၏။ အဆွေ သစ်တောက်လောက် မကြောက်လင့် သင့်ကို ငါမခဲအံ့၊ ငါ့အား အသက်ကို ပေးလော့ဟု ခြင်္သေ့ ဆို၏။ သစ်တောက်လောက်လည်းကောင်းပြီဟု ခြင်္သေ့ကို လက်ျာနံပါးဖြင့် အိပ်စေ၍ အဘယ်သို့ ဖြစ်အံ့သည်ကို အဘယ်သူ သိနိုင်ချေအံ့နည်းဟု ကြံ၍ ခံတွင်းကို မပိတ်နိုင်အောင် ခြင်္သေ့၏ အောက်နှုတ်ခမ်း၌၎င်း အထက်နှုတ်ခမ်း၌၎င်း လှံတံကို ထောက်၍ ခံတွင်းသို့ဝင်၍ အရိုးစွန်းကို နှုတ်သီးဖြင့် ခတ်၏။ အရိုးသည် ကျ၍ ခြင်္သေ့ခံတွင်းမှ ထွက်လျှက် ထောင်သောလှံတံကို နှုတ်သီးဖြင့် ခတ်၍ ကျစေပြီးသော် ထွက်၍ သစ်ခက်၌ နား၏။ ခြင်္သေ့သည် ရောဂါကင်း၍ တနေ့သ၌ တခုသော တောကျွဲကိုသတ်၍ စား၏။ သစ်တောက်လောက်ငှက်သည် ထိုခြင်္သေ့ကို စုံစမ်းအံ့ဟု ခြင်္သေ့၏ အထက် သစ် ခက်၌ နား၍ ခြင်္သေ့နှင့်တကွ ပြောဟောလိုရ ကား-
J		ထိုဘုရားလောင်းသည် ထိုအရှင်ပစ္စေကဗုဒ္ဓါကို မြင်၍ ငါ့အား ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သော အလှူခံသည် ရောက်လာပြီ၊ ယနေ့ ငါသည် ဤရှင်ပစ္စေကဗုဒ္ဓါ၌ အလှူတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးခြင်းငှာ သင့်၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လျင်မြန်စွာ ကပ်ပြီးလျှင် ရှိခိုး၍ ထုံအပ်သော စစ်အပ်ပြီးသောရေဖြင့် အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်တို့ကို ဆေးပြီးလျှင် နံ့သာဆီဖြင့်သုတ်၍ မိမိ၏ ဖိနပ်တို့ကို ခြေမှချွတ်၍ သုတ်သင်ပြီးလျှင် နံ့သာဆီဖြင့် သုတ်လိမ်း၍ ထိုအရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်တို့၌ စွပ်ပြီးလျှင် အရှင်ဘုရား... ဖိနပ်တို့ကို စီးတော်မူ၍ ထီးကို ဦးခေါင်းထက်၌ထားတော်မူ၍ ကြွတော်မူလော့ ဟု ထီး၊ ဖိနပ်တို့ကို လှူ၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါသည် ထိုဘုရားလောင်းအား ချီးမြှောက်တော်မူခြင်းငှာ ထီး၊ ဖိနပ်တို့ကို ယူ၍ ကြည်ညိုခြင်းသည် ပွားစိမ့်သောငှာ ထိုဘုရားလောင်း မြင်စဉ်ပင်လျှင် ကောင်းကင်သို့ ပျံတက်တော်မူ၍ ဂန္ဓမာဒန တောာင်သို့သာလျှင် ကြွတော်မူ၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည်သင်္ဂါမာဝစရော သူရော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသင်္ဂါမာဝစရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် နန္ဒမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ မြတ်စွာဘုရားသည် ရှေးဦးစွာ ကြွတော် မူခြင်းဖြင့် ကပိလဝတ်ပြည်တော်သို့ ကြွတော်မူ၍ ညီတော်ငယ်ဖြစ်သော နန္ဒမင်းသားကို ရဟန်းပြု၍ ကပိလဝတ်ပြည်မှ ထွက်တော်မူ၍ အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်တော်မူ၍ နေတော်မူသည်ရှိသော် အရှင်နန္ဒသည် မြတ်စွာဘုရား၏ သပိတ်တော်ကိုယူ၍ မြတ်စွာဘုရားနှင့်တကွ နန်းတော်မှ ထွက်သောကာလ၌ နန္ဒမင်းသားသည် မြတ်စွာဘုရားနှင့် တကွ လိုက်လေ သတတ်ဟုကြား၍ ထက်ဝက်အားဖြင့် ဖြီးအပ်ကုန်ပြီးသော ဆံရှိကုန်လျက် လေသွန်ပြတင်းပေါက်ကြားဖြင့် မျှော်လိုက်၍ အရှင်သားတော် လျင်မြန်စွာသာလျှင် ပြန်လည်တော်မူခဲ့ပါလော့ဟု ဇနပဒကလျာဏီမှာလိုက်သောစကားကို အစဉ်အောက်မေ့လျက် လူ၏အဖြစ်ကို တမော့မော့မျှော်သော လည်ရှိသည်ဖြစ်၍ မမွေ့မလျော်ခြင်းကြောင့် ဖက်ရွက်ရော်ကဲ့သို့ အလွန်ဖျော့တော့သောအဆင်း, အကြောပြိုင်းပြိုင်းကိုယ်ရှိသည်ဖြစ်၏။
J		... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဆင်ဆရာတို့၏အမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်သည်ရှိသော် ဆင်ဆရာတို့၏ အတတ်၌ အပြီးသို့ရောက်၍ ဗာရာဏသီမင်း၏ ပြည်နီးချင်းဖြစ်သော မင်းတပါးကို ခစားလေ၏။ ထိုဘုရားလောင်းသည် ထိုမင်း၏ မင်္ဂလာဆင်ကို ကောင်းစွာသင်သည်ကိုပြု၍ တတ်စေ၏။ ထိုမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ ဘုရားလောင်းကိုယူ၍ မင်္ဂလာဆင်ကိုစီး၍ များစွာသော စစ်သည်ဖြင့် ဗာရာဏသီပြည်သို့သွား၍ ခြံရံလျက် ပြည်ကိုမူလည်း ပေးမည်လော စစ်ထိုးခြင်းကိုမူလည်း ပေးမည်လောဟု ဗာရာဏသီမင်းအား အမှာစာကို ပို့စေ၏။ ဗြဟ္မဒတ်မင်းသည် စစ်ထိုးခြင်းကို ပေးအံ့ဟူ၍ တံတိုင်း တံခါးပစ္စင် တံခါးမုတ်တို့၌ ဗိုလ်ပါအပေါင်းကို တက်စေ၍ စစ်ထိုးခြင်းကို ပေး၏။ ပြည်နီးချင်းမင်းသည် မင်္ဂလာဆင်ကို ချပ်ဖြင့်ဖုံးလွှမ်း၍ မိမိသည်လည်း ချပ်ကိုဝတ်၍ မြတ်သော ဆင်ကျောက်ကုန်း၌ စီးလျက် ထက်စွာသော ချွန်းတောင်းကိုစွဲ၍ မြို့ကိုဖြို၍ ရန်သူကို အသက်ကုန်ခြင်းသို့ရောက်စေ၍ ပြည်ကို လက်သို့ရောက်သည်ကို ပြုအံ့ဟု ဆင်ကို မြို့သို့ရှေးရှုသွားစေ၏။ ထိုမင်္ဂလာဆင်သည် ပွဲလျှက်ပူတို့ကို၎င်း အထူးထူး အပြားပြားရှိကုန်သော လက်နက်တို့ကို၎င်း လွှတ်ကြကုန်သော သူတို့ကို မြင်၍ သေဘေးမှကြောက်ရကား ကပ်အံ့သောငှါ မဝံ့သည်ဖြစ်၍ နောက်သို့ ဆုတ်၏။ ထိုအခါ၌ ထိုမင်္ဂလာဆင်ကို ဆင်ဆရာသည်ကပ်၍ အမောင် သင်သည် ရဲရင့်သောဆင်တည်း၊ စစ်မြေပြင်ကို နှိပ်နင်းသွားတတ်သော ဆင်တည်း၊ ဤသို့သဘောရှိသောအရပ်၌ ဆုတ်ခြင်းမည်သည်ကား သင့်အား မလျောက်ပတ်ဟု ဆို၍ ဆင်ကို ဆုံးမလိုရကား-
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယထာ မာဏာဝကော ပန္ထေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတပတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပဏ္ဍုကလောဟိတက ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့တွင် မေတ္တိယဘူမဇက ရဟန်းနှစ်ပါးတို့သည် ရာဇဂြိုဟ်ပြည်ကိုမှီ၍ နေကုန်၏။ အဿဇိပုနဗ္ဗသုက ရဟန်းနှစ်ပါးတို့သည် ကီဋာဂိရိကိုမှီ၍ နေကုန်၏။ ဤပဏ္ဍုကလောဟိတက ရဟန်းနှစ်ပါးတို့သည်ကား သာဝတ္ထိပြည်ကိုမှီ၍ ဇေတဝန် ကျောင်းတော်၌ နေကုန်၏။ တရားသဖြင့်ငြိမ်းပြီးသော အဓိကရုဏ်းကို လှန်၍ ဖြစ်စေပြန်ကုန်၏။ အကြင်ရဟန်းတို့သည် ထိုပဏ္ဍုကလောဟိတကတို့၏တကွ မြင်ဘူး ဆည်းကပ်ဘူးသော အဆွေခင်ပွန်း ဖြစ်ကုန်၏။ ထိုရဟန်းတို့အားလည်း ထောက်ပံ့ခိုင်စေကုန်၍ ငါ့သျှင်တို့သည် ထိုရဟန်းတို့နှင့် အမျိုးအားဖြင့်၎င်း အနွယ်အားဖြင့်၎င်း သီလအားဖြင့်၎င်း ဝတ်အစရှိသည်တို့ဖြင့်၎င်း မတူကုန်၊ ထိုရဟန်းတို့သည် ငါ့သျှင်တို့အောက် ယုတ်ကုန်၏။ သင်တို့သည် မိမိအယူကို စွန့်ကုန်ငြားအံ့၊ ထိုရဟန်းတို့သည် သင်တို့ထက် အလွန်ထင်စွာ ဖြစ်ကုန်လတ္တံ့၊ ဤသို့ အစရှိသည်တို့ကိုဆို၍ အယူကို လွတ်စိမ့်သောငှါမပေးကုန်၊ ထိုကြောင့် ခိုက်ရန်ငြင်းခုံခြင်း အထူးထူးအပြားပြား ပြောဆိုခြင်းတို့သည် ဖြစ်ကုန်၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ထိုအရာ၌ ရဟန်းတို့ကို စည်းဝေးစေ၍ ပဏ္ဍုကလောဟိတက ရဟန်းတို့ကိုခေါ်စေ၍ ရဟန်းတို့ သင်တို့သည် မိမိ၏ငြိမ်းလေပြီးသော အဓိကရုဏ်းကို လှန်ကြကုန်သောဟူသည် တပါးကုန်သော ရဟန်းတို့အားလည်း အယူကို စွန့်စိမ့်သောငှာ မပေးကြကုန်သောဟူသည် မှန်သလောဟု မေးတော်မူ၍ မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ သင်တို့၏အမူအရာသည် ခေါက်ရှာငှက်နှင့် လုလင်၏ အမူအရာကဲ့သို့ ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		... ရဟန်းတို့- လွန်လေပြီးသောအခါ ဥတ္တရာပဉ္စာလမြို့၌ ပဉ္စာလမည်သော မင်းသည် ပြည်ကို မင်းပြု၏။ ဘုရားလောင်းသည် တောကြီး၌ တခုသော တောင်လျဉ်တောင်ဝှမ်း လက်ပံတောဝယ် တခုသောကျေးမင်း၏ သားဖြစ်၏။ ကျေးညီနောင် နှစ်ခုတို့သည် ဖြစ်ကုန်၏။ ထိုတောင်၏ လေညာ၌ ခိုးသူတို့၏ရွာသည် ရှိ၏။ ခိုးသူငါငါးရာတို့၏ နေရာဖြစ်၏။ လေကြေ၌ ရသေ့ငါးရာတို့၏ နေရာဖြစ်သော ကျောင်းသင်္ခမ်းသည်ဖြစ်၏။ ထိုကျေးငယ်တို့၏ အတောင်ပေါက်စ အခါ၌ လေဗွေသည် ဖြစ်၏။ ထိုလေဗွေသည် ပြင်းစွာလာလတ်သည်ဖြစ်၍ ကျေးငယ်တခုသည် ခိုးသူတို့ရွာ၌ ခိုးသူတို့၏ လက်နက်အလယ်ဝယ် ကျ၏။ ထိုလက်နက် အလယ်၌ ကျသည်၏ အဖြစ်ကြောင့် ထိုကျေးသားအား သတ္တိဂုမ္ဗ ဟူသော အမည်ကို မှည့်ကုန်၏။ ကျေးငယ်တခုသည် ရသေ့တို့၏ ကျောင်းသဲပြင်၌ ပန်းအလယ်ဝယ် ကျ၏။ ထိုကျေးငယ်အား ထိုပန်းအလယ်၌ ကျသည်၏အဖြစ်ကြောင့် ပုပ္ဖက ဟူသောအမည်ကိုသာလျှင် မှည့်ကုန်၏။ သတ္တိဂုမ္ဗ ကျေးသားသည် ခိုးသူတို့၏အလယ်၌ကြီး၏။ ပုပ္ဖကကျေးသားသည် ရသေ့တို့၏အလယ်၌ကြီး၏။
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝိဗ္ဘန္တ စိတ္တော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသတ္တုဘသ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။
J		၁၁။ တရားဟေးပုဂ္ဂိုလ်သည် ဆွေးနွေးခြင်းဖြင့် မရောင့်ရဲခြင်း၊
J		ဆိန္ဒဇ္ဇ ကင်္ခံ ဝိစိကိစ္ဆိတာနိ၊ ဘုဇင်္ဂမံ ပဿ ပမုဉ္စ ဘသ္တံ။
J		သီလံ သိရီစာပိ သတဉ္စ ဓမ္မော၊ အနွာယိကာ ပညဝတော ဘဝန္တိ
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဘုတွာ ဘိက္ခသိ ဘိက္ခု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသမိဒ္ဓိဇာတ်ကို ရာဇဂြိုဟ်ပြည်ကိုအမှီပြု၍ တပေါဒါရုံကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သမိဒ္ဓိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည်မှန်၏။ အရှင်သမိဒ္ဓိမထေရ်သည် တညဉ့်ပတ်လုံး လုံ့လကိုအားထုတ်၍ အရုဏ်တက်သောအခါ၌ ရေချိုး၍ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော အတ္တဘောကိုခြောက်စေပြီးလျှင် သင်းပိုင်ကိုဝတ်၍ ကိုယ်ဝတ်ကိုလက်ဖြင့်ကိုင်လျှက် ရပ၏။ ထိုမထေရ်အား ကောင်းစွာအပြေအပြစ်ပြုအပ်သော ရွှေဆင်းတုကဲ့သို့သော အတ္တဘော၏ပြည့်စုံခြင်းသည်လျှင် အကြင့်ကြောင့်ရှိ၏။ ထြိုကြောင့် သမိဒ္ဓိဟူသောအမည်သည် ဖြစ်၏။ ထိုအခါ ထိုသမိဒ္ဓိမထေရ်၏ ကိုယ်၏တင့်တယ်ခြင်းကိုမြင်၍ တစ်ယောက်သောနတ်သမီးသည် တပ်စွန်းသောစိတ်ရှိသည်ဖြစ်၍ မထေရ်ကို ရဟန်း သင်သည်လျှင် ငယ်၏။ နုနယ်၏။ မည်းညိုသောဆံ ရှိ၏။ ကောင်းသော အရွယ်နှင့်ပြည့်စုံ၏။ အလွန် အဆင်းလှ၏။ ရှုချင်စဖွယ်ရှိ၏။ ကြည်ညိုဖွယ်ရှိ၏။ ဤသို့သဘောရှိသောသင့်အား ဝတ္ထုကာမ ကိလေသာကာမတို့ကို မခံစားမူ၍ ရဟန်းပြုသဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဝတ္ထုကာမ ကိလေသာကာမတို့ကို ရှေးဦးစွာ ခံစားဦးလော့။ နောက်မှ ရဟန်းပြု၍ တရားကိုကျင့်ရလတ္တံ့ဟု ဆို၏။
J		ထိုအခါ ထိုနတ်သမီးကို မထေရ်သည် နတ်သမီး ငါသည် ဤမည်သောအရွယ်၌တည်၍ သေလတ္တံ့ဟု ငါ၏ သေလတ္တံ့သောကာလငို မသိ၊ ငါ့အား ဤသေလတ္တံ့သောကာလသည် ဖုံးလွှမ်း၏။ ထို့ကြောင့် ငယ်စဉ်ကာလ၌သာလျှင် ရဟန်းတရားကိုကျင့်၍ ဆင်းရဲ၏အဆုံးကိုပြအံ့ဟု ဆို၏။ ထိုနတ်သမီးသည် မထေရ်၏အထံမှ အစေ့အစပ်ဖြစ်သောစကားကိုမရ၍ ထိုအရပ်၌သာလျှင်ကွယ်၏။ မထေရ်သည် မြတ်စွာဘုရားအထံသို့ ချဉ်ကပ်၍ ထိုအကြောင်းကို လျှောင်၏။ မြတ်စွာဘုရားသည် သမိဒ္ဓိ ယခုအခါ၌ သင့်ကိုသာလျှင် နတ်သမီးသည် ဖွားယောင်ူအပျသည် မဟုတ်သေး။ ရှေး၌လည်း နတ်သမီးတို့သည် ရဟန်းတို့ကို ဖြားယောင်းဖူးကုန်သလျှင်ကတည်းဟု မိန့်တော်မူ၍ ထိုသမိဒ္ဓိမထေရ်သည် တောင်ပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		ရှင်ရသေ့သည်လည်း အဝေးမှ လာလတ်သော ဒါနောရက္ခိုသ်ကိုမြင်၍ နှစ်ယောက်သော သူတို့သည် ဒါနောရက္ခိာသ်၏ ဝမ်း၌ ရှိသည်၏ အဖြစ်ကို သိ၍ စကားပြောလိုရကား-
J		ထိုစကားကို ကြား၍ အရသာ၌ တပ်မက်မောတတ်ကုန်သော ငါးရာကုန်သော လက်သမားတို့သည် ထိုလက်သမားမိုက်၏ စကားကို ယူကုန်၏။ ဤမှတပါးသော ပညာရှိသော လက်သမားသည်ကား ထိုလက်သမားမိုက်၏ စကားကို မယူဘဲ ထိုလက်သမားတို့ကို ခေါ်၍-
J		ထိုသောတ္ထိသေနဘမင်းသားသည် တောသို့ဝင်၍ ရလွယ်သော သစ်သီးကြီးငယ်ရှိသော အရိပ်ရေနှင့် ပြည့်စုံသောအရပ်၌ ကျောင်းဆောက်၍ နေ၏။ သမ္ဗုလာမင်းသ္မီးသည် ထိုမင်းသားကို လုပ်ကျွေး၏။ အဘယ်သို့ လုပ်ကျွေးသနည်း ဟူမူကား ထိုသမ္ဗုလာ မင်းသ္မီးသည် နံနက်စောစောက ထပြီးလျှင် ကျောင်းကိုတံမျက်လှည်း၍ သောက်ရေ သုံးဆောင်ရေကို တည်ထား၍ ဒန်ပူ မျက်နှာသစ်ရေကို သဖြင့် ခံတွင်းဆေးပြီးသည်ရှိသော် အထူးထူးသော ဆေးတို့ကိုကြိတ်၍ ထိုလင်မင်းသား၏ နူနာ၌လိမ်းကျံ၍ ချိုနိုးရာရာကုန်သော သစ်သီးကြီးငယ်တို့ကို စားစေပြီးလျှင် ခံတွင်းကိုဆေး၍ မိမိလက်ကို ကောင်းစွာဆေးပြီးသော် အရှင့်သား- မမေ့မလျော့ ဖြစ်လော့ဟု ဆို၍ ရှိခိုးပြီးလျှင် တောင်း, တူးရွင်း ချိတ် တံချူတို့ကို ယူ၍ သစ်သီးကြီးငယ်အလို့ငှါ တောသို့ဝင်၍ သစ်သီးကြီးငယ်တို့ကို ဆောင်ယူခဲ့ပြီးလျှင် တင့်အပ်သော အရပ်၌ထား၍ အိုးဖြင့် ရေကိုဆောင်၍ အထူးထူးသော ကသယ်မှုန့်တို့ဖြင့်၎င်း မြေညက်တို့ဖြင့်၎င်း သောတ္ထိသေနမင်းသားကို ရေချိုးစေ၍ တဖန် ချိုစွာသော သစ်သီးတို့ကို ဆက်ကပ်၏။ သစ်သီး သုံးဆောင်ပြီးသော အဆုံး၌ နံ့သာဖြင့် ထုံအပ်သောရေကို ဆက်ကပ်၍ မိမိသည် သစ်သီးတို့ကို သုံးဆောင်သဖြင့် ပျဉ်အခင်းကို စီရင်၍ မင်းသားသည် ထိုပျဉ်အခင်း၌ လျောင်းသည်ရှိသော် ထိုမင်းသား၏ ခြေတို့ကိုရေဆေး၍ ဦးခေါင်းကို ဆုပ်နယ်ခြင်း၊ ကျောကိုဆုပ်နယ်ခြင်း၊ ခြေလက်ကို ဆုပ်နယ်ခြင်းတို့ကို ပြုလျက် အိပ်ရာနံပါးသို့ ကပ်၍ အိပ်၏။ ဤသို့သောနည်းဖြင့် လင်ကို လုပ်ကျွေး၏။
J		။ စောရီနံ ဗဟု ဗုဒ္ဓီနံ၊ ယာသု သစ္စံ သုဒုလ္လဘံ။
J		ငုံးမုဆိုးသည်လည်း နှစ်ရက် သုံးရက်လွန်သဖြင့် လာလတ်၍ ငုံးမြည်သံကိုမြည်၍ စည်းဝေးလာကုန်သော ငုံးတို့၏အထက်၌ ကွန်ကိုပစ်၏။ ထိုအခါ တခုသောငုံးသည် ကွန်ကိုချီသည်သာလျှင်ဖြစ်သောငုံး၏ အမွေးတို့သည် သင်၏ ဦးခေါင်းထက်၌ ကျကုန်သတတ်၊ ယခု သင်သာလျှင် ချီလောဟု ဆို၏။ တပါးသောငုံးသည် ကွန်ကိုချီသည်သာလျှင်ဖြစ်သော ငုံး၏အတောင်တို့သည်လည်း သင်၏အတောင်နှစ်ဘက်တို့၌ ကျကုန်သတတ်၊ ယခု သင်သည်သာလျှင် ချီလောဟု ဆို၏။ ဤသို့ ငုံးတို့၏ သင်ချီလော, သင်ချီလောဟု ဆိုကုန်စဉ်လျှင် မုဆိုးသည် ကွန်ကိုရှုံ့၍ ခပ်သိမ်းသောငုံးတို့ကို တပေါင်းတည်းပြု၍ တောင်းကိုပြည့်စေ၍ မယားကို ရွှင်စေလျက် အိမ်သို့လာ၏။
J		၊ ပေးကမ်းခြင်း အစရှိသည်၏ အစွမ်းအားဖြင့် သူတစ်ပါးအို့အား ချီးမြှောက်လေ့ရှိသော။
J		။ အနုသိဿော စ အာနန္ဒာ၊ ကိသဝစ္ဆော စ ကောလိတော။
J		ထိုစကားကိုကြား၍ ရဟန်းတို့သည် မြတ်စွာဘုရားအား ကြားလျှောက်ကုန်၏။ အရှင်ဘုရား တိတ္ထိတို့သည် တန်ခိုးပြာဋိဟာကို ပြကုန်အံ့သတတ်ဟု ကြားလျှောက်ကန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ အကယ်၍ တိတ္ထိတို့သည် တန်ခိုးပြခြင်းကို ပြုကုန်အံ့၊ ငါဘုရားသည်လည်း ပြအံ့ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူသော စကားကို ကြား၍ ဗိမ္ဗိသာရမင်းကြီးသည် လာလတ်၍ မြတ်စွာဘုရားကို မေးလျှောက်၏။ အရှင်ဘုရား တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူလတ္တံ့လောဟု မေးလျှောက်၏။ မြတ်သောမင်းကြီး ပြအံ့ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား သိက္ခာပုဒ်ကို ပညတ်တော်မူပြီးသည် မဟုတ်ပါလောဟု မေးလျှောက်၏။ မြတ်သောမင်းကြီး ထိုသိက္ခာပုဒ်ကို ငါဘုရားသည် တပည့်တို့အားသာ ပညတ်တော်မူ၏။ ဘုရားတို့ကား သိက္ခာပုဒ်မည်သည်မရှိ၊ မြတ်သောမင်းကြီး ဥပမာမည်သည်ကား။ သင်မင်းကြီး၏ ဥယျာဉ်တော်၌ ပန်း သစ်သီးကို တပါးကုန်သော သူတို့အား တားမြစ်အပ်၏။ ရှင်မင်းကြီးအား မတားမြစ်အပ်၊ ဤသို့ ဥပမာ ဥပမေယျနှင့် ပြည့်စုံခြင်းကို မှတ်အပ်၏ဟု မိန့်တော်မူ၏။ အရှင်ဘုရား အဘယ်အရပ်၌ တန်ခိုးပြခြင်းကို ပြုတော်မူကုန်အံ့နည်းဟု မေးလျှောက်၏။ မြတ်သောမင်းကြီး သာဝတ္ထိမြို့၏ အနီး ကဏ္ဍမည်သော သရက်ပင်ရင်း၌ ပြအံ့ဟု မိန့်တော်မူ၏။ အကျွန်ုပ်တို့သည် ထို တန်ခိုးပြတော်မူရာ၌ အသို့ပြုရအံ့နည်းဟု လျှောက်သည်ရှိသော် မြတ်သောမင်းကြီး တစုံတခုသော ပြုဘွယ်သည် မရှိဟု မိန့်တော်မူ၏။
J		ထိုအမတ်တို့သည် ကြီးစွာသောတောချုံကို ရံ၍ ဆောက်ပုတ် အစရှိသည်တို့ဖြင့် မြေကို ပုတ်ခတ်ကုန်၏။ ရှေးဦးစွာလျှင် သမင် ဆီးဆောက်သည် ထ၍ ချုံကို သုံးပတ် လှည့်လည်လျက် ပြေးရာအရပ်ကို ကြည့်သည်ရှိသော် ကြွင်းသောအရပ်တို့၌ လက်ရုံးချင်းယှက်ကာ လေးချင်းစပ်လျက် အခြားမရှိသည်ဖြစ်၍ တည်ကုန်သော လူတို့ကိုမြင်၍ မင်းရှိရာအရပ်၌သာလျှင် ထွက်ပြေးရာကို မြင်၏။ ထိုဘုရားလောင်း သမင်အီးဆောက်သည် ထိုသူတို့၏ မျက်စိတို့၌ ဖွင့်၍ သဲကိုကြဲသကဲ့သို့ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ မင်းသို့ ရှေးရှုသွား၏။ မင်းသည် ထိုဘုရားလောင်းကို အားအစွမ်းနှင့် ပြည့်စုံသည်ကိုမြင်လျှင် မြှားကိုတင်၍ ပစ်၏။ သမင်ဆီးဆောက်တို့ မည်သည်ကား လှည့်ပတ်ခြင်း၌ အလွန်လိမ်မာကုန်၏။ မြှားသည် ရွှေရှူလာလတ်သော် အဟုန်ကို ယုတ်စေ၍ တည်ကုန်၏။ နောက်က မြှားလာသည်ရှိသော် လျင်စွာပြေးကုန်၏။ အထက်အဘို့ဖြင့် မြှားလာသည်ရှိသော် ကျောက်ကို ညွတ်စေကုန်၏။ နံပါးဖြင့် များလာသည်ရှိသော် အတန်ငယ် ဖဲကုန်၏။ ဝမ်းအနီးအပါးဖြင့် မြှားလာသည်ရှိသော် ပြန်၍လဲကုန်၏။ မြားလွန်သည်ရှိသော် လေကိုဖြတ်သော ဝလာဟက မြင်းကဲ့သို့ လျင်ခြင်းဖြင့် ပြေး၏။
J		ထိုသုတ်ကို ဟောတော်မူသည်၏အဆုံး၌ နှစ်ယောက်လည်း ဖြစ်ကုန်သော ပုဏ္ဏား, ပုဏ္ဏေးမတို့သည် အနာဂါမိ ဖိုလ်၌တည်ကုန်၏။ မြတ်စွာဘုရားသည် နေရာမှထတော်မူ၍ အဉ္ဇနမည်သော ဥယျဉ်သို့သာလျှင် ကြွတော်မူ၏။ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငါ့သျှင်တို့ ပုဏ္ဏားသည် မြတ်စွာဘုရား၏ အဘသည် သုဒ္ဓေါဒနမင်းကြီးတည်း အမိသည် မဟာမာယာတည်းဟု သိ၏။ သိလျက်လျှင် ပုဏ္ဏေးမနှင့်ကကွ မြတ်စွာဘုရားကို ငါတို့သားဟူ၍ ဆို၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူ၏။ အကြောင်းများအသို့နည်းဟု စကားကိုဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူ၍ ရဟန်းတို့ နှစ်ယောက်လည်းဖြစ်ကုန်သော ပုဏ္ဏားပုဏ္ဏေးမတို့သည် မိမိတို့၏ သားကိုသာလျှင် သားဟူ၍ဆိုကုန်၏။ ဤသို့မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		သိကြားမင်းသည် ယူဇနာ တသောင်းရှိသော တာဝတိံသာနတ်မြို့ကို၎င်း၊ နှစ်ကုဋေ ငါးသန်းသော နတ်သ္မီးတို့ကို၎င်း, ဝေဇယန္တာ ပြာသာဒ်ကို၎င်း အလယ်၌ ထက်ဝက်ခွဲ၍ ပေးအပ်သော နတ်စည်းစိမ်ကို သာဓိနမင်းကြီးသည် ခံစားတော်မူစဉ် လူတို့ အရေအတွက်အားဖြင့် အနှစ်ခုနစ်ရာတို့သည် လွန်ကုန်၏။ ထိုကိုယ်၏ အဖြစ်ဖြင့် နတ်ပြည်၌ နေရအံ့သော ကောင်းမှုကံသည်ကုန်၏။ နတ်ပြည်၌ မမွေ့လျော်ခြင်းသည် ဖြစ်၏။ ထိုသို့ မမွေ့လျော်ခြင်း ဖြစ်သောကြောင့် သိကြားမင်းနှင့်တကွ စကားပြောဟောလိုရကား_-
J		။ ဝုတ္တိ မေ ဘဝနံ ဒိဗျံ၊ ဘုတ္တာ ကာမာ အမာနုသာ။
J		နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ယွာယံ သာဠိယဆာပေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသာဠိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ငါ့ရှင်တို့... ဒေဝဒတ်သည် သဗ္ဗညူ မြတ်စွာဘုရားအား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်သောငှာ မတတ်နိုင် ဟူသော ရဟန်းတို့၏စကားကို အကြောင်းပြု၍ ဟောတော်မူ၏။
J		။ ယထာ ပံသုမုဋ္ဌိံ ပုရိသော၊ ပဋိဝါတံ ပဋိက္ခိပေ။
J		ဟတ္ထိဗောန္ဒိံ ပဝေက္ခာမိ၊ တထာ ဟိ ဘယတဇ္ဇိတော။
J		။ ယမေတံ ဝါရိဇံ ပုပ္ဖံ၊ အဒိန္ဒံ ဥပသိင်္ဃသိ။
J		။ တိရောကုဋ္ဋံ တိရောသေလံ၊ သမတိဂ္ဂယှ ပဗ္ဗတံ။
J		... ဘုရားသခင်သည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ရဟန်းတို့- ဤသို့ ရှေးပညာရှိတို့သည် အပအလှူဖြင့် မရောင့်ရဲကုန်သည် ဖြစ်၍ ရောက်လာသော အလှူခံပုဂ္ဂိုလ်တို့အား ဘုရားလောင်းသည် မိမိ၏ မျက်စိတို့ကို ထုတ်နုတ်၍ လှူဘူးကုန်၏ဟု မိန့်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ သိဝိက ဆေးသမားသည် အာနန္ဒာ ဖြစ်လာ၏။ သိကြားမင်းသည် အနုရုဒ္ဓါ ဖြစ်လာ၏။ ကြွင်းသော ပရိသတ်တို့သည် ဘုရားပရိသတ် ဖြစ်လာ၏။ သိဝိမင်းသည်ကား ငါဘုရားသာလျှင် ဖြစ်တော်မူ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ် မင်း၏ ခပ်သိမ်းသော အမှုကိစ္စကို ဆောင်ရွက်သော အမတ်ဖြစ်၏။ ထိုအခါ တနေ့သ၌ မင်းသည် မိမိအား ခစားအံ့သောငှါလာသော သားတော် အိမ်ရှေ့မင်းကို မြင်၍ ဤမင်းသားသည် ငါ၏နန်းတွင်း၌ ပြစ်မှားရာ၏ဟု အိမ်ရှေ့မင်းကိုခေါ်၍ အမောင် သင်သည် ငါအသက်ရှည်သရွေ့ မြို့၌နေခြင်းငှါ မရ၊ တပါး၌နေ၍ ငါလွန်မှ မင်း ပြုလောဟု ဆို၏။ အိမ်ရှေ့မင်းသည် ကောင်းပြီဟု အဘကိုရှိခိုး၍ မယားကြီးနှင့်တကွ ဗာရာဏ သီပြည်မှ ထွက်၍ ပစ္စန္တရစ်သို့သွား၍ တောသို့ဝင်၍ သစ်ရွက်မိုးသော ဇရပ်ကိုဆောက်၍ တော သစ်မြစ် သစ်သီးတို့ဖြင့် မျှတလျှက် နေ၏။ နောက်အဘို့၌ မင်းသည် သေလွန်၏။ အိမ်ရှေ့ မင်းသည် နက္ခတ်ကိုကြည့်၍ မင်းသေလွန်သည် ၏အဖြစ်ကိုသိ၍ ဗာရာဏသီပြည်သို့ လာလတ်သော် လမ်းအကြား၌ တခုသောတောင်ကို မြင်၏။ ထိုအခါ ထိုမင်းသားကို မယားသည် ရှင်မင်းကြီး ဤတောင်သည် ရွှေဖြစ်သော် အကျွန်ုပ်အား စိုးစဉ်းပေးပါအံ့လောဟု ဆို၏။ သင်သည် အဘယ်မည်သော မိန်းမနည်း၊ တစုံတခုကို ငါမပေးဟု ဆို၏။ ထိုမိန်းမသည် ငါကား ဤယောကျ်ား၌ ချစ်ခြင်းကို မဖြတ်နိုင်၍ တောသို့ဝင်၏။ ဤယောက်ျားသည် ဤသို့ဆို၏။ အလွန်လျှင် ခိုင်မာ သော နှလုံးရှိ၏။ ဤသူသည် မင်းဖြစ်သော်လည်း ငါ့အား အဘယ်ကောင်းသော အမှုကို ပြုလတ္တံ့နည်းဟု နှလုံးမသာရှိ၏။ ထိုမင်းသားသည် လာလတ်၍ မင်းအဖြစ်၌ တည်လတ်သော် ထိုမိန်းမကို မိဖုယားကြီးအရာ၌ ထားခြင်းဟူသော စည်း စိမ်ကိုသာလျှင် ပေး၏။ ထို ထက် အလွန်မြတ်နိုးခြင်း ပေးကမ်းခြင်းသည် မရှိ၊ ထိုမိန်းမ၏ ရှိသည်၏ အဖြစ်ကိုမျှလည်း မသိ။
J		ဥပလောဟိတကာ ဝဂ္ဂူ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။
J		။ သောဟံ အဗ္ဘူဠသလ္လောသ္မိ၊ ဝီတ သောကော အနာဝိလော။
J		။ ရာဇာ တေ ဘတ္တံ ပါဟေသိ၊ သုစိံ မ့သူပသေစနံ။
J		မစ္ဆရိယကောသိယသူဌေးသည် ထိုစကားကိုကြား၍ စိတ်ဆင်းရဲလျက် ညည်းတွားကာ ထိုသို့ဖြစ်လျှင်ကား နေလော့၊ အတန်ငယ် ရလတ္တံ့ဟု ဆို၏။ ပဉ္စသိခနတ်သားသည်သွား၍ မာတလိနတ်သားအထံ၌ နေ၏။
J		ဘုရားလောင်းသည် မြက်ဝါးခြမ်းစိပ်ကို အစပြု၍ သူတစ်ပါးဥစ္စာကို မယူစဘူး၊ လောဘ၏ အစွမ်းဖြင့် သူမယားကို မကြည့်စဘူး၊ မမှန်သော စကားကို မဆိုစဘူး၊ မြက်ဖျားဖြင့်လည်း သေရည်သေရက် မသောက်စဘူး၊ ဤသို့ ငါးပါးသော သီလ၏အစွမ်းဖြင့် သစ္စာပြု၏။ သစ္စာကို ပြုပြီး၍ ရေပြည့်သော ရွှေခွက်မှရေကို သင်္ဘောဦး၌ သွန်းလောင်း၏။ လေးလတို့ပတ်လုံး အရပ်တစ်ပါးသို့ ပြေးသွားသော သင်္ဘောသည် ပြန်၍ တန်ခိုးကြီးသောသူသည် သွားသကဲ့သို့ သစ္စာ၏ အာနုဘော်ဖြင့် တစ်နေ့ချင်းလျှင် ကုရုကစ္ဆ သင်္ဘောဆိပ်သို့ ရောက်လေ၏။ ရောက်ပြီး၍ ကြည်း၌လည်း ရှစ်ဥဿဘ အတိုင်းအရှည်ရှိသော အရပ်သို့ ပြေး၍ သင်္ဘောသူကြီးအိမ်၌သာလျှင် တည်၏။ ဘုရားလောင်းသည် ထိုကုန်သည်တို့အား ရွှေ ငွေ ပတ္တမြား သန္တာ ပုလဲ့ ဝဇီရစိန်တို့ကို ခွဲဝေ၍ ပေး၏။ ဤမျှသော ရတနာတို့ဖြင့် သင်တို့အား တန်ပြီ၊ တစ်ဖန် သမုဒ္ဒရာသို့ မဝင်ကြကုန်လင့် ဟု ထိုသင်္ဘောသားတို့အား အဆုံးအမကိုပေး၍ အသက်ထက်ဆုံး အလှူပေးခြင်း အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေတော်မူ၏။
J		၊ ငြိမ်းချမ်းခြင်း, သီလ, သမာဓိ၌ တည်ကုန်သော။
J		ထိုစောင်းသမားသည် ရိက္ခတို့ကိုယူ၍ ရွာတံခါးမှစ၍ စုံစမ်းလျက် ကုရုကစ္ဆ သင်္ဘောဆိပ်သို့ရောက်၏။ ထိုအခါ ကုန်သည်တို့သည် ကုရုကစ္ဆ သင်္ဘောဆိပ်မှ လှေဖြင့် သုဝဏ္ဏဘူမိသို့ သွားကုန်၏။ ထိုစောင်းသမားသည် ထိုကုန်သည်တို့ကို ကပ်၍ အရှင်တို့... အကျွန်ုပ်သည် စောင်းသမားတည်း၊ လှေခပိုင်းခြား၍ အရှင်တို့အား စောင်းတီးခြင်းကို ပြုပါအံ့၊ အကျွန်ုပ်ကိုလည်း ဆောင်ပါကုန် ဟု ဆို၏။ ကုန်သည်တို့သည် ကောင်းပြီဟု လှေသို့တင်၍ လှေကို လွှတ်ကုန်၏။ ထိုကုန်သည်တို့သည် လှေ၌ နားထောင်လိုသည်၏ အဖြစ်ဖြင့် ထိုစောင်းသမားကို ခေါ်၍ ငါတို့ နားထောင်ကုန်အံ့၊ စောင်းတီးလော့ဟု ဆိုကုန်၏။ အကျွန်ုပ်သည် အကယ်၍ စောင်းကို တီးငြားအံ့၊ ငါးတို့သည် လှုပ်ကုန်လတ္တံ့။ ထိုအခါ သင်တို့၏ လှေသည် ပျက်စီးလတ္တံ့ဟု ဆို၏။ လူတို့၏ အထံ၌ စောင်းတီးသည်ရှိသော် ငါးတို့၏ လှုပ်ခြင်းမည်သည်မရှိ၊ စောင်းတီးခြင်းကို ပြုလော့ဟု ကုန်သည်တို့သည် ဆိုကုန်၏။ ထိုသို့တပြီးကား အကျွန်ုပ်အား သင်တို့သည် အမျက်မထွက်ကြလင့် ဟု ဆို၍ စောင်းကိုလွှတ်၍ စောင်းသံနှင့်သီချင်းသံ, သီချင်းသံနှင့် စောင်းသံကို မလွန်စေမူ၍ စောင်းကိုတီး၏။ ထိုအသံဖြင့် လွန်စွာယစ်ကုန်၍ ငါးတို့သည် လှုပ်ကုန်၏။ ထိုအခါ တစ်ခုသော မကာရ်းသည် ခုန်၍ လှေတွင်းသို့ ကျရကား လေသည် ကွဲပျက်၏။ သဂ္ဂမည်သော စောင်းသမားသည် ပျဉ်ချပ်၌ အိပ်၍ လေအားလျော်စွာ သွားသည်ရှိသော် သေဒုမကျွန်း၌ ဂဠုန်မင်း၏ ဗိမန်ဖြစ်သော ပညောင်ပင်၏ အနီးသို့ ရောက်၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သဗ္ဗကာမဒဒကုမ္ဘံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုရာဃဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ် သူဌေး၏တူကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအနာထပိဏ်သူဌေး၏ တူသည် မိဘတို့၏ ဥစ္စာဖြစ်ကုန်သော ကုဋေလေးဆယ်ကုန်သော ရွှေတို့ကို သုရာ သောက်သဖြင့် ဖျက်ဆီး၍ အနာထပိဏ် သူဌေးအထံသို့ သွား၏။ အနာထပိဏ်သူဌေးသည်လည်း တူအား ကုန်သွယ်လော့ဟု တထောင်သော ဥစ္စာကို ပေး၏။ ထိုဥစ္စာကိုလည်း ဖျက်ဆီး၍ တဖန် သွားပြန်၏။ တဖန် ထိုတူအား ငါးရာသော ဥစ္စာတို့ကို ပေး၏။ ထိုဥစ္စာတို့ကိုလည်း ဖျက်ဆီး၍ တဖန် လာသောတူအား နှစ်ထည်သော ပုဆိုးကြီးတို့ကိုပေး၏။ ထိုပုဆိုးကြီးတို့ကိုလည်း ဖျက်ဆီး၍ တဖန် လာသောတူကို လည်၌ ကိုင်စေ၍ နှင်ထုတ်စေ၏။ ထိုသူသည် ကိုးကွယ်ရာမရှိသည်ဖြစ်၍ သူတပါးတိုက်နံရံကိုမှီ၍ သေ၏။ ထိုတူကို ငင်ထုတ်၍ အပ၌စွန့်ပစ်ကုန်၏။ အနာထပိဏ်သူဌေးသည် ကျောင်းတော်သို့သွား၍ တူ၏ ထိုအလုံးစုံသောအကြောင်းကို သဗ္ဗညူမြတ်စွာဘုရားအား ကြားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည်လည်း သူဌေး ထိုတူကို အသို့ရောင့်ရဲစေနိုင်အံ့နည်း၊ ရှေးကာလ၌ ငါသည် ခပ်သိမ်းသောအလိုကို ပေးတတ်သော အိုးကိုပေး၍လည်း ရောင့်ရဲစိမ့်သောငှါ မတတ်နိုင်ဟု မိန့်တော်မူ၍ သူဌေးသည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
J		တဒါ နဂ္ဂေါ စ ပေါတ္ထော စ၊ ပစ္ဆာ ဗာလော ဝိဟညတိ။
J		ထိုစကားကို ချဲ့ဦးအံ့။ ထိုဝိသာခါ ဒါယိကာမကြီးသည် တနေ့သ၌ ဇေတဝန်ကျောင်းတော်၌ တရားတော်ကို နာ၍ ရဟန်းသံဃာနှင့်တကွ မြတ်စွာဘုရားကို နက်ဖြန်အကျိုးငှါ ပင့်ဘိတ်၍ သွား၏။ ထိုညဉ့်လွန်သဖြင့် လေးကျွန်းလုံးနှံ့သော မိုဃ်းကြီးသည် ရွာ၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ဇေတဝန် ကျောင်းတော်၌ မိုဃ်ကြီးရွာသကဲ့သို့ ထို့အတူ လေးကျွန်းလုံး၌ မိုဃ်းကြီးသည် ရွာ၏။ ရဟန်းတို့ကိုယ်ကို မိုဃ်းစွတ်စေကုန်လော့၊ ဤမိုဃ်းကြီးသည် အဆုံးစွန်ဖြစ်သော လေးကျွန်းလုံးနှံ့သော မိုဃ်းကြီးတည်းဟု မိန့်တော်မူ၍ မိုဃ်းရည်စွတ်စေအပ်သော ကိုယ်ရှိကုန်သော ရဟန်းတို့နှင့်တကွ တန်ခိုးအစွမ်းဖြင့် ဇေတဝန် ကျောင်းတော်မှ ကွယ်ခဲ့၍ ဝိသာခါဒါယိကာမ၏ တံခါးမုတ်၌ ထင်ရှားဖြစ်တော်မူ၏။ ဝိသာခါ ဒါယိကာမသည် အချင်းတို့ ဘုရားသခင်၏ တန်ခိုးကြီးသော အဖြစ်သည် အာနုဘော် ကြီးတော်မူသော အဖြစ်သည်အံ့ဘွယ်ရှိစွ၊ အချင်းတို့ မဖြစ်ဘူးမြဲသော သဘောသည် ဖြစ်စွာ့တကား၊ အမှတ်မရှိသော တယောက်ယောက်သော ပုဂ္ဂိုလ်သည် ပုဆစ်ဒူး အတိုင်းအရှည်ရှိသော ရေအယဉ်တို့သည် ဖြစ်ကုန်သော်၎င်း ခါးအတိုင်းအရှည်ရှိသော ရေအယဉ်တို့သည် ဖြစ်ကုန်သော်၎င်း, တယောက်သော ရဟန်း၏လည်း ခြေတို့သည်၎င်း, သင်္ကန်းတို့သည်၎င်း စွတ်စိုသည် မဖြစ်ကုန်ဟု အလွန်ရွှင်လန်း ဝမ်းမြောက်သည်ဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ဆွမ်းလုပ်ကျွေး၍ ဆွမ်းဘုဉ်းပေးခြင်း ကိစ္စပြီးပြီးသော် မြတ်စွာဘုရားကို ဤသို့ နားတော်လျောက်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် အရှင်ဘုရားကို ဆုရှစ်ပါးတို့ကို တောင်းပန်ပါ၏ဟု လျှောက်၏။ ဝိသာခါ စင်စစ်လျှင် မြတ်စွာဘုရားတို့သည် ဆုကိုပေးခြင်း၌ အလွန် နှစ်သက်ကုန်၏ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကြင်ဆုတို့သည် အပ်လည်းအပ်၏။ အပြစ်လည်း မရှိကုန်၊ ထိုဆုတို့ကို တောင်းပန်ပါ၏ဟု နားတော် လျှောက်သည်ရှိသော် ဝိသာခါ ဆိုလော့ဟု မိန့်တော်မူ၏။
J		ခမည်းတော်မင်းကြီးသည် သားတော်အရွယ်ကိုကြည့်၍ မိဖုယားကြိးကို ဆို၏။ ရှမိဖုယား သားတော်အား မင်းအဖြစ်ကို အဘိသိက်သွန်းအံ့သောအခါတန်ပြီ၊ ထိုသားတော်အား မွေ့လျော်ဖွယ်ရှိသော ရွှေနန်းပြာသာဒ်ကို ဆောက်လုပ်စေ၍ အဘိသိက်သွန်းခြင်းကို ပြုအံ့ဟု ဆို၏။ မိဖုယားသည် အရှင်မင်းကြီး ကောင်းပြီဟု ဝန်ခံ၏။ ခမည်းတော် မင်းကြီးသည် မြေကြန်တတ်သော ဆရာတို့ကိုခေါ်စေ၍ အမောင်တို့ လက်သမားတို့ကိုယူ၍ ငါတို့နန်းတော်မှ မနီးမဝေး၌ ငါ့သားတော်အား ပြာသာဒ်ကို ဆောက်လုပ်ကုန်လော့၊ ငါ့သားတော်ကို မင်းအဖြစ်ဖြင့် အဘိသိက်သွန်းအံ့ဟု ဆို၏။ ထိုမြေကြန်တတ်သော ဆရာတို့သည် အရှင်မင်းကြီး ကောင်းပြီဟု မြေအရပ်ကို စုံစမ်းကုန်၏။ ထိုခဏ၌ သိကြားမင်းနေရာသည် ပူသော အခြင်းအရာကို ပြု၏။ သိကြားမင်းသည် ထိုအကြောင်းကိုသိ၍ ဝိသုကြုံနတ်သားကိုခေါ်၍ အမောင် ဝိသုကြုံနတ်သား သွားချေ၊ မဟာပနာဒ မင်းသားအား အလျား ကိုးယူဇနာ, အနံ ရှစ်ယူဇနာ, အစောက် နှစ်ဆယ့်ငါးယူဇနာရှိသော ရတနာပြာသာဒ်ကို ဖန်ဆင်းချေလော့ဟု စေလိုက်၏။
J		။ န မေ သုတံ ဝါ ဒိဋ္ဌံ ဝါ၊ ဘာသန္တိံ မာနုသိံ မိဂိံ။
J		ဘုရားလောင်းသည် မိခင် အဘယ့်ကြောင့် ငိုသနည်းဟုဆို၍ ထိုအကြောင်းကိုကြား၍ မိခင် အကျွန်ုပ်သည် မင်္ဂလာကိုပြုရအံ့သည် မဟုတ်လောဟု ဆို၏။ ချစ်သား သင်သည် ဗေဒင်သုံးပုံတို့ကို မတတ်သည်သာတည်း၊ ဆင်၏လက္ခဏာကိုပြသောကျမ်းကို မတတ်သည်သာတည်း၊ မင်္ဂလာကို အသို့ပြုလတ္တံ့နည်းဟုဆိုသည်ရှိသော် မိခင် အဘယ်အခါ၌ကား ဆင်မင်္ဂလာကိုပြုလတ္တံ့နည်းဟု ဆို၏။ ချစ်သား ဤနေ့မှ လေးရက်မြောက်သောနေ့၌ ပြုလတ္တံ့ ဟု ဆိုသည်ရှိသော် မိခင် ဗေဒင်သုံးပုံကို လေ့လာသည်တို့ကိုပြု၍ ဆင်၏လက္ခဏာကိုပြသောကျမ်းကို တတ်သောဆရာသည်ကား အဘယ်အရပ်၌နေသနည်းဟုဆို၏။ ချစ်သား ဤသို့သဘောရှိသော ပညာအားဖြင့် အရပ်မျက်နှာ၌နေသောသူတို့ထက် ကြီးမြတ်သောဆရာသည် ဤအရပ်မှ ယူဇနာတရာ့နှစ်ဆယ်ထက်၌ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ နေ၏ဟု ဆိုသည်ရှိသော် မိခင် ငါတို့၏အနွယ်ကို မပျက်စေအံ့၊ ကျွန်ုပ်သည် နက်ဖြန်တနေခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့သွား၍ တညဉ့်ခြင်းဖြင့်သာလျှင် ဗေဒင်သုံးပုံတို့ကို၎င်း ဆင်၏လက္ခဏာကိုပြသောကျမ်းကို၎င်းသင်ခဲ့၍ နောက်တနေ့၌လာလတ်၍ လေးရက်မြောက်သောနေ့၌ ဆင်မင်္ဂလာကိုပြုအံ့၊ သင်မိခင် မငိုလင့်ဟု အမိကိုနှစ်သိမ့်စေ၍ နက်ဖြန်နေ့၌ ဘုရားလောင်းသည် နံနက်စောစောကသာလျှင် စား၍ တယောက်အထီးတည်းသာလျှင်ထွက်၍ ဘုရားလောင်း၏ အာနုဘော်အားဖြင့် နတ်တို့၏မြေကိုချုံ့ခြင်းကြောင့် တနေ့ခြင်းဖြင့်သာလျှင် တက္ကသိုလ်ပြည်သို့ရောက်၍ ဆရာကိုရှိခိုး၍ လျောက်ပတ်စွာနေ၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အလမေတေဟိ အမ္ဗေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသုသုမာရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်သည် ဘုရားသဗ္ဗညူအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မှု၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါ လုံ့လပြု၏ဟု ကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်တည်း၊ ထိုသို့ လုံ့လပြုသော်လည်း ထိတ်လန့်ခြင်းကိုလည်း ပြုအံ့သောငှါ မစွမ်းနိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		။ ပက္ခန္ဒိနာ ပဂဗ္ဘေန၊ နိစ္စံ သန္ဒာနခါဒိနာ။
J		။ သုမဇ္ဇဉ္စ သုပါသဉ္စ၊ အနုပုဗ္ဗံ သုဝဋ္ဋိတံ။
J		ကောယံ ကမ္မာရဂါမသ္မိံ၊ သူစိံ ဝိက္ကေတုမိစ္ဆတိ။
J		ထိုအခါ ဘုရားလောင်းကို ပန်းပဲသူကြီးသည် အမောင် ဤအပ်ဖြင့် အဘယ်အစွမ်းသတ္တိ ရှိသနည်းဟု မေး၏။ ဆရာ... အားရှိသော ယောကျ်ားကို ပေကိုချီစေ၍ ပေအောက်၌ ရေဖြင့်ပြည့်သော ကြေးခွက်ကိုထား၍ ပေ၏ အလယ်၌ ဤအပ်ကိုခတ်ကုန်လော့ ဟု ဆို၏။ ပန်းပဲသူကြီးသည် ဘုရားလောင်း ဆိုတိုင်းပြုစေ၍ ပေ၏ အလယ်၌ အပ်ဖျားဖြင့် ခတ်၏။ ထိုအပ်သည် ပေကိုဖောက်၍ ရေအပြင်၌ ဆံခြည်ဖျားမျှလည်း အထက်သို့လည်း မတက်၊ အောက်သို့လည်း မနစ်သည်ဖြစ်၍ ဖီလာတည်၏။ ခပ်သိမ်းကုန်သော ပန်းပဲတို့သည် ငါတို့သည် ဤမျှလောက်သော ကာလပတ်လုံး ပန်းပဲတို့မည်သည် ဤသို့သဘောရှိသည် ဖြစ်ကုန်၏ဟု စကားကိုမျှလည်း မကြားစဘူးကုန် ဟု လက်ချောင်းတို့ကို ခါကုန်၏။ ဦးရစ် ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။
J		ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော သဂ္ဂေုဇာတ်သည် ပြီး၏။
J		ဓနုံ ကဏ္ဍဉ္စ နိက္ခိပ္ပ၊ သံယမံ အဇ္ဈုပါဂမိ။
J		အရှင်ဘုရား... တစ်ပါးသော သီချင်းကို မတတ်သည်မဟုတ် တတ်ပါ၏။ ထိုသို့တတ်သော်လည်း အကျွန်ုပ်တို့ အရှင်မင်းကြီးသည် ဤသီချင်းကိုသာလျှင် ချစ်မြတ်နိုးတော်မူ၏။ ထို့ကြောင့် ထိုသီချင်းကို အကျွန်ုပ်သည် အဖန်တလဲလဲ သီပါ၏ဟု လျှောက်၏။ သင်သည် ထိုသီချင်း၏ အတုံ့ကိုသိသော တစ်စုံ တစ်ယောက်သောသူကို မြင်ဖူး၏လောဟု မေးတော်မူ၏။ အရှင်ဘုရား... မမြင်ဖူပါဟု လျှောက်၏။ ငါသည် ထိုသီချင်း၏ အတုံ့ကိုသင်စေအံ့၊ သင်သည် အရိန္ဒမမင်းကြီးထံသို့သွား၍ သီချင်းတုံ့ကို သီအံ့သောငှာ တတ်နိုင်အံ့လော ဟု မေးတော်မူ၏။ အရှင်ဘုရား တတ်နိုင်ပါ၏ဟု လျှောက်၏။ ထိုအခါ ပဉ္စစူဠက သတို့သားအား အရှင်သောဏက ပစ္စေကဗုဒ္ဓါသည် သီချင်းတုံ့ကို ကြားတော်မူလိုသည်ဖြစ်၍ မယှံ သုတွာ အစရှိသည်ကို မိန့်တော်မူ၏။ သီချင်းတုံ့ကို သင်ပြီး၍ကား ထိုပဉ္စစူဠကကို လွှတ်တော်မူလိုက်၏။ သူငယ်သွားချေ၊ ဤသီချင်းတုံ့ကို အရိန္ဒမမင်းကြီးနှင့်တကွ သီချေ၊ အရိန္ဒမမင်းကြီးသည် သင့်အား များစွာသော စည်းစိမ်ချမ်းသာကို ပေးလတ္တံ့၊ သင့်အား ထင်းတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လျင်စွာ သွားချေလော့ဟု မိန့်တော်မူ၏။
J		န တေသံ ကောဋ္ဌေ ဩပေန္တိ၊ န ကုမ္ဘိံ န ကဠောပိယံ။
J		၊ ဆောင်၍ပူဇော်အပ်သော ဝတ္ထုကိုလည်း ခံထျုက်၏။
J		။ သောဟံ အဗ္ဗူဠသလ္လေသ္မိ၊ ဝီတသောကော အနာဝိလော။
J		ပညောင်စောင့်နတ်သည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို အမှန်အားဖြင့်သိ၍ ဤပုဏ္ဏားသည် သားကို မရသည်ရှိသော် ငါ့ဗိမာန်ကို ဖျက်ဆီးလတ္တံ့၊ အဘယ်အကြောင်းဖြင့် ထိုပုဏ္ဏားအား သားကိုပေးခြင်းငှါ သင့်အံ့နည်းဟု ကြံပြီးလျှင် စတုမဟာရာဇ် နတ်မင်းကြီးလေးယောက်တို့၏ အထံသို့သွား၍ ထိုအကြောင်းကို ကြားလျှောက်၏။ ထိုနတ်မင်းကြီး လေးယောက်တို့သည် ထိုပုဏ္ဏားအား သားကိုပေးခြင်းငှါ ငါတို့ မတတ်နိုင်ကုန်ဟု ဆိုကြကုန်၏။ နှစ်ကျိပ်ရှစ်ယောက်ကုန်သော နတ်စစ်သူကြီးတို့၏ အထံသို့ သွားပြန်၏။ ထိုနှစ်ကျိပ်ရှစ်ယောက်ကုန်သော နတ်စစ်သူကြီးတို့သည်လည်း ထိုရှေးအတူသာလျှင် ဆိုကုန်၏။ နတ်တို့၏မင်းဖြစ်သော သိကြားမင်းအထံသို့သွား၍ လျှောက်ဆိုပြန်၏။ ထိုသိကြား နတ်မင်းကြီးသည် မင်းအား လျောက်ပတ်သော သားတို့ကို ရလတ္တံ့လော, မရလတ္တံ့လောဟု စုံစမ်းဆင်ခြင်လတ်သော် ဘုန်းရှိသော နတ်သားလေးယောက်တို့ကို မြင်၏။
J		ဤသို့ အိုခြင်း, နာခြင်း, သေခြင်း သဘော ရှိကုန်သော ဤသတ္တဝါတို့၏ ဇီဝိတိန္ဒြေဟူသော သင်္ခါရ၏ နည်းသောအဖြစ်ကို ပြပြီး၍ မြတ်သောမင်းကြီး- အရှင်မင်းကြီးတို့သည် နေရစ်တော်မူကုန်လော့၊ အကြင်ကြောင့် အရှင်မင်းကြီးတို့နှင့် တကွ စကားပြောစဉ်ပင် အကျွန်ုပ်သို့ ဖျားနာခြင်း အိုခြင်း သေခြင်းတို့သည် ကပ်ရောက်လာကုန်၏။ ထို့ကြောင့် အရှင်မင်းကြီးတို့သည် မမေ့မလျော့ ဖြစ်ကြကုန်လော့ဟု ဆို၍ အဆုံးအမကို ပေးပြီးလျှင် ဧသုကာရီမင်းကြီးကို၎င်း, ခမည်းတော် ပုရောဟိတ်ကြီးကို၎င်း ရှိခိုးပြီးလျှင် မိမိ၏ အလုပ်အကျွေးတို့ကို ယူ၍ ဗာရာဏသီပြည်၌ မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုအံ့ဟု ဗာရာဏသီမြို့မှ ထွက်ခဲ့၏။ ဤရဟန်းအဖြစ်သည်ကား ကောင်းမြတ်သည် ဖြစ်လတ္တံ့ဟု ဟတ္ထိပါလသတို့သားနှင့် တကွ လူများသည် ထွက်လတ်၍ တယူဇနာရှိသော ပရိသတ်တို့သည် ဖြစ်ကုန်၏။ ထိုဟတ္ထိပါလ သတို့သားသည် ထိုပရိသတ်နှင့် တကွ ဂင်္ဂါမြစ်နားသို့ရောက်လျှင် ဂင်္ဂါမြစ်၌ ရေကို ကြည့်လျှက် အာပေါကသိုဏ်း ပရိကံကိုပြု၍ ဈာန်ကို ဖြစ်စေပြီးလျှင် ကြံ၏။ ဤအစည်းအဝေးသည် များသည်ဖြစ်လတ္တံ့၊ ငါ၏ ညီတော် သုံးယောက်တို့သည်၎င်း မယ်တော် ခမည်းတော်တို့သည်၎င်း ဧသုကာရီမင်းကြီးသည်၎င်း, မိဖုယားကြီးသည်၎င်း ဤအလုံးစုံသော ပရိသတ်တို့သည် ရဟန်းပြုကုန်လတ္တံ့၊ အကြင်မျှလောက် ထိုသူတို့၏ လာခြင်းသည် ရှိ၏။ ထိုမျှလောက် ဤအရပ်၌လျှင် နေအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဟတ္ထိပါလသတို့သားသည် ထိုဂင်္ဂါမြစ်နား၌သာလျင် ပရိသတ်အား အဆုံးအမကို ပေးလျက်နေ၏။
J		နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပ္ပီတိရသံ ပိဝံ။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည် ယော ပုဗ္ဗေ ကတကလျာဏော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအကတညုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အနာထပိဏ်သူဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအနာထပိဏ်သူဌေးအား တယောက်သော ပစ္စန္တရစ်၌နေသော မမြင်ဘူးသော အဆွေ ခင်ပွန်းဖြစ်သော သူဌေးသည် ဖြစ်သတတ်၊ ထိုပစ္စန္တရစ်သူဌေးသည် တရံသောအခါ ပစ္စန္တရစ်၌ ဖြစ်သောဘဏ္ဍာဖြင့် လှည်းငါးရာတို့ကိုပြည့်စေ၍ အမှုလုပ်တို့ကို အချင်းတို့ သွားကြကုန်၊ ဤဥစ္စာကို သာဝတ္ထိမြို့သို့ဆောင်၍ ငါတို့၏ အဆွေခင်ပွန်းဖြစ်သော အနာထပိဏ်သူဌေးကြီး၏ မျက်မှောက်ဖြင့်ရောင်း၍ တဖန်ရသောဥစ္စာတို့ကို ဆောင်ခဲ့ကုန်လောဟု ဆို၏။ ထိုအမှုလုပ်သောသူတို့သည် ကောင်းပြီဟု ထိုပစ္စန္တရစ်နေသူဌေး၏ စကားကိုဝန်ခံ၍ သာဝတ္ထိမြို့သို့ သွားကုန်၍ အနာထပိဏ်သူဌေးကြီးကိုဖူးမြင်၍ လက်ဆောင်ကိုဆက်ပြီးလျှင် ထိုအကြောင်းကို ကြားလျှောက်ကုန်၏။ အနာထပိဏ်သူဌေးကြီးသည် ပစ္စန္တရစ်သူဌေး၏လူတို့ကိုမြင်လျှင် သင်တို့၏လာခြင်းကား ကောင်းသော လာခြင်းတည်းဟုဆို၍ ထိုပစ္စန္တရစ်သားတို့အား နေရာကို၎င်း ရိက္ခာကို၎င်းပေးစေ၍ အဆွေခင်ပွန်းဖြစ်သော ပစ္စန္တ ရစ်bသူဌေး၏ ဆင်းရဲချမ်းသာကိုမေးပြီးလျှင် ဥစ္စာကိုရောင်း၍ တဖန်ရသော ဥစ္စာကိုပေးစေ၏။ ထိုပစ္စန္တရစ်သားတို့သည် ပစ္စန္တ ရစ်သို့သွားကုန်၍ ထိုအကြောင်းကို မိမိတို့၏သူဌေးအား ကြား လျှောက်ကုန်၏။
J		... နတ်နှင့်တကွသောလောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အမာတာပိတရသံဝဒ္ဓေါ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအကာ လရာဝိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီ တင်း သုံးနေတော်မူစဉ် တယောက်သော အချိန်မဟုတ်သည်၌ အသံပြုတတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားဖြစ်သတတ်။ ထိုအမျိုးသားသည် သာသနာတော်၌ ရဟန်းပြု၍ ဝတ်ကို၎င်း တရားကျမ်းဂန် သင်ခြင်းကို၎င်း မမှတ်၊ ထိုရဟန်းသည် ဤကာလ၌ ငါသည်ဝတ်ကိုပြုအပ်၏။ ဤကာလ၌ ငါသည် စားအပ်၏။ ဤကာလ၌ တရားကျမ်းဂန်သင်ခြင်းကို ပြုအပ်၏။ ဤကာလ၌ ငါသည် သရဇ္ဈာယ်အပ်၏ဟု မသိ၊ ပဌမယာမ်၌၎င်း မဇ္စျိမယာမ်၌၎င်း ပစ္ဆိမယာမ်၌၎င်း နိုးတိုင်းနို့တိုင်းသောခဏ၌ သာလျှင် ကျယ်သော အသံကိုပြု၏။ ရဟန်းတို့သည် အိပ်ခြင်းကို မရကုန်။
J		ထိုအခါ ဗာရာဏသီမင်းသည် အသရေရှိသော အိပ်ရာ၌ နေလျက် သန်းခေါင်ယံ၌ ရှစ်ခွန်းသော အသံတို့ကို ကြား၏။ ရှေးဦးစွာ မင်း၏ အိမ်အနီး ဥယျာဉ်၌ တစ်ခုသော ဗျိုင်းသည် အသံကိုပြု၏။ နှစ်ကြိမ်မြောက် ထိုအသံပြုစဉ်လျှင် ဆင်တင်းကုပ် တုရိုဏ်တိုင်ဝယ်နေသော တစ်ခုသော ကျီးမသည် အသံကိုပြု၏။ သုံးကြိမ်မြောက် မင်းအိမ်ဝယ် အထွတ်၌ နေသော ဃုဏမည်သော ပိုးသည် အသံကိုပြု၏။
J		ဗာရာဏသီမင်းသည် ရှစ်ခွန်းကုန်သော အသံတို့ကို ကြား၍ အလွန် ထိတ်လန့်ရကားး နက်ဖြန်နေ့၌ ပုဏ္ဏားတို့ကို မေး၏။ ပုဏ္ဏားတို့သည် မြတ်သောမင်းကြီး... သင်မင်းကြီးအား အန္တ ရာယ်ဖြစ်လတ္တံ့၊ သဗ္ဗစတုက္ကယဇ်ကို ပူဇော်ကုန်အံ့ ဟုဆို၍ မင်းသည် အလိုအတိုင်း ပြုကြကုန်လော့ ဟု ခွင့်ပြုအပ်ကုန်သည်ဖြစ်၍ အလွန် ရွှင်လန်းကုန်လျက် မင်းအိမ်မှထွက်၍ ယဇ်အမှုကို အားထုတ်ကုန်၏။
J		လုလင်သည်လည်း လျင်မြန်သဖြင့် မင်းအိမ်သို့သွား၍ အမောင်... အဘယ်သို့နည်း ဟု ဆို သည်ရှိသော် မြတ်သောမင်းကြီး... သင်တို့သည် ကြားအပ်ကုန်သော အသံတို့၏ ဖြစ်ခြင်းကိုသိသော ရသေ့သည် သင်မင်းကြီး၏ ဥယျာဉ်ဝယ် မင်္ဂလာကျောက်ဖျာ၌ နေ၏။ ငါ့ကိုမေးသော် ငါဖြေအံ့ဟု ဆို၏။ သွား၍ ထိုရသေ့ကို မေးခြင်းငှာ သင့်၏ဟု ဆို၏။ မင်းကြီးသည် လျင်မြန်သဖြင့် ဥယျာဉ်သို့သွား၍ ရသေ့ကိုရှိခိုး၍ ပဋိသန္ခာရပြုလျက် ထိုင်၍ အရှင်ဘုရား အကျွန်ုပ်သည် ကြားအပ်ကုန်သော အသံတို့၏ ဖြစ်ခြင်းကို အရှင်ဘုရားတို့သည် သိကုန်သောဟူသည် မှန်သလောဟု မေး၏။ မြတ်သော မင်းကြီး... မှန်၏ဟု ဆို၏။ အရှင်ဘုရား... ထိုသို့တပြီးကား အကျွန်ုပ်အား ပြောပါလော့ဟု ဆို၏။
J		ထိုအခါ သူဌေးသားသည် ငါသည် ဤမိန်းမနှင့်တကွ ကုဋေရှစ်ဆယ်သော ဥစ္စာကို စားပြီ၊ ဤမိန်းမသည် ငါ့ကို တစ်နေ့မျှ လက်ချည်းလာသည်ကို မြင်၍ လည်၌ကိုင်၍ ငင်ထုတ်စေ၏။ မိန်းမမည်သည်ကား ယုတ်မာစွ၊ အရှက်မရှိ၊ ကျေးဇူးကို မသိ၊ အဆွေခင်ပွန်းကို ပြစ်မှားတတ်၏ ဟု ကြံ၏။ ကြံပြီး၍ သူဌေးသားသည် မိန်းမ၏ ကြေးဇူးမွဲကို အောက်မေ့လျက် တပ်ခွန်းခြင်းကင်း၏။ စက်ဆုပ်ရွံရှာဖွယ်ဟူသော သညာကို ရ၏။ အိမ်ရာထောင်ခြင်း၌လည်း ငြီးငွေ့၏။ ငါ့အား အိမ်ရာထောင်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ယနေ့လျှင် တောထွက်၍ ရဟန်းပြုအံ့ ဟု တစ်ဖန် အိမ်သို့မသွားမူ၍ မင်းကို မဖူးမြင်မူ၍ မြို့မှထွက်၍ တောသို့ဝင်၏။ ဂင်္ဂါနား၌ ကျောင်းဆောက်၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ တောသစ်မြစ် တောသစ်သီးဟူ သော အာဟာရရှိသည်ဖြစ်၍ ထိုအရပ်၌ နေ၏။
J		ဤကြွေအန်သီချင်းကိုသီလျက် ပျဉ်၌ ရွှေဖြင့်ပြုအပ်သော အန်လက်တို့ကို ပစ်၏။ ဤသို့ ကစားသည်ရှိသော် မင်းသည်ကား အမြဲနိုင်၏။ ပုရောဟိတ်သည် ရှုံး၏။ ထိုပုရောဟိတ်သည် အစဉ်သဖြင့် အိမ်၌စည်းစိမ်ဥစ္စာကုန်လတ်သည်ရှိသော် ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤသို့ဖြစ်သည်ရှိသော် ဤအိမ်၌ အလုံးစုံသော ဥစ္စာသည်ကုန်လတ္တံ့၊ ရှာ၍ ယောက်ျားတပါး မရောက်ဘူးသောမိန်းမကို အိမ်သူပြုအံ့ဟု ကြံ၏။ ထိုနောက်မှ ပုရောဟိတ်အား ဤသို့သော အကြံသည်ဖြစ်ပြန်၏။ တပါးသော ယောက်ျားကို မြင်ဘူးသောမိန်းမကို စောင့်ရှောက်ခြင်းငှါ မတတ်နိုင်လတ္တံ့၊ အမိဝမ်းခေါင်းအောင်းသောအခါမှစ၍ မိန်းမကို စောင့်ရှောက်၍ အရွယ်သို့ရောက်သောထိုမိန်းမကို မိမိအလို၌ တည်စေ၍ တယောက်တည်းသော ယောက်ျားရှိသည်ကိုပြု၍ မြဲစွာအစောင့်အရှောက်ကိုစီရင်၍ မင်းအိမ်၌ ဥစ္စာကိုဆောင်အံ့၊ ဤသို့အကြံသည် ဖြစ်၏။ ထိုပုရောဟိတ်ပုဏ္ဏားသည်လည်း ဣတ္ထိ ပုရိသလက္ခဏာကျမ်း၌ လိမ်မာ၏။ ထိုအခါ တယောက်သောကိုယ်ဝန်ဆောင်သော ဆင်းရဲသောမိန်းမကိုမြင်၍ သားမိန်းမဖွားလတ္တံ့သည်ကိုသိ၍ ထိုမိန်းမကိုခေါ်စေပြီးလျှင် ရိက္ခာပေး၍ အိမ်၌သာလျှင်နေစေလျက် ဖွားသောကာလ၌ ဥစ္စာကိုပေး၍ လွှတ်လိုက်၏။ ထိုသတိုးသ္မီးကို တပါးကုန်သောယောက်ျားတို့အား မြင်ခြင်းကိုမပေးမူ၍ မိန်းမတို့၏ လက်၌သာပေး၍ မွေးစေ၏။ အရွယ်သို့ ရောက်သောကာလ၌ ထိုသတိုးသ္မီးကို မိမိအလို၌ တည်စေ၍ အကြင်မျှလောက် ထိုသတိုးသ္မီးသည် မကြီးသေး၊ ထိုမျှလောက် မင်းနှင့်ကြွေအန်ကို မကစား၊ ထိုသတုးသ္မီးကိုကား မိမိအလို့၌တည်စေ၍ မြတ်သောမင်းကြီး ကြွေအန်ကစားကုန်အံ့ဟု ဆို၏။
J		သီလ သုတာ၊ အာရောဂျာနှင့်၊ ဓမ္မာနုသွား၊ မပျင်းငြား၊ စီးပွားဖြစ်ကြောင်းသာ
J		... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ရှေးဦးစွာသော အပဏ္ဏက ဓမ္မဒေသနာကို သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဟောတော်မူသည်။ အဘယ်သူကို အကြောင်းပြု၍ ဤစကားသည် ဖြစ်သနည်း ဟူမူကား- အနာထပိဏ်သူဌေး၏ အဆွေခင်ပွန်းဖြစ်ကုန်သော ငါးရာကုန်သော တိတ္ထိတို့၏တပည့်တို့ကို အကြောင်းပြု၍ ဤစကားသည် ဖြစ်၏။
J		ဤသို့ သိကြားမင်းသည် မိဖုယားအား ဤနှစ်ဂါထာတို့ကိုဆို၍ သင်သည် မမေ့မလျော့ ဖြစ်လော့၊ ကြာမြင့်ခြင်းကို မပြုလင့်၊ နက်ဖြန် မင်းအား ကြားလျှောက်လော့ဟု ဆုံးမ၍ မိမိနေရာသို့လျှင် သွား၏။ ထိုမိဖုယားသည် နက်ဖြန် နာသောအခြင်းအရာကို ပြု၍ အလုပ်အကျွေးတို့အား အမှတ်ပေး၍ အိပ်၏။ မင်းသည် ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော မြတ်သောနေရာ၌ နေလျက် ကချေသည်တို့ကို ကြည့်လတ်သော် မိဖုယားကို မမြင်၍ မိဖုယား အဘယ်မှာနည်းဟု မေး၏။ အလုပ်အကျွေးတို့သည် ရှင်မင်းကြီး မိဖုယား မကျန်းမမာရှိ၏ဟု လျှောက်ကုန်၏။ မင်းသည် မိဖုယားအထံသို့သွား၍ အိပ်ရာနံပါး၌ထိုင်၍ ကျော၌သုံးသပ်လျက် ရှင်မိဖုယား သင့်အား အဘယ်ရောဂါဝေဒနာ ဖြစ်သနည်းဟု မေး၏။ မြတ်သော မင်းကြီး အကျွန်ုပ်အား တပါးသော ရောဂါဝေဒနာမည်သည် မရှိ၊ အကျွန်ုပ်အား ချင်ခြင်းသည်ဖြစ်၏ဟု လျောက်၏။ ရှင်မိဖုယားသည် အဘယ်ကို အလိုရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး အဗ္ဘန္တရမည်သော သရက်သည် အဘယ်မှာ ရှိသနည်းဟု လျောက်၏။ မိဖုယား အဗ္ဘန္တရ သရက် မည်သည်ကို ငါသည် မသိဟု မင်းသည် ဆို၏။ ထိုအဗ္ဘန္တရမည်သော သရက်၏အသီးကို မရသော် အကျွန်ုပ်သည် သေအံ့ဟု မိဖုယားလျောက်၏။ ထိုသို့တပြီးကား ဆောင်ယူစေအံ့၊ သင် မစိုးရိမ်လင့်ဟု မင်းသည် မိဖုယားကို နှစ်သိမ့်စေ၍ ထသွား၍ ရာဇပလ္လင်၌နေလျက် အမတ်တို့ကို ခေါ်စေ၍ မိဖုယားအား အဗ္ဘန္တရသရက်၌ ချင်ခြင်းသည်ဖြစ်၏။ အသို့ပြုရအံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး နှစ်ခုသောသရက်ပင်တို့၏ အကြား၌ တည်သော သရက်သည် အဗ္ဘန္တရသရက်မည်၏။ ဥယျာဉ်သို့ စေလွှတ်၍ နှစ်ခုသော သရက်ပင်တို့၏ အကြား၌ တည်သော သရက်ပင်မှအသီးကို ဆောင်စေ၍ မိဖုယားအား ပေးကုန်လော့ဟု အမတ်တို့သည် လျောက်ကုန်၏။
J		တပါးသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမထေရ်သည် အိုသောကာလ၌ ရဟန်းပြု၍ ဇေတဝန် ကျောင်းတော် အစွန်းဝယ် သရက်ဥယျာဉ်၌ ကျောင်းဆောက်၍ သရက်ဥယျာဉ်ကို စောင့်လျက် ကြွေကုန်သော သရက်သီးမှည့်တို့ကို စားလျက်နေ၏။ မိမိအထံသို့ ရောက်လာကုန်သော လူတို့အားလည်း သရက်သီးကို ပေး၏။ ထိုမထေရ် ဆွမ်းခံဝင်စဉ် သရက်သီးခိုးသော သူတို့သည် သရက်သီးကို ကြွေစေကုန်၍ စား၍၎င်း ယူ၍၎င်း သွားကုန်၏။ ထိုခဏ၌ လေးယောက်ကုန်သော သူဌေးသ္မီးတို့သည် အစီရဝတီမြစ်၌ ရေချိုး၍ လှည့်လည်ကုန်လျက် သရက်ဥယျာဉ်သို့လျှင် ဝင်ကုန်၏။ ရဟန်းကြီးသည် ထိုသူဌေးသီးတို့ကို မြင်၍ သင်တို့သည် ငါ၏သရက်သီးတို့ကို စားကုန်၏ဟု ဆို၏။ အရှင်ဘုရား အကျွန်ုပ်တို့သည် ယခုပင်လျှင် လာရောက်ကုန်၏။ အရှင်ဘုရားတို့၏ သရက်သီးတို့ကို မစားကုန်ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ကျိန်ကြကုန်လောဟု ရဟန်းကြီးသည် ဆို၏။ အရှင်ဘုရား ကျိန်ပါကုန်အံ့ဟုဆို၍ သူဌေးသ္မီးတို့သည် ကျိန်ကုန်၏။ ရဟန်းကြီးသည် သူဌေးသ္မီးတို့ကိုကျိန်စေ၍ အရှက်ရစေ၍ လွှတ်လိုက်၏။ ထိုရဟန်းကြီး၏ ထိုအမှုကို ကြားကုန်၍ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းကြီးသည် မိမိနေရာ သရက်ဥယျာဉ်သို့ ဝင်ကုန်သော သူဌေးသ္မီးတို့ကို ကျိန်စေ၍ အရှက်ရစေ၍ လွှတ်လိုက်၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ဤရဟန်းကြီးသည် ယခုအခါ၌သာလျှင် သရက်ဥယျာဉ်စောင့်ဖြစ်၍ လေးယောက်ကုန်သော သူဌေးသ္မီးတို့ကို ကျိန်စေ၍ အရှက်ခွဲ၍ လွှတ်လိုက်သည် မဟုတ်သေး၊ ရှေး၌လည်း ကျိန်စေ၍ အရှက်ခွဲ၍ လွှတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
J		လုလင်သည် အကယ်၍ ငါသည် ဒွန်းစဏ္ဍားအထံ၌ သင်၏ဟု ဆိုချေအံ့၊ ရှက်ဘွယ်ဖြစ်လတ္တံ့၊ ထို့ကြောင့် ငါ့ကို ကဲ့ရဲ့လတ္တံ့၊ စင်စစ်သော်ကား မန္တရားသည် နှုတ်တက်ပြီ။ ဤအခါ၌ မပျောက်လတ္တံ့၊ ငါ၏ဆရာသည် ဒိသာပါမောက္ခ ဆရာတည်း၊ ဤသို့ ညွှန်ပြအံ့ဟု ကြံသဖြင့် မုသာဝါဒကို ဆို၍ တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာ့အထံ၌ အကျွန်ုပ်သည် သင်အပ်၏ဟု ဆို၍ ဆရာကိုစွန့်၏။ ထိုသို့ ဆရာကိုစွန့်သော ခဏ၌လျှင် မန္တရားသည် ကွယ်လေ၏။ မင်းသည် ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ထိုလုလင်ကိုယူ၍ နန်းတော်သို့ ဝင်လေ၏။ တနေ့သ၌ သရက်သီးတို့ကို စားအံ့ဟု ဥယျာဉ်တော်သို့ သွားပြီးလျှင် မင်္ဂလာ ကျောက်ဖျာအပြင်၌ နေ၍ လုလင် သရက်သီးတို့ကို ဆောင်ခဲ့လော့ဟု ဆို၏။ ထိုလုလင်သည် ကောင်းပြီဟု သရက်ပင်ကပ်၍ ခုနစ်ဘဝါး အထက်၌ရပ်လျက် မန္တန်ကို ရွတ်အံ့ဟု မန္တန်တို့ကို ဆင်ခြင်သည်ရှိသော် ကွယ်သောအဖြစ်ကိုသိလျှင် ရှက်သည်ဖြစ်၍ ရပ်၏။ မင်းသည် ဤလုလင်သည် ရှေး၌ ပရိသတ်အလယ်၌ သရက်သီးတို့ကို ဆောင်၍ ငါ့အား ပေး၏။ တခဲနက်သော မိုဃ်းကြီးကို ရွာစေသကဲ့သို့ သရက်သီးမိုဃ်းကို ရွာစေ၏။ ယခုမူကား ခက်ထရော် ရှိသည်ဖြစ်၍ ရပ်၏။ အကြောင်းကြား အသို့နည်းဟု ကြံ၍ ထိုလုလင်ကို မေးလိုရကား-
J		၊ တံမြက်ခြေးစုရာ အရပ်၌ နေကုန်သော ဘီလူးတို့သည်။
J		... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ မယားသေလွန်လတ်သည်ရှိသော် သားကိုယူ၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌နေလျက် သားကို ကျောင်း၌ ထားခဲ့၍ မိမိသည် သစ်သီးကြီးငယ် အကျိုးငှာ သွား၏။ ထိုအခါ ခိုးသူတို့သည် ပစ္စန္တရစ်ရွာကို လုယက်ကုန်၍ သုံ့ ပန်းတို့ကို ယူငင်၍ သွားကြကုန်သည်ရှိသော် တယောက်သော သတို့သ္မီးသည် ပြေး၍ ထိုကျောင်းသို့ ရောက်လာ၍ ရသေ့ငယ်ကို ဖျားယောင်း၍ သီလပျက်ခြင်းသို့ရောက်စေ၍ လာလော့၊ သွားကြကုန်အံ့ဟု ဆို၏။ ရသေ့ငယ်သည် အဘ လာစေဦး၊ အဘကို ဖူးမြင်၍လျှင် သွားအံ့ဟု ဆို၏။ ထိုသို့တပြီးကား အဘကိုဖူးမြင်၍ လာကုန်လောဟု ဆို၍ ကျောင်းမှထွက်၍ လမ်းအကြား၌ ငံ့နေ၏။ ရသေ့ငယ်သည်လည်း အဘ လာသည်ရှိသော်-
J		။ ဥပ္ပလဿေဝ ကိဉ္စက္ခာ၊ နာဘိ တေ သာဓုသဏ္ဌိတာ။
J		မိဿာ မိဿိတုမိစ္ဆန္တီ၊ ဣသိသိင်္ဂ့ အလမ္ဗုသာ။
J		အလမ္ဗုသာ နတ်သမီးသည် ထိုဣသိသိင်္ဂရသေ့ ငိုကြွေးမြည်တမ်းသံကို ကြား၍ ကြ့၏။ ငါသည် အကယ်၍ မပြောဆိုချေအံ့၊ ဤရှင်ရသေ့သည် ငါ့ကို ကျိန်ဆဲလတ္တံ့၊ ယခုအခါ ထိုရသေ့အား ပြောဆိုအံ့ဟု ကြံ၍ ထိုအလမ္ဗုသာ နတ်သမီးသည် ထင်ရှားသောကိုယ်ဖြင့် တည်၍ ပြောဆိုလိုရကား-
J		၊ ဝင်းဝင်းပြောင်သော တန်ဆောင် မီးရှူးးကဲ့သို့လည်းကောင်း။
J		ထိုယုတ်မာသော ယောက်ျားသည် ထိုအဆုံး အမကို တစ်စုံတစ်ခု အရိုအသေ ပြုအပ်သည်ကို မအောက်မေ့သည်ဖြစ်၍ ရဟန်း-ဤသည်ကား သင်သည် ငါ့အား ပေးအပ်သော လှေခလော ဟု ဆို၏။ ဒါယကာ- ဟုတ်၏ ဟု ဆိုသည်ရှိသော် ဤစကားဖြင့် ငါ့အား အလိုမရှိ၊ ငါ့အား တပါးသော ဝတ္ထုကို ပေးလော့ ဟု ဆို၏။ ဒါယကာ... ငါ့အား တပါးသော ဝတ္ထုသည် မရှိ ဟု ဆို၏။ ထိုသို့ မရှိဘဲလျက် အဘယ့်ကြောင့် လှေကို စီးသနည်း ဟု ရသေ့ကို ဂင်္ဂါနား၌ လှဲ၍ ရင်၌ ကိုင်၍ ထိုရသေ့၏ မျက်နှာကိုလျှင် ပုတ်ခတ်၏။
J		ထိုနေ့၌ ပီဠိယသူဌေးသည် နီသောသလေးတို့ကို ခါ၍ လှေ့၍ လှည်းတထောင်တိုက်မျှကျီကို ပြည့်စေ၏။ ကုဋေလေးဆယ်သော ဥစ္စာကိုယူ၍ လာသော ကျေးဇူးကိုမသိသော ခိုးသူကြီးသည် တတုမ္ဗမျှသောဖွဲကို အဆွေခင်ပွန်းအား ပေးစေ၏။ ကျွန်သည် တောင်း၌ တတုမ္ဗမျှကိုထည့်၍ ဘုရားလောင်း၏အထံသို့ သွား၏။ ဘုရားလောင်းသည် ဤသူယုတ်သည် ငါ့အထံမှ ကုဋေလေးဆယ်သောဥစ္စာကိုရ၍ ယခုအခါ၌ တတုမ္ဗမျှသော ဖွဲ့ကိုပေးစေ၏။ ယူရအံ့လော မယူရအံ့လောဟု ကြံ၏။ ထိုသင်္ခသူဌေးအား ဤသို့သော အကြံသည် ဖြစ်၏။ ဤသူဌေးသည် ရှေးဦးစွာ ကျေးဇူးကိုမသိ၊ အဆွေခင်ပွန်းအား ပြစ်မှားသည်ကိုပြုခြင်း၊ အဆွေခင်ပွန်းဖျက်ဆီးခြင်း၊ ပြုဘူးသောကျေးဇူးကို ဖျက်ခြင်းအားဖြင့် ငါနှင့်တကွ ချစ်ခြင်းကိုဖျက်၏။ ငါသည် ထိုပီဠိယသူဌေးသည် ပေးအပ်သော တုမ္ဗမျှသောဖွဲကို ယုတ်သည်၏အဖြစ်ကြောင့် အကယ်၍ မယူအံ့၊ ငါသည် ချစ်သည်၏အဖြစ်ကိုဖျက်အံ့၊ အလွန်မိုက်ကုန်သောသူတို့သည် အနည်းငယ်ကိုရကုန်၍ မယူကုန်ဘဲ အဆွေခင်ပွန်းကို ဖျက်ဆီးကုန်၏။ ငါသည် ထိုပီဠိယသူဌေးသည် ပေးအပ်သော တတုမ္ဗမျှသောဖွဲကိုယူ၍ ငါ၏အစွမ်းအားဖြင့် ချစ်သည် ၏အဖြစ်ကို တည်စေအံ့၊ ဤသို့သော အကြံသည် ဖြစ်၏။ ထိုသင်္ခသူဌေးသည် တတုမ္ဗမျှသောဖွဲကို ပုဆိုးစွန်း၌ဖွဲ့၍ ပြသာဒ်မှသက်ခဲ့၍ စရပ်သို့ လာ၏။
J		မြတ်သောမင်းကြီး မှန်ပါ၏။ အကျွန်ုပ်ကိုကွံ၍ ရာဇဂြိုဟ်ပြည်သို့လာသော အကျွန်ုပ်၏ အဆွေခင်ပွန်းဖြစ်သောသူဌေးအား သက်သက်ဥစ္စာကိုသာ ပေးအပ်သည်မဟုတ်သေး၊ အလုံးစုံသော အသက်ရှိသောစည်းစိမ် အသက်မရှိသောစည်းစိမ်ကို နှစ်စုတို့ကိုပြု၍ ညီမျှသောအဘို့ကိုပေး၏ဟု လျှောက်၏။ မင်းသည် ထိုသင်္ခသူဌေးဆိုသောစကားသည် မှန်သလောဟု ပီဠိယသူဌေးကို မေး၏။ ရှင်မင်းကြီး မှန်ပေ၏ဟု ဆို၏။ သင့်ကိုလျှင် ကြံ၍လာသော သင်္ခသူဌေးအား သင်သည်ပြုအပ်သော တစုံတခုသော ပူဇော်ခြင်းသည်၎င်း မြတ်နိုးခြင်းသည်၎င်းရှိသလောဟု မေး၏။ ထိုပီဠိယသူဌေးသည် ဆိတ်ဆိတ်နေ၏။ သင်သည် ထိုသင်္ခသူဌေး၏ ပုဆိုးစွန်း၌ ထည့်၍ ပေးအပ်သော တတုမ္ဗမျှသောဖွဲ့သည် ရှိသလောဟု မေး၏။ ထိုစကားကိုကြား၍ ဆိတ်ဆိတ်နေ သည်သာလျှင် ဖြစ်၏။ မင်းသည် အသို့ပြုအပ်သနည်းဟု အမတ်တို့နှင့်တကွတိုင်ပင်၍ ထိုပီဠိယသူဌေးကို ရေရွတ်၍ သွားကြကုန်၊ ပီဠိယသူဌေးအိမ်၌ အလုံးစုံသောစည်းစိမ်ကို သင်္ခသူ ဌေးအား ပေးကြကုန်လောဟုဆို၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး အကျွန်ုပ်အား သူတပါးဥစ္စာဖြင့် အလိုမရှိ၊ အကျွန်ုပ်သည်ပေးအပ်သော ဥစ္စာကိုသာလျှင် ပေးစေကုန်လောဟု ဆို၏။ မင်းသည် ဘုရားလောင်း၏ ဥစ္စာကို ပေးစေ၏။ ဘုရားလောင်းသည် အလုံးစုံသော မိမိသည် ပေးအပ်သောစည်းစိမ်ကိုရ၍ ကျွန်အပေါင်းခြံရံလျက် ရာဇဂြိုဟ်ပြည်သို့လျှင်သွား၍ ဥစ္စာကိုဖြစ်စေ၍ အလှူအစရှိကုန်သော ကောင်း မှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။
J		။ ဓုတ္တောမှိ သမ္မ သုခုမ၊ ဇူတေ အက္ခပရာဇိတော။
J		ပါဏာတိပါတ်၊ သူ့သက်သတ်၊ ယဇ်နတ်ပူဇော် ခံဘို့မြှော်
J		ထိုစကားကိုကြား၍ နာရဒရသေ့သည် ဆရာ ကာမကို မှီဝဲခြင်းမည်သည်ကား ချမ်း သာ၏။ ဤသို့သဘောရှိသော ချမ်းသာကို ဆရာသည် အဘယ်ကိုရည်၍ ဆင်းရဲ၏ဟု ဆိုသနည်း ဟု မေး၏။ ထိုအခါ နာရဒရသေ့အား သရဘင်္ဂဆရာသည် နာရဒ ထိုသို့ထးတပြီးကား နာလော့ဟု -
J		န ယိတော ကိဉ္စိ ပါပိယော၊ ဣနြိယာနံ ဝသံ ဝဇေ။
J		မဟာမောဂ္ဂလာန်မထေရ်သည် သူဌေးကြီး မြတ်စွာဘုရားသည် မုန့်တို့ကိုဘုဉ်းပေးအံ့ဟု ငါးရာကုန်သောရဟန်းတို့နှင့်တကွ ကျောင်း၌နေတော်မူ၏။ သင်တို့ အလိုရှိသည်ရှိသော် သူဌေးမကို မုန့်တို့ကို၎င်း နို့ရည်အစရှိသည်တို့ကို၎င်းယူခဲ့စေကုန်လော၊ မြတ်စွာဘုရားအထံသို့ သွားကုန်အံ့ဟုမိန့်တော်မူ၏။ အရှင်ဘုရား ယခုအခါ၌ မြတ်စွာဘုရားသည် အဘယ်မှာနည်းဟု လျှောက်၏။ သူဌေးကြီး မြတ်စွာဘုရားသည် ဤသက္ကာရနိဂုံးမှ လေးဆယ့်ငါးယူဇနာထက်ဇေတဝန် ကျောင်းတော်၌ နေတော်မူသည်ဟု မိန့်တော်မူ၏။ အရှင်ဘုရား ကာလကိုမလွန်မူ၍ ဤမျှသောခရီးကို အသို့သွားကုန်ရအံ့နည်းဟု လျှောက်၏။ သူဌေးကြီး သင်တို့အလိုရှိသည်ရှိသော် ငါသည် သင်တို့ကို ငါ၏တန်းခိုးအစွမ်းအားဖြင့် ဆောင်အံ့၊ သင်တို့ပြာဿာဒ်၌ စောင်းတန်းဦးသည် တည်မြဲတိုင်းသောအရပ်၌သာ ဖြစ်လတ္တံ့၊ စောင်းတန်းခြေရင်းသည်ကား ဇေတဝန်ကျောင်းတော် တံခါးမုတ်၌ဖြစ်လတ္တံ့၊ ပြာဿာဒ်ထက်မှ အောက်သို့သက်ကာမျှဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်အံ့ဟု မိန့်တော်မူ၏။ ထိုသူဌေးကြီးသည် အရှင်ဘုရား ကောင်းပြီဟု ဝန်ခံ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် စောင်းတန်းဦးကို ထိုတည်မြဲတိုင်းသော အရပ်၌သာလျှင်ပြု၍ စောင်းတန်းခြေရင်းသည် ဇေတဝန်ကျောင်းတော်တံခါးမုတ်၌ ဖြစ်စေဟုအဓိဋ္ဌာန်တော်မူ၏။ ထိုသို့အဓိဋ္ဌာန်တော်မူတိုင်းသာလျှင် ဖြစ်၏။
J		၊ စုတ်နှင့်ငင်၍ မင်နှင့်ရေးသို့ ညွတ်ကွေးရှုဖွယ် တင့်တယ်သော မျက်မှေးရှိကုန်သော မျက်လုံးတို့ဖြင့်။
J		ထိုသိဝိမင်း မြည်တမ်းသောအခါ မှူးတော်မတ်တို့သည် အဘိပါရက စစ်သူကြီးအား ထိုအကြောင်းကို ကြားကြကုန်၏။ အရှင်စစ်သူကြီး... အရှင်မင်းမြတ်သည် မြို့တော်ကို လက်ယာရစ် လှည့်လည်တော်မူသည်ရှိသော် အရှင်စစ်သူကြီး အိမ်တံခါးသို့ ရောက်တော်မူလျှင် ပြန်လည်တော်မူခဲ့၍ ရွှေနန်းသို့ တက်တော်မူ၏ ဟု အဘိပါရက စစ်သူကြီးအား ကြားကြကုန်၏။ ထိုအခါ အဘိပါရက စစ်သူကြီးလည်း မိမိအိမ်သို့သွားပြီးလျှင် မယားဥမ္မာဒန္တီကို ခေါ်၍ ရှင်မ ဥမ္မာဒန္တီ.အရှင်မင်းမြတ်အား ရှင်မကိုယ်ကို ပြသလော ဟု မေး၏။ အရှင်ရထားစီး၍လာသော ကြီးသော ဝမ်းဗိုက်ရှိသော၊ ကြီးစွာသော အစွယ်ရှိသောယောက်ျားတစ်ယောက်သည် ရှိ၏။ အကျွန်ုပ်သည် ထိုဝမ်းဗိုက်ကြီးနှင့် ရထားစီး၍လာသော ယောက်ျားကို မင်းဟူ၍လည်းကောင်း၊ မင်းခစားယောက်ျား ဟူ၍လည်းကောင်း မသိပါ၊ အရှင်တစ်ပါးဟူ၍ ပြောဆိုကြလျှင်ကား လေသာပြတင်းဝ၌ ရပ်လျက်နေ၍ ပန်းတို့ဖြင့် ထိုအရှင်ကို ပစ်လိုက်မိပေ၏။ ထိုအရှင်သည် ထိုပစ်စဉ်ခဏ၌ပင်လျှင် ပြန်လည်၍ သွားလေ၏ဟု ပြောဆိုလေ၏။
J		။ အနဝှိတော တတော အာဂါ၊ နာနုညာတော ဣတော ဂတော။
J		မင်းသည်လည်း ဘုရားလောင်းအား နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်သုံးကြိမ် ခစားအံ့သောငှါသွား၏။ ထိုမင်းအား ဒုဋ္ဌကုမာရမည်သောသားသည် ဖြစ်၏။ ရုန့်ရင်းကြမ်းကြုတ်၏။ မင်းသည် ဆုံးမအံ့သောငှါ မတတ်နိုင်သလျှင်ကတည်း၊ ကြွင်းကုန်သော ဆွေမျိုးတို့သည်လည်း ဆုံးမအံ့သောငှါ မတတ်နိုင်သလျှင်ကတည်း၊ အမတ်တို့သည်၎င်း, ပုဏ္ဏားတို့သည်၎င်း တပေါင်းတည်းဖြစ်ကုန်၍ အရှင်ဤသို့ မပြုလင့်၊ ဤသို့ ပြုခြင်းငှါ မရအပ်၊ ဤသို့ အမျက်ထွက်ဟန်ပြု၍ ဆိုကုန်သော်လည်း စကားကိုယူစိမ့်သောငှါ မတတ်နိုင်ကုန်၊ မင်းသည် အရှင်ဖြစ်သော သီလရှိသောရသေ့ကိုထား၍ တပါးသော ဤမင်းသားကိုဆုံးမခြင်းငှါ စွမ်းနိုင်သောသူမည်သည် မရှိ၊ ထိုရသေ့သည်သာလျှင် ထိုမင်းသားကို ဆုံမနိုင်လတ္တံ့ဟု ထိုမင်းသားကိုခေါ်၍ ဘုရားလောင်းထံသို့သွား၍ အရှင်ဘုရား ဤ ဒုဋ္ဌကုမာရမင်းသားသည် ရုန့် ရင်းကြမ်းကြုတ်၏။ အကျွန်ုပ်တို့သည် ဆုံးမအံ့သောငှါ မတတ်နိုင်ကုန်၊ အရှင်ဘုရားတို့သည် ထိုမင်းသားကို တခုသောအကြောင်းဖြင့် ဆုံးမပါကုန်လောဟု မင်းသားကို ဘုရားလောင်းအား အပ်နှင်းခဲ့၍ ဖဲ၏။ ဘုရားလောင်းသည် မင်းသားကိုခေါ်၍ ဥယျာဉ်၌လည်သည်ရှိသော် နံပါးတဘက်မှ တရွက်ဖြင့် နံပါးတဘက်မှ တရွက်ဖြင့် ဤသို့ နှစ်ခုကုန်သော အရွက်ဖြင့်သာလျှင်ဖြစ်သော တမာပင်ငယ်ကို မြင်၍ မင်းသားကို မင်းသား ဤတမာပင်ငယ်၏ အရွက်ကို ရှေးဦးစွာစား၍ အရသာကိုသိအောင်ပြုလောဟု ဆို၏။ ထိုမင်းသားသည် တခုသောအရွက်ကိုစား၍ အရသာကိုသိ၍ ထွီဟု တံတွေးနှင့်တကွ မြေ၌ ထွေး၏။ မင်းသား ဤအမှုသည် အသို့နည်းဟု မေးသည်ရှိသော် အရှင်ဘုရား ဤသစ်ပင်ငယ်သည် ယခုပင်လျှင် လတ်တလော သေစေတတ်သော အဆိပ်နှင့်တူ၏။ ကြီးသည်ရှိသော်ကား များစွာကုန်သောလူတို့ကို သတ်လတ္တံ့ဟု ဆို၍ ထိုတမာပင်ငယ်ကိုနုတ်၍ လက်တို့ဖြင့်နယ်၍-
